ZingTruyen.Info

Dei No That S My Abode System

Zawgyi

ကန္လ္ အထိန္းေတာ္ႀကီးဆီမွ ေရာ့လ္လက္မစ္အိမ္ေတာ္ကညစာစားပြဲဖိတ္ၾကားထားေၾကာင္း ေျပာလာသည့္အခါမွာေတာ့ ကန္လ္လည္း ေရာ့လ္လက္မစ္အိမ္ေတာ္ကို သြားေရာက္ေတာ့သည္။သူဟာ ဟိုက္မက္နဲ႔သူညီေတြ႔ဆံုရန္ သူ႔ညီကို ေခၚသြားရန္ေတြးလိုက္ေပမယ့္ ထိုစိတ္ကူးကို ေဖ်ာက္ဖ်က္ပစ္လိုက္သည္။

"သြားရေအာင္ မင္းသားငယ္ကို ငါအျပင္သြားေၾကာင္း သတင္းပါးဖို႔မေမ့ၾကနဲ႔" လို႔ေျပာလိုက္ၿပီးေနာက္မွာ သူဟာ သူရဲ႕သီးသန္႔ဇိမ္ခံကားေပၚတက္သြားေတာ့သည္။တေအာင့္ၾကာသည့္ခ်ိန္မွာ ကန္လ္တို႔ရဲ႕ဇိမ္ခံအနက္ေရာင္ကားဟာ ေရာ့လ္လက္မစ္အိမ္ေတာ္ဝန္းထဲဝင္လာေတာ့သည္။ဆင္ဝင္ေအာက္ကို ထိုးရပ္လိုက္သည့္ခ်ိန္မွာ အိမ္ေတာ္တံခါးဝတြင္ ေရာ့လ္လက္မစ္သခင္ႀကီး၊သခင္မႀကီးနဲ႔လီ႐ိုနာ နဲ႔ အျခားအေစခံမိန္းမပ်ိဳတခ်ိဳ႕ကိုသာ ကန္လ္ေတြ႔လိုက္ရသည္။

'ဟိုက္မက္နဲ႔နီကိုးလ္က ဘယ္မွာလဲ...' ကန္လ္ဟာ သူရဲ႕ေႁမြျဖဴေလးကို ေမးလိုက္ခ်ိန္မွာ ေႁမြျဖဴေလးဟာ ကန္လ္ရဲ႕အက်ႌလက္ၾကားေတြထဲကေန ထြက္လာကာ လည္ပင္းေထာင္လာကာ သူရဲ႕နီရဲရဲမ်က္ဝန္းေတာက္တစ္စံုဟာ ေရာ့လ္လက္မစ္အိမ္ေတာ္ကို စိုက္ၾကည့္ကာ

[Snow:နီကိုးလ္က ေျမေအာက္ခန္းထဲမွာ အခ်ဳပ္ခံထားရတယ္၊ဟိုက္မက္က သူရဲအိပ္ခန္းထဲမွာ ခ်ဳပ္ခံထားရတယ္...ၿပီးေတာ့ ထြက္ေျပးဖို႔ ႀကိဳးစားေနတယ္] လို႔ ေႁမြျဖဴေလးစကားေၾကာင့္ ကန္လ္ေခါင္းတခ်က္သာ ညိတ္လိုက္ၿပီး သူရဲ႕သက္ေတာ္ေစာင့္ဟာ ကားတံခါးဖြင့္ေပးလာ​တာ​ေၾကာင့္ သူလည္းကားထဲကေန ထြက္လာေတာ့သည္။

"မင္းတကယ္ေရာက္လာတာပဲ ငါအရမ္းဝမ္းသာတာပဲ K" လီ႐ိုနာဟာ အျပံဳးလွလွေလးနဲ႔ ကန္လ္ရဲ႕လက္ေမာင္းကို လာေပြ႔ဖက္ရင္း ေျပာလာေတာ့သည္။သူရဲ႕မ်က္လံုးလွလွေလးဟာ ကန္လ္ကို ႏွစ္ၿခိဳက္စြာၾကည့္ေနေတာ့သည္။

"မင္းတို႔ႏွစ္ေယာက္ အဲ့လိုရပ္ေနေတာ့ အရမ္းလိုက္ဖက္တာပဲ"လို႔လီ႐ိုနာရဲမိခင္ဟာ အျပံဳးခ်ိဳခ်ိဳ၊အသံခ်ိဳခ်ိဳျဖင့္ ေျပာလာၿပီးေနာက္မွာ

"သား လီ႐ိုနာ မင္းသားႀကီးကို ရပ္ခိုင္းမေနနဲ႔ေလ အိမ္ထဲဖိတ္အံုး" လို႔ ေျပာလာတာေၾကာင့္ လီ႐ိုနာလည္း လိမၼာသည့္သားတစ္ေယာက္လို ေခါင္းေလးညိတ္ကာ ကန္လ္ကို ဆြဲေခၚရန္ႀကိဳးစားလိုက္သည္။ဒါေပမယ့္ ကန္လ္ဟာ ေရြ႔ေတာင္မေရြ႔လာတာေၾကာင့္ လီ႐ိုနာ အနည္းငယ္ေၾကာက္ရြံသြားၿပီး ကန္လ္ကို ေမာ့ၾကည့္ကာ

"K ဘာျဖစ္လို႔လဲဟင္" လို႔ ေခၚလိုက္ေပမယ့္ သူ႔စိတ္ထဲအနည္းငယ္ကို စိုးရိမ္စိတ္လြန္ကဲေနေတာ့သည္။

[Snow:ဟိုက္မက္ထြက္ေျပးသြားၿပီ]

'ဘယ္ဘက္ကိုလဲ Eira'

[Snow:အဓိကဇာတ္ေကာင္ဂ်ဴပီယာဆီကိုပါ အ႐ွင္သခင္]

'သိၿပီ' ကန္လ္ဟာ ေႁမြျဖဴေလးစကားကို ျပန္​ေျဖလိုက္ၿပီး​ေနာက္မွာ သူ႔ကိုၾကည့္ေနသည့္ လီ႐ိုနာကို စိုက္ၾကည့္ရင္း ေမးလိုက္သည္။

"နီကိုးလ္က ဘယ္မွာလဲ" ကန္လ္ရဲ႕အသံဟာ ပံုမွန္ထက္ပိုေအးစက္ေန​ေပမယ့္ သူရဲ႕အမူအရာက​ေတာ့ သာမန္အတိုင္းပင္၊ကန္လ္ကိုက အစတည္းက အရယ္အျပံဳးမ႐ွိတာေၾကာင့္ သူရဲ႕အမူအရာကိုၾကည့္ကာ သူဘာေတြးေတာေနလဲ ဘယ္သူမွမခန္႔မွန္းႏိုင္ၾကေပ။

"K... နီကိုးလ္...က" ကန္လ္ရဲ႕ျပာလဲ့လဲ့မ်က္ဝန္းထဲက ေအးစက္မႈမ်ားေၾကာင့္ လီ႐ိုနာအလန္႔တၾကားျဖစ္သြားကာ သူဘာျပန္ေျပာရမလဲမသိျဖစ္သြားေတာ့သည္။

"နီကိုးလ္က အျပင္ခဏသြားတယ္ မင္းသားႀကီး " လို႔ လီ႐ိုနာမိခင္ဟာ အမူအရာမပ်က္ဘဲ ေျပာလိုက္ရင္း သူမကဘဲ ဆက္ၿပီး ျပံဳးျပံဳးခ်ိဳခ်ိဳျဖင့္

"အဲ့ကေလးက အရမ္းအေပ်ာ္အပါးမက္တာပဲ မင္းသားႀကီးလာမယ္လို႔ ေျပာထားတဲ့ၾကားက... ဟင္း ကြၽန္မကိုက သားသံုးေယာက္ထဲ နီကိုးလ္ကို ပိုအလိုလိုက္မိလို႔ပဲ " လို႔ လီ႐ိုနာမိခင္ဟာ တကယ္ကိုနီကိုးလ္ေပၚ ခ်စ္ခင္သည့္မိခင္တစ္ေယာက္လို ေျပာဆုိေနေတာ့သည္။ ကန္လ္ဟာ တခ်က္သာျပံဳးသြားၿပီး သူဟာ ထိုအမ်ိဳးသမီးကို စိုက္ၾကည့္ရင္း

"ေကာင္းၿပီ ဒါဆုိ နီကိုးလ္ကို ေစာင့္ရတာေပါ့..." လို႔ ေျပာလိုက္​ေတာ့ လီ႐ိုနာရဲ႕အမူအရာဟာ မနာလိုအူတိုသည့္ပံုစံျဖစ္သြား​ေပမယ့္ သူ႔မိခင္ရဲ႕သတိေပးသည့္အၾကည့္ေတြေၾကာင့္ သူရဲ႕အမူအရာကို ျပန္ျပင္လိုက္ၿပီး သူဟာ အသံခ်ိဳခ်ိဳေလးျဖင့္

"မင္းသား အိမ္ေ႐ွ႕မွာ ေစာင့္ဖို႔ မသင့္ေတာ္ဘူးေလ " လို႔ ေျပာလိုက္ေတာ့ ကန္လ္ဟာ ေခါင္းညိတ္လိုက္ၿပီး သူဟာ အိမ္ေတာ္ထဲဝင္ရန္အလုပ္ သူရဲ႕ဖုန္းဟာ ျမည္လိုက္တာေၾကာင့္ ဖုန္းဆက္လာသည့္သူကို ၾကည့္လိုက္ေတာ့ အမည္မသိသည့္ဖုန္းနံပါတ္စိမ္းျဖစ္ေနတာေၾကာင့္ သူကိုင္မကိုင္စဥ္းစားရင္း ဖုန္းဟာ ျပန္ခ်သြားေတာ့သည္။ဒါေပမယ့္ ေနာက္တစ္ႀကိမ္ ျပန္ေခၚလာသည့္ခ်ိန္မွာ သူဟာကိုင္လိုက္​ေတာ့သည္။

တဖက္ကေနေမာဟိုက္သည့္သံမ်ားၾကားေနၿပီးေနာက္မွာ ၾသကာအက္႐ွသည့္ေယာက်ာ္းသံထြက္လာေတာ့သည္၊ဒါေပမယ့္ အရမ္းေမာပန္းေနသည့္အသံျဖင့္

"Hello. ..အစ္ကို..ကန္လ္...ကြၽန္ေတာ္...ဟိုက္မက္.."

"ဟိုက္မက္ ဘာလို႔ကိုယ့္ကို ဖုန္းဆက္တာလဲ" လို႔ သူကိုေစာင့္ၾကည့္ေနသည့္ လီ႐ိုနာတို႔ေၾကာင့္ သူရဲ႕အသံကိုျမႇင့္ကာ ေမးလိုက္သည္။ထိုေနာက္မွာ အမူအရာပ်က္ယြင္းသြားသည့္လူသားေတြေၾကာင့္ သူရဲ႕စိတ္မ်ားအနည္းငယ္ၾကည္လာေတာ့သည္၊

"အစ္ကိုနီကိုးလ္ကို... ေျမေအာက္ခန္းမွာ ခ်ဳပ္ထားတယ္..." လို႔ ေျပာၿပီးေနာက္မွာ ဖုန္းခ်သြားေတာ့သည္။

တဖက္မွာလည္း ဟိုက္မက္ဟာ လမ္းေဘးဖုန္းနဲ႔ေျပာေနတာေၾကာင့္ အခ်ိန္ျပည့္သြားၿပီး ဖုန္းက်သြားျခင္းျဖစ္သည္။အခ်ိန္အနည္းငယ္ေျပာရဖို႔ အနီးနားက ကေလးေလးဆီက သူ႔မွာ လူႀကီးတန္မဲ့အေႂကြေစ့ေတာင္းထားရျခင္းျဖစ္သည္။ထိုေနာက္မွာ သူဟာ စိတ္ညစ္ညစ္ျဖင့္ ဖုန္းေျပာသည့္ေနရာကေန ထြက္လာၿပီးေနာက္မွာ

"အစ္ကိုနီကိုးလ္...အဆင္ေျပပါေစ" လို႔ ဟိုက္မက္ဟာ ေျပာလိုက္သည္။အစ္ကိုကန္လ္႐ွိတာပဲေလ သူအဆင္ေျပသြားမွာပါ၊

"ဟိုက္မက္!" သူအေတြးနဲ႔သူဗ်ာမ်ားေနတုန္း အေနာက္ကေနေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ အျပာေရာင္ဆြယ္တာအက်ႌ႐ွည္နဲ႔အျဖဴေရာင္ေဘာင္းဘီ႐ွည္ဝတ္ဆင္ထားၿပီး အနက္ေရာင္ဆံပင္တိုမ်ားဟာ နဖူးေပၚယိင္ယိင္ေလးျဖာက်ကာ မ်က္ဝန္းျပာမ်ားနဲ႔ခ်စ္စရာေကာင္းသည့္ လူငယ္ေလးဟာ သူ႔ဆီစိုးရိမ္တႀကီးေျပးလာသည္ကို ေတြ႔လိုက္ရေတာ့သည္။

"မင္းသားေလး"

"ဟိုက္မက္...အဆင္ေျပရဲ႕လား...ကြၽန္ေတာ္ ခင္ဗ်ားကို ကားေပၚကေနလွမ္းေတြ႔လိုက္လို႔ေလ... "ဂ်ဴပီယာဟာ ႐ွပ္အက်ႌေနာက္ေက်ာတျပင္လံုး ေခြၽးမ်ားစိုရြဲေနရံုသာမက နားထင္ကေန ေမးေစ့ထိ ေခြၽးမ်ားစီးက်ေနသည့္ေယာက်ာ္းကို ၾကည့္ကာ ေမးလိုက္သည္။

"ကိုယ္အဆင္ေျပတယ္... " လို႔ ေျပာလာေပမယ့္ သူ႔ေပၚလဲက်လာသည့္ႀကီးမားသည့္ကိုယ္ကို ဂ်ဴပီယာဟာ သူ႔ကိုယ္ေလးနဲ႔လွမ္းထိန္းလိုက္ရင္း

"ဟိုက္မက္! တကယ္ေကာ အဆင္ေျပရဲ႕လား!" လို႔ အသံက်ယ္က်ယ္ျဖင့္ စိုးရိမ္တႀကီးေမးေနမိသည္။ေနာက္ၿပီး အခုလို အရမ္းနီးကပ္သည့္အေျခအေနမွာ ဂ်ဴပီယာရဲ႕ႏွလံုးသားအစံုဟာ တားဆီးမရေအာင္ ခုန္ေပါက္ေနေတာ့သည္။

"ကိုယ္ အဆင္မေျပဘူး ဒါေၾကာင့္ မင္းသားေလးကို ခဏေလာက္ဖက္ထားခြင့္ရႏိုင္မလား" သူရဲ႕နားနားကပ္ကာ ေျပာလာသည့္ဟိုက္မက္ရဲ႕ၾသ႐ွ႐ွအသံေၾကာင့္ ဂ်ဴပီယာမ်က္ႏွာနီရဲသြားကာ...

"ရ... ရပါတယ္ " လို႔ ေျပာလိုက္မိေတာ့သည္။ဒီဆြဲေဆာင္အားျပင္းသည့္ေယာက်ာ္းကို ဂ်ဴပီယာဘယ္လို ျငင္းရက္မွာလဲ၊ျမင္ျမင္ခ်င္းခ်စ္သည္ရယ္မဆုိရေသာ္လည္း ထိုပါတီညကုန္ဆံုးၿပီးေနာက္မွာ အခ်ိန္တိုင္းတမ္းတေနမိတာ ဝန္ခံမိသည္။

ဒါေၾကာင့္ဂ်ဴပီယာရဲ႕လက္ေလးႏွစ္ဖက္ဟာ ဟိုက္မက္ရဲ႕ေနာက္ေက်ာကိုေပြ႔ဖက္လိုက္ေတာ့သည္။ဟိုက္မက္ကလည္း ဂ်ဴပီယာကိုယ္ေလးကို သူ႔ရင္ခြင္ထဲနစ္ေနေအာင္ ဖက္လုိက္ရင္း

"မင္းသားေလးကို ဂ်ဴပီယာလို႔ေခၚလိုက္ရလား..."လို႔ ေမးလိုက္ေတာ့ သူ႔ရင္ခြင္ထဲက အမ်ိဳးသားေလးဟာ ေခါင္းအဆက္မျပတ္ညိတ္လာတာေၾကာင့္ သူသေဘာက်ေျပာလိုက္မိသည္။ဒီလူသြားလမ္းမွာ တကယ္ပဲ တသက္လံုးဖက္ထားလိုက္ခ်င္တယ္။

"ကိုယ္ ဂ်ဴပီယာကို... "

--------
"အစ္ကိုနီကိုးလ္ကို... ေျမေအာက္မွာ ခ်ဳပ္ထားတယ္..."လို႔ ေျပာကာဖုန္းခ်သြားသည့္ဟိုက္မက္ေၾကာင့္ ကန္လ္စိတ္မကြက္ေပမယ့္ သူဟာ ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲျပန္ထည့္လိုက္ၿပီး လီ႐ိုနာကို ၾကည့္ကာ

"ဘယ္မွာလဲ နီကိုးလ္" လို႔ေမးလိုက္ခ်ိန္မွာ အခန္းအပူခ်ိန္လည္းက်ဆင္းသြားေတာ့သည္။

"K... နီကိုးလ္က အျပင္သြား..."

"အမွန္တိုင္းေျပာစမ္း" မာထန္လာသည့္အသံေၾကာင့္ လီ႐ိုနာဟာ ေၾကာက္လန္႔တၾကားေနာက္ဆုတ္မိသြားေတာ့သည္။ဒါေပမယ့္ တစ္ေယာက္မွ ဘာမွမေျပာလာတာေၾကာင့္ေနာက္ဆံုး ကန္လ္ဟာ အိမ္​ေတာ္ထဲကေန ဇြတ္ဝင္သြားၿပီး Eiraအကူအညီျဖင့္ နီကိုးလ္ကို ခ်ဳပ္ထားသည့္ေျမေအာက္အခန္းဘက္ကို ထြက္လာေတာ့သည္။

ထိုေနာက္ တံခါးဟာ ေသာ့ပိတ္ထားသည္ကို ျမင္ေတာ့ အေနာက္ကို ေျခတလွမ္းဆုတ္လိုက္ရင္း ေလာ့ခတ္ထားသည့္ေနရာကို အားနဲ႔ပိတ္ကန္လိုက္ေတာ့သည္။တံခါးေလာ့ပ်က္စီးသြားကာ တံခါးဟာ အနည္းငယ္ပြင့္သြားသည့္အခါမွာေတာ့ သူဟာ ေျမေအာက္ခန္းတံခါးကို ဖြင့္ကာ ​ေလွကားထစ္​ေတြက ဆင္းကာ ဝင္လာေတာ့သည္။

"နီကုိးလ္" ကန္လ္ မဲေမွာင္ေနသည္အခန္းကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ရင္း ဖုန္းထုတ္ကာ ဖုန္းမီးဖြင့္လိုက္ၿပီး​ေနာက္ နီကိုးလ္ရဲ႕နာမည္ကို ေခၚလိုက္သည္။ဒီလိုေမွာင္မဲၿပီးအလင္းေရာင္တစက္ေတာင္ မ႐ွိတဲ့အခန္းမွာ လူတစ္ေယာက္ကို ဘယ္လိုမ်ားပိတ္ေလွာင္ထားႏိုင္ရက္တာလဲ၊သာမန္စိတ္ဓာတ္ေပ်ာ့ညံသည့္လူတစ္ေယာက္ဆုိရင္ ႐ူးသြားမလားပဲမသိေပ၊

"ကန္လ္လား"အခန္းေထာင့္စြန္းဘက္ကေန အသံၾကားလာတာေၾကာင့္ ကန္လ္ တုန္႔ဆိုင္းမေနဘဲ ထိုေနရာကိုသြားကာ ၾကည့္လိုက္ေတာ့ ၾကမ္းျပင္ေပၚ တြင္ လက္ႏွစ္ဖက္ကုိ သူ႔ကိုယ္သူလံုျခံဳေအာင္ပိုက္ထားၿပီး ေခြေခြေလးလဲေလွာင္းေနသည့္နီကိုးလ္ကို ေတြ႔လိုက္ရေတာ့သည္။

"နီကုိးလ္" သူထပ္ေခၚလာခ်ိန္မွာ ေခါင္းေမာ့လာကာ ဖုန္းမီးေၾကာင့္ အလင္းစူးသြားဟန္ နီကိုးလ္ဟာ မ်က္ႏွာ႐ႈံ့သြားၿပီး မ်က္လံုးျပန္ပိတ္ကာ

"ကန္လ္လား" လို႔ ထပ္ေမးလာေတာ့သည္။ဒါေၾကာင့္ ကန္လ္ ၾကမ္းျပင္ေပၚ ဒူးတဖက္ေထာက္လိုက္ၿပီး ဖုန္းကို ေဘးခ်ကာ နီကိုးလ္ရဲ႕လက္တစ္ဖက္ကို ဆြဲကာ သူရင္ခြင္ထဲဆြဲထည့္လိုက္ၿပီး ေခါင္းေလးကို ဖြဖြေလးပုတ္ေပးကာ

"အြန္း... ကိုယ္ပါ" လို႔ ျပန္ေျဖလိုက္ခ်ိန္မွာ သူရဲ႕ပခံုးကို ဆြဲဖက္ကာ တ႐ိႈက္႐ိႈက္နဲ႔ငိုလာေတာ့သည္။

"ကန္လ္...ငါ....ငါမင္းကိုခ်စ္တယ္ ...ငါမင္းကိုခ်စ္တယ္ "

"႐ွဴး...ကိုယ္သိတယ္" နီကုိးလ္ရဲ႕ေက်ာျပင္ကို ကန္လ္ဖြဖြေလးပုတ္ရင္း ျပန္ေျပာလိုက္သည္။ထိုေနာက္မွာေတာ့ ကန္လ္ဟာ နီကိုးလ္ကို ျပန္ေပြ႔ခ်ီလိုက္ၿပီး ေျမေအာက္ခန္းရဲ႕ေလွကားထစ္ေတြကေန တဆင့္ခ်င္းတက္လာၿပီး အျပင္ျပန္ေရာက္ေတာ့ လီ႐ိုနာတို႔မိသားစုကို ေတြ႔လိုက္ရသည္။

ကန္လ္ဟာ ေအးစက္စက္ၾကည့္ကာ ႏွာတခ်က္မႈတ္ထုတ္လိုက္ၿပီး သူတို႔ကို ျဖတ္ေက်ာ္သြားေတာ့သည္။ဒါေပမယ့္ သူရဲ႕အက်ႌကို လာဆြဲလာတာေၾကာင့္ သူဟာ ၾကည့္လိုက္ေတာ့ လီ႐ိုနာျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္။

"လႊတ္"

"K! ဘာေၾကာင့္ အဲ့သံုးစားမရတဲ့ေကာင္ကို ျဖစ္ေနရတာလဲ!" လီ႐ိုနာ သူရဲ႕အသံုးမက်ရံုသာမက ပိန္းတိန္းလြန္းလွသည့္ညီဟာ သူခ်စ္ရသူကို အလြယ္တကူျဖတ္ခုတ္သြားသည္ကို မယုံၾကည္ႏိုင္ေပ၊ဘာ​ေၾကာင့္ သူ႔အေပၚ မတရားဆက္ဆံေနၾကတာလဲ!အရင္ဘဝကလည္း အလုခံရၿပီးၿပီ၊ဒီဘဝမွာလည္း ထပ္ၿပီးေတာ့လား၊မျဖစ္ေစရဘူး!

"မင္း ဘာေျပာလိုက္လဲ!" ကန္လ္ရဲ႕ရင္ထဲကေန ေပါက္ဖြားလာသည့္ေဒါသျဖစ္သည္။ၾကည့္ရတာ အရင္ကန္လ္ဟာ နီကိုးလ္ကို ထိုလိုသံုးႏႈန္းသည္ကို မႏွစ္ၿမိဳ႕ပံုရသည္။

"K သူက ကြၽန္ေတာ့္ထက္ ဘာေတြမ်ား သာလြန္လို႔လဲ ...ကြၽန္ေတာ္ကမွ ကန္လ္နဲ႔လိုက္ဖက္တဲ့သူတစ္ေယာက္ေလ! ဘာေၾကာင့္လဲ"

"အဟက္... သာလြန္တယ္ မင္းက နီကိုးလ္ထက္သာလြန္တယ္လို႔ မင္းကိုယ္မင္းထင္တယ္ေပါ့၊"

"လီ႐ိုနာ ေရာ့လ္လက္မစ္ မင္းနားလည္ေအာင္ ငါလိုရင္းဘဲေျပာမယ္၊ဒီကမာၻမွာ မင္းနဲ႔ငါပဲက်န္ခဲ့ရင္ေတာင္ ငါကန္လ္ ဝီလ္စလန္က မင္းကို ဘယ္ေတာ့မွ ေရြးခ်ယ္မွာမဟုတ္ဘူး" လို႔ ကန္လ္ဟာ ခပ္ျပတ္ျပတ္ေျပာလိုက္ၿပီးေနာက္မွာ လီ႐ိုနာရဲ႕လက္ကို ဆြဲျဖဳတ္ကာ ထြက္သြားေတာ့သည္။

လီ႐ိုနာဟာ ေၾကာင္အစြာက်န္ရစ္ခဲ့ၿပီး  သူဟာမယုံၾကည္ဖြယ္ျဖစ္ေနေတာ့သည္။ဘုရားသခင္ဟာ ဘာေၾကာင့္ သူ႔ကိုအခြင့္အေရးတစ္ႀကိမ္ထပ္မံေပးခဲ့ရတာလဲ၊သူဟာ နီကိုးလ္ထက္အစစအရာရာသာလြန္ရဲ႕နဲ႔၊

"မျဖစ္ႏိုင္တာ...မျဖစ္ႏိုင္တာ..." လီ႐ိုနာ မ်က္ရည္မ်ားစီးက်လာကာ နီရဲေနသည့္မ်က္ဝန္းျဖင့္ ကန္လ္ရဲ႕ေနာက္ေက်ာကို ၾကည့္ကာ

"ငါ့မွ မပိုင္ရရင္ ဘယ္သူမွ မပိုင္ေစရဘူး" လို႔ သူဟာ အ႐ူးတစ္ေယာက္လို တိုးတိုးေျပာရင္း ေဘးနား႐ွိ အလွဆင္ပန္းပု႐ုပ္အေသးကို ဆြဲယူကာ ကန္လ္ဆီေျပးဝင္သြားေတာ့သည္။

နီကိုးလ္ဟာ သူ႔စိတ္ထဲေလးပင္ေနတာေၾကာင့္ မ်က္လံုးမ်ားဖြင့္ကာ အေနာက္ဘက္ကို ၾကည့္လိုက္သည့္ခ်ိန္မွာ အလြန္နီးကပ္သည့္အကြာအေဝးမွာ ဆယ္လက္မအရြယ္ပန္းပု႐ုပ္ကို ကိုင္ကာ ေျပးဝင္လာသည့္လီ႐ိုနာ​ေၾကာင့္

"ကန္လ္! သတိထား!" လို႔ေအာ္ဟစ္လိုက္ေပမယ့္ ေနာက္က်သြားခဲ့သည္။

-----------------------------

Unicode

ကန်လ် အထိန်းတော်ကြီးဆီမှ ရော့လ်လက်မစ်အိမ်တော်ကညစာစားပွဲဖိတ်ကြားထားကြောင်း ပြောလာသည့်အခါမှာတော့ ကန်လ်လည်း ရော့လ်လက်မစ်အိမ်တော်ကို သွားရောက်တော့သည်။သူဟာ ဟိုက်မက်နဲ့သူညီတွေ့ဆုံရန် သူ့ညီကို ခေါ်သွားရန်တွေးလိုက်ပေမယ့် ထိုစိတ်ကူးကို ဖျောက်ဖျက်ပစ်လိုက်သည်။

"သွားရအောင် မင်းသားငယ်ကို ငါအပြင်သွားကြောင်း သတင်းပါးဖို့မမေ့ကြနဲ့" လို့ပြောလိုက်ပြီးနောက်မှာ သူဟာ သူရဲ့သီးသန့်ဇိမ်ခံကားပေါ်တက်သွားတော့သည်။တအောင့်ကြာသည့်ချိန်မှာ ကန်လ်တို့ရဲ့ဇိမ်ခံအနက်ရောင်ကားဟာ ရော့လ်လက်မစ်အိမ်တော်ဝန်းထဲဝင်လာတော့သည်။ဆင်ဝင်အောက်ကို ထိုးရပ်လိုက်သည့်ချိန်မှာ အိမ်တော်တံခါးဝတွင် ရော့လ်လက်မစ်သခင်ကြီး၊သခင်မကြီးနဲ့လီရိုနာ နဲ့ အခြားအစေခံမိန်းမပျိုတချို့ကိုသာ ကန်လ်တွေ့လိုက်ရသည်။

'ဟိုက်မက်နဲ့နီကိုးလ်က ဘယ်မှာလဲ...' ကန်လ်ဟာ သူရဲ့မြွေဖြူလေးကို မေးလိုက်ချိန်မှာ မြွေဖြူလေးဟာ ကန်လ်ရဲ့အကျႌလက်ကြားတွေထဲကနေ ထွက်လာကာ လည်ပင်းထောင်လာကာ သူရဲ့နီရဲရဲမျက်ဝန်းတောက်တစ်စုံဟာ ရော့လ်လက်မစ်အိမ်တော်ကို စိုက်ကြည့်ကာ

[Snow:နီကိုးလ်က မြေအောက်ခန်းထဲမှာ အချုပ်ခံထားရတယ်၊ဟိုက်မက်က သူရဲအိပ်ခန်းထဲမှာ ချုပ်ခံထားရတယ်...ပြီးတော့ ထွက်ပြေးဖို့ ကြိုးစားနေတယ်] လို့ မြွေဖြူလေးစကားကြောင့် ကန်လ်ခေါင်းတချက်သာ ညိတ်လိုက်ပြီး သူရဲ့သက်တော်စောင့်ဟာ ကားတံခါးဖွင့်ပေးလာ​တာ​ကြောင့် သူလည်းကားထဲကနေ ထွက်လာတော့သည်။

"မင်းတကယ်ရောက်လာတာပဲ ငါအရမ်းဝမ်းသာတာပဲ K" လီရိုနာဟာ အပြုံးလှလှလေးနဲ့ ကန်လ်ရဲ့လက်မောင်းကို လာပွေ့ဖက်ရင်း ပြောလာတော့သည်။သူရဲ့မျက်လုံးလှလှလေးဟာ ကန်လ်ကို နှစ်ခြိုက်စွာကြည့်နေတော့သည်။

"မင်းတို့နှစ်ယောက် အဲ့လိုရပ်နေတော့ အရမ်းလိုက်ဖက်တာပဲ"လို့လီရိုနာရဲမိခင်ဟာ အပြုံးချိုချို၊အသံချိုချိုဖြင့် ပြောလာပြီးနောက်မှာ

"သား လီရိုနာ မင်းသားကြီးကို ရပ်ခိုင်းမနေနဲ့လေ အိမ်ထဲဖိတ်အုံး" လို့ ပြောလာတာကြောင့် လီရိုနာလည်း လိမ္မာသည့်သားတစ်ယောက်လို ခေါင်းလေးညိတ်ကာ ကန်လ်ကို ဆွဲခေါ်ရန်ကြိုးစားလိုက်သည်။ဒါပေမယ့် ကန်လ်ဟာ ရွေ့တောင်မရွေ့လာတာကြောင့် လီရိုနာ အနည်းငယ်ကြောက်ရွံသွားပြီး ကန်လ်ကို မော့ကြည့်ကာ

"K ဘာဖြစ်လို့လဲဟင်" လို့ ခေါ်လိုက်ပေမယ့် သူ့စိတ်ထဲအနည်းငယ်ကို စိုးရိမ်စိတ်လွန်ကဲနေတော့သည်။

[Snow:ဟိုက်မက်ထွက်ပြေးသွားပြီ]

'ဘယ်ဘက်ကိုလဲ Eira'

[Snow:အဓိကဇာတ်ကောင်ဂျူပီယာဆီကိုပါ အရှင်သခင်]

'သိပြီ' ကန်လ်ဟာ မြွေဖြူလေးစကားကို ပြန်​ဖြေလိုက်ပြီး​နောက်မှာ သူ့ကိုကြည့်နေသည့် လီရိုနာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"နီကိုးလ်က ဘယ်မှာလဲ" ကန်လ်ရဲ့အသံဟာ ပုံမှန်ထက်ပိုအေးစက်နေ​ပေမယ့် သူရဲ့အမူအရာက​တော့ သာမန်အတိုင်းပင်၊ကန်လ်ကိုက အစတည်းက အရယ်အပြုံးမရှိတာကြောင့် သူရဲ့အမူအရာကိုကြည့်ကာ သူဘာတွေးတောနေလဲ ဘယ်သူမှမခန့်မှန်းနိုင်ကြပေ။

"K... နီကိုးလ်...က" ကန်လ်ရဲ့ပြာလဲ့လဲ့မျက်ဝန်းထဲက အေးစက်မှုများကြောင့် လီရိုနာအလန့်တကြားဖြစ်သွားကာ သူဘာပြန်ပြောရမလဲမသိဖြစ်သွားတော့သည်။

"နီကိုးလ်က အပြင်ခဏသွားတယ် မင်းသားကြီး " လို့ လီရိုနာမိခင်ဟာ အမူအရာမပျက်ဘဲ ပြောလိုက်ရင်း သူမကဘဲ ဆက်ပြီး ပြုံးပြုံးချိုချိုဖြင့်

"အဲ့ကလေးက အရမ်းအပျော်အပါးမက်တာပဲ မင်းသားကြီးလာမယ်လို့ ပြောထားတဲ့ကြားက... ဟင်း ကျွန်မကိုက သားသုံးယောက်ထဲ နီကိုးလ်ကို ပိုအလိုလိုက်မိလို့ပဲ " လို့ လီရိုနာမိခင်ဟာ တကယ်ကိုနီကိုးလ်ပေါ် ချစ်ခင်သည့်မိခင်တစ်ယောက်လို ပြောဆိုနေတော့သည်။ ကန်လ်ဟာ တချက်သာပြုံးသွားပြီး သူဟာ ထိုအမျိုးသမီးကို စိုက်ကြည့်ရင်း

"ကောင်းပြီ ဒါဆို နီကိုးလ်ကို စောင့်ရတာပေါ့..." လို့ ပြောလိုက်​တော့ လီရိုနာရဲ့အမူအရာဟာ မနာလိုအူတိုသည့်ပုံစံဖြစ်သွား​ပေမယ့် သူ့မိခင်ရဲ့သတိပေးသည့်အကြည့်တွေကြောင့် သူရဲ့အမူအရာကို ပြန်ပြင်လိုက်ပြီး သူဟာ အသံချိုချိုလေးဖြင့်

"မင်းသား အိမ်ရှေ့မှာ စောင့်ဖို့ မသင့်တော်ဘူးလေ " လို့ ပြောလိုက်တော့ ကန်လ်ဟာ ခေါင်းညိတ်လိုက်ပြီး သူဟာ အိမ်တော်ထဲဝင်ရန်အလုပ် သူရဲ့ဖုန်းဟာ မြည်လိုက်တာကြောင့် ဖုန်းဆက်လာသည့်သူကို ကြည့်လိုက်တော့ အမည်မသိသည့်ဖုန်းနံပါတ်စိမ်းဖြစ်နေတာကြောင့် သူကိုင်မကိုင်စဉ်းစားရင်း ဖုန်းဟာ ပြန်ချသွားတော့သည်။ဒါပေမယ့် နောက်တစ်ကြိမ် ပြန်ခေါ်လာသည့်ချိန်မှာ သူဟာကိုင်လိုက်​တော့သည်။

တဖက်ကနေမောဟိုက်သည့်သံများကြားနေပြီးနောက်မှာ သြကာအက်ရှသည့်ယောကျာ်းသံထွက်လာတော့သည်၊ဒါပေမယ့် အရမ်းမောပန်းနေသည့်အသံဖြင့်

"Hello. ..အစ်ကို..ကန်လ်...ကျွန်တော်...ဟိုက်မက်.."

"ဟိုက်မက် ဘာလို့ကိုယ့်ကို ဖုန်းဆက်တာလဲ" လို့ သူကိုစောင့်ကြည့်နေသည့် လီရိုနာတို့ကြောင့် သူရဲ့အသံကိုမြှင့်ကာ မေးလိုက်သည်။ထိုနောက်မှာ အမူအရာပျက်ယွင်းသွားသည့်လူသားတွေကြောင့် သူရဲ့စိတ်များအနည်းငယ်ကြည်လာတော့သည်၊

"အစ်ကိုနီကိုးလ်ကို... မြေအောက်ခန်းမှာ ချုပ်ထားတယ်..." လို့ ပြောပြီးနောက်မှာ ဖုန်းချသွားတော့သည်။

တဖက်မှာလည်း ဟိုက်မက်ဟာ လမ်းဘေးဖုန်းနဲ့ပြောနေတာကြောင့် အချိန်ပြည့်သွားပြီး ဖုန်းကျသွားခြင်းဖြစ်သည်။အချိန်အနည်းငယ်ပြောရဖို့ အနီးနားက ကလေးလေးဆီက သူ့မှာ လူကြီးတန်မဲ့အကြွေစေ့တောင်းထားရခြင်းဖြစ်သည်။ထိုနောက်မှာ သူဟာ စိတ်ညစ်ညစ်ဖြင့် ဖုန်းပြောသည့်နေရာကနေ ထွက်လာပြီးနောက်မှာ

"အစ်ကိုနီကိုးလ်...အဆင်ပြေပါစေ" လို့ ဟိုက်မက်ဟာ ပြောလိုက်သည်။အစ်ကိုကန်လ်ရှိတာပဲလေ သူအဆင်ပြေသွားမှာပါ၊

"ဟိုက်မက်!" သူအတွေးနဲ့သူဗျာများနေတုန်း အနောက်ကနေခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ အပြာရောင်ဆွယ်တာအကျႌရှည်နဲ့အဖြူရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်တိုများဟာ နဖူးပေါ်ယိင်ယိင်လေးဖြာကျကာ မျက်ဝန်းပြာများနဲ့ချစ်စရာကောင်းသည့် လူငယ်လေးဟာ သူ့ဆီစိုးရိမ်တကြီးပြေးလာသည်ကို တွေ့လိုက်ရတော့သည်။

"မင်းသားလေး"

"ဟိုက်မက်...အဆင်ပြေရဲ့လား...ကျွန်တော် ခင်ဗျားကို ကားပေါ်ကနေလှမ်းတွေ့လိုက်လို့လေ... "ဂျူပီယာဟာ ရှပ်အကျႌနောက်ကျောတပြင်လုံး ချွေးများစိုရွဲနေရုံသာမက နားထင်ကနေ မေးစေ့ထိ ချွေးများစီးကျနေသည့်ယောကျာ်းကို ကြည့်ကာ မေးလိုက်သည်။

"ကိုယ်အဆင်ပြေတယ်... " လို့ ပြောလာပေမယ့် သူ့ပေါ်လဲကျလာသည့်ကြီးမားသည့်ကိုယ်ကို ဂျူပီယာဟာ သူ့ကိုယ်လေးနဲ့လှမ်းထိန်းလိုက်ရင်း

"ဟိုက်မက်! တကယ်ကော အဆင်ပြေရဲ့လား!" လို့ အသံကျယ်ကျယ်ဖြင့် စိုးရိမ်တကြီးမေးနေမိသည်။နောက်ပြီး အခုလို အရမ်းနီးကပ်သည့်အခြေအနေမှာ ဂျူပီယာရဲ့နှလုံးသားအစုံဟာ တားဆီးမရအောင် ခုန်ပေါက်နေတော့သည်။

"ကိုယ် အဆင်မပြေဘူး ဒါကြောင့် မင်းသားလေးကို ခဏလောက်ဖက်ထားခွင့်ရနိုင်မလား" သူရဲ့နားနားကပ်ကာ ပြောလာသည့်ဟိုက်မက်ရဲ့သြရှရှအသံကြောင့် ဂျူပီယာမျက်နှာနီရဲသွားကာ...

"ရ... ရပါတယ် " လို့ ပြောလိုက်မိတော့သည်။ဒီဆွဲဆောင်အားပြင်းသည့်ယောကျာ်းကို ဂျူပီယာဘယ်လို ငြင်းရက်မှာလဲ၊မြင်မြင်ချင်းချစ်သည်ရယ်မဆိုရသော်လည်း ထိုပါတီညကုန်ဆုံးပြီးနောက်မှာ အချိန်တိုင်းတမ်းတနေမိတာ ဝန်ခံမိသည်။

ဒါကြောင့်ဂျူပီယာရဲ့လက်လေးနှစ်ဖက်ဟာ ဟိုက်မက်ရဲ့နောက်ကျောကိုပွေ့ဖက်လိုက်တော့သည်။ဟိုက်မက်ကလည်း ဂျူပီယာကိုယ်လေးကို သူ့ရင်ခွင်ထဲနစ်နေအောင် ဖက်လိုက်ရင်း

"မင်းသားလေးကို ဂျူပီယာလို့ခေါ်လိုက်ရလား..."လို့ မေးလိုက်တော့ သူ့ရင်ခွင်ထဲက အမျိုးသားလေးဟာ ခေါင်းအဆက်မပြတ်ညိတ်လာတာကြောင့် သူသဘောကျပြောလိုက်မိသည်။ဒီလူသွားလမ်းမှာ တကယ်ပဲ တသက်လုံးဖက်ထားလိုက်ချင်တယ်။

"ကိုယ် ဂျူပီယာကို... "

--------
"အစ်ကိုနီကိုးလ်ကို... မြေအောက်မှာ ချုပ်ထားတယ်..."လို့ ပြောကာဖုန်းချသွားသည့်ဟိုက်မက်ကြောင့် ကန်လ်စိတ်မကွက်ပေမယ့် သူဟာ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး လီရိုနာကို ကြည့်ကာ

"ဘယ်မှာလဲ နီကိုးလ်" လို့မေးလိုက်ချိန်မှာ အခန်းအပူချိန်လည်းကျဆင်းသွားတော့သည်။

"K... နီကိုးလ်က အပြင်သွား..."

"အမှန်တိုင်းပြောစမ်း" မာထန်လာသည့်အသံကြောင့် လီရိုနာဟာ ကြောက်လန့်တကြားနောက်ဆုတ်မိသွားတော့သည်။ဒါပေမယ့် တစ်ယောက်မှ ဘာမှမပြောလာတာကြောင့်နောက်ဆုံး ကန်လ်ဟာ အိမ်​တော်ထဲကနေ ဇွတ်ဝင်သွားပြီး Eiraအကူအညီဖြင့် နီကိုးလ်ကို ချုပ်ထားသည့်မြေအောက်အခန်းဘက်ကို ထွက်လာတော့သည်။

ထိုနောက် တံခါးဟာ သော့ပိတ်ထားသည်ကို မြင်တော့ အနောက်ကို ခြေတလှမ်းဆုတ်လိုက်ရင်း လော့ခတ်ထားသည့်နေရာကို အားနဲ့ပိတ်ကန်လိုက်တော့သည်။တံခါးလော့ပျက်စီးသွားကာ တံခါးဟာ အနည်းငယ်ပွင့်သွားသည့်အခါမှာတော့ သူဟာ မြေအောက်ခန်းတံခါးကို ဖွင့်ကာ ​လှေကားထစ်​တွေက ဆင်းကာ ဝင်လာတော့သည်။

"နီကိုးလ်" ကန်လ် မဲမှောင်နေသည်အခန်းကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ဖုန်းထုတ်ကာ ဖုန်းမီးဖွင့်လိုက်ပြီး​နောက် နီကိုးလ်ရဲ့နာမည်ကို ခေါ်လိုက်သည်။ဒီလိုမှောင်မဲပြီးအလင်းရောင်တစက်တောင် မရှိတဲ့အခန်းမှာ လူတစ်ယောက်ကို ဘယ်လိုများပိတ်လှောင်ထားနိုင်ရက်တာလဲ၊သာမန်စိတ်ဓာတ်ပျော့ညံသည့်လူတစ်ယောက်ဆိုရင် ရူးသွားမလားပဲမသိပေ၊

"ကန်လ်လား"အခန်းထောင့်စွန်းဘက်ကနေ အသံကြားလာတာကြောင့် ကန်လ် တုန့်ဆိုင်းမနေဘဲ ထိုနေရာကိုသွားကာ ကြည့်လိုက်တော့ ကြမ်းပြင်ပေါ် တွင် လက်နှစ်ဖက်ကို သူ့ကိုယ်သူလုံခြုံအောင်ပိုက်ထားပြီး ခွေခွေလေးလဲလှောင်းနေသည့်နီကိုးလ်ကို တွေ့လိုက်ရတော့သည်။

"နီကိုးလ်" သူထပ်ခေါ်လာချိန်မှာ ခေါင်းမော့လာကာ ဖုန်းမီးကြောင့် အလင်းစူးသွားဟန် နီကိုးလ်ဟာ မျက်နှာရှုံ့သွားပြီး မျက်လုံးပြန်ပိတ်ကာ

"ကန်လ်လား" လို့ ထပ်မေးလာတော့သည်။ဒါကြောင့် ကန်လ် ကြမ်းပြင်ပေါ် ဒူးတဖက်ထောက်လိုက်ပြီး ဖုန်းကို ဘေးချကာ နီကိုးလ်ရဲ့လက်တစ်ဖက်ကို ဆွဲကာ သူရင်ခွင်ထဲဆွဲထည့်လိုက်ပြီး ခေါင်းလေးကို ဖွဖွလေးပုတ်ပေးကာ

"အွန်း... ကိုယ်ပါ" လို့ ပြန်ဖြေလိုက်ချိန်မှာ သူရဲ့ပခုံးကို ဆွဲဖက်ကာ တရှိုက်ရှိုက်နဲ့ငိုလာတော့သည်။

"ကန်လ်...ငါ....ငါမင်းကိုချစ်တယ် ...ငါမင်းကိုချစ်တယ် "

"ရှူး...ကိုယ်သိတယ်" နီကိုးလ်ရဲ့ကျောပြင်ကို ကန်လ်ဖွဖွလေးပုတ်ရင်း ပြန်ပြောလိုက်သည်။ထိုနောက်မှာတော့ ကန်လ်ဟာ နီကိုးလ်ကို ပြန်ပွေ့ချီလိုက်ပြီး မြေအောက်ခန်းရဲ့လှေကားထစ်တွေကနေ တဆင့်ချင်းတက်လာပြီး အပြင်ပြန်ရောက်တော့ လီရိုနာတို့မိသားစုကို တွေ့လိုက်ရသည်။

ကန်လ်ဟာ အေးစက်စက်ကြည့်ကာ နှာတချက်မှုတ်ထုတ်လိုက်ပြီး သူတို့ကို ဖြတ်ကျော်သွားတော့သည်။ဒါပေမယ့် သူရဲ့အကျႌကို လာဆွဲလာတာကြောင့် သူဟာ ကြည့်လိုက်တော့ လီရိုနာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"လွှတ်"

"K! ဘာကြောင့် အဲ့သုံးစားမရတဲ့ကောင်ကို ဖြစ်နေရတာလဲ!" လီရိုနာ သူရဲ့အသုံးမကျရုံသာမက ပိန်းတိန်းလွန်းလှသည့်ညီဟာ သူချစ်ရသူကို အလွယ်တကူဖြတ်ခုတ်သွားသည်ကို မယုံကြည်နိုင်ပေ၊ဘာ​ကြောင့် သူ့အပေါ် မတရားဆက်ဆံနေကြတာလဲ!အရင်ဘဝကလည်း အလုခံရပြီးပြီ၊ဒီဘဝမှာလည်း ထပ်ပြီးတော့လား၊မဖြစ်စေရဘူး!

"မင်း ဘာပြောလိုက်လဲ!" ကန်လ်ရဲ့ရင်ထဲကနေ ပေါက်ဖွားလာသည့်ဒေါသဖြစ်သည်။ကြည့်ရတာ အရင်ကန်လ်ဟာ နီကိုးလ်ကို ထိုလိုသုံးနှုန်းသည်ကို မနှစ်မြို့ပုံရသည်။

"K သူက ကျွန်တော့်ထက် ဘာတွေများ သာလွန်လို့လဲ ...ကျွန်တော်ကမှ ကန်လ်နဲ့လိုက်ဖက်တဲ့သူတစ်ယောက်လေ! ဘာကြောင့်လဲ"

"အဟက်... သာလွန်တယ် မင်းက နီကိုးလ်ထက်သာလွန်တယ်လို့ မင်းကိုယ်မင်းထင်တယ်ပေါ့၊"

"လီရိုနာ ရော့လ်လက်မစ် မင်းနားလည်အောင် ငါလိုရင်းဘဲပြောမယ်၊ဒီကမ္ဘာမှာ မင်းနဲ့ငါပဲကျန်ခဲ့ရင်တောင် ငါကန်လ် ဝီလ်စလန်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး" လို့ ကန်လ်ဟာ ခပ်ပြတ်ပြတ်ပြောလိုက်ပြီးနောက်မှာ လီရိုနာရဲ့လက်ကို ဆွဲဖြုတ်ကာ ထွက်သွားတော့သည်။

လီရိုနာဟာ ကြောင်အစွာကျန်ရစ်ခဲ့ပြီး  သူဟာမယုံကြည်ဖွယ်ဖြစ်နေတော့သည်။ဘုရားသခင်ဟာ ဘာကြောင့် သူ့ကိုအခွင့်အရေးတစ်ကြိမ်ထပ်မံပေးခဲ့ရတာလဲ၊သူဟာ နီကိုးလ်ထက်အစစအရာရာသာလွန်ရဲ့နဲ့၊

"မဖြစ်နိုင်တာ...မဖြစ်နိုင်တာ..." လီရိုနာ မျက်ရည်များစီးကျလာကာ နီရဲနေသည့်မျက်ဝန်းဖြင့် ကန်လ်ရဲ့နောက်ကျောကို ကြည့်ကာ

"ငါ့မှ မပိုင်ရရင် ဘယ်သူမှ မပိုင်စေရဘူး" လို့ သူဟာ အရူးတစ်ယောက်လို တိုးတိုးပြောရင်း ဘေးနားရှိ အလှဆင်ပန်းပုရုပ်အသေးကို ဆွဲယူကာ ကန်လ်ဆီပြေးဝင်သွားတော့သည်။

နီကိုးလ်ဟာ သူ့စိတ်ထဲလေးပင်နေတာကြောင့် မျက်လုံးများဖွင့်ကာ အနောက်ဘက်ကို ကြည့်လိုက်သည့်ချိန်မှာ အလွန်နီးကပ်သည့်အကွာအဝေးမှာ ဆယ်လက်မအရွယ်ပန်းပုရုပ်ကို ကိုင်ကာ ပြေးဝင်လာသည့်လီရိုနာ​ကြောင့်

"ကန်လ်! သတိထား!" လို့အော်ဟစ်လိုက်ပေမယ့် နောက်ကျသွားခဲ့သည်။

-----------------------------

Bạn đang đọc truyện trên: ZingTruyen.Info