ZingTruyen.Info

Dei?No That's My Abode (System)

My adorable God

Neko_san_ZP

Zawgyi

လူတိုင္းမသိတဲ့ပံုျပင္တစ္ပုဒ္႐ွိခဲ့ဖူးတယ္...

     တစ္ခါတုန္းက Systemေလာကႀကီးကို ေသာင္းက်န္းသြားတဲ့ နတ္ဘုရားတစ္ပါး႐ွိသတဲ့

ေသြးေရာင္လို... မ်က္ဝန္းမ်ား၊ ေလာကႀကီးကို ေၾကာက္ရြံ႔မႈမ႐ွိ ေလွာင္ရယ္ေနတဲ့ နီရဲရဲႏူတ္ခမ္းတစ္စံု၊ေငြပိုးမ်ွင္လိုႏူးညံ့ေပ်ာ့ေပ်ာင္းသည့္ ေငြေရာင္ဆံႏြယ္မ်ားနဲ႔ လွပတဲ့နတ္ဘုရားဟာ... နီရဲရဲနဲ႔ခ်ိဳၿမိန္သည့္ပန္းသီးေတြကို ႀကိဳက္သလို...။နတ္ဘုရားရဲ႕ေသြးရည္ကိုေသာက္သံုးရသည္ကို ႀကိဳက္ႏွစ္သက္သည္တဲ့၊

Systemေလာကရဲ႕နတ္ဘုရားေတြေတာင္ ပန္းသီးတစ္လံုးေတြ႔တာနဲ႔ ဖင္တုန္ေအာင္ ေျပးရတဲ့အထိ အကုန္လံုးဟာ ထိုနတ္ဘုရားကို ေၾကာက္ရြံခဲ့ၾကသည္၊

"ပန္းသီးေလး ~~~
      ပန္းသီးဟာ ေသြးလိုပဲ အရသာ႐ွိတယ္" ခ်ိဳသာသာအသံေလးဟာ နတ္ဘုရားမ်ားအစည္းအေဝးလုပ္ရာအရပ္ကေနထြက္ေပၚလာသည္ႏွင့္ အကုန္လံုးရဲ႕မ်က္ႏွာမွာ အေၾကာက္တရားမ်ားေပၚေပါက္လာေတာ့သည္၊

"အာ... ဘာလို႔ ဒီေန႔လူစံုေနတာလဲ ဟင္??ဒီအ႐ွင္သခင္ကို ေသြးရည္ဆက္သခ်င္လို႔ ေဆြးေႏြးေနၾကတာလား?" အနီေရာင္မ်က္ဝန္းေတာက္မ်ားဟာ သူတို႔ေပၚက်ေရာက္လာသည္ႏွင့္ က်န္နတ္ဘုရားမ်ားဟာ ေခါင္းငံု႔ကာ အေၾကာက္အလန္႔အၾကည့္ေအာက္ေနေ႐ွာင္ဖယ္ကုန္ၾကေတာ့သည္၊

ထိုနတ္ဘုရားဟာ အရမ္းကိုလွပသလို အရမ္းကိုရက္စက္လြန္းျပန္သည္၊သူရဲ႕အသံေလးဟာ ေဆာင္းေလေျပေလညႇင္းမ်ားတိုက္ခိုက္သလို နားဝင္ကို ေအးခ်မ္းေစၿပီး ေတးဆုိငွက္ေလးေတြေတာင္ ထိုနတ္ဘုရားရဲ႕အသံေလးလို နားဝင္မခ်ိဳေပ၊ ဒါေပမယ့္ နတ္ဘုရားေတြအတြက္ ထိုနတ္ဘုရားရဲ႕အသံဟာ ေသမင္းဆြဲငင္သံလိုပင္၊

ဒါေပမယ့္ သူတို႔ရဲ႕အိပ္မက္ဆုိးဟာ ၾကာၾကာမခံခဲ့ေပ၊ သာယာတဲ့ေန႔ရက္ေတြဟာ ႏွစ္ေပါင္းတစ္ရာၾကာၿပီးေနာက္ ေရာက္႐ွိလာေတာ့သည္၊ဘာလို႔လဲဆုိေတာ့ Systemေလာကမွာ ေနာက္ထပ္နတ္ဘုရားခုႏွစ္ပါး ေမြးဖြားလာေတာ့သည္၊ ေနမင္းကို ကုိယ္စားျပဳၿပီး Systemေလာကရဲ႕ေရႊေရာင္နယ္ေျမကိုအုပ္စိုးသည့္ နတ္ဘုရား Issotita၊လမင္းကို ကိုယ္စားျပဳၿပီး Systemေလာကရဲ႕ ခ်စ္ျခင္းနယ္ေျမကို အုပ္စိုးသည့္နတ္ဘုရားမ Agapi ၊ အလင္းနဲ႔အေမွာင္ကို ကုိယ္စားျပဳၿပီး အျဖဴေရာင္ေသြးနက္နယ္ေျမနဲ႔အနက္ေရာင္ေသြးျဖဴနယ္ေျမကို အုပ္စုိးသည့္ အႁမႊာနတ္ဘုရား Dark နဲ႔ Light၊ဓူဝံၾကယ္ကို ကိုယ္စားျပဳၿပီး သဘာဝသန္႔စင္ျခင္း ျမင့္ျမတ္နယ္ေျမကိုအုပ္စိုးသည့္ နတ္ဘုရားမ Katharos ၊ဘယ္ေတာ့မွ ေသဆံုးသြားျခင္းမ႐ွိသည့္ ထာဝရ႐ွင္သန္သည့္ ေရႊေရာင္ငွက္ကို ကိုယ္စားျပဳသည့္ ေျမေအာက္ေလာကကို အုပ္စိုးသည့္ Azura ၊ Systemေလာကရဲ႕ျမင့္ျမတ္သည့္ ေရႊေရာင္ျခေသၤ့ကို ကိုယ္စားျပဳၿပီး အေနာက္ဘက္ ေရႊေရာင္နယ္ေျမကို အပိုင္အစိုးရသည့္ နတ္ဘုရား Golden Lion(Leo) ေမြးထဲကစြမ္းအင္ျမင့္မားသည့္နတ္ဘုရားခုႏွစ္ပါး ဖြားျမင္လာေတာ့သည္၊ထိုနတ္ဘုရားခုႏွစ္ပါးေပၚလာၿပီးေနာက္ ထိုနတ္ဘုရားဟာ ထူးဆန္းစြာေပ်ာက္ဆံုးသြားေတာ့သည္၊

အကုန္လံုးဟာလည္း ထိုနတ္ဘုရားဘယ္အရပ္ကိုေရာက္သြားမွန္းမသိေပမယ့္ ေပ်ာ္ရႊင္ေနၾကေတာ့သည္၊

ထိုနတ္ဘုရားဟာ...ဘယ္ေရာက္သြားတာလဲ??? နတ္ဘုရားမ်ားတုန္ေနေအာင္ေၾကာက္ရသည့္ နတ္ဘုရားဟာ ဘာေၾကာင့္႐ုတ္တရက္ႀကီး ေပ်ာက္ဆံုးသြားခဲ့ရတာလဲ?

အျဖဴေရာင္ဆံပင္႐ွည္မ်ားနဲ႔အနက္ေရာင္ဆံပင္႐ွည္မ်ား သီးသန့္ပိုင္ဆုိင္ထားသာည့္ ခန္႔ညားေခ်ာေမာသည့္ေယာက်ာ္းပ်ိဳႏွစ္ဦးဟာ... အေမွာင္ေတြနဲ႔ျပည့္သိပ္ေနၿပီး အလင္းစြမ္းအင္တစ္စက္သာ မ႐ွိသည့္နယ္ေျမအတြင္းကို တလွမ္းခ်င္းဝင္လာေတာ့သည္၊နယ္ေျမအတြင္း မဝင္ခင္မွာ DEI ဆုိသည့္ ေၾကာက္စရာေကာင္းသည့္အ႐ွိန္အဝါမ်ားနဲ႔ေရးသားထားသည့္ဆုိင္းဘုတ္ႀကီးဟာ ျမင္သူတိုင္း ထြက္ေျပးခ်င္သေယာင္၊ဒါေပမယ့္ ထိုသူတို႔ဟာ ေဘးနား႐ွိေၾကာက္စရာေကာင္းသည့္ ပံုရိပ္မ်ားကိုမျမင္သေယာင္ ေအးေဆးသာေလ်ွာက္လွမ္းလာေတာ့သည္၊ထိုခ်ိန္မွာ ႐ုတ္တရက္ သူတို႔ေျခလွမ္းမ်ားဟာ ရပ္တန္႔သြားေတာ့သည္၊

သူတို႔ဟာ သံေဘာင္မ်ားနဲ႔ခတ္ထားသည့္အခန္းထဲကိုၾကည့္လိုက္ေတာ့ ညအေမွာင္မွာ... ထိုအခန္းအတြင္း႐ွိ လူရဲ႕ေငြေရာင္ဆံပင္မ်ားဟာ ထင္းထင္း႐ွင္း႐ွင္းေပ၊ အေမွာင္ေၾကာင့္ ထိုေငြေရာင္ဆံႏြယ္မ်ားဟာ ေမွးမွိန္သြားျခင္းမရွိဘဲ ပိုမိုထင္ရွားေနသေယာင္၊ထိုလူငယ္ေလးဟာ ထိုင္ေနျပီး မ်က္လံုးမ်ားအိပ္စက္ေနသယာင္ေပမယ့္ သူတို့ေရာက္လာျပီး တေအာင့္ၾကာေတာ့ မ်က္လံုးမ်ားဟာ ပြင့္လာေတာ့သည္၊ေသြးနီလိုရဲရဲေတာက္ေနသည့္ အနီေရာင္မ်က္ဝန္းမ်ားဟာ ကန္ေရျပင္လိုတည္ၿငိမ္ေနေပမယ့္ သူ႔အခန္းေ႐ွ႕ေရာက္လာသည့္သူႏွစ္ေယာက္ကိုျမင္သည္ႏွင့္ ေလွာင္ရိပ္မ်ားျပည့္သိပ္သြားသလို မုန္းတီးနာၾကည္းစိတ္မ်ားလည္း ျပည့္သိပ္သြားကာ မ်က္ႏွာလြဲသြားေတာ့သည္၊ထိုလူၾကည့္ရတာ စကားေျပာခ်င္ပံုမေပၚတာေၾကာင့္ တဖက္႐ွိ အျဖဴေရာင္ဆံပင္႐ွည္မ်ားနဲ႔ လူငယ္ဟာ သက္ျပင္းခ်လိုက္ၿပီး...

"scarlet... "

"ငါ့နာမည္ မေခၚနဲ႔ မင္းရဲ႕ရြံစရာေကာင္းတဲ့ပါးစပ္ကေန" အသံေလးဟာခ်ိဳသာပါရဲ႕ ေအး နားဝင္ေတာ့ဆုိးတာေပါ့၊

ထိုအခ်ိန္မွာ သံေဘာင္တံခါးဟာပြင့္လာကာ ထိုသူႏွစ္ဦးဟာဝင္လာၿပီး

"scarlet...  မင္း ကိုယ္တို႔ကို မုန္းေနမွန္းသိပါတယ္... ဒါေပမယ့္ မင္းကို ဒီလိုမွမထိန္းရင္ အစ္ကိုႀကီးက သတ္လိမ့္မယ္ ဒါေၾကာင့္... "

"မင္းတို႔ ဆင္ျခင္ေတြကို ငါမၾကားခ်င္ဘူး... သြား ထြက္သြားၾက မင္းတို႔မ်က္ႏွာကို မျမင္ခ်င္ဘူး မင္းတို႔ကို မုန္းတယ္!! Dark Light!!" လို႔ မ်က္လံုးမ်ားမွိတ္ကာ... ေက်ာခိုင္းသြားသည့္ scarletေၾကာင့္ သူတို႔မ်က္ဝန္းမ်ားတြင္ နာၾကင္ရိပ္မ်ားျဖတ္သန္းသြားေပမယ့္ Lightဟာ ဇြဲမေလ်ာ့စြာ ...

"Scarlet မင္းေသြးမေသာက္တာ ဆယ္ႏွစ္႐ွိၿပီေလ မင္းဒီလိုဆက္ေနေနရင္ မင္းခႏၶာကိုယ္ပ်က္စီးသြားလိမ့္မယ္..." လို႔ ေျပာလိုက္ေတာ့ ခပ္ေလွာင္ေလွာင္ရယ္သံေလးထြက္လာကာ သူတို႔ဘက္လွည့္လာၿပီး... ထမတ္တပ္ရပ္ကာ...  အျဖဴေရာင္ဝတ္ျခံဳ႐ွည္ကို ခြၽတ္လိုက္ေတာ့ ထိုအဝတ္ေအာက္႐ွိခႏၶာကိုယ္ေလးဟာ ေပၚေပါက္လာေတာ့သည္၊ႏို႔ႏွစ္ေရာင္လိုျဖဴေဖြးေနသည့္အသားအေရဟာ တစ္ခ်ိန္တစ္ခါျမင္ခဲ့ရင္ သားရဲမ်ားလို သူတို႔ကိုစိတ္႐ိုင္းမ်ားဝင္သြားေစႏိုင္ေပမယ့္ ထိုလွပက်က္သေရ႐ွိသည့္ အေရအျပားမ်ားေပၚတြင္ အျဖဴ၊အမဲကြက္မ်ားဟာ အက်ည္းတန္စြာတည္႐ွိေနသည္ကိုျမင္ေတာ့ သူတို႔ႏွစ္ေယာက္ စိုးရိမ္စိတ္ျပင္းျပသြားကာ ဘယ္သူလုပ္တာလဲ ေမးျမန္းမလို႔႐ွိေသးသည္၊သူတို႔ေ႐ွ႕႐ွိ နတ္ဘုရားေလးဟာ ဦးစြာ

"ငါ့ခႏၶာကိုယ္က မင္းတို႔ႏွစ္ေယာက္ဆီက ရတဲ့က်ိန္စာနဲ႔တင္ ဖ်က္ဆီးေနၿပီ... ေသြးေသာက္ေတာ့ေကာ ဘာထူးသြားမွာလဲ အဟက္ ေကာင္းတာေပါ့ ငါျမန္ျမန္ ဝဋ္ကြၽတ္တာေပါ့" ခနဲ႔သံမ်ားနဲ႔ေျပာလိုက္ေပမယ့္ သူ႔မ်က္ဝန္းမ်ားကေတာ့ နာၾကည္းရိပ္မ်ားနဲ႔သာ။

ထိုအခ်င္းအရာကိုျမင္ေတာ့ တစ္ခ်ိန္လံုးၿငိမ္ေနသည့္ Darkဟာ တုန္လႈပ္သြားၿပီး...

"မ...မျဖစ္ႏိုင္တာ... ကိုယ္တို႔ မင္းကိုဘယ္တုန္းကမွ က်ိန္စာမတိုက္ခဲ့ဘူး...ကိုယ္တို႔ အတတ္ႏိုင္ဆံုး ကာကြယ္ေစာင့္ေ႐ွာက္..."

"ေစာင့္ေ႐ွာက္တယ္... ဟားဟား ဒီ Deiမွာလား မင္းတို႔လွည့္စားတာ တစ္ခါထဲပဲ ခံမယ္... ဒါေပမယ့္ မင္းတို႔သိေအာင္ ငါေနာက္ဆံုးေျပာျပေပးသြားမွာ...မင္းတို႔ သိပ္ယုံၾကည္ရတဲ့ လိပ္ျပာနတ္ဘုရားမက တခ်ိန္က ငါ့ေမြးခ်င္းညီမျဖစ္ခဲ့တယ္ မင္းတို႔က သူမေျပာသမ်ွ အဟုတ္မွတ္ၿပီး ငါ့အေပၚ ဒီလိုလုပ္ရက္တယ္" သူ႔အသံဟာ တကယ္ကို စိတ္ပ်က္မႈမ်ားနဲ႔ျပည့္သိပ္ေနခဲ့သည္၊အခ်စ္ဆုိသည့္အရာကို ႏွစ္ေပါင္းတစ္ေသာင္းေလာက္မသိခဲ့သည့္ သူ႔လိုနတ္ဘုရားဟာ အေ႐ွ႕႐ွိေယာက်ာ္းပ်ိဳႏွစ္ဦးကို အရာအားလံုးေပးဆပ္ပံုအပ္ၿပီး ခ်စ္ခဲ့ဖူးသည္၊ဒါေပမယ့္ ျပန္ရသည့္ ဆုလာဘ္က ေနာက္ေက်ာထိုးခံရျခင္းတဲ့လား။သူဟာ တကယ္ကို႐ူးမိုက္တဲ့သူတစ္ေယာက္၊ဒီေလာကမွာ အခ်စ္ဆုိတာကိုတကယ္႐ွိတယ္ထင္ကာ အဟုတ္မွတ္ေပးဆပ္ခဲ့တဲ့ ႐ူးႏွမ္းႏွမ္းနတ္ဘုရားတစ္ပါး။

"မဟုတ္..." Darkဟာ ျပန္လည္ေျပာမည္ျပဳေပမယ့္ Scarletဟာ တားလိုက္ၿပီး

"ငါ ေျပာတာ မၿပီးေသးဘူး ငါ့ရဲ႕ခႏၶာကိုယ္က အေမွာင္ဓာတ္ကိုစုပ္ယူႏိုင္သလို၊အလင္းဓာတ္ကိုလည္းစုပ္ယူႏိုင္တယ္... က်ိန္စာေတြကလည္း ငါ့အေပၚ အျခားသူေတြအတြက္ပိုသက္ေရာက္ေစတယ္၊ Deiလို အလင္းအေမွာင္ ေသျခင္းက်ိန္စာနယ္ေျမက ငါ့ကို အေသျမန္ေစတယ္... "လို႔ ေျပာလိုက္ရင္း အျဖဴေရာင္အဝတ္ကိုျပန္ေကာက္ယူကာ ဝတ္လိုက္ၿပီး အသက္မဲ့ေသာအနီေရာင္မ်က္ဝန္းမ်ားဟာ ... သူတို႔ေပၚတစ္ခ်က္သာက်လာၿပီး အၾကည့္လြဲကာ ေက်ာခိုင္းသြားေတာ့သည္၊

"Scarlet... ဒီ.....ဒီ ေနရာကေန ထြက္သြားမယ္ေလ ... ကိုယ္ မင္းကိုျပန္ကုသေပးႏိုင္တယ္... ဒါ...ဒါေၾကာင့္ ကိုယ္တို႔ကို ေက်ာမခိုင္းလိုက္ပါနဲ႔" လို႔ Lightဟာေျပာလိုက္ေပမယ့္ တဖက္ဟာတုန္႔ျပန္မႈမ႐ွိလာေခ်၊

ဒါေၾကာင့္ သူတို႔ဟာထိပ္လန္႔ေနတုန္း႐ွိေသးသည္ သူတို႔မ်က္စိေ႐ွ႕႐ွိခႏၶာကိုယ္ေလးဟာ အမႈန္အဝါးမ်ားျဖစ္ကာ ေပ်ာက္ကြယ္မတက္ျဖစ္ေနသည္ကို ျမင္ေတာ့ သူတို႔စြမ္းရည္ေတြနဲ႔အလ်င္အျမန္ပိတ္ေလွာင္ကာ... အစ္ကိုႀကီးဆီသြားရန္ၾကံစည္လိုက္ေပမယ့္....

ေငြေရာင္အမႈန္ေတြဟာ က်ေရာက္လာကာ သူတို႔ကို တားဆီးေတာ့သည္၊ထိုေနာက္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသံဟာေပၚေပါက္လာၿပီး

[သူ႔ကို Deiကေန ေခၚေဆာင္သြားမယ္ဆုိ နတ္ဘုရား scarletက မုခ်ေပ်ာက္ကြယ္သြားရလိမ့္မယ္]

"ဒါ...ဒါဆုိ ကြၽန္ေတာ္တို႔ ဘာလုပ္ရမလဲ...  သူ႔ကို ကယ္ဖို႔ဆုိ ဘာပဲေပးဆပ္ရေပးဆပ္ရ ...ေပးပါရေစ သူ႔ကိုရေအာင္ကယ္ေပးပါ မိခင္" သူတို႔ရဲ႕ တုန္လႈပ္ေနေသာအမႈအရာဟာ ဖံုးကြယ္မထားရႏိုင္ေခ်၊ဒီနတ္ဘုရားေလးေပၚ ဘယ္ေလာက္ခ်စ္ခဲ့လည္းဆုိတာ သူတို႔သာသိသည္ကိုး၊တကယ္လို႔ သူတို႔ခ်စ္ရတဲ့နတ္ဘုရားေလးေတာင္ အၿပီးပိုင္ေပ်ာက္ကြယ္သြားခဲ့မည္ဆုိရင္..... မေတြးနဲ႔ သူက ငါတို႔ကို ဘယ္ေတာ့မွ ထားခဲ့မွာမဟုတ္ဘူး၊

"ေက်းဇူးျပဳ၍ ကယ္တင္ေပးမွာ Systemေလာကရဲ႕ မိခင္"

ဟုတ္သည္၊ထိုေငြေရာင္အမႈန္မ်ားကိုကိုယ္စားျပဳကာ ေရာက္လာသည့္သူဟာ System မိခင္ႀကီးျဖစ္သည္၊

[တစ္နည္းပဲ႐ွိတယ္... သူက Deiေထာင္သားျဖစ္လာရမယ္ ဒီကလူေတြအတိုင္း Deiက က်ေရာက္လာတဲ့တာဝန္ေတြကို အ႐ွံူးမ႐ွိထမ္းေဆာင္ရလိမ့္မယ္... ]

Deiက ေပးအပ္သည့္တာဝန္ေတြဟာ အရမ္းခက္ခဲတာေၾကာင့္ Lightနဲ႔Darkဟာ စိုးရိမ္ပူပန္မႈမ်ားျဖတ္သန္းသြားေပမယ့္... ဒီတစ္နည္းအျပင္အျခားနည္းလမ္းမ႐ွိသည့္ပံုပင္

[သူ ကံေကာင္းပါေစလို႔ ငါတို႔ဆုေတာင္းရံုပဲ... သူရဲ႕ခႏၶာကိုယ္ကို ဒီမယ္ေတာ္ ယူသြားၿပီ... သူရဲ႕ဝိညာဥ္ကလည္း မင္းတို႔ကိုေမ့သြားႏိုင္ေပမယ့္ စိတ္ႏွလံုးထိ ထိန္းခ်ဳပ္ထားတဲ့အမုန္းတရားကိုေတာ့ ဒီမယ္ေတာ္မေျဖေဖ်ာက္ေပးႏိုင္ဘူး]

"ေက်းဇူးတင္ပါတယ္ မိခင္" လို႔ ေျပာလိုက္ရင္း အနီေရာင္အလံုးေလးသာ က်န္ခဲ့သည့္ ဝိညာဥ္ဓာတ္လံုးကို Light နဲ႔ Darkဟာ ယူလိုက္ၿပီး ဝိညာဥ္ဓာတ္လံုးေတြမ်ားစြာစီမံထားသည့္ အခန္းထဲကိုဝင္ေရာက္လာေတာ့သည္၊ သူတို႔ဟာ အနီေရာင္ဝိညာဥ္ဓာတ္လံုးကို ျမတ္ႏိုးစြာနမ္း႐ိႈက္လိုက္ၿပီး...

"ကိုယ္တို႔ အျမန္ဆံုး မင္းဆီ လာခဲ့မယ္... အရမ္းခ်စ္တယ္"

"ခ်စ္တယ္" လို႔ သူတို႔ႏွစ္ဦးဟာေျပာလိုက္ရင္း ထြက္သြားၾကေတာ့သည္၊အနီေရာင္ဝိညာဥ္ဓာတ္လံုးဟာတစ္ခ်က္သာလင္းသြားၿပီး ျပန္ေမွးမွိန္သြားေတာ့သည္၊

--------------------------------------

Unicode

လူတိုင်းမသိတဲ့ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးတယ်...

     တစ်ခါတုန်းက Systemလောကကြီးကို သောင်းကျန်းသွားတဲ့ နတ်ဘုရားတစ်ပါးရှိသတဲ့

သွေးရောင်လို... မျက်ဝန်းများ၊ လောကကြီးကို ကြောက်ရွံ့မှုမရှိ လှောင်ရယ်နေတဲ့ နီရဲရဲနူတ်ခမ်းတစ်စုံ၊ငွေပိုးမျှင်လိုနူးညံ့ပျော့ပျောင်းသည့် ငွေရောင်ဆံနွယ်များနဲ့ လှပတဲ့နတ်ဘုရားဟာ... နီရဲရဲနဲ့ချိုမြိန်သည့်ပန်းသီးတွေကို ကြိုက်သလို...။နတ်ဘုရားရဲ့သွေးရည်ကိုသောက်သုံးရသည်ကို ကြိုက်နှစ်သက်သည်တဲ့၊

Systemလောကရဲ့နတ်ဘုရားတွေတောင် ပန်းသီးတစ်လုံးတွေ့တာနဲ့ ဖင်တုန်အောင် ပြေးရတဲ့အထိ အကုန်လုံးဟာ ထိုနတ်ဘုရားကို ကြောက်ရွံခဲ့ကြသည်၊

"ပန်းသီးလေး ~~~
      ပန်းသီးဟာ သွေးလိုပဲ အရသာရှိတယ်" ချိုသာသာအသံလေးဟာ နတ်ဘုရားများအစည်းအဝေးလုပ်ရာအရပ်ကနေထွက်ပေါ်လာသည်နှင့် အကုန်လုံးရဲ့မျက်နှာမှာ အကြောက်တရားများပေါ်ပေါက်လာတော့သည်၊

"အာ... ဘာလို့ ဒီနေ့လူစုံနေတာလဲ ဟင်??ဒီအရှင်သခင်ကို သွေးရည်ဆက်သချင်လို့ ဆွေးနွေးနေကြတာလား?" အနီရောင်မျက်ဝန်းတောက်များဟာ သူတို့ပေါ်ကျရောက်လာသည်နှင့် ကျန်နတ်ဘုရားများဟာ ခေါင်းငုံ့ကာ အကြောက်အလန့်အကြည့်အောက်နေရှောင်ဖယ်ကုန်ကြတော့သည်၊

ထိုနတ်ဘုရားဟာ အရမ်းကိုလှပသလို အရမ်းကိုရက်စက်လွန်းပြန်သည်၊သူရဲ့အသံလေးဟာ ဆောင်းလေပြေလေညှင်းများတိုက်ခိုက်သလို နားဝင်ကို အေးချမ်းစေပြီး တေးဆိုငှက်လေးတွေတောင် ထိုနတ်ဘုရားရဲ့အသံလေးလို နားဝင်မချိုပေ၊ ဒါပေမယ့် နတ်ဘုရားတွေအတွက် ထိုနတ်ဘုရားရဲ့အသံဟာ သေမင်းဆွဲငင်သံလိုပင်၊

ဒါပေမယ့် သူတို့ရဲ့အိပ်မက်ဆိုးဟာ ကြာကြာမခံခဲ့ပေ၊ သာယာတဲ့နေ့ရက်တွေဟာ နှစ်ပေါင်းတစ်ရာကြာပြီးနောက် ရောက်ရှိလာတော့သည်၊ဘာလို့လဲဆိုတော့ Systemလောကမှာ နောက်ထပ်နတ်ဘုရားခုနှစ်ပါး မွေးဖွားလာတော့သည်၊ နေမင်းကို ကိုယ်စားပြုပြီး Systemလောကရဲ့ရွှေရောင်နယ်မြေကိုအုပ်စိုးသည့် နတ်ဘုရား Issotita၊လမင်းကို ကိုယ်စားပြုပြီး Systemလောကရဲ့ ချစ်ခြင်းနယ်မြေကို အုပ်စိုးသည့်နတ်ဘုရားမ Agapi ၊ အလင်းနဲ့အမှောင်ကို ကိုယ်စားပြုပြီး အဖြူရောင်သွေးနက်နယ်မြေနဲ့အနက်ရောင်သွေးဖြူနယ်မြေကို အုပ်စိုးသည့် အမြွှာနတ်ဘုရား Dark နဲ့ Light၊ဓူဝံကြယ်ကို ကိုယ်စားပြုပြီး သဘာဝသန့်စင်ခြင်း မြင့်မြတ်နယ်မြေကိုအုပ်စိုးသည့် နတ်ဘုရားမ Katharos ၊ဘယ်တော့မှ သေဆုံးသွားခြင်းမရှိသည့် ထာဝရရှင်သန်သည့် ရွှေရောင်ငှက်ကို ကိုယ်စားပြုသည့် မြေအောက်လောကကို အုပ်စိုးသည့် Azura ၊ Systemလောကရဲ့မြင့်မြတ်သည့် ရွှေရောင်ခြင်္သေ့ကို ကိုယ်စားပြုပြီး အနောက်ဘက် ရွှေရောင်နယ်မြေကို အပိုင်အစိုးရသည့် နတ်ဘုရား Golden Lion(Leo) မွေးထဲကစွမ်းအင်မြင့်မားသည့်နတ်ဘုရားခုနှစ်ပါး ဖွားမြင်လာတော့သည်၊ထိုနတ်ဘုရားခုနှစ်ပါးပေါ်လာပြီးနောက် ထိုနတ်ဘုရားဟာ ထူးဆန်းစွာပျောက်ဆုံးသွားတော့သည်၊

အကုန်လုံးဟာလည်း ထိုနတ်ဘုရားဘယ်အရပ်ကိုရောက်သွားမှန်းမသိပေမယ့် ပျော်ရွှင်နေကြတော့သည်၊

ထိုနတ်ဘုရားဟာ...ဘယ်ရောက်သွားတာလဲ??? နတ်ဘုရားများတုန်နေအောင်ကြောက်ရသည့် နတ်ဘုရားဟာ ဘာကြောင့်ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့ရတာလဲ?

အဖြူရောင်ဆံပင်ရှည်များနဲ့အနက်ရောင်ဆံပင်ရှည်များ သီးသန့်ပိုင်ဆိုင်ထားသာည့် ခန့်ညားချောမောသည့်ယောကျာ်းပျိုနှစ်ဦးဟာ... အမှောင်တွေနဲ့ပြည့်သိပ်နေပြီး အလင်းစွမ်းအင်တစ်စက်သာ မရှိသည့်နယ်မြေအတွင်းကို တလှမ်းချင်းဝင်လာတော့သည်၊နယ်မြေအတွင်း မဝင်ခင်မှာ DEI ဆိုသည့် ကြောက်စရာကောင်းသည့်အရှိန်အဝါများနဲ့ရေးသားထားသည့်ဆိုင်းဘုတ်ကြီးဟာ မြင်သူတိုင်း ထွက်ပြေးချင်သယောင်၊ဒါပေမယ့် ထိုသူတို့ဟာ ဘေးနားရှိကြောက်စရာကောင်းသည့် ပုံရိပ်များကိုမမြင်သယောင် အေးဆေးသာလျှောက်လှမ်းလာတော့သည်၊ထိုချိန်မှာ ရုတ်တရက် သူတို့ခြေလှမ်းများဟာ ရပ်တန့်သွားတော့သည်၊

သူတို့ဟာ သံဘောင်များနဲ့ခတ်ထားသည့်အခန်းထဲကိုကြည့်လိုက်တော့ ညအမှောင်မှာ... ထိုအခန်းအတွင်းရှိ လူရဲ့ငွေရောင်ဆံပင်များဟာ ထင်းထင်းရှင်းရှင်းပေ၊ အမှောင်ကြောင့် ထိုငွေရောင်ဆံနွယ်များဟာ မှေးမှိန်သွားခြင်းမရှိဘဲ ပိုမိုထင်ရှားနေသယောင်၊ထိုလူငယ်လေးဟာ ထိုင်နေပြီး မျက်လုံးများအိပ်စက်နေသယာင်ပေမယ့် သူတို့ရောက်လာပြီး တအောင့်ကြာတော့ မျက်လုံးများဟာ ပွင့်လာတော့သည်၊သွေးနီလိုရဲရဲတောက်နေသည့် အနီရောင်မျက်ဝန်းများဟာ ကန်ရေပြင်လိုတည်ငြိမ်နေပေမယ့် သူ့အခန်းရှေ့ရောက်လာသည့်သူနှစ်ယောက်ကိုမြင်သည်နှင့် လှောင်ရိပ်များပြည့်သိပ်သွားသလို မုန်းတီးနာကြည်းစိတ်များလည်း ပြည့်သိပ်သွားကာ မျက်နှာလွဲသွားတော့သည်၊ထိုလူကြည့်ရတာ စကားပြောချင်ပုံမပေါ်တာကြောင့် တဖက်ရှိ အဖြူရောင်ဆံပင်ရှည်များနဲ့ လူငယ်ဟာ သက်ပြင်းချလိုက်ပြီး...

"scarlet... "

"ငါ့နာမည် မခေါ်နဲ့ မင်းရဲ့ရွံစရာကောင်းတဲ့ပါးစပ်ကနေ" အသံလေးဟာချိုသာပါရဲ့ အေး နားဝင်တော့ဆိုးတာပေါ့၊

ထိုအချိန်မှာ သံဘောင်တံခါးဟာပွင့်လာကာ ထိုသူနှစ်ဦးဟာဝင်လာပြီး

"scarlet...  မင်း ကိုယ်တို့ကို မုန်းနေမှန်းသိပါတယ်... ဒါပေမယ့် မင်းကို ဒီလိုမှမထိန်းရင် အစ်ကိုကြီးက သတ်လိမ့်မယ် ဒါကြောင့်... "

"မင်းတို့ ဆင်ခြင်တွေကို ငါမကြားချင်ဘူး... သွား ထွက်သွားကြ မင်းတို့မျက်နှာကို မမြင်ချင်ဘူး မင်းတို့ကို မုန်းတယ်!! Dark Light!!" လို့ မျက်လုံးများမှိတ်ကာ... ကျောခိုင်းသွားသည့် scarletကြောင့် သူတို့မျက်ဝန်းများတွင် နာကြင်ရိပ်များဖြတ်သန်းသွားပေမယ့် Lightဟာ ဇွဲမလျော့စွာ ...

"Scarlet မင်းသွေးမသောက်တာ ဆယ်နှစ်ရှိပြီလေ မင်းဒီလိုဆက်နေနေရင် မင်းခန္ဓာကိုယ်ပျက်စီးသွားလိမ့်မယ်..." လို့ ပြောလိုက်တော့ ခပ်လှောင်လှောင်ရယ်သံလေးထွက်လာကာ သူတို့ဘက်လှည့်လာပြီး... ထမတ်တပ်ရပ်ကာ...  အဖြူရောင်ဝတ်ခြုံရှည်ကို ချွတ်လိုက်တော့ ထိုအဝတ်အောက်ရှိခန္ဓာကိုယ်လေးဟာ ပေါ်ပေါက်လာတော့သည်၊နို့နှစ်ရောင်လိုဖြူဖွေးနေသည့်အသားအရေဟာ တစ်ချိန်တစ်ခါမြင်ခဲ့ရင် သားရဲများလို သူတို့ကိုစိတ်ရိုင်းများဝင်သွားစေနိုင်ပေမယ့် ထိုလှပကျက်သရေရှိသည့် အရေအပြားများပေါ်တွင် အဖြူ၊အမဲကွက်များဟာ အကျည်းတန်စွာတည်ရှိနေသည်ကိုမြင်တော့ သူတို့နှစ်ယောက် စိုးရိမ်စိတ်ပြင်းပြသွားကာ ဘယ်သူလုပ်တာလဲ မေးမြန်းမလို့ရှိသေးသည်၊သူတို့ရှေ့ရှိ နတ်ဘုရားလေးဟာ ဦးစွာ

"ငါ့ခန္ဓာကိုယ်က မင်းတို့နှစ်ယောက်ဆီက ရတဲ့ကျိန်စာနဲ့တင် ဖျက်ဆီးနေပြီ... သွေးသောက်တော့ကော ဘာထူးသွားမှာလဲ အဟက် ကောင်းတာပေါ့ ငါမြန်မြန် ဝဋ်ကျွတ်တာပေါ့" ခနဲ့သံများနဲ့ပြောလိုက်ပေမယ့် သူ့မျက်ဝန်းများကတော့ နာကြည်းရိပ်များနဲ့သာ။

ထိုအချင်းအရာကိုမြင်တော့ တစ်ချိန်လုံးငြိမ်နေသည့် Darkဟာ တုန်လှုပ်သွားပြီး...

"မ...မဖြစ်နိုင်တာ... ကိုယ်တို့ မင်းကိုဘယ်တုန်းကမှ ကျိန်စာမတိုက်ခဲ့ဘူး...ကိုယ်တို့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်..."

"စောင့်ရှောက်တယ်... ဟားဟား ဒီ Deiမှာလား မင်းတို့လှည့်စားတာ တစ်ခါထဲပဲ ခံမယ်... ဒါပေမယ့် မင်းတို့သိအောင် ငါနောက်ဆုံးပြောပြပေးသွားမှာ...မင်းတို့ သိပ်ယုံကြည်ရတဲ့ လိပ်ပြာနတ်ဘုရားမက တချိန်က ငါ့မွေးချင်းညီမဖြစ်ခဲ့တယ် မင်းတို့က သူမပြောသမျှ အဟုတ်မှတ်ပြီး ငါ့အပေါ် ဒီလိုလုပ်ရက်တယ်" သူ့အသံဟာ တကယ်ကို စိတ်ပျက်မှုများနဲ့ပြည့်သိပ်နေခဲ့သည်၊အချစ်ဆိုသည့်အရာကို နှစ်ပေါင်းတစ်သောင်းလောက်မသိခဲ့သည့် သူ့လိုနတ်ဘုရားဟာ အရှေ့ရှိယောကျာ်းပျိုနှစ်ဦးကို အရာအားလုံးပေးဆပ်ပုံအပ်ပြီး ချစ်ခဲ့ဖူးသည်၊ဒါပေမယ့် ပြန်ရသည့် ဆုလာဘ်က နောက်ကျောထိုးခံရခြင်းတဲ့လား။သူဟာ တကယ်ကိုရူးမိုက်တဲ့သူတစ်ယောက်၊ဒီလောကမှာ အချစ်ဆိုတာကိုတကယ်ရှိတယ်ထင်ကာ အဟုတ်မှတ်ပေးဆပ်ခဲ့တဲ့ ရူးနှမ်းနှမ်းနတ်ဘုရားတစ်ပါး။

"မဟုတ်..." Darkဟာ ပြန်လည်ပြောမည်ပြုပေမယ့် Scarletဟာ တားလိုက်ပြီး

"ငါ ပြောတာ မပြီးသေးဘူး ငါ့ရဲ့ခန္ဓာကိုယ်က အမှောင်ဓာတ်ကိုစုပ်ယူနိုင်သလို၊အလင်းဓာတ်ကိုလည်းစုပ်ယူနိုင်တယ်... ကျိန်စာတွေကလည်း ငါ့အပေါ် အခြားသူတွေအတွက်ပိုသက်ရောက်စေတယ်၊ Deiလို အလင်းအမှောင် သေခြင်းကျိန်စာနယ်မြေက ငါ့ကို အသေမြန်စေတယ်... "လို့ ပြောလိုက်ရင်း အဖြူရောင်အဝတ်ကိုပြန်ကောက်ယူကာ ဝတ်လိုက်ပြီး အသက်မဲ့သောအနီရောင်မျက်ဝန်းများဟာ ... သူတို့ပေါ်တစ်ချက်သာကျလာပြီး အကြည့်လွဲကာ ကျောခိုင်းသွားတော့သည်၊

"Scarlet... ဒီ.....ဒီ နေရာကနေ ထွက်သွားမယ်လေ ... ကိုယ် မင်းကိုပြန်ကုသပေးနိုင်တယ်... ဒါ...ဒါကြောင့် ကိုယ်တို့ကို ကျောမခိုင်းလိုက်ပါနဲ့" လို့ Lightဟာပြောလိုက်ပေမယ့် တဖက်ဟာတုန့်ပြန်မှုမရှိလာချေ၊

ဒါကြောင့် သူတို့ဟာထိပ်လန့်နေတုန်းရှိသေးသည် သူတို့မျက်စိရှေ့ရှိခန္ဓာကိုယ်လေးဟာ အမှုန်အဝါးများဖြစ်ကာ ပျောက်ကွယ်မတက်ဖြစ်နေသည်ကို မြင်တော့ သူတို့စွမ်းရည်တွေနဲ့အလျင်အမြန်ပိတ်လှောင်ကာ... အစ်ကိုကြီးဆီသွားရန်ကြံစည်လိုက်ပေမယ့်....

ငွေရောင်အမှုန်တွေဟာ ကျရောက်လာကာ သူတို့ကို တားဆီးတော့သည်၊ထိုနောက် အမျိုးသမီးတစ်ယောက်ရဲ့အသံဟာပေါ်ပေါက်လာပြီး

[သူ့ကို Deiကနေ ခေါ်ဆောင်သွားမယ်ဆို နတ်ဘုရား scarletက မုချပျောက်ကွယ်သွားရလိမ့်မယ်]

"ဒါ...ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ...  သူ့ကို ကယ်ဖို့ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ ...ပေးပါရစေ သူ့ကိုရအောင်ကယ်ပေးပါ မိခင်" သူတို့ရဲ့ တုန်လှုပ်နေသောအမှုအရာဟာ ဖုံးကွယ်မထားရနိုင်ချေ၊ဒီနတ်ဘုရားလေးပေါ် ဘယ်လောက်ချစ်ခဲ့လည်းဆိုတာ သူတို့သာသိသည်ကိုး၊တကယ်လို့ သူတို့ချစ်ရတဲ့နတ်ဘုရားလေးတောင် အပြီးပိုင်ပျောက်ကွယ်သွားခဲ့မည်ဆိုရင်..... မတွေးနဲ့ သူက ငါတို့ကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး၊

"ကျေးဇူးပြု၍ ကယ်တင်ပေးမှာ Systemလောကရဲ့ မိခင်"

ဟုတ်သည်၊ထိုငွေရောင်အမှုန်များကိုကိုယ်စားပြုကာ ရောက်လာသည့်သူဟာ System မိခင်ကြီးဖြစ်သည်၊

[တစ်နည်းပဲရှိတယ်... သူက Deiထောင်သားဖြစ်လာရမယ် ဒီကလူတွေအတိုင်း Deiက ကျရောက်လာတဲ့တာဝန်တွေကို အရှူံးမရှိထမ်းဆောင်ရလိမ့်မယ်... ]

Deiက ပေးအပ်သည့်တာဝန်တွေဟာ အရမ်းခက်ခဲတာကြောင့် Lightနဲ့Darkဟာ စိုးရိမ်ပူပန်မှုများဖြတ်သန်းသွားပေမယ့်... ဒီတစ်နည်းအပြင်အခြားနည်းလမ်းမရှိသည့်ပုံပင်

[သူ ကံကောင်းပါစေလို့ ငါတို့ဆုတောင်းရုံပဲ... သူရဲ့ခန္ဓာကိုယ်ကို ဒီမယ်တော် ယူသွားပြီ... သူရဲ့ဝိညာဉ်ကလည်း မင်းတို့ကိုမေ့သွားနိုင်ပေမယ့် စိတ်နှလုံးထိ ထိန်းချုပ်ထားတဲ့အမုန်းတရားကိုတော့ ဒီမယ်တော်မဖြေဖျောက်ပေးနိုင်ဘူး]

"ကျေးဇူးတင်ပါတယ် မိခင်" လို့ ပြောလိုက်ရင်း အနီရောင်အလုံးလေးသာ ကျန်ခဲ့သည့် ဝိညာဉ်ဓာတ်လုံးကို Light နဲ့ Darkဟာ ယူလိုက်ပြီး ဝိညာဉ်ဓာတ်လုံးတွေများစွာစီမံထားသည့် အခန်းထဲကိုဝင်ရောက်လာတော့သည်၊ သူတို့ဟာ အနီရောင်ဝိညာဉ်ဓာတ်လုံးကို မြတ်နိုးစွာနမ်းရှိုက်လိုက်ပြီး...

"ကိုယ်တို့ အမြန်ဆုံး မင်းဆီ လာခဲ့မယ်... အရမ်းချစ်တယ်"

"ချစ်တယ်" လို့ သူတို့နှစ်ဦးဟာပြောလိုက်ရင်း ထွက်သွားကြတော့သည်၊အနီရောင်ဝိညာဉ်ဓာတ်လုံးဟာတစ်ချက်သာလင်းသွားပြီး ပြန်မှေးမှိန်သွားတော့သည်၊

--------------------------------------

Bạn đang đọc truyện trên: ZingTruyen.Info