ZingTruyen.Info

Dei?No That's My Abode (System)

Arc-3.2(Zombies are cool but I wanna kill them)

Neko_san_ZP

Zawgyi

[Snow: မိသားစုကားေတြမွာ အခ်က္ေပးေခါင္းေလာင္းသံပါတယ္လို႔ Eira ၾကားဖူးတယ္ အ႐ွင္သခင္]ႏွင္းပြင့္ေလးဟာ အမ္လန္နဲ႔အတူ ကားေတြကို လိုက္ၾကည့္ေနရင္းေျပာလိုက္တယ္၊အမ္လန္ဟာလည္း ေႁမြျဖဴေလးစကားေၾကာင့္ မ်က္ႏွာၾကဳတ္သြားၿပီး ကားေတြကို ၾကည့္ေနေတာ့တယ္

'Eira မိသားစုကားဆုိတာ ဘာလဲ'

[Snow: အလံုပိတ္ၿပီးေမာင္းလို႔ရတဲ့ကားေလ]

'ကားေတြ အကုန္အလံုပိတ္ၿပီး ေမာင္းတာ မဟုတ္ဘူးလား'

[Snow:အဲ့ဆုိ ကားရဲ႕အ႐ွည္ေကာက္က မိသားစုကားျဖစ္မယ္ ဒီကားေတြအကုန္ မိသားစုကားျဖစ္မွာေပါ့]ေႁမြျဖဴေလးဟာ လမ္းမေပၚက ကားေတြကို ၾကည့္ရင္းေျပာလိုက္တယ္၊အမွန္ေတာ့ Scarletေရာ၊Eiraေရာဟာ သူတို႔ ကမာၻႏွစ္ကမာၻ ေမာင္းႏွင္လာသည့္ဘီးေလးလံုးနဲေရြ႔လ်ားသည့္အရာကို ကားဆိုသည့္ထက္မသိေပ၊ေႁမြျဖဴေလးေတာင္ ထိုကားဆိုသည့္အရာမွာ အခ်က္ေပးေခါင္းေလာင္းပါမွန္း သိေသးသည္။ၿပီးေတာ့ ထိုအခ်က္ေပးေခါင္းေလာင္းဟာ သူခိုးက မိမိကားကိုဖြင့္သည္ျဖစ္ေစ၊အျခားအရာဝတၳဳတစ္ခုခုဟာ မိမိကားကိုအ႐ွိန္နဲ႔႐ိုက္မိတိုက္မိသည့္အခါ ျပင္းထန္သည့္အခ်က္ေပးေခါင္းေလာင္းသံေပၚလာကာ သတိေပးတတ္သည္။

"ဟိုကားက ႀကီးေတာ့ ပိုအေအာ္ျမည္မွာ ေသခ်ာတယ္" အမ္လန္ဟာ ေလးေထာင့္ပံုစံကိုမွ ေခါင္းအေပၚပိုင္းသည္ အဝိုင္းပံုသ႑ာန္ျဖစ္ေနျပီး အဲ့အဝိုင္းကေန ႐ွည္လ်ားသည့္အတံထြက္ေနသည့္ကားကို ၾကည့္ရင္းေျပာလိုက္သည္။

[Snow:ဒါေပမယ့္ သူ႔ဘီးေတြက မထူးဆန္းဖူးလား အ႐ွင္သခင္] ေႁမြျဖဴေလးဟာလည္း သူရဲ႕နီရဲရဲမ်က္လံုးေလးေတြနဲ႔ အစိမ္းပုပ္ေရာင္ကားႀကီးကို ၾကည့္ရင္း ေျပာလိုက္တယ္၊

"အသံျမည္ဖို႔က အဓိကပဲမလား" ေျပာလည္း ေျပာ အနီးနားက ပန္းအိုးကိုပင္ မယူကာ သူဟာ ကားဆီကို အားနဲ႔လွမ္းပစ္ေပါက္ေတာ့သည္။ဒါ​ေပမယ့္ ကားဟာ ဝုန္းဆုိသည့္အသံသာ ျမည္သြားၿပီး မည္သည့္အခ်က္ေပးသံမွ ထြက္မလာေခ်၊

'Eira... ဘာေၾကာင့္ ဘာသံမွ ထြက္မလာရတာလဲ' အမ္လန္ဟာ သူရဲ႕ေႁမြျဖဴေလးကို ေမးလိုက္ေတာ့ ေႁမြျဖဴေလးဟာလည္း ေခါင္းရမ္းလာေတာ့သည္။ထိုေနာက္ ေႁမြျဖဴေလးရဲ႕ မ်က္ဝန္းမ်ားဟာ နီရဲေတာက္ကာ ထိုကားကို ၾကည့္ေနေတာ့သည္။

[Snow: အ႐ွင္သခင္... ဒါက ကားမဟုတ္ဘူးထင္တယ္၊Eira႐ွာေဖြခ်က္အရ ဒါဟာ စစ္ေျမျပင္မွာ အသံုးျပဳတဲ့ေမာင္းႏွင္လို႔ရတဲ့လက္နက္အမ်ိဳးစားပဲ လူေတြက ဒီဟာကို တင့္ကားလို႔ေခၚတယ္ သူတို႔မွာ အခ်က္ေပးစနစ္မပါဘူး] လို႔ ေျပာလိုက္တာေၾကာင့္ အမ္လန္ဟာ ေခါင္းတညိတ္ညိတ္ျဖင့္ သူဟာ ေနာက္ထပ္ ပန္းအိုးတစ္အိုးကို ယူကာ အနက္ေရာင္ကားတစ္စီးကို လွမ္းပစ္လိုက္ေတာ့သည္။

*ဝုန္း* အသံနဲ႔အတူ က်ယ္ေလာင္သည့္အခ်က္ေပးကားျမည္သံဟာ ထြက္ေပၚလာၿပီး ဇြန္ဘီေတြရဲ႕အာရံုကို ဖမ္းစားသြားေတာ့သည္။မ်ားစြာ​ေသာဇြန္ဘီေတြဟာ ပင္လယ္ေရလိႈင္းခတ္သလို အ႐ွိန္နဲ႔ကားဆီ ေျပးလာၾကေတာ့သည္။အမ္လန္ဟာ ထိုနဲ႔မၿပီးေသးဘူး သူဟာ ေနာက္ထပ္ပန္းအိုးတစ္အိုးကို ယူလိုက္ၿပီး၊ထိုလိုကားလိုအရြယ္အစားတူညီသည့္ကားကို ထပ္ပစ္လိုက္သည္။အနည္းငယ္ေဝးကြာတာေၾကာင့္ သူဟာ အားအကုန္ထုတ္ကာပစ္လိုက္တယ္၊ဒါေၾကာင့္ ေပ်ာ့ညံသည့္သူရဲ႕ကိုယ္ဟာ ထိုဒဏ္ကို မခံႏိုင္ဘဲ လက္ေကာက္ဝတ္လည္ကာ နာက်င္သြားေတာ့သည္။

အမ္လန္ မ်က္ႏွာတစ္ခ်က္႐ႈံ႕မဲ့သြားေပမယ့္ သူဟာ ဆိုင္ခန္းေ႐ွ႕မွာ တစ္ေကာင္၊ႏွစ္ေကာင္သာ က်န္ေတာ့သည့္ဇြန္ဘီေတြကို ၾကည့္ကာ ဓားကို ထုတ္လိုက္တယ္၊

'ဒီအ႐ွင္သခင္ရဲ႕လက္ေကာက္ဝတ္က နာေနၿပီ...အနည္းဆံုးသံုးခါပဲ သတ္ႏိုင္မယ္ထင္တယ္'

ႏွင္းပြင့္ေလးဆီက ကုသစြမ္းရည္ယူႏိုင္ေပမယ့္ Leoနတ္ဘုရားကို ကူညီထားတာေၾကာင့္ သူတို႔အေနနဲ႔ စြမ္းအားထပ္သံုးလိုက္ရင္ အေရးၾကံဳလာသည့္အခါ ဘာမွမလုပ္နိင္ဘဲျဖစ္ေနလိမ့္မည္၊ဒါေၾကာင့္ အမ္လန္ဟာ သည္းခံလိုက္ၿပီး ေျမျပင္ေပၚ ခုန္ဆင္းလာၿပီး သူဟာ အနီးနားက ဇြန္ဘီတစ္ေကာင္ရဲ႕ ေခါင္းကို ဓားနဲ႔စိုက္လိုက္သည္။

သူသိထားခ်က္အရေတာ့ ဇြန္ဘီေတြရဲ႕အားနည္းခ်က္က ေခါင္းျဖစ္သည္။ဒါေၾကာင့္ သူသာ တစ္ခ်က္တည္းနဲ႔ ဇြန္ဘီေတြရဲ႕ေခါင္းကို ထိုးစိုက္ႏိုင္ရင္ စိတ္ပူစရာမလိုေပ၊သူဟာ သူ႔ဆီ ေျပးလာ၊ ေျပးလာတယ္ဆုိရမွာေပါ့၊ဘာလို႔လဲဆုိေတာ့ ဒီဇြန္ဘီေတြက အားသန္ေပမယ့္ အနည္းငယ္ေႏွးေကြးက်သည္။

သူ႔ဆီေျပးဝင္လာသည့္ ဇြန္ဘီကို ၾကည့္ကာ ေ႐ွာင္လိုက္ၿပီး ထိုဇြန္ဘီရဲ႕ေနာက္ေက်ာတြင္ေနရာယူကာ ေနာက္ဦးေခါင္းကို ဓားနဲ႔ထိုးစိုက္လိုက္သည္။ေနာက္ဆံုးတစ္ေကာင္ကို သူသတ္ရန္ ၾကည့္လိုက္ခ်ိန္မွာ အနက္ေရာင္ဆံပင္နဲ႔လူငယ္ေလးဟာ ျပတင္းေပါက္ကေန ခုန္ဆင္းလာၿပီး ထိုဇြန္ဘီကို ပုဆိန္နဲ႔ခုတ္လိုက္ေတာ့သည္။ထိုေနာက္ သူဟာ အမ္လန္ကို ၾကည့္လိုက္ေတာ့တယ္၊အမ္လန္ဟာလည္း ထိုလူကို ၾကည့္ရင္း သူရဲ႕စိတ္ထဲအနည္းငယ္ အံ့အားသင့္သြားတာ အမွန္ေပ၊ဒီလူသားရဲ႕ေအာ္ရာဟာ အရမ္းကိုျပင္းထန္လြန္းသည္။

"မင္း ဘယ္သူလဲ" ထိုလူဟာ သူ႔ကို စူးစိုက္ၾကည့္ကာ ေျပာလာေပမယ့္ အမ္လန္ဟာ ဂ႐ုမစိုက္သည့္ပံုစံ သူရဲ႕ဓားကို ျပန္သိမ္းလိုက္ၿပီး

"ေအဒန္ဆုိတဲ့ေကာင္ေလး မင္းတို႔အဖြဲ႔ထဲမွာ ႐ွိလား" လို႔ ေမးလိုက္ေတာ့ ထိုလူဟာ မ်က္ခံုးပင့္သြားၿပီးေနာက္မွာ ေခါင္းညိတ္လိုက္ေတာ့တယ္၊

"ေအဒန္က မင္းနဲ႔ဘာပတ္သတ္လဲ"

"ငါက သူရဲ႕အစ္ကို" လို႔ ေျပာရင္း သူဟာ ဆိုင္ထဲကို ဘယ္လိုဝင္ရမလဲ ၾကည့္လိုက္သည္၊တံခါးေတြက ဇြန္ဘီမဝင္ေအာင္ ပိတ္ထားမွာအမွန္ေပ၊ဒါဆုိ သူဘယ္လိုဝင္ရမလဲ၊

"အေနာက္က လာခဲ့" ထိုလူဟာ ေျပာလာတာေၾကာင့္ သူလည္း ဘာမဆိုေတာ့ဘဲ ထိုလူေနာက္ကေန လိုက္သြားေတာ့တယ္၊ထိုလူဟာ အေရးေပၚေလွကားကေန အရင္တက္သြားကာ သူ႔ကို တက္ရန္ ေျပာလာေတာ့သည္။ အမ္လန္ရဲ႕လက္ေကာက္ဝတ္ဟာ နာေနေပမယ့္ သူဟာ သူနဲ႔မသိသည့္သူစိမ္းတစ္ေယာက္ကို အကူအညီမေတာင္းႏိုင္ေပ၊ေနာက္ၿပီး သူခံစားေနရသည္။

'ဒီေကာင္ကို ဘာလို႔ ငါ႐ိုက္သတ္ခ်င္ေနသလို ခံစားေနရတာလဲ'

"အ..." အေရးေပၚေလွကား သံုးဆင့္ေျမႇာက္လက္လွမ္းလိုက္ခ်ိန္မွာ သူရဲ႕ညာဘက္လက္ဟာ တကယ္ကို နာက်င္ေနတာေၾကာင့္ သူျပဳတ္က်မလိုေတာင္ ျဖစ္သြားသည္။ထိုအခါမွာ သူစိမ္းဟာ သူ႔ကိုသတိထားမိသြားၿပီး

"မင္းအဆင္ေျပရဲ႕လား"

"..." အမ္လန္ ဘာမွမေျပာေပ၊သူဘာေျပာရမွာလဲ၊လက္ေကာက္ဝတ္နာေနလို႔ ကူညီေပးပါလားလို႔ လူသားတစ္ေယာက္ကို အကူညီေတာင္းရမွာလား၊လက္ေကာက္ဝတ္ဘဲ အျဖတ္ခံလိုက္မယ္၊ ဒါေပမယ့္ သူရဲ႕ကိုယ္ဟာ ေပါ့သြားကာ အေပၚကို ေရာက္သြားေတာ့သည္။ဘာလို႔လဲဆုိေတာ့ သူစိမ္းဟာ သူရဲ႕ဘယ္ဘက္လက္ကို ဆြဲကာ အေပၚကို အလြယ္တကူပင့္တင္လိုက္လို႔ျဖစ္သည္။

"ငါ ေက်းဇူးမတင္ႏိုင္ဘူး" အမ္လန္ဟာ ထိုသူစိမ္းရဲ႕အျပာေရာင္မ်က္ဝန္းမ်ားကို ရင္ဆိုင္ရင္း ေျပာလိုက္တယ္၊သူ႔ကို ဘယ္သူမွ မကူညီခိုင္းဘဲ သူ႔ဘာသာကူညီတာေၾကာင့္ ဒီအ႐ွင္သခင္က ေက်းဇူးတင္စရာအေၾကာင္းမ႐ွိေပ၊

"မင္း...ဘာလို႔အရမ္းေပါ့ေနရတာလဲ မင္းက အိုမီဂါတစ္ေယာက္လား"

"ဟုတ္တယ္ ငါက အိုမီဂါတစ္ေယာက္ပဲ ျပသာနာ႐ွိလို႔လား" အမ္လန္ ျပန္ခံေျပာလိုက္ေပမယ့္ သူရဲ႕ေျခလွမ္းမ်ားဟာ ေနာက္ကိုႏွစ္လွမ္းဆုတ္ကာ သတိအေနအထားျဖစ္ေနေတာ့သည္။

"မေၾကာက္နဲ႔ ကိုယ္ မင္းကို ဘာမွမလုပ္ဘူး" လို႔ ေျပာရင္း ေ႐ွ႕ကေန ထြက္သြားသည္ကို ျမင္မွ အမ္လန္သက္ျပင္းခ်ႏိုင္ေတာ့သည္။တကယ္လို႔ ထိုလူ သူ႔ကို တိုက္ခိုက္လာရင္ေတာင္ သူဘာမွမလုပ္ႏိုင္ေပ၊

"ေအဒန္ " ထိုလူဟာ လူဆယ္ေယာက္စုကာ ထိုင္ေနသည့္ေနရာကို ၾကည့္ရင္း ေအဒန္နာမည္ကို ေခၚလိုက္တယ္၊ထိုခ်ိန္မွာပဲ အသက္ ဆယ္သံုးႏွစ္သာ႐ွိေသးသည့္ ခ်စ္စရာေကာင္းသည့္မ်က္ႏွာေပါက္နဲ႔ေကာင္ေလးဟာ မတ္တပ္ရပ္လာေတာ့တယ္၊

"ဆရာကာလီဂို ဘာျဖစ္လို႔လဲ"

"ေအဒန္!!" အမ္လန္ အေနာက္ကေန ထြက္လာကာ ေအဒန္ကို ေခၚလိုက္သည္။ေအဒန္ဟာလည္း သူ႔ကိုေၾကာင္အစြာၾကည့္ေနၿပီးေနာက္မွာ မ်က္ရည္မ်ားျပည့္သိပ္သြားကာ အမ္လန္ကို ေျပးဖက္ေတာ့တယ္၊

"ကိုကို!!!"

"ေအဒန္! ဘုရားခင္....ေက်ဇူးပါပဲ... ေအဒန္ ...ကိုကို႔ေခ်ာကလပ္ေလး... "
အရင္ဘဝက အမ္လန္ဟာ သူ႔ညီေလးကို သူနဲ႔အတူမေခၚခဲ့မိတာေၾကာင့္ေနာင္တရေနခဲ့ၿပီး ေသတြင္းထဲဆင္းလာကာ ျပန္ေခၚရန္ႀကိဳးစားခဲ့ေပမယ့္ သူ႔ညီေလးနဲ႔မဆံုျဖစ္ဘဲ ေသဆံုးသြားရသည္မလား၊ဒါေပမယ့္ အခုလိုဆံုေတြ႔ခ်ိန္မွာ Scarletပင္ ဒီခႏၶာကိုယ္ရဲ႕ ႀကီးမားသည့္ခ်စ္ျခင္းေမတၱာဒဏ္ကို မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ၊ေအးစက္စက္မ်က္ႏွာေလးဟာ ေဆာင္းဦးရဲ႕ေနေရာင္ျခည္ေလးလို ေႏြးေထြးေနၿပီး ပန္းဆီေရာင္ႏူတ္ခမ္းဖူးေလးဟာလည္း ေတာက္ပစြာျပံဳးေနသည့္ အမ္လန္ဟာ လူတိုင္းရဲ႕အာရံုကို ဖမ္းစားေနေတာ့သည္။

"ကာလီဂို သူက ဘယ္သူလဲ" ေနာက္ထပ္ လူငယ္ေလးသံုးေယာက္ဟာ ကာလီဂိုနားေရာက္လာကာေမးလိုက္ေတာ့ ကာလီဂိုဟာ ေခါင္းခါလိုက္တယ္၊

"ငါ သူ႔နာမည္မသိေသးဘူး၊ဒါေပမယ့္ သူက ေအဒန္ရဲ႕အစ္ကိုျဖစ္ဖို႔မ်ားတယ္" လို႔ ေျပာလိုက္တယ္၊သူရဲ႕စိတ္ထဲ အံ့ၾသေနတာက အိုမီဂါတစ္ေယာက္ဟာ တစ္ေယာက္ထဲ သူ႔ညီေလးကို လိုက္႐ွာေနလိမ့္မည္ဟုမထင္ခဲ့တာေၾကာင့္ျဖစ္သည္။

ထိုေနာက္ ထိုအိုမီဂါဟာ သူ႔တို္ဆီေလ်ွာက္လာကာ ကာလီဂိုကို ေတာင္းပန္လာေတာ့တယ္၊

"ခုနက ႐ိုင္းျပတဲ့အျပဳအမူအတြက္ ေတာင္းပန္ပါတယ္ sir"

"ရတယ္" ခုနကေအးစက္စက္လူငယ္ေလးဟာ သူ႔ညီေ႐ွ႕မွာ ပံုစံတစ္မ်ိးပါလား၊

"ငါက အမ္လန္ပါ ေအဒန္ရဲ႕တတိယအစ္ကို"

"ကိုယ္က ကာလီဂို... "

"Yo! ကုိယ္က ကာလီဂိုရဲ႕အစ္ကို အက္ဇ္ရီရယ္... ဒီတစ္ေယာက္က အာလ္ခ်ာ ၿပီးေတာ့ ဒီတစ္ေယာက္က ကိုယ္တို႔ရဲ႕ေခါင္းေဆာင္ အလ္လီအို"အက္ဇ္ရီရယ္ဟာ တက္တက္ႂကြႂကြပင္ ႐ွင္းျပလာေတာ့သည္။အမ္လန္ဟာ ေခါင္းညိတ္ကာ ႏူတ္ဆတ္လိုက္ၿပီးေနာက္မွာ အလ္လီအိုဟာ အမ္လန္ကိုၾကည့္ကာ

"အျပင္က အခ်က္ေပးသံျမည္ေအာင္ လုပ္တာ မင္းလား" လို႔ေမးလာတာေၾကာင့္ အမ္လန္ဟာ ေခါင္းညိတ္လိုက္တယ္၊

"ဒီထဲမွာ လူရိပ္ေတြ႔တာေၾကာင့္ ေအဒန္႐ွိမလား သိခ်င္လို႔ လုပ္လိုက္တာ"

"ေအဒန္ကို အစတည္းက စြန္႔ပစ္ခဲ့တာမဟုတ္ဘူးလား" အလ္လီအိုစကားေၾကာင့္ ေဘးက ကာလီဂိုနဲ႔အက္ဇ္ရီရယ္ဟာ သတိေပးလိုက္သည္။

"အလ္လီအို!"

"အလ္!"

အသံႏွစ္သံဟာၿပိဳင္ထြက္လာေပမယ့္ အလ္လီအိုဟာ သူေမးခ်င္ရာကိုသာ ေမးခ်လိုက္ေတာ့သည္။ဒါေပမယ့္ ေအဒန္ကို သူတို႔စေတြ႔တုန္းက ေသခါနီးစဲစဲဖစ္ေနၿပီမလား၊သူတို႔သာ မကယ္ခဲ့ရင္ ေသဆံုးေနေလာက္ၿပီ၊ဒါေၾကာင့္ ဘာေၾကာင့္ ေအဒန္ကို စြန္႔ပစ္ၿပီးမွ ျပန္႐ွာေနရတာလဲ၊

"ေအဒန္ကို ငါဘယ္ေတာ့မွ မစြန္႔ပစ္ဘူး" အမ္လန္ဟာ ေအဒန္လက္ေလးကို ဖြဖြေလးဆုပ္ကိုင္ကာ အလ္လီအိုကို ေဒါသတႀကီးစိုက္ၾကည့္ကာ ေျပာလိုက္တယ္၊

"ကိုကို! ကိုကိုရဲ႕လက္က ဘာျဖစ္တာလဲ" ေအဒန္ဟာ ခရမ္းပုပ္ေရာင္ပင္ သန္းေနသည့္္သူရဲ႕အစ္ကိုလက္ေကာက္ဝတ္ကို ၾကည့္ကာေအာ္ေမးေတာ့သညိ။ထိုအခါမွ အမ္လန္လည္း ၾကည့္လိုက္ၿပီး ေတာ္ေတာ္အေျခအေနဆိုးေနသည့္ ေယာင္ယမ္းေနသည့္လက္ေကာက္ဝတ္ကို ေတြ႔လိုက္ရေတာ့သည္။

"ပန္းအိုးကို မၿပီး ပစ္တုန္းက လက္ေကာက္ဝတ္လည္သြားတာ...ပထမက အေျခအေနမဆုိးေပမယ့္ ဇြန္ဘီႏွစ္ေကာင္ကို သတ္ခ်ိန္မွာ ပိုဆိုးသြားတာျဖစ္မယ္" အမ္လန္ဟာ ေျပာလိုက္ေတာ့ သူ႔ညီဟာ စိတ္ဆုိးေနသည့္အသံျဖင့္

"ကိုကိုကေလ! ကိုယ့္ကိုယ္ကို အိုမီဂါဆုိတာေရာ သတိရေသးရဲ႕လား" လို႔ေျပာလိုက္ေတာ့ ကာလီဂိုကလြဲ၍ က်န္တဲ့သူမ်ားဟာ အံ့ၾသသြားေတာ့သည္။

-*-*-*-*-*-*-*-*

Unicode

[Snow: မိသားစုကားတွေမှာ အချက်ပေးခေါင်းလောင်းသံပါတယ်လို့ Eira ကြားဖူးတယ် အရှင်သခင်]နှင်းပွင့်လေးဟာ အမ်လန်နဲ့အတူ ကားတွေကို လိုက်ကြည့်နေရင်းပြောလိုက်တယ်၊အမ်လန်ဟာလည်း မြွေဖြူလေးစကားကြောင့် မျက်နှာကြုတ်သွားပြီး ကားတွေကို ကြည့်နေတော့တယ်

'Eira မိသားစုကားဆိုတာ ဘာလဲ'

[Snow: အလုံပိတ်ပြီးမောင်းလို့ရတဲ့ကားလေ]

'ကားတွေ အကုန်အလုံပိတ်ပြီး မောင်းတာ မဟုတ်ဘူးလား'

[Snow:အဲ့ဆို ကားရဲ့အရှည်ကောက်က မိသားစုကားဖြစ်မယ် ဒီကားတွေအကုန် မိသားစုကားဖြစ်မှာပေါ့]မြွေဖြူလေးဟာ လမ်းမပေါ်က ကားတွေကို ကြည့်ရင်းပြောလိုက်တယ်၊အမှန်တော့ Scarletရော၊Eiraရောဟာ သူတို့ ကမ္ဘာနှစ်ကမ္ဘာ မောင်းနှင်လာသည့်ဘီးလေးလုံးနဲရွေ့လျားသည့်အရာကို ကားဆိုသည့်ထက်မသိပေ၊မြွေဖြူလေးတောင် ထိုကားဆိုသည့်အရာမှာ အချက်ပေးခေါင်းလောင်းပါမှန်း သိသေးသည်။ပြီးတော့ ထိုအချက်ပေးခေါင်းလောင်းဟာ သူခိုးက မိမိကားကိုဖွင့်သည်ဖြစ်စေ၊အခြားအရာဝတၳုတစ်ခုခုဟာ မိမိကားကိုအရှိန်နဲ့ရိုက်မိတိုက်မိသည့်အခါ ပြင်းထန်သည့်အချက်ပေးခေါင်းလောင်းသံပေါ်လာကာ သတိပေးတတ်သည်။

"ဟိုကားက ကြီးတော့ ပိုအအော်မြည်မှာ သေချာတယ်" အမ်လန်ဟာ လေးထောင့်ပုံစံကိုမှ ခေါင်းအပေါ်ပိုင်းသည် အဝိုင်းပုံသဏ္႑ာန်ဖြစ်နေပြီး အဲ့အဝိုင်းကနေ ရှည်လျားသည့်အတံထွက်နေသည့်ကားကို ကြည့်ရင်းပြောလိုက်သည်။

[Snow:ဒါပေမယ့် သူ့ဘီးတွေက မထူးဆန်းဖူးလား အရှင်သခင်] မြွေဖြူလေးဟာလည်း သူရဲ့နီရဲရဲမျက်လုံးလေးတွေနဲ့ အစိမ်းပုပ်ရောင်ကားကြီးကို ကြည့်ရင်း ပြောလိုက်တယ်၊

"အသံမြည်ဖို့က အဓိကပဲမလား" ပြောလည်း ပြော အနီးနားက ပန်းအိုးကိုပင် မယူကာ သူဟာ ကားဆီကို အားနဲ့လှမ်းပစ်ပေါက်တော့သည်။ဒါ​ပေမယ့် ကားဟာ ဝုန်းဆိုသည့်အသံသာ မြည်သွားပြီး မည်သည့်အချက်ပေးသံမှ ထွက်မလာချေ၊

'Eira... ဘာကြောင့် ဘာသံမှ ထွက်မလာရတာလဲ' အမ်လန်ဟာ သူရဲ့မြွေဖြူလေးကို မေးလိုက်တော့ မြွေဖြူလေးဟာလည်း ခေါင်းရမ်းလာတော့သည်။ထိုနောက် မြွေဖြူလေးရဲ့ မျက်ဝန်းများဟာ နီရဲတောက်ကာ ထိုကားကို ကြည့်နေတော့သည်။

[Snow: အရှင်သခင်... ဒါက ကားမဟုတ်ဘူးထင်တယ်၊Eiraရှာဖွေချက်အရ ဒါဟာ စစ်မြေပြင်မှာ အသုံးပြုတဲ့မောင်းနှင်လို့ရတဲ့လက်နက်အမျိုးစားပဲ လူတွေက ဒီဟာကို တင့်ကားလို့ခေါ်တယ် သူတို့မှာ အချက်ပေးစနစ်မပါဘူး] လို့ ပြောလိုက်တာကြောင့် အမ်လန်ဟာ ခေါင်းတညိတ်ညိတ်ဖြင့် သူဟာ နောက်ထပ် ပန်းအိုးတစ်အိုးကို ယူကာ အနက်ရောင်ကားတစ်စီးကို လှမ်းပစ်လိုက်တော့သည်။

*ဝုန်း* အသံနဲ့အတူ ကျယ်လောင်သည့်အချက်ပေးကားမြည်သံဟာ ထွက်ပေါ်လာပြီး ဇွန်ဘီတွေရဲ့အာရုံကို ဖမ်းစားသွားတော့သည်။များစွာ​သောဇွန်ဘီတွေဟာ ပင်လယ်ရေလှိုင်းခတ်သလို အရှိန်နဲ့ကားဆီ ပြေးလာကြတော့သည်။အမ်လန်ဟာ ထိုနဲ့မပြီးသေးဘူး သူဟာ နောက်ထပ်ပန်းအိုးတစ်အိုးကို ယူလိုက်ပြီး၊ထိုလိုကားလိုအရွယ်အစားတူညီသည့်ကားကို ထပ်ပစ်လိုက်သည်။အနည်းငယ်ဝေးကွာတာကြောင့် သူဟာ အားအကုန်ထုတ်ကာပစ်လိုက်တယ်၊ဒါကြောင့် ပျော့ညံသည့်သူရဲ့ကိုယ်ဟာ ထိုဒဏ်ကို မခံနိုင်ဘဲ လက်ကောက်ဝတ်လည်ကာ နာကျင်သွားတော့သည်။

အမ်လန် မျက်နှာတစ်ချက်ရှုံ့မဲ့သွားပေမယ့် သူဟာ ဆိုင်ခန်းရှေ့မှာ တစ်ကောင်၊နှစ်ကောင်သာ ကျန်တော့သည့်ဇွန်ဘီတွေကို ကြည့်ကာ ဓားကို ထုတ်လိုက်တယ်၊

'ဒီအရှင်သခင်ရဲ့လက်ကောက်ဝတ်က နာနေပြီ...အနည်းဆုံးသုံးခါပဲ သတ်နိုင်မယ်ထင်တယ်'

နှင်းပွင့်လေးဆီက ကုသစွမ်းရည်ယူနိုင်ပေမယ့် Leoနတ်ဘုရားကို ကူညီထားတာကြောင့် သူတို့အနေနဲ့ စွမ်းအားထပ်သုံးလိုက်ရင် အရေးကြုံလာသည့်အခါ ဘာမှမလုပ်နိင်ဘဲဖြစ်နေလိမ့်မည်၊ဒါကြောင့် အမ်လန်ဟာ သည်းခံလိုက်ပြီး မြေပြင်ပေါ် ခုန်ဆင်းလာပြီး သူဟာ အနီးနားက ဇွန်ဘီတစ်ကောင်ရဲ့ ခေါင်းကို ဓားနဲ့စိုက်လိုက်သည်။

သူသိထားချက်အရတော့ ဇွန်ဘီတွေရဲ့အားနည်းချက်က ခေါင်းဖြစ်သည်။ဒါကြောင့် သူသာ တစ်ချက်တည်းနဲ့ ဇွန်ဘီတွေရဲ့ခေါင်းကို ထိုးစိုက်နိုင်ရင် စိတ်ပူစရာမလိုပေ၊သူဟာ သူ့ဆီ ပြေးလာ၊ ပြေးလာတယ်ဆိုရမှာပေါ့၊ဘာလို့လဲဆိုတော့ ဒီဇွန်ဘီတွေက အားသန်ပေမယ့် အနည်းငယ်နှေးကွေးကျသည်။

သူ့ဆီပြေးဝင်လာသည့် ဇွန်ဘီကို ကြည့်ကာ ရှောင်လိုက်ပြီး ထိုဇွန်ဘီရဲ့နောက်ကျောတွင်နေရာယူကာ နောက်ဦးခေါင်းကို ဓားနဲ့ထိုးစိုက်လိုက်သည်။နောက်ဆုံးတစ်ကောင်ကို သူသတ်ရန် ကြည့်လိုက်ချိန်မှာ အနက်ရောင်ဆံပင်နဲ့လူငယ်လေးဟာ ပြတင်းပေါက်ကနေ ခုန်ဆင်းလာပြီး ထိုဇွန်ဘီကို ပုဆိန်နဲ့ခုတ်လိုက်တော့သည်။ထိုနောက် သူဟာ အမ်လန်ကို ကြည့်လိုက်တော့တယ်၊အမ်လန်ဟာလည်း ထိုလူကို ကြည့်ရင်း သူရဲ့စိတ်ထဲအနည်းငယ် အံ့အားသင့်သွားတာ အမှန်ပေ၊ဒီလူသားရဲ့အော်ရာဟာ အရမ်းကိုပြင်းထန်လွန်းသည်။

"မင်း ဘယ်သူလဲ" ထိုလူဟာ သူ့ကို စူးစိုက်ကြည့်ကာ ပြောလာပေမယ့် အမ်လန်ဟာ ဂရုမစိုက်သည့်ပုံစံ သူရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး

"အေဒန်ဆိုတဲ့ကောင်လေး မင်းတို့အဖွဲ့ထဲမှာ ရှိလား" လို့ မေးလိုက်တော့ ထိုလူဟာ မျက်ခုံးပင့်သွားပြီးနောက်မှာ ခေါင်းညိတ်လိုက်တော့တယ်၊

"အေဒန်က မင်းနဲ့ဘာပတ်သတ်လဲ"

"ငါက သူရဲ့အစ်ကို" လို့ ပြောရင်း သူဟာ ဆိုင်ထဲကို ဘယ်လိုဝင်ရမလဲ ကြည့်လိုက်သည်၊တံခါးတွေက ဇွန်ဘီမဝင်အောင် ပိတ်ထားမှာအမှန်ပေ၊ဒါဆို သူဘယ်လိုဝင်ရမလဲ၊

"အနောက်က လာခဲ့" ထိုလူဟာ ပြောလာတာကြောင့် သူလည်း ဘာမဆိုတော့ဘဲ ထိုလူနောက်ကနေ လိုက်သွားတော့တယ်၊ထိုလူဟာ အရေးပေါ်လှေကားကနေ အရင်တက်သွားကာ သူ့ကို တက်ရန် ပြောလာတော့သည်။ အမ်လန်ရဲ့လက်ကောက်ဝတ်ဟာ နာနေပေမယ့် သူဟာ သူနဲ့မသိသည့်သူစိမ်းတစ်ယောက်ကို အကူအညီမတောင်းနိုင်ပေ၊နောက်ပြီး သူခံစားနေရသည်။

'ဒီကောင်ကို ဘာလို့ ငါရိုက်သတ်ချင်နေသလို ခံစားနေရတာလဲ'

"အ..." အရေးပေါ်လှေကား သုံးဆင့်မြှောက်လက်လှမ်းလိုက်ချိန်မှာ သူရဲ့ညာဘက်လက်ဟာ တကယ်ကို နာကျင်နေတာကြောင့် သူပြုတ်ကျမလိုတောင် ဖြစ်သွားသည်။ထိုအခါမှာ သူစိမ်းဟာ သူ့ကိုသတိထားမိသွားပြီး

"မင်းအဆင်ပြေရဲ့လား"

"..." အမ်လန် ဘာမှမပြောပေ၊သူဘာပြောရမှာလဲ၊လက်ကောက်ဝတ်နာနေလို့ ကူညီပေးပါလားလို့ လူသားတစ်ယောက်ကို အကူညီတောင်းရမှာလား၊လက်ကောက်ဝတ်ဘဲ အဖြတ်ခံလိုက်မယ်၊ ဒါပေမယ့် သူရဲ့ကိုယ်ဟာ ပေါ့သွားကာ အပေါ်ကို ရောက်သွားတော့သည်။ဘာလို့လဲဆိုတော့ သူစိမ်းဟာ သူရဲ့ဘယ်ဘက်လက်ကို ဆွဲကာ အပေါ်ကို အလွယ်တကူပင့်တင်လိုက်လို့ဖြစ်သည်။

"ငါ ကျေးဇူးမတင်နိုင်ဘူး" အမ်လန်ဟာ ထိုသူစိမ်းရဲ့အပြာရောင်မျက်ဝန်းများကို ရင်ဆိုင်ရင်း ပြောလိုက်တယ်၊သူ့ကို ဘယ်သူမှ မကူညီခိုင်းဘဲ သူ့ဘာသာကူညီတာကြောင့် ဒီအရှင်သခင်က ကျေးဇူးတင်စရာအကြောင်းမရှိပေ၊

"မင်း...ဘာလို့အရမ်းပေါ့နေရတာလဲ မင်းက အိုမီဂါတစ်ယောက်လား"

"ဟုတ်တယ် ငါက အိုမီဂါတစ်ယောက်ပဲ ပြသာနာရှိလို့လား" အမ်လန် ပြန်ခံပြောလိုက်ပေမယ့် သူရဲ့ခြေလှမ်းများဟာ နောက်ကိုနှစ်လှမ်းဆုတ်ကာ သတိအနေအထားဖြစ်နေတော့သည်။

"မကြောက်နဲ့ ကိုယ် မင်းကို ဘာမှမလုပ်ဘူး" လို့ ပြောရင်း ရှေ့ကနေ ထွက်သွားသည်ကို မြင်မှ အမ်လန်သက်ပြင်းချနိုင်တော့သည်။တကယ်လို့ ထိုလူ သူ့ကို တိုက်ခိုက်လာရင်တောင် သူဘာမှမလုပ်နိုင်ပေ၊

"အေဒန် " ထိုလူဟာ လူဆယ်ယောက်စုကာ ထိုင်နေသည့်နေရာကို ကြည့်ရင်း အေဒန်နာမည်ကို ခေါ်လိုက်တယ်၊ထိုချိန်မှာပဲ အသက် ဆယ်သုံးနှစ်သာရှိသေးသည့် ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့ကောင်လေးဟာ မတ်တပ်ရပ်လာတော့တယ်၊

"ဆရာကာလီဂို ဘာဖြစ်လို့လဲ"

"အေဒန်!!" အမ်လန် အနောက်ကနေ ထွက်လာကာ အေဒန်ကို ခေါ်လိုက်သည်။အေဒန်ဟာလည်း သူ့ကိုကြောင်အစွာကြည့်နေပြီးနောက်မှာ မျက်ရည်များပြည့်သိပ်သွားကာ အမ်လန်ကို ပြေးဖက်တော့တယ်၊

"ကိုကို!!!"

"အေဒန်! ဘုရားခင်....ကျေဇူးပါပဲ... အေဒန် ...ကိုကို့ချောကလပ်လေး... "
အရင်ဘဝက အမ်လန်ဟာ သူ့ညီလေးကို သူနဲ့အတူမခေါ်ခဲ့မိတာကြောင့်နောင်တရနေခဲ့ပြီး သေတွင်းထဲဆင်းလာကာ ပြန်ခေါ်ရန်ကြိုးစားခဲ့ပေမယ့် သူ့ညီလေးနဲ့မဆုံဖြစ်ဘဲ သေဆုံးသွားရသည်မလား၊ဒါပေမယ့် အခုလိုဆုံတွေ့ချိန်မှာ Scarletပင် ဒီခန္ဓာကိုယ်ရဲ့ ကြီးမားသည့်ချစ်ခြင်းမေတ္တာဒဏ်ကို မထိန်းချုပ်နိုင်ခဲ့ပေ၊အေးစက်စက်မျက်နှာလေးဟာ ဆောင်းဦးရဲ့နေရောင်ခြည်လေးလို နွေးထွေးနေပြီး ပန်းဆီရောင်နူတ်ခမ်းဖူးလေးဟာလည်း တောက်ပစွာပြုံးနေသည့် အမ်လန်ဟာ လူတိုင်းရဲ့အာရုံကို ဖမ်းစားနေတော့သည်။

"ကာလီဂို သူက ဘယ်သူလဲ" နောက်ထပ် လူငယ်လေးသုံးယောက်ဟာ ကာလီဂိုနားရောက်လာကာမေးလိုက်တော့ ကာလီဂိုဟာ ခေါင်းခါလိုက်တယ်၊

"ငါ သူ့နာမည်မသိသေးဘူး၊ဒါပေမယ့် သူက အေဒန်ရဲ့အစ်ကိုဖြစ်ဖို့များတယ်" လို့ ပြောလိုက်တယ်၊သူရဲ့စိတ်ထဲ အံ့သြနေတာက အိုမီဂါတစ်ယောက်ဟာ တစ်ယောက်ထဲ သူ့ညီလေးကို လိုက်ရှာနေလိမ့်မည်ဟုမထင်ခဲ့တာကြောင့်ဖြစ်သည်။

ထိုနောက် ထိုအိုမီဂါဟာ သူ့တို်ဆီလျှောက်လာကာ ကာလီဂိုကို တောင်းပန်လာတော့တယ်၊

"ခုနက ရိုင်းပြတဲ့အပြုအမူအတွက် တောင်းပန်ပါတယ် sir"

"ရတယ်" ခုနကအေးစက်စက်လူငယ်လေးဟာ သူ့ညီရှေ့မှာ ပုံစံတစ်မျိးပါလား၊

"ငါက အမ်လန်ပါ အေဒန်ရဲ့တတိယအစ်ကို"

"ကိုယ်က ကာလီဂို... "

"Yo! ကိုယ်က ကာလီဂိုရဲ့အစ်ကို အက်ဇ်ရီရယ်... ဒီတစ်ယောက်က အာလ်ချာ ပြီးတော့ ဒီတစ်ယောက်က ကိုယ်တို့ရဲ့ခေါင်းဆောင် အလ်လီအို"အက်ဇ်ရီရယ်ဟာ တက်တက်ကြွကြွပင် ရှင်းပြလာတော့သည်။အမ်လန်ဟာ ခေါင်းညိတ်ကာ နူတ်ဆတ်လိုက်ပြီးနောက်မှာ အလ်လီအိုဟာ အမ်လန်ကိုကြည့်ကာ

"အပြင်က အချက်ပေးသံမြည်အောင် လုပ်တာ မင်းလား" လို့မေးလာတာကြောင့် အမ်လန်ဟာ ခေါင်းညိတ်လိုက်တယ်၊

"ဒီထဲမှာ လူရိပ်တွေ့တာကြောင့် အေဒန်ရှိမလား သိချင်လို့ လုပ်လိုက်တာ"

"အေဒန်ကို အစတည်းက စွန့်ပစ်ခဲ့တာမဟုတ်ဘူးလား" အလ်လီအိုစကားကြောင့် ဘေးက ကာလီဂိုနဲ့အက်ဇ်ရီရယ်ဟာ သတိပေးလိုက်သည်။

"အလ်လီအို!"

"အလ်!"

အသံနှစ်သံဟာပြိုင်ထွက်လာပေမယ့် အလ်လီအိုဟာ သူမေးချင်ရာကိုသာ မေးချလိုက်တော့သည်။ဒါပေမယ့် အေဒန်ကို သူတို့စတွေ့တုန်းက သေခါနီးစဲစဲဖစ်နေပြီမလား၊သူတို့သာ မကယ်ခဲ့ရင် သေဆုံးနေလောက်ပြီ၊ဒါကြောင့် ဘာကြောင့် အေဒန်ကို စွန့်ပစ်ပြီးမှ ပြန်ရှာနေရတာလဲ၊

"အေဒန်ကို ငါဘယ်တော့မှ မစွန့်ပစ်ဘူး" အမ်လန်ဟာ အေဒန်လက်လေးကို ဖွဖွလေးဆုပ်ကိုင်ကာ အလ်လီအိုကို ဒေါသတကြီးစိုက်ကြည့်ကာ ပြောလိုက်တယ်၊

"ကိုကို! ကိုကိုရဲ့လက်က ဘာဖြစ်တာလဲ" အေဒန်ဟာ ခရမ်းပုပ်ရောင်ပင် သန်းနေသည့််သူရဲ့အစ်ကိုလက်ကောက်ဝတ်ကို ကြည့်ကာအော်မေးတော့သညိ။ထိုအခါမှ အမ်လန်လည်း ကြည့်လိုက်ပြီး တော်တော်အခြေအနေဆိုးနေသည့် ယောင်ယမ်းနေသည့်လက်ကောက်ဝတ်ကို တွေ့လိုက်ရတော့သည်။

"ပန်းအိုးကို မပြီး ပစ်တုန်းက လက်ကောက်ဝတ်လည်သွားတာ...ပထမက အခြေအနေမဆိုးပေမယ့် ဇွန်ဘီနှစ်ကောင်ကို သတ်ချိန်မှာ ပိုဆိုးသွားတာဖြစ်မယ်" အမ်လန်ဟာ ပြောလိုက်တော့ သူ့ညီဟာ စိတ်ဆိုးနေသည့်အသံဖြင့်

"ကိုကိုကလေ! ကိုယ့်ကိုယ်ကို အိုမီဂါဆိုတာရော သတိရသေးရဲ့လား" လို့ပြောလိုက်တော့ ကာလီဂိုကလွဲ၍ ကျန်တဲ့သူများဟာ အံ့သြသွားတော့သည်။

-*-*-*-*-*-*-*-*

Bạn đang đọc truyện trên: ZingTruyen.Info