ZingTruyen.Info

Dei No That S My Abode System


Zawgyi

ခန္းမေဆာင္တစ္ေဆာင္လံုး အပ္က်သံမၾကားရေအာင္ တိတ္ဆိတ္သြားေတာ့သည္၊လူတိုင္းဟာ နီကိုးလ္ေဘးနားက အရပ္ျမင့္ျမင့္နဲ႔ေထာင္ေကာင္းကာ အလြန္ၾကည့္ေကာင္းသည့္ ေယာက်ာ္းကို အံ့ၾသမွင္သက္စြာ ၾကည့္ေနမိၾကသည္၊

'မင္းသားႀကီးက မစၥတာ'K'? !? '

'မင္းသားႀကီးကို မျမင္ေတြ႔တာ ၾကာခဲ့ေပမယ့္ မင္းသားႀကီးက ငယ္ငယ္ထဲ ထက္ျမက္ကာ ပါရမီျမင့္မားသူျဖစ္ေၾကာင္း သူတို႔သိခဲ့ေပမယ့္ အထက္တန္းေက်ာင္းသားဘဝမွာ ကား accientျဖစ္ၿပီးေနာက္မွာ ကိုမာဝင္သြားတယ္လို႔ သူတို႔သတင္းၾကားခဲ့တယ္ေလ...ဘာေတြ ျဖစ္ကုန္တာလဲ'

လူတိုင္းဟာ ေတြးေတာေနၾကၿပီး မင္းသားႀကီး ႐ုတ္တရက္ေပၚေပါက္လာမႈဟာ သူတို႔ကို အရမ္းကိုအံၾသမႈေပးစြမ္းႏိုင္သည္၊လီ႐ိုနာဟာလည္း အရင္ဘဝက ကန္လ္ ဝီလ္စလန္ဟာ တစ္ခါမွ မေပၚလာဖူးတာေၾကာင့္ အခုလို ေပၚေပါက္လာမႈေပၚ အံအားသင့္ေနေတာ့သည္၊သူအေနနဲ႔ အရင္ဘဝက ကန္လ္ ဝီလ္စလန္ ဘယ္ေရာက္ေနမွန္းမသိတာ အမွန္ပင္၊ ကိုမာပဲဝင္ေနလား ႏိုင္ငံျခားမွာပဲလားဆုိတာ တကယ္မသိပင္၊ဒါေပမယ့္ သူေသဆံုးသြားတဲ့အထိ ကန္လ္ ဝီလ္စလန္ဟာ တစ္ခါမွ ေပၚထြက္မလာတာ အမွန္ေပ၊ မဟုတ္မွလြဲေရာ သူျပန္ေမြးဖြားလာၿပီးေနာက္မွာ သူအေနနဲ႔ ေတာ္ဝင္မိသားစုရဲ႕စီးပြားေရးကို ေႏွာင့္ေႏွးေအာင္လုပ္ခဲ့လို ေတာ္ဝင္မိသားစုက ႏိုင္ငံျခားကေန ကန္လ္ကို ျပန္ေခၚလိုက္တာမ်ားလား?

'ဒါျဖစ္ႏိုင္တာပဲ...ပိုေကာင္းတာက နီကိုးလ္နဲ႔ကန္လ္ဟာ သိေနတာပဲ! သူဒီကေန အျမတ္ယူလို႔ရတယ္' လို႔ လီ႐ိုနာဟာ ေတြးေတာရင္း အလွပဆံုးျပံဳးကာ... ခ်ိဳသာေအးခ်မ္းသည့္အသံေလးျဖင့္

"ဟယ္လို... မင္းသားႀကီး ကြၽန္ေတာ္က နီကိုးလ္ရဲ႕အစ္ကို လီ႐ိုနာ ေရာ့လက္မစ္ပါ" လို႔ လက္ဆြဲႏူတ္ဆက္ရဲ႕လက္လွမ္းထုတ္လိုက္ေပမယ့္ ကန္လ္ဟာ သူ႔အား လံုးလံုးလ်ားလ်ား လစ္လ်ဴ႐ႈကာ ဟိုက္မက္ဘက္ကို လွည့္ကာ

"မင္းက ဟိုက္မက္ ေရာ့လ္လက္မစ္ျဖစ္မယ္" လို႔ ေျပာလိုက္ေတာ့ ဟိုက္မက္ဟာ သူ႔အား မစၥတာ'K'ဟာ ႐ုတ္တရက္ႀကီး သူ႔အားစကားေျပာလာတာေၾကာင့္ စိတ္လႈပ္႐ွားသြားကာ

"ဟုတ္ပါတယ္ဗ် မင္းသားႀကီး မစၥတာ 'K' " ဟိုက္မက္ဟာ ငယ္ငယ္ထဲက သူ႔မိေထြးရဲ႕ဖိအားေတြေအာက္မွာ အခက္အခဲမ်ားစြာ ၾကံဳခဲ့ရေပမယ့္ သူရဲ႕ကိုယ္ပိုင္ႀကိဳးစားမႈေၾကာင့္ စီးပြားေရးသမားေတြၾကား နာမည္ေက်ာ္ၾကားသူျဖစ္ကာ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္႐ွိေပမယ့္ သူ႔ခ်စ္မိတဲ့သူရဲ႕အစ္ကိုေ႐ွ႕မွာေတာ့ တကယ့္ကိုလူပ်ိဳေပါက္စေလးလို ျပဳမူေနမိသည္၊

ထိုေနာက္ ဆည္းလည္းေလးလို နားဝင္ေအးခ်မ္းေစသည့္အသံေလးထြက္ေပၚလာကာ နတ္သားေလးလို ျဖဴစင္ကာ လွပသည့္လူငယ္ေလးဟာ ကန္လ္ေဘးလာရပ္ၿပီး ဟိုက္မက္ကို ေတာက္ပသည့္မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာကာ

"မစၥတာဟိုက္မက္က စိတ္ဝင္စားစရာေကာင္းတာပဲ... အို ကြၽန္ေတာ္က ဂ်ဴပီယာ ဝီလ္စလန္ပါ "လို႔ ႐ိုေသေလးစားစြာျဖင့္ ေတာ္ဝင္ဆန္ဆန္ဂါဝရျပဳလိုက္ေတာ့သည္၊ ဟုိက္မက္ကေတာ့ သူ႔ကို စိတ္ဝင္စားစရာေကာင္းသည္ဟု ေျပာလာသည့္ သူ႔မင္းသားေလးရဲ႕စကားေၾကာင့္ နားထိပ္မ်ားရဲတြက္ေနေပမယ့္ သူလည္း ျပန္ႏူတ္ဆက္လာေတာ့သည္၊

"ကိုယ္...ကိုယ္က ဟိုက္မက္ ေရာ့လ္လက္မစ္ပါ မင္းသားေလး" လို႔ ေျပာရင္း ဂ်ဴပီယာရဲ႕လက္ေလးကို ရဲရဲတင္းတင္းဆြဲယူကာ လက္ဖမိုးေလးကို နမ္းလိုက္ေတာ့သည္၊ဂ်ဴပီယာဟာလည္း ထိုအ႐ွက္သည္းသည့္လူငယ္ေလးရဲ႕႐ုတ္တရက္အျပဳအမူေၾကာင့္ သူရဲ႕ရင္အစံုဟာ တဒုတ္ဒုတ္နဲ႔ခုန္​ေန႐ွာ​ေတာ့သည္၊

ကန္လ္ဟာ ျပံဳးကာ တခ်က္ၾကည့္ရင္း မ်က္ႏွာမဲျပာကာ အမူအရာပ်က္ေနသည့္ လီ႐ိုနာကို တခ်က္သာ ၾကည့္လိုက္ၿပီး နီကိုးလ္ဘက္လွည့္ကာ

"အခ်စ္ေလး ဘာလို႔ မ်က္ႏွာမေကာင္းျဖစ္ေနရတာလဲ ကိုယ္မင္းအတြက္ ေသာက္စရာယူေပးရမလား?" လို႔ ျပံဳးကာ ေျပာလိုက္ေတာ့ နီကိုးလ္ဟာ မ်က္ႏွာေတြရဲတြတ္သြားၿပီး ကန္လ္ရဲ႕ ျပင္း႐ွၿပီး ၾသ႐ွ႐ွအသံေအာက္မွာ သူဟာ ေမ်ာပါေနရင္း ေယာင္ယမ္းကာ ေခါင္းညိတ္လိုက္ေတာ့သည္၊

လီ႐ိုနာဟာ သူ႔ကို လစ္လ်ဴ႐ႈကာ နီကိုးလ္ကိုသာ တကမာၻမက္ၿပီး ဂ႐ုစိုက္ေနသည့္ကန္လ္ကို စူးစိုက္စြာစိုက္ၾကည့္ေနခဲ့သည္၊သူျပန္လည္​ေမြးဖြားလာထဲက သူရဲ႕ကံၾကမၼာကို သူေျပာင္းလဲခဲ့သည္၊လူတိုင္းက သူ႔ကို ခ်စ္ခင္ၾကၿပီး ဦးစားေပးဆက္ခံၾကသည္၊သူ႔ပေထြးနဲ႔သူ႔မိခင္ကလည္း သူ႔ကိုငါ အရာရာအေကာင္းေပးၿပီး ဦးစားေပးဆက္ခံၾကသည္၊အခုလို နီကိုးလ္ဆုိတဲ့သူ႔ညီဟာ မစၥတာ'K' နဲ႔ ခ်စ္သူေတာ္ေနသည္ကို ျမင္ေတာ့ သူ႔စိတ္ထဲ မနာလိုျဖစ္မိတာ အမွန္ေပ၊ၿပီးေတာ့ ဟိုက္မက္ကလည္း သူတို႔ ပထမကစိတ္ဝင္စားေနသည္ကို သူသိေပမယ့္ အဲ့ေကာင္ ဂ်ဴပီယာကို ျမင္သည္ႏွင့္ ထပ္မံနစ္ျမႇပ္သြားျပန္ၿပီ! လူေတြကို ေဖ်ာ္ေျဖေနတဲ့ေကာင္က သူ႔ထက္ ဘာမ်ားသာေနလို္လဲ!

'သူ႔အေမက အျမဲေျပာတယ္ သူ႔ညီက သူ႔တက္လမ္းအတြက္ ခဲလံုးသာသာပဲဆုိတာ! အဟက္ ကိစၥမ႐ွိဘူး မစၥတာ 'K' ကေနတဆင့္ သူ႔လုပ္ငန္းေတြအားလံုး အရင္ထက္ပိုမိုတိုးတက္​ေအာင္ လုပ္ရမည္!' လို႔ ေတြးေတာရင္း မ်က္ႏွာရဲကာ ႐ွက္ေသြးျဖာေနသည့္ သူ႔ညီကို ျပံဳးကာ ၾကည့္ရင္း

"ညီေလး ဂုဏ္ယူပါတယ္ေနာ္"
'ငါ့အတြက္ ေထာက္တိုင္ႀကီး ႐ွာေပးတဲ့အတြက္'

"ေက်းဇူးတင္ပါတယ္ အစ္ကိုလီ႐ိုနာ" လို႔ နီကိုးလ္ဟာ ေခါင္းညိတ္ကာ ျပန္ေျဖလိုက္ၿပီး​ေနာက္မွာ ကန္လ္ရဲ႕ေက်ာျပင္ကို ခ်စ္ျမတ္ႏိုးစြာစိုက္ၾကည့္ေနေတာ့သည္၊သူအ​ေနနဲ႔ ဒီေန႔ၿပီးရင္ ကန္လ္နဲ႔သူဟာ သာမန္သူငယ္ခ်င္းေတြသာ ျပန္ျဖစ္မည္သိေသာ္လည္း လက္႐ွိအခ်ိန္အခါေလးကို သူတန္ဖိုးထားသည္၊ထို​ေနာက္ သူ႔ဆီ ျပံဳးကာ ေလ်ွာက္လာသည့္ ကန္လ္ကို ၾကည့္ရင္း သူလည္း ကန္လ္နားျပန္ေျခလွမ္းလွမ္းရင္း ကန္လ္လွမ္းကမ္းသည့္ miraval rosé ဝိုင္ကို လွမ္းယူလိုက္ရင္း

"ေက်းဇူးပဲ ကန္လ္" လို႔ ေျပာလိုက္ေတာ့ ကန္လ္ဟာ နီကိုးလ္ရဲ႕ခါးကို လွမ္းဖက္ရင္း "မလိုပါဘူး" လို႔ ေျပာလိုက္သည္၊လီ႐ိုနာဟာ ေ႐ွ႕တက္လာကာ နီကိုးလ္ဘက္ကို လွည့္ရင္း

"ကိုကို႔ညီေလးက ခ်စ္သူ႐ွိေနၿပီဆုိေတာ့ ညီေလးကိုလိုက္ေနတဲ့သူေတြရင္ကြဲကုန္မွာ ေသခ်ာတယ္" လို႔ ဟာသေရာေႏွာကာ ေျပာလိုက္ေပမယ့္ ကန္လ္ကေတာ့ အဖက္ပင္မလုပ္ေပ၊နီကိုးလ္ကေတာ့ သူ႔အစ္ကိုအေနမၾကပ္ေစရန္ အလိုက္သင့္ေလးသာ ရယ္ေမာလိုက္ၿပီး

"အစ္ကိုလီ႐ိုနာကို သေဘာက်တဲ့သူေတြက ပိုမ်ားတာပါ..." လို႔ေျပာလိုက္ရင္း ကန္လ္ဘက္လွည့္ကာ

"ကန္လ္ သိလား အစ္ကိုလီ႐ိုနာက ငယ္ေသးေပမယ့္ သူရဲ႕စီးပြားေရးနယ္ပယ္က အဆက္အသြယ္က မေသးဘူး၊လြန္ခဲ့တဲ့ႏွစ္ႏွစ္က တည္ေထာင္ထားတဲ့အိမ္၊ျခံ၊ေျမယာေရာင္းဝယ္ေရးလုပ္ငန္းဆုိရင္ အျခားေျမယာလုပ္ငန္းေတြကို ျဖတ္ေက်ာ္ၿပီး တိုးတက္လာတာေလ... ၿပီးေတာ့ LR အလွကုန္ကုမၸဏီဆုိလည္း လူငယ္ေတြၾကားမွာ နာမည္ႀကီးပဲ" လို႔ နီကိုးလ္ဟာ ႐ိုးသားစြာျဖင့္သာ သူ႔အစ္ကိုကို ခ်ီးမြမ္းေနေတာ့သည္၊သူအေနနဲ႔ သူ႔မိခင္ဟာ သူ႔အစ္ကိုေပၚ ဘက္လိုက္ကာ ဆက္ဆံသည့္အခါေတြ ႐ွိေပမယ့္ သူ႔လို စီးပြားေရးအေၾကာင္းကို ေရေရရာရာမသိသည့္သူထက္ သူ႔အစ္ကိုလို လူမ်ိဳးကို ပိုမိုၿပီး အေလးထားဆက္ဆံသင့္ဟု ထင္ျမင္မိတာေၾကာင့္ျဖစ္သည္၊

ကန္လ္ကေတာ့ ျပံဳးကာ နားေထာင္ေနၿပီး နီကိုးလ္ ေျပာလို႔ၿပီးသည့္ခ်ိန္မွာ "မဆိုးပါဘူး"လို႔ သာျပန္ေျပာခဲ့သည္၊သူဟာ လီ႐ိုနာကို နည္းနည္းေလး​ေတာင္အဖက္မလုပ္​ေပ၊သူဟာ နီကိုးလ္ကို အျခားအေၾကာင္းအရာေတြ ေျပာရင္း လီ႐ိုနာကို စကားဝိုင္းထဲကေန ပထုတ္လိုက္ေတာ့သည္၊ကန္လ္က သူညီနဲ႔ဟိုက္မက္ကိုလည္း တစ္ခါတေလ စကားဝိုင္းထဲ ထည့္ၿပီး ဟိုက္မက္နဲ႔လည္း စီးပြားေရးအေၾကာင္း ေဆြးေႏြးတတ္သည္၊တစ္ခါတေလ သူတို႔ဟာ ေပ်ာ္ရႊင္သည့္အေၾကာင္းအရာ​ေျပာလိုက္တိုင္း ရယ္ေမာျပံဳးေပ်ာ္ေနေတာ့သည္၊

လူတိုင္းဟာ ထိုေလးေယာက္ရပ္ေနသည္ကိုျမင္ရတာ အင္မတန္ကို မ်က္စိပသာဒျဖစ္လြန္းလွသည္၊လူငယ္​ေလးဦးဟာ ႏွစ္ဦးဟာ ခန္႔ညားၿပီး မတ္တပ္ရပ္ၿပီး သူ႔ဘာသာေနတာေတာင္ လူတိုင္းကို ဦးျပဳခ်င္ၿပီး ေလးစားစိတ္ဝင္ေစသည့္ခံစားခ်က္မ်ား​ေပးစြမ္း​ေနၿပီး ေနာက္ထပ္အငယ္ေသးေသးေလးႏွစ္ဦးကေတာ့ ပန္းကေလးလို လူတိုင္းကို တန္ဖိုးထားကာ ကာကြယ္ေပးခ်င္စိတ္ေပၚေပါက္ေစသည္၊လူတိုင္းဟာ ကန္လ္တို႔အဝိုင္းကို ၾကည့္ရင္ အမ်ိဳးမ်ိဳးကို ခ်ီးမြမ္းေနၾကသည္၊သူတို႔ဟာ သြားေရာက္ေႏွာင့္ယွက္ရန္လည္း စိတ္မကူးရဲေပ၊ မစၥတာ 'K'ကို သူတို႔ဟာ စိတ္ကြက္ေအာင္ မလုပ္ရဲေပ

ထိုခ်ိန္မွာ ဒီပါတီကို ဦးေဆာင္က်င္းပသည့္ ကမာၻေက်ာ္ဂီတပညာ႐ွင္အလက္ဇနားဟာ ျပံဳးၿဖီးေနသည့္မ်က္ႏွာထားျဖင့္ ကန္လ္တို႔ စကားဝိုင္းကုိ ေရာက္လာကာ ဂ်ဴပီယာကို အသိမွတ္ျပဳသည့္အေနနဲ႔ ေခါင္းတခ်က္ညိတ္ျပလိုက္ၿပီး ကန္လ္ဘက္ကိုလွည့္ကာ

"ေတြ႔ရတာ ဝမ္းသာပါတယ္ မင္းသားႀကီး" လို႔ ေျပာလိုက္ေတာ့ ကန္လ္ဟာ ထိုလူကို ၾကည့္ကာ ေခါင္းတခ်က္ညိတ္လိုက္ရင္း နီကိုးလ္ကို သူ႔အနီးဆြဲကပ္လိုက္ကာ

"မင္းက ဒီပြဲကို ဦးေဆာင္က်င္းပတဲ့ မစၥတာအလက္ဇနားျဖစ္မယ္... ဒီမင္းသားကို ဖိတ္ၾကားတဲ့အတြက္ ဝမ္းေျမႇာက္ဝမ္းသာျဖစ္မိပါတယ္" လို႔ ျပံဳးကာ ေျပာေနေပမယ့္ မ်က္ဝန္းမ်ားကေတာ့ အသက္မပါေပ၊ဒါေၾကာင့္ ၿခိမ္းေျခာက္သည့္သေဘာပါ သက္ေရာက္ေနၿပီး နီကိုးလ္ကိုလည္း အနားတန္းဆြဲေခၚတည္းက မစၥတာအလက္ဇနားဟာ ကန္လ္ရဲ႕ဆုိလိုရင္းကို ဓာတ္ေပါက္သြားေတာ့သည္၊

'မင္းသားႀကီးဟာ သူတို႔ကို အလက္ဇနားမိသားစုကို သတိေပးေနတာပဲ' သူ႔ဘဝမွာ ပထမဆံုး ၿခိမ္းေျခာက္ခံရၿပီး ၿခိမ္းေျခာက္တဲ့မိသားစုဟာလည္း ေတာ္ဝင္မိသားစုျဖစ္ေနခဲ့သည္၊အရင္က ဒီလိုၿခိမ္းေျခာက္ပါက သူေလွာင္ရယ္မိမွာ ေသခ်ာေပမယ့္ လက္႐ွိမွာေတာ့ စီးပြားေရးေလာကကို ဘုရင္တပါးလို ျပဳမူကာ ဝင္ေရာက္ထိုးေဖာက္လာသည့္ မစၥတာ'K'ျဖစ္ေနသည့္အခါမွာေတာ့ သူဟာ ေအာင့္သက္သက္နဲံသာ ျပံဳးလိုက္ရင္း

"မလိုပါဘူး မလိုပါဘူး ေတာ္ဝင္မိသားစုက ဒီတိုင္းျပည္ရဲ႕အေရးပါတဲ့မ်ိဳးႏြယ္စုပဲေလ ဒီလူအိုႀကီးအေနနဲ႔ မ်က္ကြယ္မျပဳရဲပါဘူး" လို႔ ျပန္ေျပာရင္း ထိုနားကေန ျပန္လည္ထြက္ခြာလာေတာ့သည္၊

ဂ်ဴပီယာဟာလည္း သူ႔အစ္ကိုကိုသာ လက္မေထာင္ျပရင္း အသံတိတ္ခ်ီးက်ဴးလိုက္သည္၊သူ႔အစ္ကိုဟာ အစ္ကိုနီကိုးလ္ကို ကပ္ခ်င္ေနသည့္ အလက္ဇနားမိသားစုက ႐ုပ္ဆုိးေကာင္ကို သတိေပးလိုက္မွန္းသိသည္၊ထိုေနာက္ သူ႔မ်က္ဝန္းမ်ားဟာ သူတို႔နဲ႔အနည္းငယ္အလွမ္းဝင္သည့္လူငယ္ေလးဆီ ေရာက္ေတာ့သည္၊သူက ပထမက ဟိုက္မက္နဲ႔အတူ ရပ္ေနသည့္သူမွန္းသိတာေၾကာင့္ လွမ္းေခၚမလို႔ စဥ္းစားလိုက္ေပမယ့္ ထိုလူငယ္က သူ႔ကို မုန္းတီးစြာ စိုက္ၾကည့္ၿပီး မ်က္ႏွာလြဲသြားေတာ့သည္၊

'????' ဟမ္ ဒီလူငယ္က ငါနဲ႔ဘာျဖစ္ထားလို႔လဲ?

ဒါေပမယ့္ သူအေနနဲ႔ ထိုလူငယ္ကို ပထမဆံုးျမင္ဖူးတာေၾကာင့္ သူနဲ႔ျပသာနာျဖစ္ဖူးမယ္လို႔လည္း မထင္ေပ၊အစထဲက သူက ေအးေဆးေနတဲ့သူျဖစ္တာေၾကာင့္ ရန္သူမ႐ွိသေလာက္ ႐ွားပါးသည္မလား၊

"မင္းသားေလး ဘာျဖစ္လို႔လဲ" လို႔ ဟိုက္မက္ဟာ မ်က္ေမွာင္ၾကဳတ္ကာ ႏူတ္ခမ္းေလးဆူေနသည့္ဂ်ဴပီယာကို အသည္းယားစြာၾကည့္ရင္း ေမးလိုက္သည္၊သူ႔မင္းသားေလးကို ဘယ္သူ စိတ္ညိဳွးႏြမ္းေအာင္ လုပ္တာလဲ?

"ဘာမွမျဖစ္ပါဘူး... ဟိုက္မက္ ဟိုက လူငယ္ေလးက ဟိုက္မက္ရဲ႕အသိလား" လို႔ ဂ်ဴပီယာဟာ လက္ညိဳွးထိုးရာကို ၾကည့္လိုက္ေတာ့ လီ႐ိုနာကို ေျပာမွန္း သိလိုက္ရေတာ့သည္၊ လီ႐ိုနာဟာ အျပံဳးတပြင့္တင္ေဆာင္ထားၿပီး တိတ္တဆိတ္သာ ေနေနတာေၾကာင့္ လူအမ်ားရဲ႕အာရံုကို ရယူထားႏိုင္သည္၊ကန္လ္ဟာ တိတ္တဆိတ္ကာ ျပံဳးလိုက္ၿပီး

"အို နီကိုးလ္ သူက မင္းအစ္ကိုမလား ကိုယ္တို႔စကားဝိုင္းထဲကို ေခၚလိုက္ေလ သူတစ္ေယာက္ထဲ အထီးက်န္ေန႐ွာမွာေပါ့" လို႔ ေျပာလိုက္ေတာ့ နီကိုးလ္ဟာ ကန္လ္ရဲ႕ဂ႐ုစိုက္စြာ ၾကင္နာတတ္သည့္အေပၚ ဂုဏ္ယူမိသြားေတာ့သည္၊ခုနက သူ႔အစ္ကိုကို လံုးလံုးလ်ားလ်ား လစ္လ်ဴ႐ႈသည့္သူက ကန္လ္ဆုိတာ ေမ့ေလ်ာ့သြားၿပီးေတာ့ေပါ့၊

ဟိုက္မက္ကလည္း လီ႐ိုနာကို ၾကည့္လိုက္ေပမယ့္ သိပ္အေလးမထားစြာျဖင့္သာ မ်က္ႏွာျပန္လြဲသြားၿပီး ဂ်ဴပီယာဟာ လီ႐ိုနာကို ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္ေနတာေၾကာင့္ ဂ်ဴပီယာနဲ႔လီ႐ိုနာၾကား တစ္ခုခုအဘုအထစ္႐ွိရမည္လို႔ သူကေကာက္ထစ္ခ်မွတ္လိုက္ေတာ့သည္၊

လီ႐ိုနာက အရင္တုန္းက သူ႔အေပၚ အႏိုင္က်င့္ဆိုးသြမ္းခဲ့ေသာ္လည္း ေနာက္ပိုင္းမွာ ေကာင္းေကာင္းမြန္မြန္ဆက္ဆံလာတာေၾကာင့္ သူအေနနဲ႔အရမ္း မမုန္းတီးေတာ့ေပ၊ နီကိုးလ္က်ေတာ့ မတူေပ၊နီကိုးလ္ဟာ သူ႔အစ္ကိုနဲ႔သူ႔မိေထြးနဲ႔မတူစြာ အျမဲတိတ္ဆိတ္ေနၿပီး လီ႐ိုနာအႏိုင္က်င့္သည့္အခ်ိန္တိုင္းဆုိ သူ႔ကို ကာကြယ္ေပးခဲ့သလို၊ သူ႔မိေထြး သူ႔ကို အစာငတ္ထားထားသည့္အခ်ိန္တိုင္းမွာလည္း တိတ္တဆိတ္ အစားအေသာက္လာေရာက္စားတတ္တာေၾကာင့္ နီကိုးလ္ေပၚ သူဟာ အစ္ကိုတစ္ေယာက္လို ခင္တြယ္ေနမိတာ အမွန္ေပ၊

"သူက ကိုယ့္မိေထြးဘက္က ပါလာတဲ့အစ္ကိုေလ အစ္ကိုနီကိုးလ္ရဲ႕အစ္ကိုလီ႐ိုနာ "လို႔ ေျပာလိုက္ေတာ့ ဂ်ဴပီယာဟာ ေခါင္းတညိတ္ညိတ္ျဖင့္...

"သူက ဟိုက္မက္ကို သေဘာက်ေနတာလားဟင္" ႐ုတ္တရက္ေမးခ်လာသည့္ ဂ်ဴပီယာစကားေၾကာင့္ ဟိုက္မက္ ေၾကာင္အသြားေတာ့သည္၊သူ႔အေနနဲ႔ လီ႐ိုနာဟာ အရင္ကစ႐ိုက္ေတြေကာ၊ပံုစံေတြေျပာင္းလာကာ သူ႔အေပၚဂ႐ုစိုက္တာေတြ ႐ွိေပမယ့္ အျခားအေတြးမဝင္ခဲ့တာ အမွန္ေပ၊ဂ်ဴပီယာစကား​ေၾကာင့္ သူဥာဏ္အလင္းပြင့္သြားခဲ့သည္၊ဒါေပမယ့္ သူဟာ လီ႐ိုနာကို အစ္ကိုတစ္ေယာက္ထက္ ပိုသည့္ခံစားခ်က္မ႐ွိေပ၊

"ဘာျဖစ္လို႔ မင္းသားေလးက အဲ့လိုေျပာရတာလဲ"လို႔ သူေမးေတာ့ ဂ်ဴပီယာဟာ ခုနက လီ႐ိုနာကို သူ႔ကိုၾကည့္သည့္ပံုစံအတိုင္း သ႐ုပ္ေဖာ္ျပလာကာ

"သူက ဂ်ဴပီယာကို အဲ့လိုလာၾကည့္တာ" လို႔ ေျပာေနေတာ့သည္၊ဟိုက္မက္ က်ယ္ေလာင္စြာ ရယ္ေမာမိၿပီး ပါတီထဲမွာဆုိတာ ျပန္သတိထားမိတာေၾကာင့္ သူ႔မွာ အ႐ွိန္ကို ျပန္ေလ်ာ့လိုက္ၿပီး

"မင္းသားေလးက တကယ္ကို လွပၿပီး ခ်စ္စရာေကာင္းတဲ့သူပဲ" လို႔ ေျပာလိုက္ေတာ့သည္၊သူအေနနဲ႔ လီ႐ိုနာကိုလည္း စိတ္မဝင္စားေခ်၊ဒီလူငယ္ေလးကိုသာ ပိုင္ဆုိင္စိုးမိုးခ်င္စိတ္သာ ႐ွိေတာ့သည္၊

[Snow: ဇာတ္လိုက္က အဓိကဇာတ္ေကာင္ေပၚ 70%ခ်စ္ကြၽမ္းဝင္ေနၿပီ... ]

'ဒါအစထဲက ျဖစ္သင့္တာကိုး... လီ႐ိုနာ ျပန္လည္ေမြးဖြားၿပီးေနာက္မွာ ဇာတ္လိုက္နဲ႔ အဓိကဇာတ္ေကာင္က တစ္ခါမွ မဆံုခဲ့ေတာ့ သူတို႔ရဲ႕ကံၾကမၼာက လမ္းလြဲသြားခဲ့တယ္​ေလ... အခုေတာ့ ဘာတတ္နိင္ဦးမလဲ? လီ႐ိုနာ ဘယ္လို အကြက္ဆက္ေရြ႔မလဲ သိခ်င္မိတယ္...'

-*-*-*-*-*-*-*-*-*

Unicode

ခန်းမဆောင်တစ်ဆောင်လုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားတော့သည်၊လူတိုင်းဟာ နီကိုးလ်ဘေးနားက အရပ်မြင့်မြင့်နဲ့ထောင်ကောင်းကာ အလွန်ကြည့်ကောင်းသည့် ယောကျာ်းကို အံ့သြမှင်သက်စွာ ကြည့်နေမိကြသည်၊

'မင်းသားကြီးက မစ္စတာ'K'? !? '

'မင်းသားကြီးကို မမြင်တွေ့တာ ကြာခဲ့ပေမယ့် မင်းသားကြီးက ငယ်ငယ်ထဲ ထက်မြက်ကာ ပါရမီမြင့်မားသူဖြစ်ကြောင်း သူတို့သိခဲ့ပေမယ့် အထက်တန်းကျောင်းသားဘဝမှာ ကား accientဖြစ်ပြီးနောက်မှာ ကိုမာဝင်သွားတယ်လို့ သူတို့သတင်းကြားခဲ့တယ်လေ...ဘာတွေ ဖြစ်ကုန်တာလဲ'

လူတိုင်းဟာ တွေးတောနေကြပြီး မင်းသားကြီး ရုတ်တရက်ပေါ်ပေါက်လာမှုဟာ သူတို့ကို အရမ်းကိုအံသြမှုပေးစွမ်းနိုင်သည်၊လီရိုနာဟာလည်း အရင်ဘဝက ကန်လ် ဝီလ်စလန်ဟာ တစ်ခါမှ မပေါ်လာဖူးတာကြောင့် အခုလို ပေါ်ပေါက်လာမှုပေါ် အံအားသင့်နေတော့သည်၊သူအနေနဲ့ အရင်ဘဝက ကန်လ် ဝီလ်စလန် ဘယ်ရောက်နေမှန်းမသိတာ အမှန်ပင်၊ ကိုမာပဲဝင်နေလား နိုင်ငံခြားမှာပဲလားဆိုတာ တကယ်မသိပင်၊ဒါပေမယ့် သူသေဆုံးသွားတဲ့အထိ ကန်လ် ဝီလ်စလန်ဟာ တစ်ခါမှ ပေါ်ထွက်မလာတာ အမှန်ပေ၊ မဟုတ်မှလွဲရော သူပြန်မွေးဖွားလာပြီးနောက်မှာ သူအနေနဲ့ တော်ဝင်မိသားစုရဲ့စီးပွားရေးကို နှောင့်နှေးအောင်လုပ်ခဲ့လို တော်ဝင်မိသားစုက နိုင်ငံခြားကနေ ကန်လ်ကို ပြန်ခေါ်လိုက်တာများလား?

'ဒါဖြစ်နိုင်တာပဲ...ပိုကောင်းတာက နီကိုးလ်နဲ့ကန်လ်ဟာ သိနေတာပဲ! သူဒီကနေ အမြတ်ယူလို့ရတယ်' လို့ လီရိုနာဟာ တွေးတောရင်း အလှပဆုံးပြုံးကာ... ချိုသာအေးချမ်းသည့်အသံလေးဖြင့်

"ဟယ်လို... မင်းသားကြီး ကျွန်တော်က နီကိုးလ်ရဲ့အစ်ကို လီရိုနာ ရော့လက်မစ်ပါ" လို့ လက်ဆွဲနူတ်ဆက်ရဲ့လက်လှမ်းထုတ်လိုက်ပေမယ့် ကန်လ်ဟာ သူ့အား လုံးလုံးလျားလျား လစ်လျူရှုကာ ဟိုက်မက်ဘက်ကို လှည့်ကာ

"မင်းက ဟိုက်မက် ရော့လ်လက်မစ်ဖြစ်မယ်" လို့ ပြောလိုက်တော့ ဟိုက်မက်ဟာ သူ့အား မစ္စတာ'K'ဟာ ရုတ်တရက်ကြီး သူ့အားစကားပြောလာတာကြောင့် စိတ်လှုပ်ရှားသွားကာ

"ဟုတ်ပါတယ်ဗျ မင်းသားကြီး မစ္စတာ 'K' " ဟိုက်မက်ဟာ ငယ်ငယ်ထဲက သူ့မိထွေးရဲ့ဖိအားတွေအောက်မှာ အခက်အခဲများစွာ ကြုံခဲ့ရပေမယ့် သူရဲ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် စီးပွားရေးသမားတွေကြား နာမည်ကျော်ကြားသူဖြစ်ကာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပေမယ့် သူ့ချစ်မိတဲ့သူရဲ့အစ်ကိုရှေ့မှာတော့ တကယ့်ကိုလူပျိုပေါက်စလေးလို ပြုမူနေမိသည်၊

ထိုနောက် ဆည်းလည်းလေးလို နားဝင်အေးချမ်းစေသည့်အသံလေးထွက်ပေါ်လာကာ နတ်သားလေးလို ဖြူစင်ကာ လှပသည့်လူငယ်လေးဟာ ကန်လ်ဘေးလာရပ်ပြီး ဟိုက်မက်ကို တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်လာကာ

"မစ္စတာဟိုက်မက်က စိတ်ဝင်စားစရာကောင်းတာပဲ... အို ကျွန်တော်က ဂျူပီယာ ဝီလ်စလန်ပါ "လို့ ရိုသေလေးစားစွာဖြင့် တော်ဝင်ဆန်ဆန်ဂါဝရပြုလိုက်တော့သည်၊ ဟိုက်မက်ကတော့ သူ့ကို စိတ်ဝင်စားစရာကောင်းသည်ဟု ပြောလာသည့် သူ့မင်းသားလေးရဲ့စကားကြောင့် နားထိပ်များရဲတွက်နေပေမယ့် သူလည်း ပြန်နူတ်ဆက်လာတော့သည်၊

"ကိုယ်...ကိုယ်က ဟိုက်မက် ရော့လ်လက်မစ်ပါ မင်းသားလေး" လို့ ပြောရင်း ဂျူပီယာရဲ့လက်လေးကို ရဲရဲတင်းတင်းဆွဲယူကာ လက်ဖမိုးလေးကို နမ်းလိုက်တော့သည်၊ဂျူပီယာဟာလည်း ထိုအရှက်သည်းသည့်လူငယ်လေးရဲ့ရုတ်တရက်အပြုအမူကြောင့် သူရဲ့ရင်အစုံဟာ တဒုတ်ဒုတ်နဲ့ခုန်​နေရှာ​တော့သည်၊

ကန်လ်ဟာ ပြုံးကာ တချက်ကြည့်ရင်း မျက်နှာမဲပြာကာ အမူအရာပျက်နေသည့် လီရိုနာကို တချက်သာ ကြည့်လိုက်ပြီး နီကိုးလ်ဘက်လှည့်ကာ

"အချစ်လေး ဘာလို့ မျက်နှာမကောင်းဖြစ်နေရတာလဲ ကိုယ်မင်းအတွက် သောက်စရာယူပေးရမလား?" လို့ ပြုံးကာ ပြောလိုက်တော့ နီကိုးလ်ဟာ မျက်နှာတွေရဲတွတ်သွားပြီး ကန်လ်ရဲ့ ပြင်းရှပြီး သြရှရှအသံအောက်မှာ သူဟာ မျောပါနေရင်း ယောင်ယမ်းကာ ခေါင်းညိတ်လိုက်တော့သည်၊

လီရိုနာဟာ သူ့ကို လစ်လျူရှုကာ နီကိုးလ်ကိုသာ တကမ္ဘာမက်ပြီး ဂရုစိုက်နေသည့်ကန်လ်ကို စူးစိုက်စွာစိုက်ကြည့်နေခဲ့သည်၊သူပြန်လည်​မွေးဖွားလာထဲက သူရဲ့ကံကြမ္မာကို သူပြောင်းလဲခဲ့သည်၊လူတိုင်းက သူ့ကို ချစ်ခင်ကြပြီး ဦးစားပေးဆက်ခံကြသည်၊သူ့ပထွေးနဲ့သူ့မိခင်ကလည်း သူ့ကိုငါ အရာရာအကောင်းပေးပြီး ဦးစားပေးဆက်ခံကြသည်၊အခုလို နီကိုးလ်ဆိုတဲ့သူ့ညီဟာ မစ္စတာ'K' နဲ့ ချစ်သူတော်နေသည်ကို မြင်တော့ သူ့စိတ်ထဲ မနာလိုဖြစ်မိတာ အမှန်ပေ၊ပြီးတော့ ဟိုက်မက်ကလည်း သူတို့ ပထမကစိတ်ဝင်စားနေသည်ကို သူသိပေမယ့် အဲ့ကောင် ဂျူပီယာကို မြင်သည်နှင့် ထပ်မံနစ်မြှပ်သွားပြန်ပြီ! လူတွေကို ဖျော်ဖြေနေတဲ့ကောင်က သူ့ထက် ဘာများသာနေလို်လဲ!

'သူ့အမေက အမြဲပြောတယ် သူ့ညီက သူ့တက်လမ်းအတွက် ခဲလုံးသာသာပဲဆိုတာ! အဟက် ကိစ္စမရှိဘူး မစ္စတာ 'K' ကနေတဆင့် သူ့လုပ်ငန်းတွေအားလုံး အရင်ထက်ပိုမိုတိုးတက်​အောင် လုပ်ရမည်!' လို့ တွေးတောရင်း မျက်နှာရဲကာ ရှက်သွေးဖြာနေသည့် သူ့ညီကို ပြုံးကာ ကြည့်ရင်း

"ညီလေး ဂုဏ်ယူပါတယ်နော်"
'ငါ့အတွက် ထောက်တိုင်ကြီး ရှာပေးတဲ့အတွက်'

"ကျေးဇူးတင်ပါတယ် အစ်ကိုလီရိုနာ" လို့ နီကိုးလ်ဟာ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ပြီး​နောက်မှာ ကန်လ်ရဲ့ကျောပြင်ကို ချစ်မြတ်နိုးစွာစိုက်ကြည့်နေတော့သည်၊သူအ​နေနဲ့ ဒီနေ့ပြီးရင် ကန်လ်နဲ့သူဟာ သာမန်သူငယ်ချင်းတွေသာ ပြန်ဖြစ်မည်သိသော်လည်း လက်ရှိအချိန်အခါလေးကို သူတန်ဖိုးထားသည်၊ထို​နောက် သူ့ဆီ ပြုံးကာ လျှောက်လာသည့် ကန်လ်ကို ကြည့်ရင်း သူလည်း ကန်လ်နားပြန်ခြေလှမ်းလှမ်းရင်း ကန်လ်လှမ်းကမ်းသည့် miraval rosé ဝိုင်ကို လှမ်းယူလိုက်ရင်း

"ကျေးဇူးပဲ ကန်လ်" လို့ ပြောလိုက်တော့ ကန်လ်ဟာ နီကိုးလ်ရဲ့ခါးကို လှမ်းဖက်ရင်း "မလိုပါဘူး" လို့ ပြောလိုက်သည်၊လီရိုနာဟာ ရှေ့တက်လာကာ နီကိုးလ်ဘက်ကို လှည့်ရင်း

"ကိုကို့ညီလေးက ချစ်သူရှိနေပြီဆိုတော့ ညီလေးကိုလိုက်နေတဲ့သူတွေရင်ကွဲကုန်မှာ သေချာတယ်" လို့ ဟာသရောနှောကာ ပြောလိုက်ပေမယ့် ကန်လ်ကတော့ အဖက်ပင်မလုပ်ပေ၊နီကိုးလ်ကတော့ သူ့အစ်ကိုအနေမကြပ်စေရန် အလိုက်သင့်လေးသာ ရယ်မောလိုက်ပြီး

"အစ်ကိုလီရိုနာကို သဘောကျတဲ့သူတွေက ပိုများတာပါ..." လို့ပြောလိုက်ရင်း ကန်လ်ဘက်လှည့်ကာ

"ကန်လ် သိလား အစ်ကိုလီရိုနာက ငယ်သေးပေမယ့် သူရဲ့စီးပွားရေးနယ်ပယ်က အဆက်အသွယ်က မသေးဘူး၊လွန်ခဲ့တဲ့နှစ်နှစ်က တည်ထောင်ထားတဲ့အိမ်၊ခြံ၊မြေယာရောင်းဝယ်ရေးလုပ်ငန်းဆိုရင် အခြားမြေယာလုပ်ငန်းတွေကို ဖြတ်ကျော်ပြီး တိုးတက်လာတာလေ... ပြီးတော့ LR အလှကုန်ကုမ္ပဏီဆိုလည်း လူငယ်တွေကြားမှာ နာမည်ကြီးပဲ" လို့ နီကိုးလ်ဟာ ရိုးသားစွာဖြင့်သာ သူ့အစ်ကိုကို ချီးမွမ်းနေတော့သည်၊သူအနေနဲ့ သူ့မိခင်ဟာ သူ့အစ်ကိုပေါ် ဘက်လိုက်ကာ ဆက်ဆံသည့်အခါတွေ ရှိပေမယ့် သူ့လို စီးပွားရေးအကြောင်းကို ရေရေရာရာမသိသည့်သူထက် သူ့အစ်ကိုလို လူမျိုးကို ပိုမိုပြီး အလေးထားဆက်ဆံသင့်ဟု ထင်မြင်မိတာကြောင့်ဖြစ်သည်၊

ကန်လ်ကတော့ ပြုံးကာ နားထောင်နေပြီး နီကိုးလ် ပြောလို့ပြီးသည့်ချိန်မှာ "မဆိုးပါဘူး"လို့ သာပြန်ပြောခဲ့သည်၊သူဟာ လီရိုနာကို နည်းနည်းလေး​တောင်အဖက်မလုပ်​ပေ၊သူဟာ နီကိုးလ်ကို အခြားအကြောင်းအရာတွေ ပြောရင်း လီရိုနာကို စကားဝိုင်းထဲကနေ ပထုတ်လိုက်တော့သည်၊ကန်လ်က သူညီနဲ့ဟိုက်မက်ကိုလည်း တစ်ခါတလေ စကားဝိုင်းထဲ ထည့်ပြီး ဟိုက်မက်နဲ့လည်း စီးပွားရေးအကြောင်း ဆွေးနွေးတတ်သည်၊တစ်ခါတလေ သူတို့ဟာ ပျော်ရွှင်သည့်အကြောင်းအရာ​ပြောလိုက်တိုင်း ရယ်မောပြုံးပျော်နေတော့သည်၊

လူတိုင်းဟာ ထိုလေးယောက်ရပ်နေသည်ကိုမြင်ရတာ အင်မတန်ကို မျက်စိပသာဒဖြစ်လွန်းလှသည်၊လူငယ်​လေးဦးဟာ နှစ်ဦးဟာ ခန့်ညားပြီး မတ်တပ်ရပ်ပြီး သူ့ဘာသာနေတာတောင် လူတိုင်းကို ဦးပြုချင်ပြီး လေးစားစိတ်ဝင်စေသည့်ခံစားချက်များ​ပေးစွမ်း​နေပြီး နောက်ထပ်အငယ်သေးသေးလေးနှစ်ဦးကတော့ ပန်းကလေးလို လူတိုင်းကို တန်ဖိုးထားကာ ကာကွယ်ပေးချင်စိတ်ပေါ်ပေါက်စေသည်၊လူတိုင်းဟာ ကန်လ်တို့အဝိုင်းကို ကြည့်ရင် အမျိုးမျိုးကို ချီးမွမ်းနေကြသည်၊သူတို့ဟာ သွားရောက်နှောင့်ယှက်ရန်လည်း စိတ်မကူးရဲပေ၊ မစ္စတာ 'K'ကို သူတို့ဟာ စိတ်ကွက်အောင် မလုပ်ရဲပေ

ထိုချိန်မှာ ဒီပါတီကို ဦးဆောင်ကျင်းပသည့် ကမ္ဘာကျော်ဂီတပညာရှင်အလက်ဇနားဟာ ပြုံးဖြီးနေသည့်မျက်နှာထားဖြင့် ကန်လ်တို့ စကားဝိုင်းကို ရောက်လာကာ ဂျူပီယာကို အသိမှတ်ပြုသည့်အနေနဲ့ ခေါင်းတချက်ညိတ်ပြလိုက်ပြီး ကန်လ်ဘက်ကိုလှည့်ကာ

"တွေ့ရတာ ဝမ်းသာပါတယ် မင်းသားကြီး" လို့ ပြောလိုက်တော့ ကန်လ်ဟာ ထိုလူကို ကြည့်ကာ ခေါင်းတချက်ညိတ်လိုက်ရင်း နီကိုးလ်ကို သူ့အနီးဆွဲကပ်လိုက်ကာ

"မင်းက ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ မစ္စတာအလက်ဇနားဖြစ်မယ်... ဒီမင်းသားကို ဖိတ်ကြားတဲ့အတွက် ဝမ်းမြှောက်ဝမ်းသာဖြစ်မိပါတယ်" လို့ ပြုံးကာ ပြောနေပေမယ့် မျက်ဝန်းများကတော့ အသက်မပါပေ၊ဒါကြောင့် ခြိမ်းခြောက်သည့်သဘောပါ သက်ရောက်နေပြီး နီကိုးလ်ကိုလည်း အနားတန်းဆွဲခေါ်တည်းက မစ္စတာအလက်ဇနားဟာ ကန်လ်ရဲ့ဆိုလိုရင်းကို ဓာတ်ပေါက်သွားတော့သည်၊

'မင်းသားကြီးဟာ သူတို့ကို အလက်ဇနားမိသားစုကို သတိပေးနေတာပဲ' သူ့ဘဝမှာ ပထမဆုံး ခြိမ်းခြောက်ခံရပြီး ခြိမ်းခြောက်တဲ့မိသားစုဟာလည်း တော်ဝင်မိသားစုဖြစ်နေခဲ့သည်၊အရင်က ဒီလိုခြိမ်းခြောက်ပါက သူလှောင်ရယ်မိမှာ သေချာပေမယ့် လက်ရှိမှာတော့ စီးပွားရေးလောကကို ဘုရင်တပါးလို ပြုမူကာ ဝင်ရောက်ထိုးဖောက်လာသည့် မစ္စတာ'K'ဖြစ်နေသည့်အခါမှာတော့ သူဟာ အောင့်သက်သက်နဲံသာ ပြုံးလိုက်ရင်း

"မလိုပါဘူး မလိုပါဘူး တော်ဝင်မိသားစုက ဒီတိုင်းပြည်ရဲ့အရေးပါတဲ့မျိုးနွယ်စုပဲလေ ဒီလူအိုကြီးအနေနဲ့ မျက်ကွယ်မပြုရဲပါဘူး" လို့ ပြန်ပြောရင်း ထိုနားကနေ ပြန်လည်ထွက်ခွာလာတော့သည်၊

ဂျူပီယာဟာလည်း သူ့အစ်ကိုကိုသာ လက်မထောင်ပြရင်း အသံတိတ်ချီးကျူးလိုက်သည်၊သူ့အစ်ကိုဟာ အစ်ကိုနီကိုးလ်ကို ကပ်ချင်နေသည့် အလက်ဇနားမိသားစုက ရုပ်ဆိုးကောင်ကို သတိပေးလိုက်မှန်းသိသည်၊ထိုနောက် သူ့မျက်ဝန်းများဟာ သူတို့နဲ့အနည်းငယ်အလှမ်းဝင်သည့်လူငယ်လေးဆီ ရောက်တော့သည်၊သူက ပထမက ဟိုက်မက်နဲ့အတူ ရပ်နေသည့်သူမှန်းသိတာကြောင့် လှမ်းခေါ်မလို့ စဉ်းစားလိုက်ပေမယ့် ထိုလူငယ်က သူ့ကို မုန်းတီးစွာ စိုက်ကြည့်ပြီး မျက်နှာလွဲသွားတော့သည်၊

'????' ဟမ် ဒီလူငယ်က ငါနဲ့ဘာဖြစ်ထားလို့လဲ?

ဒါပေမယ့် သူအနေနဲ့ ထိုလူငယ်ကို ပထမဆုံးမြင်ဖူးတာကြောင့် သူနဲ့ပြသာနာဖြစ်ဖူးမယ်လို့လည်း မထင်ပေ၊အစထဲက သူက အေးဆေးနေတဲ့သူဖြစ်တာကြောင့် ရန်သူမရှိသလောက် ရှားပါးသည်မလား၊

"မင်းသားလေး ဘာဖြစ်လို့လဲ" လို့ ဟိုက်မက်ဟာ မျက်မှောင်ကြုတ်ကာ နူတ်ခမ်းလေးဆူနေသည့်ဂျူပီယာကို အသည်းယားစွာကြည့်ရင်း မေးလိုက်သည်၊သူ့မင်းသားလေးကို ဘယ်သူ စိတ်ညိုှးနွမ်းအောင် လုပ်တာလဲ?

"ဘာမှမဖြစ်ပါဘူး... ဟိုက်မက် ဟိုက လူငယ်လေးက ဟိုက်မက်ရဲ့အသိလား" လို့ ဂျူပီယာဟာ လက်ညိုှးထိုးရာကို ကြည့်လိုက်တော့ လီရိုနာကို ပြောမှန်း သိလိုက်ရတော့သည်၊ လီရိုနာဟာ အပြုံးတပွင့်တင်ဆောင်ထားပြီး တိတ်တဆိတ်သာ နေနေတာကြောင့် လူအများရဲ့အာရုံကို ရယူထားနိုင်သည်၊ကန်လ်ဟာ တိတ်တဆိတ်ကာ ပြုံးလိုက်ပြီး

"အို နီကိုးလ် သူက မင်းအစ်ကိုမလား ကိုယ်တို့စကားဝိုင်းထဲကို ခေါ်လိုက်လေ သူတစ်ယောက်ထဲ အထီးကျန်နေရှာမှာပေါ့" လို့ ပြောလိုက်တော့ နီကိုးလ်ဟာ ကန်လ်ရဲ့ဂရုစိုက်စွာ ကြင်နာတတ်သည့်အပေါ် ဂုဏ်ယူမိသွားတော့သည်၊ခုနက သူ့အစ်ကိုကို လုံးလုံးလျားလျား လစ်လျူရှုသည့်သူက ကန်လ်ဆိုတာ မေ့လျော့သွားပြီးတော့ပေါ့၊

ဟိုက်မက်ကလည်း လီရိုနာကို ကြည့်လိုက်ပေမယ့် သိပ်အလေးမထားစွာဖြင့်သာ မျက်နှာပြန်လွဲသွားပြီး ဂျူပီယာဟာ လီရိုနာကို ကြည့်ရင်း မျက်မှောင်ကြုတ်နေတာကြောင့် ဂျူပီယာနဲ့လီရိုနာကြား တစ်ခုခုအဘုအထစ်ရှိရမည်လို့ သူကကောက်ထစ်ချမှတ်လိုက်တော့သည်၊

လီရိုနာက အရင်တုန်းက သူ့အပေါ် အနိုင်ကျင့်ဆိုးသွမ်းခဲ့သော်လည်း နောက်ပိုင်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံလာတာကြောင့် သူအနေနဲ့အရမ်း မမုန်းတီးတော့ပေ၊ နီကိုးလ်ကျတော့ မတူပေ၊နီကိုးလ်ဟာ သူ့အစ်ကိုနဲ့သူ့မိထွေးနဲ့မတူစွာ အမြဲတိတ်ဆိတ်နေပြီး လီရိုနာအနိုင်ကျင့်သည့်အချိန်တိုင်းဆို သူ့ကို ကာကွယ်ပေးခဲ့သလို၊ သူ့မိထွေး သူ့ကို အစာငတ်ထားထားသည့်အချိန်တိုင်းမှာလည်း တိတ်တဆိတ် အစားအသောက်လာရောက်စားတတ်တာကြောင့် နီကိုးလ်ပေါ် သူဟာ အစ်ကိုတစ်ယောက်လို ခင်တွယ်နေမိတာ အမှန်ပေ၊

"သူက ကိုယ့်မိထွေးဘက်က ပါလာတဲ့အစ်ကိုလေ အစ်ကိုနီကိုးလ်ရဲ့အစ်ကိုလီရိုနာ "လို့ ပြောလိုက်တော့ ဂျူပီယာဟာ ခေါင်းတညိတ်ညိတ်ဖြင့်...

"သူက ဟိုက်မက်ကို သဘောကျနေတာလားဟင်" ရုတ်တရက်မေးချလာသည့် ဂျူပီယာစကားကြောင့် ဟိုက်မက် ကြောင်အသွားတော့သည်၊သူ့အနေနဲ့ လီရိုနာဟာ အရင်ကစရိုက်တွေကော၊ပုံစံတွေပြောင်းလာကာ သူ့အပေါ်ဂရုစိုက်တာတွေ ရှိပေမယ့် အခြားအတွေးမဝင်ခဲ့တာ အမှန်ပေ၊ဂျူပီယာစကား​ကြောင့် သူဉာဏ်အလင်းပွင့်သွားခဲ့သည်၊ဒါပေမယ့် သူဟာ လီရိုနာကို အစ်ကိုတစ်ယောက်ထက် ပိုသည့်ခံစားချက်မရှိပေ၊

"ဘာဖြစ်လို့ မင်းသားလေးက အဲ့လိုပြောရတာလဲ"လို့ သူမေးတော့ ဂျူပီယာဟာ ခုနက လီရိုနာကို သူ့ကိုကြည့်သည့်ပုံစံအတိုင်း သရုပ်ဖော်ပြလာကာ

"သူက ဂျူပီယာကို အဲ့လိုလာကြည့်တာ" လို့ ပြောနေတော့သည်၊ဟိုက်မက် ကျယ်လောင်စွာ ရယ်မောမိပြီး ပါတီထဲမှာဆိုတာ ပြန်သတိထားမိတာကြောင့် သူ့မှာ အရှိန်ကို ပြန်လျော့လိုက်ပြီး

"မင်းသားလေးက တကယ်ကို လှပပြီး ချစ်စရာကောင်းတဲ့သူပဲ" လို့ ပြောလိုက်တော့သည်၊သူအနေနဲ့ လီရိုနာကိုလည်း စိတ်မဝင်စားချေ၊ဒီလူငယ်လေးကိုသာ ပိုင်ဆိုင်စိုးမိုးချင်စိတ်သာ ရှိတော့သည်၊

[Snow: ဇာတ်လိုက်က အဓိကဇာတ်ကောင်ပေါ် 70%ချစ်ကျွမ်းဝင်နေပြီ... ]

'ဒါအစထဲက ဖြစ်သင့်တာကိုး... လီရိုနာ ပြန်လည်မွေးဖွားပြီးနောက်မှာ ဇာတ်လိုက်နဲ့ အဓိကဇာတ်ကောင်က တစ်ခါမှ မဆုံခဲ့တော့ သူတို့ရဲ့ကံကြမ္မာက လမ်းလွဲသွားခဲ့တယ်​လေ... အခုတော့ ဘာတတ်နိင်ဦးမလဲ? လီရိုနာ ဘယ်လို အကွက်ဆက်ရွေ့မလဲ သိချင်မိတယ်...'

-*-*-*-*-*-*-*-*-*

Bạn đang đọc truyện trên: ZingTruyen.Info