ZingTruyen.Info

Dei?No That's My Abode (System)

Arc-2.4(ေခတ္သစ္စင္ဒရဲလား/ခေတ်သစ်စင်ဒရဲလား)

Neko_san_ZP

Zawgyi

တစ္ႏွစ္ၾကာၿပီးေနာက္မွာ ဝီလ္စလန္ေတာ္ဝင္မိသားစုလက္ေအာက္က လုပ္ငန္းမ်ားဟာ အရင္ႏွစ္ေတြကထက္ အလ်င္အဟုန္တိုးတက္လာတာေၾကာင့္ စီးပြားေရးနယ္ပယ္ကလူတိုင္း မ်က္စိျပဴး အံ့အားသင့္ရံုသာ တတ္ႏိုင္ေတာ့သည္၊ဒါျပင္ ဒုတိယမင္းသား ဂ်ဴပီယာ ဝီလ္စလန္ဟာလည္း ဂ်ဴနီယာစႏၵယားပညာ႐ွင္ျဖစ္လာၿပီး သူဟာ မ်ားစြာေသာ လူေတြရဲ႕စိတ္ဝင္စားမႈကို ခံခဲ့ရသည္၊ထိုထဲမွာ ဟိုက္မက္အပါအဝင္ေပါ့၊

ဘယ္ေလာက္ပဲ လီ႐ိုနာဟာ ဂ်ဴပီယာပံုစံကို ခိုးယူထားပါေစ အတုဟာ အစစ္မျဖစ္ႏိုင္ေခ်၊ဒါေၾကာင့္ ကန္လ္ဟာ သူ႔ညီရဲ႕လမ္းေၾကာင္းကို ေျပာင္းလဲေပးခဲ့သည္၊သူ႔ညီဟာ အငယ္ဆံုး ထိပ္တန္းစႏၵယား႐ွင္ျဖစ္လာေစရမည္၊ငယ္ရြယ္ကတည္းက ပါရမီပါခဲ့သည့္အျပင္ ဒီကမာၻရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ လူတိုင္းရဲ႕ႏွစ္သက္မႈကို အလြယ္တကူရ႐ွိမည့္ ေအာ္ရာကို ပိုင္ဆုိင္ထားသည့္ ဂ်ဴပီယာအတြက္ ေက်ာ္ၾကားဖို႔ဆုိတာ တို႔ဖူးကို ဓားနဲ႔လွီးသလို လြယ္ကူလွသည္၊

ဒါျပင္ BW ကုမၸဏီဟာလည္း တဟုန္တိုး လူစိတ္ဝင္စားမႈနဲ႔႐ွာေဖြအမ်ားဆံုး နံပါတ္ငါးထိ ခ်ိတ္လာေတာ့သည္၊ၿပီးေတာ့ ကန္လ္ထင္သည့္အတိုင္းပင္ လီ႐ိုနာဟာ BWကုမၸဏီလာေရာက္ ပူးေပါင္းေသးေပမယ့္ ဂ်က္မင္ဟာ ျပတ္ျပတ္သားသားကို ျငင္းပယ္ခဲ့တာေၾကာင့္ ကန္လ္ဟာ ထိုညီအစ္ကိုႏွစ္ေယာက္ကို အိမ္ကို ဒုတိယအႀကိမ္ ထမင္းစားပင္ ဖိတ္လိုက္ေသးသည္၊

ကန္လ္အေနကေကာ? ကန္လ္ကေတာ့ သူတို႔မိသားစုပိုင္လုပ္ငန္းအားလံုးကို ေခြးလိုႏြားလို႐ုန္းကန္ခဲ့ရသည္၊ဘာလို႔လဲဆုိ​ေတာ့ လီ႐ိုနာက အနာဂတ္အေၾကာင္းအရာေတြကို သိ႐ွိေနသူကိုး၊ဒါေပမယ့္ သူဟာ လူလံုးလံုးထြက္မျပဘဲ 'K' နာမည္နဲ႔သာ လုပ္ငန္းအားလံုးကို အုပ္ခ်ဳပ္ခဲ့ၿပီး သူရဲ႕စီးပြားေရးေဆသာင္းက်န္းမႈေၾကာင့္ စီပြားေရးနယ္ပယ္က ေျမေခြးအိုႀကီးေတြပင္ မ်က္ခမ္းလႈပ္တုန္႔လႈပ္တုန္႔ျဖစ္ေနၾကေတာ့သည္၊ၿပီးေတာ့ လူအားလံုးဟာလည္း 'K'ဆုိတာ ဘယ္သူလဲဆုိတာ စိတ္ဝင္စားေနၿပီး အမ်ိဳးမ်ိဳးခန္႔မွန္းေနေတာ့သည္၊ အမ်ားစုဟာ 'K'ဟာ မင္းသားႀကီးကန္လ္လို႔ မွတ္ခ်က္ေပးၾကၿပီး က်န္လူအခ်ိဳ႕ကေတာ့ ဂ်ဴပီယာရဲ႕ခ်စ္သူဟု ခန္႔မွန္းၾကျပန္သည္၊ဘာပဲျဖစ္ျဖစ္ သူတို႔ဟာ ခန္႔မွန္းရံုသာတတ္ႏိုင္ၿပီး 'K'ဆိုသည့္လူကို စိတ္ဝင္စားေနၾကေတာ့သည္၊ဘာေၾကာင့္လဲဆုိေတာ့ 'K'ဟာ တစ္ခါမွ လူလံုးထြက္မျပခဲ့ဘဲ သူရဲ႕အေတြးေရးမႉးကေနတဆင့္သာ လုပ္ငန္းအားလံုးကို တိုင္ပင္ေဆြးေႏြးတာေၾကာင့္ 'K'ကို ဘယ္လိုလူမ်ိဳးလဲဆုိတာ သိခ်င္ေနၾကေတာ့သည္၊

"ကိုကို ဒီမွာ... ဒီမွာ" ဂ်ဴပီယာဟာ ေရႊေရာင္ဖိတ္စာကဒ္ျပားကို ကိုင္ရင္း သူ႔ဆီေျပးလာတာျမင္ေတာ့ ကန္လ္ဟာ ေမာ့ၾကည့္လာကာ သူ႔မ်က္ေမွာင္ဟာၾကဳတ္သြားၿပီး

"ေခ်ာ္လဲမယ္ ေျပးမလာနဲ႔"လို႔ ေျပာလိုက္ေတာ့ ဂ်ဴပီယာခ်က္ခ်င္း ရပ္သြားၿပီး ဂုဏ္က်က္သေရ႐ွိသည့္သခင္ေလးတစ္ေယာက္လို လမ္းေလ်ွာက္လာေတာ့သည္၊ထိုေနာက္ ကန္လ္အနီးေရာက္လာရင္း...

"ကိုကို ဒီမွာ! ကမာၻေက်ာ္ဂီတပညာ႐ွင္က ဂ်ဴပီယာကို သူ႔ရဲ႕ပါတီတက္ေရာက္ဖို႔ ဖိတ္စာပို႔လိုက္တာ"လို႔ အေပ်ာ္မ်ားပင္ ဖံုးမဖိႏိုင္ေအာင္ျဖစ္ေနေတာ့ ကန္လ္ဟာ ျပံဳးလိုက္ရင္း...

"ေပ်ာ္တယ္ေပါ့" လို႔ ေမးလိုက္ရင္း ဂ်ဴပီယာေခါင္းကို ပုတ္လိုက္ေတာ့ ဂ်ဴပီယာဟာ ဇက္ေလးပုကာ "ေပ်ာ္တာေပါ့ သူက ဂီတနတ္ဘုရားလိုပဲေလ!!ကြၽန္ေတာ္တို႔ေက်ာင္းက ဆရာေတာင္ အဲ့ဂီတပညာ႐ွင္ကို ေလးေလးစားစားဆက္ဆံေပးရတယ္" လို႔ ေျပာကာ ဘလင္းဘလင္းျဖစ္ေနသည့္ သူ႔ညီရဲ႕မ်က္ဝန္းမ်ားကို ၾကည့္လိုက္ရင္း သူ႔ေခါင္းသာ ခါရင္း

"ဘာလဲ အဲ့ဂီတပညာ႐ွင္က 'K'ကိုလည္း ဖိတ္ေခၚလိုက္တာမလား?"လို႔ laptopမွာ အလုပ္နဲ႔ပတ္သတ္သည့္အခ်က္အလက္မ်ားကို ျဖည့္ရင္း စိတ္မဝင္စားဟန္ျဖင့္ ေမးလိုက္ေတာ့ ဂ်ဴပီယာဟာ ေခါင္းညိတ္လိုက္ရင္း ေနာက္ထပ္ ေရႊေရာင္ဖိတ္စာကို သူ႔ခံုေပၚ ကမ္းေပးလာေတာ့သည္၊ဒီဖိတ္စာရဲ႕ေထာင့္ဖ်ားေတြဟာ ခရမ္းေရာင္မ်ားကလုတ္မ်ားပင္ ေရးဆြဲထားၿပီး ၾကည့္လိုက္ရံုျဖင့္ အျခားဖိတ္စာေတြထက္ ပိုမိုအေလးထားေၾကာင္း ျပသထားၿပီး ဖိတ္စာေပၚတြင္လည္း {အထူးဧည့္သည္ ဥကၠ႒'K'}လို႔ ကပ္ထားေသးသည္၊

"အေတြးေရးမႉးကို ကိုကို႔အစား လႊတ္လိုက္" လို႔ ေျပာလိုက္ေတာ့ သူ႔ညီ ဂ်ဴပီယာဟာ မ်က္ႏွာဆူပုတ္သြားကာ မေက်မနပ္ၾကည့္လာၿပီး

"ကိုကို! ဒီပြဲက အရမ္းအေရးႀကီးတယ္ေနာ္ "လို႔ ေအာ္ခါနီး အသံျဖင့္ ေျပာလာသည့္သူ႔ညီေၾကာင့္ ကန္လ္ရဲ႕မ်က္ခံုးတဖက္ဟာ အေပၚပင့္သြားၿပီး ထစ္ေငါ့ရယ္လိုက္ၿပီး...

"ေျပာပါဦး ကိုယ့္ရတနာေလး... အဲ့ပြဲက မင္းရဲ႕ဒီအစ္ကိုႀကီးအတြက္ ဘာေတြအက်ိဳးျမတ္႐ွိႏိုင္လို႔လဲ?" လို႔ လက္ေပၚေမးေထာက္ကာ ေမးလိုက္ေတာ့သည္၊သူအေနနဲ႔ ပါတီပြဲတြင္ကို တက္ေရာက္ဖို႔ စိတ္ကူးမ႐ွိေသးေပ၊

ဂ်ဴပီယာကေတာ့ သူ႔အစ္ကိုရဲ႕ၿငိဳ႕အားေတြေအာက္ က်ဆံုးသြားေတာ့သည္၊သူ႔အစ္ကိုေတာ္ဟာ ကိုမာဝင္ၿပီး ျပန္လည္ႏိုးထလာတာေတာင္ အရည္အခ်င္းေတြဟာ ထက္ျမက္ေနဆဲပင္ တႏွစ္အတြင္းမွာ သူတို႔ ေတာ္ဝင္မ်ိဳးႏြယ္ပိုင္ဆုိင္သည့္ လုပ္ငန္းအားလံုးဟာ ေဒဝါလီခံရနီးဆဲဆဲကေန ကယ္တင္ေပးခဲ့သည္မလား၊ဒါေၾကာင့္ သူ႔အစ္ကိုအတြက္ မိနစ္အနည္းငယ္ကပင္ တန္ဖိုးႀကီးမားလြန္းသည္၊ဒါေပမယ့္လည္း

"ကိုကိုက ညီငယ္ကို မ်က္ႏွာပြင့္ေအာင္ မလုပ္ေပးခ်င္ဘူးလား...ေျပာေတာ့ ဂ်ဴပီယာက အရာအားလံုးအတြက္ အေရးႀကီးဆံုးဆို"ဂ်ဴပီယာဟာ မေက်မနပ္ျဖစ္ေနသည့္အမႈအရာကို အျပည့္အဝကိုေဖာ္ျပကာ ေျပာေနေတာ့သည္၊

"ဟင္း...ကိုယ့္ရတနာေလးကေတာ့...ဟုတ္ၿပီ မင္းကိုကိုက အ႐ွံူးေပးပါၿပီကြာ အဲ့ေန႔ လိုက္ခဲ့ေပးမယ္" လို႔ ဂ်ဴပီယာရဲ႕နဖူးကို လက္နဲ႔ဖြဖြေလး​ေတာက္ကာ ေျပာလိုက္ေတာ့ ဂ်ဴပီယာဟာ 'ေရး...'ဆုိၿပီး အက်ယ္ႀကီး ေပ်ာ္ရႊင္စြာ ထေအာ္ကာ ေျပးထြက္သြားေတာ့သည္၊

"လိုခ်င္တာ ရသြားေတာ့လည္း အစ္ကိုကို လွည့္ေတာင္ မၾကည့္ေတာ့ဘူး" လို႔ ကန္လ္ဟာ သူ႔ညီငယ္ရဲ႕​ေက်ာျပင္ကို ၾကည့္ရင္း မႏိုင္ဘူးဆုိသည့္ပံုစံျဖင့္ ေခါင္းတခ်က္ခါကာ ေျပာလိုက္ေတာ့သည္၊ဘာပဲျဖစ္ျဖစ္ သူ႔တာဝန္ကလည္း အဓိကဇာတ္ေကာင္ကို ေကာင္းေကာင္းမြန္မြန္နဲ႔ေအးခ်မ္းစြာ ႐ွင္သန္ေစရႏ္ုျဖစ္သည္၊

'ဘာပဲျဖစ္ျဖစ္ ျပန္လည္ေမြးဖြားလာသူတစ္​ေယာက္ရဲ႕လုပ္ႏိုင္စြမ္းကို စိတ္ဝင္စားမိတယ္'

------------------------

ကမာၻေက်ာ္ဂီတပညာ႐ွင္ က်င္းပသည့္ပါတီပြဲတြင္ ပါတီတက္ေရာက္လာသူတိုင္းက နာမည္ႀကီးဒီဇိုင္နာေတြရဲ႕ဖန္တီးမႈမ်ား၊တန္ဖိုးႀကီးမားကာ ေစ်းျမႇင့္မားလြန္းသည့္ အဝတ္အစား၊ေက်ာက္မ်က္ရတနာမ်ား ဆင္ယင္ကာ တစ္ေယာက္ကို တစ္ေယာက္ မသိမသာၿပိဳင္ဆိုင္ေနၾကေတာ့သည္၊ အျဖဴေရာင္ အ​ေနာက္တိုင္းဝတ္စံုဝတ္ထားကာ ေငြေရာင္ဆံအပင္နဲ႔ ၾကည့္ေကာင္းကာ လွပသည့္အမ်ိဳးသားေလးဟာ အနက္ေရာင္ဆံပင္မ်ားနဲ႔ အေနာက္တိုင္းဝတ္စံုကို ေသေသသပ္သပ္ဝတ္ဆင္ထားကာ ခန္႔ညားေခ်ာေမာသည့္ေယာက်ာ္းေဘးနားတြင္ ဂုဏ္ယူစြာရပ္ေနသည္၊သူတို႔အနားတြင္လည္း လူမ်ားဝန္းရံေနကာ စီးပြားေရးအေၾကာင္းေျပာဆုိေနေတာ့သည္၊ထိုဆံပင္ေငြေရာင္နဲ႔လူငယ္ေလးဟာ တခါတေလ ထိုသို႔ေျပာဆုိေနသည့္အေၾကာင္းအရာေတြကို ဝင္ေရာက္ေထာက္ကာ ေျပာဆုိခ်ိန္မွာေတာ့ ထိုလူငယ္တသိုက္ဟာ ဝိုင္းဝန္းခ်ီးက်ဴးေနၾကေတာ့သည္၊

"ခုနက လူအိုႀကီးရန္ ေျပာတာ ငါၾကားလိုက္တယ္ မစၥတာ'K'လည္း ဒီပြဲကို တက္ေရာက္မယ္ဆုိတာကိုေပါ့"လို႔ ထိုအဝိုင္းက လူတစ္ေယာက္ဟာ စေျပာလိုက္ေတာ့ က်န္တဲ့သူေတြဟာလည္း

"ေအး ငါလည္းၾကားတယ္ စႏၵယားပညာ႐ွင္ဂ်ဴပီယာနဲ႔ မစၥတာ'K'က မ႐ိုး႐ွင္းတဲ့ဆက္ဆံေရး႐ွိတယ္ၾကားတယ္ ဒါေၾကာင့္ ဒီပြဲကို ဦးေဆာင္တဲ့ ရန္မိသားစုက စႏၵယားပညာ႐ွင္ဂ်ဴပီယာက​ေနတဆင့္ မစၥတာ'K'ကို ဖိတ္ေခၚထားတယ္တဲ့"လို႔ ေျပာလိုက္ေတာ့ က်န္တဲ့သူေတြလည္း ေခါင္းညိတ္ေနၾကေတာ့သည္၊

"မစၥတာ'K'က ဘယ္လိုလူမ်ိဳးလဲ သိၾကလား" ေငြေရာင္ဆံပင္နဲ႔ၾကည့္ေကာင္းကာ လွပသည့္လူငယ္ဝင္ေျပာလာသည့္ခ်ိန္မွာ ေမးခံလိုက္ရသည့္လူဟာ အနည္းငယ္႐ွက္သြားၿပီး

"မစၥတာ'K'က ကြၽန္ေတာ္တို႔လို တတိယမ်ိဳးဆက္ထဲကလို႔ ၾကားတယ္ မစၥတာေရာ့လ္လက္မစ္" လို႔ ေျပာလိုက္ေတာ့သည္၊မွန္သည္ ထိုလူငယ္ဟာ ျပန္လည္ေမြးဖြားလာတဲ့ လီ႐ိုနာ ေရာ့လ္လက္မစ္ျဖစ္ၿပီး သူေဘးတြင္ ၾကည့္ေကာင္းကာခန္႔ညားသည့္ လူငယ္ကေတာ့ ဒီကမာၻရဲ႕ဇာတ္လိုက္ ဟိုက္မက္ ေရာ့လ္လက္မစ္ျဖစ္သည္၊

"အို... သူက တကယ္ေတာ္တာပဲ"လို႔ လီ႐ိုနာဟာ ျပံဳးကာ ေျပာေနေပမယ့္ ထို'K'ဆုိသည့္ လူဟာ သူရဲ႕အခြင့္အေရးအားလံုးကို လုယူသြားသည့္ဆုိတာ သူမေမ့ေပ၊လြန္ခဲ့တဲ့ ၆လတုန္းကလည္း သူအရယူရန္ ႀကိဳးပမ္းခဲ့သည့္ ေျမယာငါးကြက္ ေလလံဆြဲခ်ိန္တုန္းကလည္း ထိုလူဟာ လုယူခဲ့သည္၊ဒါတြင္မကဘူး စေတာ့႐ွယ္ယာေစ်းကြက္မွာလည္း မစၥတာ'K'ရဲ႕ ကစားမႈကို သူဟာ ခဏခဏခံရၿပီး ခဏခဏအ႐ူးလုပ္ခံရျမဲပင္၊ ဂ်ဴပီယာဟာလည္း အရင္လိုမဟုတ္ေတာ့ေပ၊သူဟာ ဂီတလမ္းေၾကာင္းမွာ ထင္ေပၚေက်ာ္ၾကားလာၿပီး ဟိုက္မက္ရဲ႕စိတ္ဝင္စားမႈကိုပဲ ရ႐ွိထားၿပီးၿပီျဖစ္သည္၊ဘာလို႔ ဒီေလာက္ေတာင္ လမ္းလြဲေနရတာလဲ? ငါက ျပန္လည္ေမြးဖြားလာတဲ့သူတစ္ေယာက္ေလ ၊အစစအရာရာမွာ ငါက ပိုသာသင့္တယ္မလား၊ၿပီးေတာ့ သူ႔ညီျဖစ္သည့္ နီကိုးလ္ဟာလည္း အရင္လို သူ႔စကားနာမေထာင္ေတာ့ေပ၊ဒီပြဲမွာ သူ႔ညီကို အသံုးခ်ၿပီး သူတို႔ ေရာ့လ္လက္မစ္မိသားစုကို အင္အားႀကီးေအာင္ လုပ္ခ်င္သည္၊ဘာလို႔လဲဆုိေတာ့ အလက္ဇနားမိသားစုထဲက ​ဆက္ခံသူက နီကိုးလ္ကို လိုခ်င္သည္မလား၊သူအ​ေနနဲ႔ နီကိုးလ္ကို ေရာင္းစားကာ အလက္ဇနားမိသားစုနဲ႔ပူေပါင္းလိုက္မည္ျဖစ္သည္၊ၿပီး​ေတာ့ ဒီပြဲမွာ ဂ်ဴပီယာကို ဟိုက္မက္စိတ္မဝင္စားေအာင္ သူလုပ္ရမည္!

"အစ္ကိုလီ႐ိုနာ" နီကိုးလ္ဟာ စိတ္က်ဥ္းက်ပ္ေနသည့္ ပံုစံျဖင့္ လီ႐ိုနာနားေရာက္လာေတာ့သည္၊နီကိုးလ္ဟာ တကယ္ပင္ ေခ်ာေမာသည့္ေကာင္ေလးျဖစ္သည္၊ဒါေပမယ့္ သူ႔ပံုစံဟာ အျမဲညိဳွးႏြမ္းေနသည့္ပံုစံေၾကာင့္ လီ႐ိုနာလို ၾကင္နာၿပီး လူခ်စ္လူခင္ေတာ့ သိပ္မမ်ားေပ၊ဒါေပမယ့္ အခုေတာ့ နီးကိုးလ္ဟာ အျမဲျပံဳးေနၿပီး လူတိုင္းကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံလာတာေၾကာင့္ တတိယမ်ိဳးဆက္ၾကားတြင္ လူအႀကိဳက္မ်ားဆံုး ေရပန္အစားဆံုးလူငယ္ထဲ ပါဝင္လာေတာ့သည္၊လီ႐ိုနာဟာ သူ႔ညီရဲ႕ေျပာင္းလဲသြားတဲ့ပံုစံေၾကာင့္ အံ့အားသင့္ခဲ့ေပမယ့္ နီကိုးလ္ရဲ႕လက္႐ွိပံုစံေၾကာင့္ မ်ိဳး႐ိုးျမႇင့္ထဲက မ်ိဳးဆက္​ေတြကို အပိုင္ဖမ္းႏိုင္မည္မလား၊ဒါေၾကာင့္ လီ႐ိုနာဟာ ဟန္ေဆာင္ျပံဳးလိုက္ၿပီး ၾကင္နာသည့္အသံေလးျဖင့္

"ဘာျဖစ္လို႔လဲ နီကိုးလ္" လို႔ ေမးလိုက္ေတာ့ နီကိုးလ္ဟာ သက္ျပင္းခ်ကာ

"ကြၽန္ေတာ့္မွာ ခ်စ္သူ႐ွိတယ္ဆုိတာ မစၥတာအလက္ဇနားကို ေျပာေပးပါ" လို႔ ေတာင္းဆုိေျပာဆုိလာေတာ့ လီ႐ိုနာဟာ အျပံဳးမပ်က္ပဲ

"ကိုကိုလည္း ေျပာတာပဲေလ ဒါေပမယ့္ သူမွမယုံတာ...ဒီကို နီကိုးလ္ရဲ႕ခ်စ္သူကို ေခၚလာခဲ့ပါလား" လို႔ ေျပာလိုက္ၿပီး နီကုိးလ္ရဲ႕အၾကပ္႐ိုက္သြားသည့္မ်က္ႏွာကို ၾကည့္ေနလိုက္သည္၊ နီကိုးလ္မွာ ခ်စ္သူမ႐ွိမွန္း သူသိတာေပါ့၊အရင္ဘဝက နီကိုးလ္က သူေသဆံုးသြားတဲ့အထိ တစ္ေယာက္ထဲသာ ေနခဲ့သူျဖစ္သည္၊နီကိုးလ္ဟာ ဘဝတစ္ေလ်ွာက္လံုး ဘယ္သူကိုမွ ခ်စ္သူအေနနဲ႔ အိမ္ေတာ္ကို ေခၚမလားခဲ့ဖူးသလို အျမဲေဆးရံု၌သာ အခ်ိန္ကုန္ေနသူျဖစ္သည္၊

"နီကိုးလ္ ကိုကိုလည္း ဂ်ိန္းကို ေျပာတာပဲ ညီေလးမွာ ခ်စ္သူ႐ွိတာကို... ဒါေပမယ့္ သူမွ မယုံတာ... ဒီတရက္ပဲ သည္းခံလိုက္ပါေနာ္"လို႔ ေခ်ာ့ေမာ့ကာေၾကာလိုက္ၿပီးေနာက္မွာ နီကိုးလ္ဟာ စိတ္ပ်က္သည့္အမူအရာျဖင့္ ေလးပင္စြာေခါင္ညိတ္လိုက္ေတာ့သည္၊

"စႏၵယားပညာ႐ွင္ ဂ်ဴပီယာ! လာၿပီ ဟိုမွာ!" လို႔ အနားကလူဟာ အသံျမင့္ကာေျပာလိုက္ေတာ့ လီ႐ိုနာတို႔လည္း လွည့္ၾကည့္လာေတာ့သည္၊ဂ်ိဴပီယာဟာ တကယ္ကို ႏူးညံ့ကာ ေႂကြလြယ္သည့္ ဆာကူရာပန္းေလးလိုပင္၊သူဟာ တခ်က္ၾကည့္ရံုပင္ ျမင့္ျမတ္တဲ့ေတာ္ဝင္မ်ိဳးႏြယ္ကလူဆုိတာ လူတိုင္းေျပာႏိုင္သည္၊ အျမဲ လူတိုင္းကို စိတ္ေအးခ်မ္းမႈ​ေပးႏိုင္သည့္ အျပံဳးေလးတင္ထားၿပီး သူရဲ႕မ်က္ဝန္းမ်ားဟာလည္း ေကာင္းကင္က ၾကယ္ေလးလိုပဲ တလဲ့လဲ့ေတာက္ပေနသည္၊ မီ္းေရာင္ေအာက္မွာ သူရဲ႕အသားအေရေလးဟာ ျဖဴေဖ်ာ့မေနဘဲ ဝင္းၿပီး ႏို႔ႏွစ္ေရာင္သန္းေနၿပီး ဝတ္ဆင္ထားသည့္ အျပာႏုေရာင္အေနာက္တိုင္း ဝတ္စံုနဲ႔ အလြန္ကို ၾကည့္ေကာင္းၿပီး တကယ္ကိုပင္ ပန္းခ်ီကားထဲ ထြက္လာသည့္နတ္သားေလးအလားပင္၊ လူတိုင္းဟာ ဂ်ဴပီယာကို ေငးၾကည့္ေနၾကေတာ့သည္၊ ဟိုက္မက္ဟာလည္း မ်က္ေတာင္မခတ္ဘဲ ျပံဳးကာၾကည့္ေနသည္၊သူရဲ႕မ်က္ဝန္းမ်ားဟာလည္း ႏွစ္သက္ျမတ္ႏိုးမႈမ်ား ေပ်ာ္ဝင္ေနသည္ကို ဖံုးကြယ္မထားရႏိုင္ေခ်၊ လီ႐ိုနာရဲ႕မ်က္ႏွာဟာ ေဒါသေၾကာင့္ေကာ မနာလိုမႈေၾကာင့္ပါ ျပာႏွမ္းေနၿပီး သူဟာ ဂ်ဴပီယာကို မုန္းတီးစြာ စိုက္ၾကည့္ေနေတာ့သည္၊ဂ်ဴပီယာကို သူမုန္းသည္၊အရင္ဘဝက အဲ့ေကာင္ေၾကာင့္ သူဘဝဟာ ဟိုးအနိမ့္ဆံုးထိက်ေရာက္ခဲ့ၿပီး လူတိုင္းရဲ႕ေလွာင္ေျပာင္မႈကို ရ႐ွိခဲ့သည္မလား၊သူ ကလဲ့စားျပန္ေခ်ျပမည္!

လူတိုင္းဟာ ဂ်ဴပီယာကို ေငးေမာရင္း... ဂ်ဴပီယာကေတာ့ ဂ႐ုမစိုက္ဟန္ျဖင့္ အေနာက္ကိုလွည့္ကာ...

"ကိုကို" လို႔ ေခၚသံၾကားလိုက္ရသည့္အခါမွာ သူတို႔ဟာ အံ့အားသင့္ကာ ဝင္လာသည့္ လူကို ဝိုင္းၾကည့္မိၾကေတာ့သည္၊ဝင္လာသည့္လူငယ္ဟာ အရပ္ျမင့္မားကာ အလြန္တရာကို ေခ်ာေမာလြန္းသည္၊ထိုလူငယ္ဟာ ပန္းရင့္ေရာင္ဆံပင္တိုမ်ားကို ျဖစ္ကဆန္းခ်​ထား​ေပမယ့္ ဗီြမ်က္ႏွာအခ်ိဳးအစားနဲ႔လိုက္ဖက္ညီလြန္းသည္၊သူရဲ႕ျပာလဲ့လဲ့မ်က္ဝန္းမ်ားဟာ ကန္ေရျပင္လိုတည္ၿငိမ္ေနၿပီး...မ်က္ႏွာဟာလည္း ေအးစက္ကာ တည္ၿငိမ္ေနျပန္သည္၊ထိုလူငယ္ဟာ ၾကက္ေသြးေရာင္အေနာက္တိုင္းဝတ္စံုကို ဝတ္ဆင္ထားၿပီး တခ်က္ၾကည့္ရံုျဖင့္ ေတာ္ရံုသြားမ႐ႈပ္သင့္သည့္ လူတစ္ေယာက္မွန္းသိသာလြန္းလွသည္၊ဒါ​ေပမယ့္ ဝင္လာတုန္းက ေအးစက္ကာတည္ၿငိမ္သည့္လူဟာ ဂ်ဴပီယာရဲ႕ 'ကိုကို'ဆုိသည့္စကားေတြေၾကာင့္ ျပံဳးသြားသည္ျမင္ေတာ့ မိန္းကေလးေတြသာမက အခ်ိဳ႕ေယာက်ာ္းေလးေတြပင္ ႏွာေခါင္းေသြးလ်ွံရံုမတက္ျဖစ္သြားေတာ့သည္၊

'ဒီလူက အရမ္းခန္႔ညားတာပဲ!သူက ဒီအတိုင္းေနရံုေတာင္ ၾကည့္ေကာင္းေနတာ ျပံဳးလိုက္ေတာ့ ပါတီတစ္ခုလံုး လင္းထိန္သြားသလိုပဲ'

ဟိုက္မက္ဟာလည္း မ်က္ေမွာက္ၾကဳတ္ကာ သဝန္တိုေနသည့္မ်က္ဝန္းမ်ားျဖင့္ ဂ်ဴပီယာတို႔ကို ၾကည့္ေနသည္ကို လီ႐ိုနာျမင္ေတာ့...

"ဂ်ဴပီယာက တြဲဖက္ေခၚလာတာပဲ အဲ့လူက တကယ္ၾကည့္ေကာင္းတာပဲ"သူဟာ ဂ်ဴပီယာနဲ႔ထိုတစ္ေယာက္ ဘယ္လိုပတ္သတ္သည္လည္း စိတ္မဝင္စားေပမယ့္ ဟိုက္မက္အထင္လြဲသြားတာပဲ လိုခ်င္သည္၊ဒါေပမယ့္ သူ႔ညီ အဖ်က္သမားဟာ

"ဘယ္ကသာ အဲ့တာ ဂ်ဴပီယာရဲ႕အစ္ကိုေလ! မင္းသားႀကီး ကန္လ္ ဝီလ္စလန္ေလ"လို႔ ဝင္ေရာက္ေျပာဆုိလာေတာ့သည္၊နီကိုးလ္ဟာ သူအသံက်ယ္သြားသည္ကိုလည္း ဂ႐ုမစိုက္ပင္၊

"ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ခ်စ္သူေလ" လို႔ ေဘးနားမွာ ႐ွိေနသည့္ ဂ်ိန္း အလက္ဇနားကို ၾကည့္ကာ ေျပာလိုက္သည္၊နီကုိးလ္ဟာ ထိုသို႔ေျပာမိၿပီးေနာက္မွာ တကယ္ကို ႐ွက္သြားၿပီး ပါးမ်ားရဲသြားေပမယ့္ ကန္လ္တို႔ဆီကို ေလ်ွာက္သြားေတာ့သည္၊

"ကန္လ္!" လို႔ လွမ္းေခၚကာ ကန္လ္ရဲ႕လက္ေမာင္းကို သူဟာ ပိုင္စိုးပိုင္နက္ျဖင့္ ေပြ႔ဖက္ကာ သူ႔ထက္ ​ေခါင္းတလံုးပို ျမင့္သည့္ ကန္လ္အား ​ေမာ့ၾကည့္ကာ အသံတိုးတိုးေလးျဖင့္

"ငါေတာင္းပန္ပါတယ္...ငါ့အစ္ကိုက ငါ့ကို အျခားသူေတြဆီ အတင္းထည့္ေပးခ်င္ေနတာ... ဒါေၾကာင့္...ငါ...ငါ မင္းကို... ခ်စ္သူ..."တျဖည္ျဖည္း ခရမ္းခ်ဥ္သီးလို နီရဲလာကာ စကားထစ္လာသည့္ နီကိုးလ္ကို ကန္လ္ဟာ ျပံဳးကာၾကည့္ရင္း နီကိုးလ္ရဲ႕ဆံပင္မ်ားကို နားေနာက္သပ္တင္ကာ ကိုယ္ကို အနည္းငယ္ကိုင္းကာ နီကိုးလ္ရဲ နဖူးကို ဖြဖြေလးနမ္းလိုက္ၿပီး ခါးျပန္မတ္ကာ နီကိုးလ္ရဲ႕ခါး​ေနာက္​ေပၚ သူရဲ႕လက္တင္လိုက္ၿပီး 'စိတ္မပူရန္'မ်က္စပစ္ျပလိုက္ေတာ့သည္၊

'ငါ...ငါ... အိပ္မက္မက္ေနတာလား' ကန္လ္ နမ္းသြားသည့္ သူရဲ႕နဖူးေလးဟာ အခုထိေႏြးေနတုန္းျဖစ္တာေၾကာင့္ ဒါအိပ္မက္မဟုတ္မွန္း နီကိုးလ္နားလည္လိုက္သည္၊သူဟာ ေပ်ာ္လည္းေပ်ာ္သလို ငိုလည္းငိုခ်င္သည္၊သူဟာ ငယ္ငယ္ထဲက ကန္လ္ကို ခ်စ္မိေနၿပီး အခုခ်ိန္ထိလည္း အ႐ူးအမူးျဖစ္ေနဆဲပင္၊သူဘဝတစ္ေလ်ွာက္လံုး ကန္လ္နားမွာသာ ေနခ်င္ခဲ့ၿပီး ကန္လ္ ကိုမာဝင္သြားၿပီးေနာက္မွာ ကန္လ္ကို ျပဳစုေပးမည့္သူဟာ သူပဲျဖစ္သင့္ေၾကာင္း ခံယူထားတာေၾကာင့္ သူလို စာညံ့သည့္ေက်ာင္းသားေလးတစ္ေယာက္ဟာ ႏွာေခါင္းေသြးလ်ွံၿပီး အားေဆးေတြ ခဏခဏသြင္းကာ စာႀကိဳးစားခဲ့ၿပီး ေဆးေက်ာင္းတက္ကာ ဆရာဝန္တစ္ေယာက္ျဖစ္ေအာင္ သူအေသအလဲႀကိဳးစားခဲ့သည္၊ သူ႔အ​ေမဟာ စီးပြားေရး​ေမဂ်ာတက္ဖို႔ တိုက္တြန္းခဲ့ေပမယ့္ သူအေမကို ဆန္႔က်င္ကာ သူေဆးေက်ာင္းရေအာင္ တက္ခဲ့သည္၊ ကန္လ္ ဘယ္ခ်ိန္ သတိျပန္ဝင္လာမွန္း မသိေပမယ့္ နီကိုးလ္ဟာ အျမဲေစာင့္ေနခဲ့သည္၊သူ႔ကို သူ႔သူငယ္ခ်င္းမ်ားဟာ လက္ေလ်ာ့ဖို႔ အျမဲနားခ်ခဲ့ေပမယ့္ သူဟာ ကန္လ္ ႏိုးထလာမည့္ခ်ိန္ကို ေခါင္းမာမာနဲ႔သာေစာင့္ခဲ့ေသည္၊

နီကိုးလ္ဟာ အေတာက္ပဆံုးအျပံဳးျဖင့္ ကန္လ္အား ျပံဳးျပလာရင္း... သူ႔အစ္ကိုတို႔႐ွိရာကို ေခၚေဆာင္သြားၿပီး...

"အစ္ကိုလီ႐ိုနာ၊ ဟိုက္မက္...ဒါ ကြၽန္ေတာ့္ရဲ႕ခ်စ္သူ ကန္လ္ ဝီလ္စလန္"လို႔ မိတ္ဆက္ျပလိုက္သည့္ခ်ိန္မွာ ကန္လ္ဟာလည္း အလိုက္သင့္ ျပံဳးျပကာ လက္ထုတ္လိုက္ၿပီး...

"ကိုယ္က ကန္လ္ ဝီစလန္ပါ... ၿပီးေတာ့ မစၥတာ 'K'ပါ " လို႔ မိတ္ဆက္လာေတာ့သည္၊

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Unicode

တစ်နှစ်ကြာပြီးနောက်မှာ ဝီလ်စလန်တော်ဝင်မိသားစုလက်အောက်က လုပ်ငန်းများဟာ အရင်နှစ်တွေကထက် အလျင်အဟုန်တိုးတက်လာတာကြောင့် စီးပွားရေးနယ်ပယ်ကလူတိုင်း မျက်စိပြူး အံ့အားသင့်ရုံသာ တတ်နိုင်တော့သည်၊ဒါပြင် ဒုတိယမင်းသား ဂျူပီယာ ဝီလ်စလန်ဟာလည်း ဂျူနီယာစန္ဒယားပညာရှင်ဖြစ်လာပြီး သူဟာ များစွာသော လူတွေရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရသည်၊ထိုထဲမှာ ဟိုက်မက်အပါအဝင်ပေါ့၊

ဘယ်လောက်ပဲ လီရိုနာဟာ ဂျူပီယာပုံစံကို ခိုးယူထားပါစေ အတုဟာ အစစ်မဖြစ်နိုင်ချေ၊ဒါကြောင့် ကန်လ်ဟာ သူ့ညီရဲ့လမ်းကြောင်းကို ပြောင်းလဲပေးခဲ့သည်၊သူ့ညီဟာ အငယ်ဆုံး ထိပ်တန်းစန္ဒယားရှင်ဖြစ်လာစေရမည်၊ငယ်ရွယ်ကတည်းက ပါရမီပါခဲ့သည့်အပြင် ဒီကမ္ဘာရဲ့ချစ်ခြင်းမေတ္တာနဲ့ လူတိုင်းရဲ့နှစ်သက်မှုကို အလွယ်တကူရရှိမည့် အော်ရာကို ပိုင်ဆိုင်ထားသည့် ဂျူပီယာအတွက် ကျော်ကြားဖို့ဆိုတာ တို့ဖူးကို ဓားနဲ့လှီးသလို လွယ်ကူလှသည်၊

ဒါပြင် BW ကုမ္ပဏီဟာလည်း တဟုန်တိုး လူစိတ်ဝင်စားမှုနဲ့ရှာဖွေအများဆုံး နံပါတ်ငါးထိ ချိတ်လာတော့သည်၊ပြီးတော့ ကန်လ်ထင်သည့်အတိုင်းပင် လီရိုနာဟာ BWကုမ္ပဏီလာရောက် ပူးပေါင်းသေးပေမယ့် ဂျက်မင်ဟာ ပြတ်ပြတ်သားသားကို ငြင်းပယ်ခဲ့တာကြောင့် ကန်လ်ဟာ ထိုညီအစ်ကိုနှစ်ယောက်ကို အိမ်ကို ဒုတိယအကြိမ် ထမင်းစားပင် ဖိတ်လိုက်သေးသည်၊

ကန်လ်အနေကကော? ကန်လ်ကတော့ သူတို့မိသားစုပိုင်လုပ်ငန်းအားလုံးကို ခွေးလိုနွားလိုရုန်းကန်ခဲ့ရသည်၊ဘာလို့လဲဆို​တော့ လီရိုနာက အနာဂတ်အကြောင်းအရာတွေကို သိရှိနေသူကိုး၊ဒါပေမယ့် သူဟာ လူလုံးလုံးထွက်မပြဘဲ 'K' နာမည်နဲ့သာ လုပ်ငန်းအားလုံးကို အုပ်ချုပ်ခဲ့ပြီး သူရဲ့စီးပွားရေးဆေသာင်းကျန်းမှုကြောင့် စီပွားရေးနယ်ပယ်က မြေခွေးအိုကြီးတွေပင် မျက်ခမ်းလှုပ်တုန့်လှုပ်တုန့်ဖြစ်နေကြတော့သည်၊ပြီးတော့ လူအားလုံးဟာလည်း 'K'ဆိုတာ ဘယ်သူလဲဆိုတာ စိတ်ဝင်စားနေပြီး အမျိုးမျိုးခန့်မှန်းနေတော့သည်၊ အများစုဟာ 'K'ဟာ မင်းသားကြီးကန်လ်လို့ မှတ်ချက်ပေးကြပြီး ကျန်လူအချို့ကတော့ ဂျူပီယာရဲ့ချစ်သူဟု ခန့်မှန်းကြပြန်သည်၊ဘာပဲဖြစ်ဖြစ် သူတို့ဟာ ခန့်မှန်းရုံသာတတ်နိုင်ပြီး 'K'ဆိုသည့်လူကို စိတ်ဝင်စားနေကြတော့သည်၊ဘာကြောင့်လဲဆိုတော့ 'K'ဟာ တစ်ခါမှ လူလုံးထွက်မပြခဲ့ဘဲ သူရဲ့အတွေးရေးမှူးကနေတဆင့်သာ လုပ်ငန်းအားလုံးကို တိုင်ပင်ဆွေးနွေးတာကြောင့် 'K'ကို ဘယ်လိုလူမျိုးလဲဆိုတာ သိချင်နေကြတော့သည်၊

"ကိုကို ဒီမှာ... ဒီမှာ" ဂျူပီယာဟာ ရွှေရောင်ဖိတ်စာကဒ်ပြားကို ကိုင်ရင်း သူ့ဆီပြေးလာတာမြင်တော့ ကန်လ်ဟာ မော့ကြည့်လာကာ သူ့မျက်မှောင်ဟာကြုတ်သွားပြီး

"ချော်လဲမယ် ပြေးမလာနဲ့"လို့ ပြောလိုက်တော့ ဂျူပီယာချက်ချင်း ရပ်သွားပြီး ဂုဏ်ကျက်သရေရှိသည့်သခင်လေးတစ်ယောက်လို လမ်းလျှောက်လာတော့သည်၊ထိုနောက် ကန်လ်အနီးရောက်လာရင်း...

"ကိုကို ဒီမှာ! ကမ္ဘာကျော်ဂီတပညာရှင်က ဂျူပီယာကို သူ့ရဲ့ပါတီတက်ရောက်ဖို့ ဖိတ်စာပို့လိုက်တာ"လို့ အပျော်များပင် ဖုံးမဖိနိုင်အောင်ဖြစ်နေတော့ ကန်လ်ဟာ ပြုံးလိုက်ရင်း...

"ပျော်တယ်ပေါ့" လို့ မေးလိုက်ရင်း ဂျူပီယာခေါင်းကို ပုတ်လိုက်တော့ ဂျူပီယာဟာ ဇက်လေးပုကာ "ပျော်တာပေါ့ သူက ဂီတနတ်ဘုရားလိုပဲလေ!!ကျွန်တော်တို့ကျောင်းက ဆရာတောင် အဲ့ဂီတပညာရှင်ကို လေးလေးစားစားဆက်ဆံပေးရတယ်" လို့ ပြောကာ ဘလင်းဘလင်းဖြစ်နေသည့် သူ့ညီရဲ့မျက်ဝန်းများကို ကြည့်လိုက်ရင်း သူ့ခေါင်းသာ ခါရင်း

"ဘာလဲ အဲ့ဂီတပညာရှင်က 'K'ကိုလည်း ဖိတ်ခေါ်လိုက်တာမလား?"လို့ laptopမှာ အလုပ်နဲ့ပတ်သတ်သည့်အချက်အလက်များကို ဖြည့်ရင်း စိတ်မဝင်စားဟန်ဖြင့် မေးလိုက်တော့ ဂျူပီယာဟာ ခေါင်းညိတ်လိုက်ရင်း နောက်ထပ် ရွှေရောင်ဖိတ်စာကို သူ့ခုံပေါ် ကမ်းပေးလာတော့သည်၊ဒီဖိတ်စာရဲ့ထောင့်ဖျားတွေဟာ ခရမ်းရောင်များကလုတ်များပင် ရေးဆွဲထားပြီး ကြည့်လိုက်ရုံဖြင့် အခြားဖိတ်စာတွေထက် ပိုမိုအလေးထားကြောင်း ပြသထားပြီး ဖိတ်စာပေါ်တွင်လည်း {အထူးဧည့်သည် ဥက္ကဋ္ဌ'K'}လို့ ကပ်ထားသေးသည်၊

"အတွေးရေးမှူးကို ကိုကို့အစား လွှတ်လိုက်" လို့ ပြောလိုက်တော့ သူ့ညီ ဂျူပီယာဟာ မျက်နှာဆူပုတ်သွားကာ မကျေမနပ်ကြည့်လာပြီး

"ကိုကို! ဒီပွဲက အရမ်းအရေးကြီးတယ်နော် "လို့ အော်ခါနီး အသံဖြင့် ပြောလာသည့်သူ့ညီကြောင့် ကန်လ်ရဲ့မျက်ခုံးတဖက်ဟာ အပေါ်ပင့်သွားပြီး ထစ်ငေါ့ရယ်လိုက်ပြီး...

"ပြောပါဦး ကိုယ့်ရတနာလေး... အဲ့ပွဲက မင်းရဲ့ဒီအစ်ကိုကြီးအတွက် ဘာတွေအကျိုးမြတ်ရှိနိုင်လို့လဲ?" လို့ လက်ပေါ်မေးထောက်ကာ မေးလိုက်တော့သည်၊သူအနေနဲ့ ပါတီပွဲတွင်ကို တက်ရောက်ဖို့ စိတ်ကူးမရှိသေးပေ၊

ဂျူပီယာကတော့ သူ့အစ်ကိုရဲ့ငြို့အားတွေအောက် ကျဆုံးသွားတော့သည်၊သူ့အစ်ကိုတော်ဟာ ကိုမာဝင်ပြီး ပြန်လည်နိုးထလာတာတောင် အရည်အချင်းတွေဟာ ထက်မြက်နေဆဲပင် တနှစ်အတွင်းမှာ သူတို့ တော်ဝင်မျိုးနွယ်ပိုင်ဆိုင်သည့် လုပ်ငန်းအားလုံးဟာ ဒေဝါလီခံရနီးဆဲဆဲကနေ ကယ်တင်ပေးခဲ့သည်မလား၊ဒါကြောင့် သူ့အစ်ကိုအတွက် မိနစ်အနည်းငယ်ကပင် တန်ဖိုးကြီးမားလွန်းသည်၊ဒါပေမယ့်လည်း

"ကိုကိုက ညီငယ်ကို မျက်နှာပွင့်အောင် မလုပ်ပေးချင်ဘူးလား...ပြောတော့ ဂျူပီယာက အရာအားလုံးအတွက် အရေးကြီးဆုံးဆို"ဂျူပီယာဟာ မကျေမနပ်ဖြစ်နေသည့်အမှုအရာကို အပြည့်အဝကိုဖော်ပြကာ ပြောနေတော့သည်၊

"ဟင်း...ကိုယ့်ရတနာလေးကတော့...ဟုတ်ပြီ မင်းကိုကိုက အရှူံးပေးပါပြီကွာ အဲ့နေ့ လိုက်ခဲ့ပေးမယ်" လို့ ဂျူပီယာရဲ့နဖူးကို လက်နဲ့ဖွဖွလေး​တောက်ကာ ပြောလိုက်တော့ ဂျူပီယာဟာ 'ရေး...'ဆိုပြီး အကျယ်ကြီး ပျော်ရွှင်စွာ ထအော်ကာ ပြေးထွက်သွားတော့သည်၊

"လိုချင်တာ ရသွားတော့လည်း အစ်ကိုကို လှည့်တောင် မကြည့်တော့ဘူး" လို့ ကန်လ်ဟာ သူ့ညီငယ်ရဲ့​ကျောပြင်ကို ကြည့်ရင်း မနိုင်ဘူးဆိုသည့်ပုံစံဖြင့် ခေါင်းတချက်ခါကာ ပြောလိုက်တော့သည်၊ဘာပဲဖြစ်ဖြစ် သူ့တာဝန်ကလည်း အဓိကဇာတ်ကောင်ကို ကောင်းကောင်းမွန်မွန်နဲ့အေးချမ်းစွာ ရှင်သန်စေရန်ုဖြစ်သည်၊

'ဘာပဲဖြစ်ဖြစ် ပြန်လည်မွေးဖွားလာသူတစ်​ယောက်ရဲ့လုပ်နိုင်စွမ်းကို စိတ်ဝင်စားမိတယ်'

------------------------

ကမ္ဘာကျော်ဂီတပညာရှင် ကျင်းပသည့်ပါတီပွဲတွင် ပါတီတက်ရောက်လာသူတိုင်းက နာမည်ကြီးဒီဇိုင်နာတွေရဲ့ဖန်တီးမှုများ၊တန်ဖိုးကြီးမားကာ ဈေးမြှင့်မားလွန်းသည့် အဝတ်အစား၊ကျောက်မျက်ရတနာများ ဆင်ယင်ကာ တစ်ယောက်ကို တစ်ယောက် မသိမသာပြိုင်ဆိုင်နေကြတော့သည်၊ အဖြူရောင် အ​နောက်တိုင်းဝတ်စုံဝတ်ထားကာ ငွေရောင်ဆံအပင်နဲ့ ကြည့်ကောင်းကာ လှပသည့်အမျိုးသားလေးဟာ အနက်ရောင်ဆံပင်များနဲ့ အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားကာ ခန့်ညားချောမောသည့်ယောကျာ်းဘေးနားတွင် ဂုဏ်ယူစွာရပ်နေသည်၊သူတို့အနားတွင်လည်း လူများဝန်းရံနေကာ စီးပွားရေးအကြောင်းပြောဆိုနေတော့သည်၊ထိုဆံပင်ငွေရောင်နဲ့လူငယ်လေးဟာ တခါတလေ ထိုသို့ပြောဆိုနေသည့်အကြောင်းအရာတွေကို ဝင်ရောက်ထောက်ကာ ပြောဆိုချိန်မှာတော့ ထိုလူငယ်တသိုက်ဟာ ဝိုင်းဝန်းချီးကျူးနေကြတော့သည်၊

"ခုနက လူအိုကြီးရန် ပြောတာ ငါကြားလိုက်တယ် မစ္စတာ'K'လည်း ဒီပွဲကို တက်ရောက်မယ်ဆိုတာကိုပေါ့"လို့ ထိုအဝိုင်းက လူတစ်ယောက်ဟာ စပြောလိုက်တော့ ကျန်တဲ့သူတွေဟာလည်း

"အေး ငါလည်းကြားတယ် စန္ဒယားပညာရှင်ဂျူပီယာနဲ့ မစ္စတာ'K'က မရိုးရှင်းတဲ့ဆက်ဆံရေးရှိတယ်ကြားတယ် ဒါကြောင့် ဒီပွဲကို ဦးဆောင်တဲ့ ရန်မိသားစုက စန္ဒယားပညာရှင်ဂျူပီယာက​နေတဆင့် မစ္စတာ'K'ကို ဖိတ်ခေါ်ထားတယ်တဲ့"လို့ ပြောလိုက်တော့ ကျန်တဲ့သူတွေလည်း ခေါင်းညိတ်နေကြတော့သည်၊

"မစ္စတာ'K'က ဘယ်လိုလူမျိုးလဲ သိကြလား" ငွေရောင်ဆံပင်နဲ့ကြည့်ကောင်းကာ လှပသည့်လူငယ်ဝင်ပြောလာသည့်ချိန်မှာ မေးခံလိုက်ရသည့်လူဟာ အနည်းငယ်ရှက်သွားပြီး

"မစ္စတာ'K'က ကျွန်တော်တို့လို တတိယမျိုးဆက်ထဲကလို့ ကြားတယ် မစ္စတာရော့လ်လက်မစ်" လို့ ပြောလိုက်တော့သည်၊မှန်သည် ထိုလူငယ်ဟာ ပြန်လည်မွေးဖွားလာတဲ့ လီရိုနာ ရော့လ်လက်မစ်ဖြစ်ပြီး သူဘေးတွင် ကြည့်ကောင်းကာခန့်ညားသည့် လူငယ်ကတော့ ဒီကမ္ဘာရဲ့ဇာတ်လိုက် ဟိုက်မက် ရော့လ်လက်မစ်ဖြစ်သည်၊

"အို... သူက တကယ်တော်တာပဲ"လို့ လီရိုနာဟာ ပြုံးကာ ပြောနေပေမယ့် ထို'K'ဆိုသည့် လူဟာ သူရဲ့အခွင့်အရေးအားလုံးကို လုယူသွားသည့်ဆိုတာ သူမမေ့ပေ၊လွန်ခဲ့တဲ့ ၆လတုန်းကလည်း သူအရယူရန် ကြိုးပမ်းခဲ့သည့် မြေယာငါးကွက် လေလံဆွဲချိန်တုန်းကလည်း ထိုလူဟာ လုယူခဲ့သည်၊ဒါတွင်မကဘူး စတော့ရှယ်ယာဈေးကွက်မှာလည်း မစ္စတာ'K'ရဲ့ ကစားမှုကို သူဟာ ခဏခဏခံရပြီး ခဏခဏအရူးလုပ်ခံရမြဲပင်၊ ဂျူပီယာဟာလည်း အရင်လိုမဟုတ်တော့ပေ၊သူဟာ ဂီတလမ်းကြောင်းမှာ ထင်ပေါ်ကျော်ကြားလာပြီး ဟိုက်မက်ရဲ့စိတ်ဝင်စားမှုကိုပဲ ရရှိထားပြီးပြီဖြစ်သည်၊ဘာလို့ ဒီလောက်တောင် လမ်းလွဲနေရတာလဲ? ငါက ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်လေ ၊အစစအရာရာမှာ ငါက ပိုသာသင့်တယ်မလား၊ပြီးတော့ သူ့ညီဖြစ်သည့် နီကိုးလ်ဟာလည်း အရင်လို သူ့စကားနာမထောင်တော့ပေ၊ဒီပွဲမှာ သူ့ညီကို အသုံးချပြီး သူတို့ ရော့လ်လက်မစ်မိသားစုကို အင်အားကြီးအောင် လုပ်ချင်သည်၊ဘာလို့လဲဆိုတော့ အလက်ဇနားမိသားစုထဲက ​ဆက်ခံသူက နီကိုးလ်ကို လိုချင်သည်မလား၊သူအ​နေနဲ့ နီကိုးလ်ကို ရောင်းစားကာ အလက်ဇနားမိသားစုနဲ့ပူပေါင်းလိုက်မည်ဖြစ်သည်၊ပြီး​တော့ ဒီပွဲမှာ ဂျူပီယာကို ဟိုက်မက်စိတ်မဝင်စားအောင် သူလုပ်ရမည်!

"အစ်ကိုလီရိုနာ" နီကိုးလ်ဟာ စိတ်ကျဉ်းကျပ်နေသည့် ပုံစံဖြင့် လီရိုနာနားရောက်လာတော့သည်၊နီကိုးလ်ဟာ တကယ်ပင် ချောမောသည့်ကောင်လေးဖြစ်သည်၊ဒါပေမယ့် သူ့ပုံစံဟာ အမြဲညိုှးနွမ်းနေသည့်ပုံစံကြောင့် လီရိုနာလို ကြင်နာပြီး လူချစ်လူခင်တော့ သိပ်မများပေ၊ဒါပေမယ့် အခုတော့ နီးကိုးလ်ဟာ အမြဲပြုံးနေပြီး လူတိုင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံလာတာကြောင့် တတိယမျိုးဆက်ကြားတွင် လူအကြိုက်များဆုံး ရေပန်အစားဆုံးလူငယ်ထဲ ပါဝင်လာတော့သည်၊လီရိုနာဟာ သူ့ညီရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့် အံ့အားသင့်ခဲ့ပေမယ့် နီကိုးလ်ရဲ့လက်ရှိပုံစံကြောင့် မျိုးရိုးမြှင့်ထဲက မျိုးဆက်​တွေကို အပိုင်ဖမ်းနိုင်မည်မလား၊ဒါကြောင့် လီရိုနာဟာ ဟန်ဆောင်ပြုံးလိုက်ပြီး ကြင်နာသည့်အသံလေးဖြင့်

"ဘာဖြစ်လို့လဲ နီကိုးလ်" လို့ မေးလိုက်တော့ နီကိုးလ်ဟာ သက်ပြင်းချကာ

"ကျွန်တော့်မှာ ချစ်သူရှိတယ်ဆိုတာ မစ္စတာအလက်ဇနားကို ပြောပေးပါ" လို့ တောင်းဆိုပြောဆိုလာတော့ လီရိုနာဟာ အပြုံးမပျက်ပဲ

"ကိုကိုလည်း ပြောတာပဲလေ ဒါပေမယ့် သူမှမယုံတာ...ဒီကို နီကိုးလ်ရဲ့ချစ်သူကို ခေါ်လာခဲ့ပါလား" လို့ ပြောလိုက်ပြီး နီကိုးလ်ရဲ့အကြပ်ရိုက်သွားသည့်မျက်နှာကို ကြည့်နေလိုက်သည်၊ နီကိုးလ်မှာ ချစ်သူမရှိမှန်း သူသိတာပေါ့၊အရင်ဘဝက နီကိုးလ်က သူသေဆုံးသွားတဲ့အထိ တစ်ယောက်ထဲသာ နေခဲ့သူဖြစ်သည်၊နီကိုးလ်ဟာ ဘဝတစ်လျှောက်လုံး ဘယ်သူကိုမှ ချစ်သူအနေနဲ့ အိမ်တော်ကို ခေါ်မလားခဲ့ဖူးသလို အမြဲဆေးရုံ၌သာ အချိန်ကုန်နေသူဖြစ်သည်၊

"နီကိုးလ် ကိုကိုလည်း ဂျိန်းကို ပြောတာပဲ ညီလေးမှာ ချစ်သူရှိတာကို... ဒါပေမယ့် သူမှ မယုံတာ... ဒီတရက်ပဲ သည်းခံလိုက်ပါနော်"လို့ ချော့မော့ကာကြောလိုက်ပြီးနောက်မှာ နီကိုးလ်ဟာ စိတ်ပျက်သည့်အမူအရာဖြင့် လေးပင်စွာခေါင်ညိတ်လိုက်တော့သည်၊

"စန္ဒယားပညာရှင် ဂျူပီယာ! လာပြီ ဟိုမှာ!" လို့ အနားကလူဟာ အသံမြင့်ကာပြောလိုက်တော့ လီရိုနာတို့လည်း လှည့်ကြည့်လာတော့သည်၊ဂျိူပီယာဟာ တကယ်ကို နူးညံ့ကာ ကြွေလွယ်သည့် ဆာကူရာပန်းလေးလိုပင်၊သူဟာ တချက်ကြည့်ရုံပင် မြင့်မြတ်တဲ့တော်ဝင်မျိုးနွယ်ကလူဆိုတာ လူတိုင်းပြောနိုင်သည်၊ အမြဲ လူတိုင်းကို စိတ်အေးချမ်းမှု​ပေးနိုင်သည့် အပြုံးလေးတင်ထားပြီး သူရဲ့မျက်ဝန်းများဟာလည်း ကောင်းကင်က ကြယ်လေးလိုပဲ တလဲ့လဲ့တောက်ပနေသည်၊ မီ်းရောင်အောက်မှာ သူရဲ့အသားအရေလေးဟာ ဖြူဖျော့မနေဘဲ ဝင်းပြီး နို့နှစ်ရောင်သန်းနေပြီး ဝတ်ဆင်ထားသည့် အပြာနုရောင်အနောက်တိုင်း ဝတ်စုံနဲ့ အလွန်ကို ကြည့်ကောင်းပြီး တကယ်ကိုပင် ပန်းချီကားထဲ ထွက်လာသည့်နတ်သားလေးအလားပင်၊ လူတိုင်းဟာ ဂျူပီယာကို ငေးကြည့်နေကြတော့သည်၊ ဟိုက်မက်ဟာလည်း မျက်တောင်မခတ်ဘဲ ပြုံးကာကြည့်နေသည်၊သူရဲ့မျက်ဝန်းများဟာလည်း နှစ်သက်မြတ်နိုးမှုများ ပျော်ဝင်နေသည်ကို ဖုံးကွယ်မထားရနိုင်ချေ၊ လီရိုနာရဲ့မျက်နှာဟာ ဒေါသကြောင့်ကော မနာလိုမှုကြောင့်ပါ ပြာနှမ်းနေပြီး သူဟာ ဂျူပီယာကို မုန်းတီးစွာ စိုက်ကြည့်နေတော့သည်၊ဂျူပီယာကို သူမုန်းသည်၊အရင်ဘဝက အဲ့ကောင်ကြောင့် သူဘဝဟာ ဟိုးအနိမ့်ဆုံးထိကျရောက်ခဲ့ပြီး လူတိုင်းရဲ့လှောင်ပြောင်မှုကို ရရှိခဲ့သည်မလား၊သူ ကလဲ့စားပြန်ချေပြမည်!

လူတိုင်းဟာ ဂျူပီယာကို ငေးမောရင်း... ဂျူပီယာကတော့ ဂရုမစိုက်ဟန်ဖြင့် အနောက်ကိုလှည့်ကာ...

"ကိုကို" လို့ ခေါ်သံကြားလိုက်ရသည့်အခါမှာ သူတို့ဟာ အံ့အားသင့်ကာ ဝင်လာသည့် လူကို ဝိုင်းကြည့်မိကြတော့သည်၊ဝင်လာသည့်လူငယ်ဟာ အရပ်မြင့်မားကာ အလွန်တရာကို ချောမောလွန်းသည်၊ထိုလူငယ်ဟာ ပန်းရင့်ရောင်ဆံပင်တိုများကို ဖြစ်ကဆန်းချ​ထား​ပေမယ့် ဗွီမျက်နှာအချိုးအစားနဲ့လိုက်ဖက်ညီလွန်းသည်၊သူရဲ့ပြာလဲ့လဲ့မျက်ဝန်းများဟာ ကန်ရေပြင်လိုတည်ငြိမ်နေပြီး...မျက်နှာဟာလည်း အေးစက်ကာ တည်ငြိမ်နေပြန်သည်၊ထိုလူငယ်ဟာ ကြက်သွေးရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး တချက်ကြည့်ရုံဖြင့် တော်ရုံသွားမရှုပ်သင့်သည့် လူတစ်ယောက်မှန်းသိသာလွန်းလှသည်၊ဒါ​ပေမယ့် ဝင်လာတုန်းက အေးစက်ကာတည်ငြိမ်သည့်လူဟာ ဂျူပီယာရဲ့ 'ကိုကို'ဆိုသည့်စကားတွေကြောင့် ပြုံးသွားသည်မြင်တော့ မိန်းကလေးတွေသာမက အချို့ယောကျာ်းလေးတွေပင် နှာခေါင်းသွေးလျှံရုံမတက်ဖြစ်သွားတော့သည်၊

'ဒီလူက အရမ်းခန့်ညားတာပဲ!သူက ဒီအတိုင်းနေရုံတောင် ကြည့်ကောင်းနေတာ ပြုံးလိုက်တော့ ပါတီတစ်ခုလုံး လင်းထိန်သွားသလိုပဲ'

ဟိုက်မက်ဟာလည်း မျက်မှောက်ကြုတ်ကာ သဝန်တိုနေသည့်မျက်ဝန်းများဖြင့် ဂျူပီယာတို့ကို ကြည့်နေသည်ကို လီရိုနာမြင်တော့...

"ဂျူပီယာက တွဲဖက်ခေါ်လာတာပဲ အဲ့လူက တကယ်ကြည့်ကောင်းတာပဲ"သူဟာ ဂျူပီယာနဲ့ထိုတစ်ယောက် ဘယ်လိုပတ်သတ်သည်လည်း စိတ်မဝင်စားပေမယ့် ဟိုက်မက်အထင်လွဲသွားတာပဲ လိုချင်သည်၊ဒါပေမယ့် သူ့ညီ အဖျက်သမားဟာ

"ဘယ်ကသာ အဲ့တာ ဂျူပီယာရဲ့အစ်ကိုလေ! မင်းသားကြီး ကန်လ် ဝီလ်စလန်လေ"လို့ ဝင်ရောက်ပြောဆိုလာတော့သည်၊နီကိုးလ်ဟာ သူအသံကျယ်သွားသည်ကိုလည်း ဂရုမစိုက်ပင်၊

"ပြီးတော့ ကျွန်တော့်ရဲ့ချစ်သူလေ" လို့ ဘေးနားမှာ ရှိနေသည့် ဂျိန်း အလက်ဇနားကို ကြည့်ကာ ပြောလိုက်သည်၊နီကိုးလ်ဟာ ထိုသို့ပြောမိပြီးနောက်မှာ တကယ်ကို ရှက်သွားပြီး ပါးများရဲသွားပေမယ့် ကန်လ်တို့ဆီကို လျှောက်သွားတော့သည်၊

"ကန်လ်!" လို့ လှမ်းခေါ်ကာ ကန်လ်ရဲ့လက်မောင်းကို သူဟာ ပိုင်စိုးပိုင်နက်ဖြင့် ပွေ့ဖက်ကာ သူ့ထက် ​ခေါင်းတလုံးပို မြင့်သည့် ကန်လ်အား ​မော့ကြည့်ကာ အသံတိုးတိုးလေးဖြင့်

"ငါတောင်းပန်ပါတယ်...ငါ့အစ်ကိုက ငါ့ကို အခြားသူတွေဆီ အတင်းထည့်ပေးချင်နေတာ... ဒါကြောင့်...ငါ...ငါ မင်းကို... ချစ်သူ..."တဖြည်ဖြည်း ခရမ်းချဉ်သီးလို နီရဲလာကာ စကားထစ်လာသည့် နီကိုးလ်ကို ကန်လ်ဟာ ပြုံးကာကြည့်ရင်း နီကိုးလ်ရဲ့ဆံပင်များကို နားနောက်သပ်တင်ကာ ကိုယ်ကို အနည်းငယ်ကိုင်းကာ နီကိုးလ်ရဲ နဖူးကို ဖွဖွလေးနမ်းလိုက်ပြီး ခါးပြန်မတ်ကာ နီကိုးလ်ရဲ့ခါး​နောက်​ပေါ် သူရဲ့လက်တင်လိုက်ပြီး 'စိတ်မပူရန်'မျက်စပစ်ပြလိုက်တော့သည်၊

'ငါ...ငါ... အိပ်မက်မက်နေတာလား' ကန်လ် နမ်းသွားသည့် သူရဲ့နဖူးလေးဟာ အခုထိနွေးနေတုန်းဖြစ်တာကြောင့် ဒါအိပ်မက်မဟုတ်မှန်း နီကိုးလ်နားလည်လိုက်သည်၊သူဟာ ပျော်လည်းပျော်သလို ငိုလည်းငိုချင်သည်၊သူဟာ ငယ်ငယ်ထဲက ကန်လ်ကို ချစ်မိနေပြီး အခုချိန်ထိလည်း အရူးအမူးဖြစ်နေဆဲပင်၊သူဘဝတစ်လျှောက်လုံး ကန်လ်နားမှာသာ နေချင်ခဲ့ပြီး ကန်လ် ကိုမာဝင်သွားပြီးနောက်မှာ ကန်လ်ကို ပြုစုပေးမည့်သူဟာ သူပဲဖြစ်သင့်ကြောင်း ခံယူထားတာကြောင့် သူလို စာညံ့သည့်ကျောင်းသားလေးတစ်ယောက်ဟာ နှာခေါင်းသွေးလျှံပြီး အားဆေးတွေ ခဏခဏသွင်းကာ စာကြိုးစားခဲ့ပြီး ဆေးကျောင်းတက်ကာ ဆရာဝန်တစ်ယောက်ဖြစ်အောင် သူအသေအလဲကြိုးစားခဲ့သည်၊ သူ့အ​မေဟာ စီးပွားရေး​မေဂျာတက်ဖို့ တိုက်တွန်းခဲ့ပေမယ့် သူအမေကို ဆန့်ကျင်ကာ သူဆေးကျောင်းရအောင် တက်ခဲ့သည်၊ ကန်လ် ဘယ်ချိန် သတိပြန်ဝင်လာမှန်း မသိပေမယ့် နီကိုးလ်ဟာ အမြဲစောင့်နေခဲ့သည်၊သူ့ကို သူ့သူငယ်ချင်းများဟာ လက်လျော့ဖို့ အမြဲနားချခဲ့ပေမယ့် သူဟာ ကန်လ် နိုးထလာမည့်ချိန်ကို ခေါင်းမာမာနဲ့သာစောင့်ခဲ့သေည်၊

နီကိုးလ်ဟာ အတောက်ပဆုံးအပြုံးဖြင့် ကန်လ်အား ပြုံးပြလာရင်း... သူ့အစ်ကိုတို့ရှိရာကို ခေါ်ဆောင်သွားပြီး...

"အစ်ကိုလီရိုနာ၊ ဟိုက်မက်...ဒါ ကျွန်တော့်ရဲ့ချစ်သူ ကန်လ် ဝီလ်စလန်"လို့ မိတ်ဆက်ပြလိုက်သည့်ချိန်မှာ ကန်လ်ဟာလည်း အလိုက်သင့် ပြုံးပြကာ လက်ထုတ်လိုက်ပြီး...

"ကိုယ်က ကန်လ် ဝီစလန်ပါ... ပြီးတော့ မစ္စတာ 'K'ပါ " လို့ မိတ်ဆက်လာတော့သည်၊

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Bạn đang đọc truyện trên: ZingTruyen.Info