ZingTruyen.Info

Dei No That S My Abode System

Zawgyi

နီကိုးလ္ဟာ ကန္လ္ ဝီလ္စလန္နားမွာ ညေနထိ အေဖာ္ျပဳေပးေနခဲ့ၿပီးေနာက္မွာေတာ့ သူ႔ညီ ဂ်ဴပီယာဟာ မ်က္ရည္ဘူးသီးေလာက္ျဖင့္ လူနာေဆာင္ထဲ ေျပးဝင္လာကာ ကန္လ္ကို ေျပးဖက္ေလေတာ့သည္၊ဆရာဝန္ဟာ မေတာ္တဆထိခိုက္မႈေၾကာင့္ သူ႔အစ္ကိုဟာ ဘယ္ေတာ့မွ ႏိုးထလာမည္ မဟုတ္ေၾကာင္း အခိုင္အမာေျပာဆုိခဲ့သည္မလား၊ သူ႔အစ္ကိုဟာ ဦးေႏွာက္ေသဆံုးသြားတယ္လို႔ပင္ ကြၽမ္းက်င္ဆရာဝန္မ်ားစြာဟာ ေျပာၾကားခဲ့ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းေတြကို လႉရန္အၾကံေပးခဲ့ေပမယ့္ သူတို႔ဟာ အတိအလင္းျငင္းပယ္ခဲ့သည္၊

ဒါေတာ္ေသးတယ္ဟု ဆုိရမည္၊ခုႏွစ္ႏွစ္ၾကာၿပီးေနာက္မွာ သူ႔အစ္ကိုဟာ ျပန္လည္ႏိုးထလာခဲ့ၿပီ၊က်န္းမာေရးအေျခအေနလည္း အရမ္းေကာင္းမြန္တာေၾကာင့္ ဂ်ဴပီယာေပ်ာ္ရႊင္မဆံုး ျဖစ္ေနမိသည္၊

"ကိုကို.. တကယ္ပဲလား... ဂ်ဴပီယာ အိပ္မက္မက္ေနတာ မဟုတ္ဘူးမလား..." လို႔ ငိုယိုကာေျပာဆုိလာသည့္ သူ႔ညီငယ္ကို ကန္လ္ဟာ ရင္ခြင္ထဲထည့္ကာ ေက်ာေလးကို ဖြဖြေလးပုတ္ေပးရင္း

"ကိုကို ေတာင္းပန္ပါတယ္...ကိုကို႔ညီေလးကို အၾကာႀကီး ပစ္ထားမိခဲ့တယ္" လို႔ သူ႔အစ္ကိုရဲ႕အရင္လိုေႏြးေထြးၿပီး သူ႔အေပၚဂ႐ုစိုက္သည့္အသံၾကားလာသည့္ခ်ိန္မွာေတာ့ ဂ်ဴပီယာ ထိန္းမႏိုင္ေအာင္ ငိုယုိမိေတာ့သည္၊ သူ႔အစ္ကိုဟာ သူ႔နားျပန္လာခဲ့ၿပီ၊သူ႔အစ္ကိုဟာ အရင္လိုပဲ သူ႔အေပၚဂ႐ုစိုက္ေနဆဲပင္၊သူဘုရားသခင္ကို ေက်းဇူးတင္မိသည္ သူတို႔ကို အခြင့္အေရးထပ္ေပးခဲ့လို႔...၊

ထိုေန႔က ကန္လ္ကို သူတို႔ဟာ ေဆးရံုကေန အိမ္ေတာ္မွာပဲ ကုသရန္ ဆရာဝန္ခြင့္ျပဳခ်က္အရယူၿပီးေနာက္မွေတာ့ ဝီလ္စလန္အိမ္ေတာ္ကို ကန္႔ဟာ ျပန္ေရာက္လာေတာ့သည္၊သူတို႔ဟာ ကန္လ္ ျပန္လည္ႏိုးထလာသည့္သတင္းကို မီဒီယာေတြ သိေအာင္ ေၾကာ္ျငာခ်င္ေသာ္လည္း ကန္႔ဟာ မလုပ္ရန္တားျမစ္လာၿပီး သူရဲ႕ခနၶာကိုယ္နဲ႔ အျခားအေၾကာင္းအရာေတြကို ေလ့လာၿပီးမွ လူၾကားထဲ ဖြင့္ထုတ္မည္ဟု ေျပာၾကားလာတာေၾကာင့္ သူတို႔ဟာ ကန္လ္ကိစၥကို ဖံုးကြယ္ထားလိုက္ေတာ့သည္၊

ကန္လ္ဟာ သူရဲ႕အခန္းထဲမွာေနၿပီး အကုန္လံုးထြက္သြားသည့္ခ်ိန္က်မွ ကုတင္ေပၚကေန ဆင္းကာ သူရဲ႕စာၾကည့္စားပြဲဆီကို ေလ်ွာက္လွမ္းလာေတာ့သည္၊ထိုေနာက္ သူအထက္တန္းထဲက သံုးသည့္ ဖုန္းေဟာင္းေလးကို ယူရင္း သူစုထားသည့္ ပိုက္ဆံအေမာက္ကို လွမ္းစစ္ေဆးလိုက္သည့္ခ်ိန္မွာ ေဒၚလာတသန္းေက်ာ္ေလာက္ ႐ွိေနေသးသည္ကို ေတြ႔လိုက္ရသည္၊ဒါ သူအလယ္တန္းေက်ာင္းသားဘဝထဲကေန စုလာျခင္းျဖစ္သည္၊ သူအထက္တန္းၿပီးရင္ လုပ္ငန္းအေသးစားေထာင္ရန္ ရည္ရြယ္ခ်က္ျဖင့္ စုထားျခင္းျဖစ္သည္၊အခုေတာ့ သူဟာ အသံုးဝင္လာခဲ့ၿပီ ျဖစ္သည္၊သူသိသည္ သူ႔အဘိုးဟာ သူနာမည္နဲ႔ကုမၸဏီႀကီးတစ္ခုဟာ ႐ွယ္ယာဝင္ထားေသးတာေၾကာင့္ ထို႐ွယ္ယာဝင္အတြက္ရသည့္ တလစာဝင္ေငြကိုလည္း ဘဏ္အေကာင့္တစ္ခုနဲ႔သီးသန္႔စုထားေသးသည္၊ အဲ့ေလာက္ဆုိရင္ သူဝင္ေႏွာက္ဖို႔ အဆင္ေျပတာပဲ၊

ကန္လ္တစ္ေယာက္ laptopကို ဖြင့္ကာ အိမ္ေျမယာေစ်းကြက္ေတြနဲပတ္သတ္ၿပီး စတင္စံုစမ္းေနရင္း ေျမယာေစ်းကြက္တစ္ကြက္ကို လီ႐ိုနာ ေရာ့လ္လက္မစ္ပါ ဝင္ေရာက္ေလလံစြဲထားသည္ကို ျမင္လိုက္ရေတာ့ ကန္လ္ရဲ႕ႏူတ္ခမ္းေထာင့္စြန္းဟာ ျပံဳးသြားၿပီး လီ႐ိုနာ လိုက္လံေလစြဲထားသည့္ ေငြအေမာက္ရဲ႕ေနာက္ကေန တစ္ေဒၚလာပိုထည့္ကာ လိုက္လာသည္၊ထိုခ်ိန္မွာ ေျမယာေစ်းကြက္စနစ္ကေန သူလ်ိဳ႕ဝွက္စြာေပးထားသည့္ 'K' ဆုိသည့္နာမည္ဟာ ထိပ္ဆံုးထိ ထိုးတက္သြားကာ သူရဲ႕ေနာက္ေတြ သူနဲ႔တေဒၚလာသာ ကြာသည္ 'လီ႐ိုနာ ေရာ့လ္လက္မစ္'သာ ႐ွိေနသည္၊စကၠန္႔အနည္းငယ္ၾကာမွာေတာ့ 'လီ႐ိုနာ ေရာ့လ္လက္မစ္' နာမည္ဟာ ထိပ္ဆံုးျပန္တက္သြားၿပီး ေဒၚလာႏွစ္သိန္းငါးေသာင္းေျခာက္ေထာင္နဲ႔ရပ္တည္ေနေတာ့သည္၊

'အို...သူက ေဒၚလာတစ္သိန္းထည့္ေပါင္းလိုက္တာပဲ'လို႔ ကန္လ္ဟာ စိတ္ထဲေျပာလာရင္း သူလည္း ေငြအေမာက္ကို ထပ္ျဖည့္လိုက္ေတာ့သည္၊

K - £256,001 ဆုိၿပီး ထပ္ဆံုးေရာက္သြားျပန္ေတာ့သည္၊ထိုလိုနဲ႔ ေဒၚလာေျခာက္သိန္းထိတက္သြားရင္း ေနာက္ဆံုးဂဏန္းကလည္း တစ္ေဒၚလာျဖစ္ေနေတာ့သည္၊

ေရာ့လ္လက္မစ္အိမ္​ေတာ္႐ွိ အခန္းတစ္ခန္းမွာေတာ့ ေငြေရာင္ဆံပင္မ်ားနဲ႔လွပသည့္ေကာင္ေလးတစ္ေယာက္ဟာ သူရဲ႕laptopကို ေဒါသတႀကီးၾကည့္ကာ

"K! အဲ့ေခြးေကာင္က ဘယ္သူလဲ!" လီ႐ိုနာအရမ္းကို ေပါက္ကြဲလို႔ေနခဲ့ၿပီ၊သူဒီေျမကြက္ကို အရမ္းလိုခ်င္စိတ္မျဖစ္ေသာ္လည္း လြန္ခဲ့တဲ့မိနစ္အနည္းငယ္က သူေပးထားတဲ့ေငြပမာဏထက္ ပိုေပးထားသည့္သူေပၚလာသည့္ခ်ိန္မွာေတာ့ စိတ္ထဲေဒါသထြက္သြားကာ ေနာက္ထပ္ေဒၚလာတစ္သိန္းတင္လိုက္ျခင္းျဖစ္သည္၊ဒါေပမယ့္ တဖက္႐ွိလူဟာ သူ႔ကို ရည္ရြယ္ခ်က္႐ွိ႐ွိတိုက္ခိုက္ေနသည္ ျမင္ေတာ့ သူရဲ႕လက္႐ွိ ပံုရိပ္ကိုပင္ သူမထိန္းႏိုင္ေတာ့ေပ၊ ဟိုက္မက္ဟာ အခု သူရဲ႕မ်က္ႏွာခ်င္းဆုိင္ အခန္းထဲတြင္ ႐ွိေနသည္၊သူသာ ေဒါသတႀကီးက်ိန္ဆဲမိလို႔ ဟိုက္မက္ၾကားသြားခဲ့ရင္ သူတည္ေဆာက္ထားသည့္ ပံုရိပ္ဟာ အလကားျဖစ္ကုန္လိမ့္မည္၊ဒါ​ေၾကာင့္ လီ႐ိုနာတစ္ေယာက္ ဖုန္းတစ္ေကာလ္ကို ေခၚလိုက္ၿပီး'K'ဆုိသည့္ လူအေၾကာင္း စံုစမ္းေပမယ့္ မည္သည့္အခ်က္အလက္မ်ားမရခဲ့တာေၾကာင့္ ပိုမိုေဒါသထြက္လာျပန္သည္၊

ဒီလူက ဘယ္သူလဲ? အရင္တုန္းက ငါဆုိးသြမ္းေနခဲ့ၿပီး ဟိုက္မက္ကိုခ်စ္မိၿပီးေနာက္မွာ ေျမျခံအက်ိဳးေဆာင္လုပ္ငန္းကို ေလ့လာခဲ့ေပမယ့္ ထဲထဲဝယ္ဝယ္မေလ့လာခဲ့တာေၾကာင့္ 'K'ဆုိသည့္ သူအေၾကာင္းမသိခဲ့ေပ၊ အဟက္ ဘယ္သူပဲ ျဖစ္ျဖစ္ ငါ့လို နတ္ဘုရားေတြရဲ႕ေကာင္းခ်ီးေပးခံထားရတဲ့သူကို ယွဥ္ႏိုင္မွာလား၊

လီ႐ိုနာ ကိုယ့္ကိုယ္ကို စိတ္ေျဖေလ်ာ့လိုက္ၿပီးေနာက္ ထိုေျမကို ရေအာင္ဝယ္ရန္ထပ္မံေလလံဆြဲလိုက္ေတာ့သည္၊ဒါေပမယ့္ ဘယ္ေလာက္ပဲ ကုန္ပါေစ ထိုေျမကြက္ကို ရမွျဖစ္မည္၊လီ႐ိုနာ တဖက္လူဟာ သူ႔ကိုကစားေနမွန္း သိေပမယ့္ ထိုေျမကြက္ကို ရေအာင္ဝယ္ရန္သာ အားကုန္သြန္စိုက္ေနေတာ့သည္၊ ေနာက္ဆံုးအဆမတန္ေစ်းျဖင့္ ဝယ္ယူမိသြားေတာ့သည္၊ အရင္ထက္ ငါးဆေလာက္ျမႇင့္သည့္ ေစ်းျဖင့္ဝယ္လိုက္မိတာေၾကာင့္ သူမွာ ေအာက္ႏူတ္ခမ္းကိုက္ကာ ေဒါသထြက္ေနရံုသာ တတ္ႏိုင္ေတာ့သည္၊

ကန္လ္ကေတာ့ ထိုပိန္းလြန္းသည့္ လီ႐ိုနာရဲ႕လုပ္ရပ္ကို ေလွာင္ကာ ရယ္ေမာေနမိသည္၊ဘာလဲ? ထိုေျမကြက္ ေနာက္ပိုင္း ေစ်းဝယ္စင္တာ တည္ေဆာက္ၿပီး ထိုးေဖာက္ခ်င္တာလား ပိန္းလိုက္တဲ့လူသား... ၊စီးပြားေရးေလာကဆုိတာ မ်က္လွည့္လိုပဲ၊ ကိုယ့္ရဲ႕ဝွက္ဖဲကို လူသိေအာင္မလုပ္မိေစရံုသာမက ကိုယ္ရဲ႕အကြက္ေတြနဲ႔လည္း တဖက္လူကို လွည့္စားတတ္ရတယ္၊

ကန္လ္ဟာ ေနာက္ေတာ့ သူဟာ ေျမကြက္အခ်ိဳ႕ကို ဝယ္ယူလိုက္သည္၊ထိုေျမကြက္ဟာ ၿမိဳ႕ျပင္ဘက္ျဖစ္တာေၾကာင့္ စိတ္ဝင္စားလွသူနည္းသည္၊ဒါေၾကာင့္ ကန္လ္ေစ်းသက္ေသာင့္သက္သာနဲ႔ပဲ ရ႐ွိလိုက္ေတာ့သည္၊ထိုေနာက္ သူဟာ 'BW'ေဆာ့ဝဲလ္ကုမၸဏီအေသးစားကို ႐ွယ္ယာဝင္ရန္ ကမ္းလွမ္းလိုက္သည္၊အျခားသူေတြ မျမင္သည့္အခ်က္ကို ကန္လ္ျမင္သည္၊ဒီကုမၸဏီဟာ အနာဂတ္မွာ ေအာင္ျမင္ေက်ာ္ၾကားလာမည့္ ITကုမၸဏီဆုိတာကိုေပါ့၊သူနည္းနည္းေလးေတာင္အနားမယူခဲ့ေပ၊ဒီခႏၶာကိုယ္တည္ေထာင္ခ်င္သည့္ကုမၸဏီဟာ စက္ပစၥည္းနဲ႔ဆိုင္သည့္ကုမၸဏီမ်ိဳးျဖစ္သည္၊ သူအေနနဲ႔ ဒီလိုနည္းပညာျမင့္မားသည့္ကမာၻမွာ လူအမ်ားအျမင္က်ယ္ေစႏိုင္သည့္စက္ကိရိယာတီထြင္ဖို႔ဆုိဟာ အနည္းငယ္ေခါင္းစားရမည့္ ကိစၥေပ၊

ထိုထက္ ဒီခႏၶာကိုယ္ဟာ အရမ္းထက္ျမက္ခဲ့ေပမယ့္ ၁၉ႏွစ္အရြယ္ေက်ာင္းသားဦးေႏွာက္နဲ႔ကန္လ္ကို ဘယ္သူဟာ ယုံၾကည္မွာလဲ?ဒါေၾကာင့္ ကန္လ္ သူနာမည္နဲ႔မစဥ္းစားေတာ့ပဲ 'K'ဆုိသည့္နာမည္ကိုသာ အသံုးျပဳရန္ ေတြးေတာလိုက္ၿပီးေနာက္မွာေတာ့ ၿမိဳ႕ျပင္ဘက္႐ွိ စက္ရံုေဟာင္းတစ္ခုကို ဝယ္ယူလိုက္သည္၊ေသခ်ာတာေပါ့ သူဟာ ၿမိဳ႕ထဲမွာလည္း လုပ္ငန္းအတြက္ ကြန္ဒိုတိုက္ခန္းတစ္ခန္းပါ ဝယ္ယူလိုက္သည္၊ ထိုေနာက္ မ်က္လံုးလည္း ေညာင္းညာလာတာေၾကာင့္ လုပ္လပ္စေတြကို ရပ္လိုက္ၿပီး ကုတင္ေပၚ ျပန္လွဲကာ အနားယူလိုက္ေတာ့သည္၊
--------

BW ကုမၸဏီမွာေတာ့ လူငယ္ႏွစ္ဦးဟာ တစ္ေယာက္ဟာ လုပ္ငန္းသံုးlaptopေ႐ွ႕တြင္ ထိုင္ကာ သူတို႔အသစ္တည္ေထာင္ထားသည့္ဒီလုပ္ငန္းနဲ႔ပတ္သတ္သည့္ အခ်က္အလက္ေတြ စစ္ေဆးေနၿပီး ေနာက္တစ္ေယာက္ကေတာ့ ဆုိဖာေပၚတြင္ ထိုင္ရင္း ဂိမ္းေဆာ့ေနသည္၊ထိုေနာက္ စားပြဲခံုမွာ တင္ထားသည့္ laptopကေန စာေစာင္ဝယ္လာသည္ျမင္ေတာ့ ဂိမ္းေဆာ့ေနသည့္ေယာက်ာ္းပ်ိဳဟာ ဖုန္းကို ခ်ကာ စာေစာင္ကို ဝင္ဖတ္ၾကည့္ၿပီးေနာက္မွာ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊ထိုအခ်င္းအရာကို အလုပ္လုပ္ေနသည့္ေယာက်ာ္းပ်ိဳဟာလည္း ျမင္တာေၾကာင့္

"ဘာကိစၥလဲ ေဟးဆန္?" လို႔ ေမးလာသည့္ခ်ိန္မွာ ေဟးဆန္ဆုိသည့္တစ္ေယာက္ဟာ laptopကို ထုိလူဘက္လွည့္ျပကာ

"ကြၽန္ေတာ္တို႔ လုပ္ငန္းကို သိတဲ့သူသိပ္မ႐ွိေသးပဲနဲ႔ ဒီတစ္ေယာက္က ႐ွယ္ယာဝင္မည့္အေၾကာင္း လာကမ္းလွမ္းတယ္ အစ္ကိုဂ်က္မင္" လို႔ ေျပာလာေတာ့သည္၊မွန္သည္ ထိုႏွစ္ဦးဟာ ဂ်ဴပါရက္စ္မိသားစုရဲ႕ဒုတိယသားနဲ႔အငယ္ဆံုးသားျဖစ္သည္၊ဒုတိယသားဂ်က္မင္ ဂ်ဴပါရက္စ္ဟာ 26ႏွစ္႐ွိေနၿပီး ဘြဲ႔ရၿပီးၿပီးခ်င္းမွာပဲ သူဝါသနာပါသည့္ နည္းပညာကုမၸဏီအေသးစားေလးေထာင္လိုက္ျခင္းျဖစ္ၿပီး အငယ္ဆံုးသား​ေဟးဆန္ ဂ်ဴပါရက္စ္ကေတာ့ 22ႏွစ္သာ႐ွိေသးၿပီး ေကာလိပ္ေက်ာင္းသားတစ္ေယာက္ျဖစ္ေပမယ့္ ဒီကုမၸဏီရဲ႕ေၾကာ္ျငာေရးအပိုင္းကို တာဝန္ယူထားသူျဖစ္သည္၊

ဂ်က္မင္လည္း 'K'ဆုိသည့္နာမည္ျဖင့္ ဆက္သြယ္လာသည့္အ​ေကာင့္ပိုင္႐ွင္ကို ၾကည့္ရင္း ...

"သူ႔ကို ဆက္သြယ္လိုက္ၿပီး ငါတို႔ရဲ႕ကုမၸဏီလိပ္စာကို ေျပာလိုက္" လို႔ ေျပာလိုက္သည့္ခ်ိန္မွာ ေဟးဆန္ဟာလည္း ေခါင္းညိတ္လိုက္ၿပီး 'K'ဟာ ဆက္သြယ္ရန္ေပးထားသည့္ဖုန္းနံပါတ္ကို ဆက္လိုက္ေတာ့သည္၊တဖက္မွာ ခ်က္ခ်င္းမေျဖဘဲ အနည္းငယ္အခ်ိန္ၾကာသည့္ေနာက္မွာေတာ့ ၾသၿပီးအက္႐ွသည့္ေယာက်ာ္းေလးတစ္ေယာက္အသံၾကားလိုက္ကေတာ့သည္၊ ေဟးဆန္ဟာလည္း သူ႔အစ္ကိုၾကားေအာင္ 'Speaker'ဖြင့္ထားတာေၾကာင့္ သူတို႔ႏွစ္ဦးလံုးဟာ တဖက္ကေန 'Hello ဘယ္သူလဲမသိဘူးဗ်'ဆုိသည့္ စကားသံေအာက္မွာ မွင္သက္သြားေတာ့သည္၊ေနာက္မွာေတာ့ ေဟးဆန္ဟာ ျမန္ျမန္ဆန္ဆန္ပင္

"ဟုတ္ကဲ့ မစၥတာ.Kလားမသိဘူး ကြၽန္​ေတာ္က BW ကုမၸဏီကပါ "လို႔ ေျပာလိုက္ေတာ့ တဖက္ကလူဟာ

"ေၾသာ္ ႐ွယ္ယာဝင္ကိစၥနဲ႔ပတ္သတ္ၿပီး ေဆြးေႏြးခ်င္လို႔လားဗ်?" လို႔ ေမးလာသည့္ခ်ိန္မွာေတာ့ ေဟးဆန္ဟာ ေယာင္ယမ္းၿပီးေခါင္းညိတ္လိုက္မိၿပီး​ေနာက္မွာ သူရဲ႕အျပဳအမူေပၚ သတိထားမိသြားၿပီး သူရဲ႕နားမ်ားဟာ ရဲသြား​ေပမယ့္ ခပ္တည္တည္ျဖင့္သာ

"ဟုတ္ကဲ့ အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ကုမၸဏီကို တခ်က္ေလာက္ လာေပးႏိုင္မလားဗ် လိပ္စာကို ကြၽန္ေတာ္ဘက္က ပို႔လိုက္မယ္"လို႔ ေျပာလိုက္ေပမယ့္ တဖက္ဟာ တိတ္ဆိတ္သြားၿပီးေနာက္မွာ သက္ျပင္းသာခ်လာၿပီး

"ေတာင္းပန္ပါတယ္... ကိုယ့္ဘက္က လာခ်င္ေပမယ့္ ကိုယ့္ရဲ႕ခႏၶာကိုယ္က အခုမွ နလန္ထူစျဖစ္ေနလို႔ အျပင္ထြက္ဖို႔ အဆင္ေျပမွာမဟုတ္ဘူး... တကယ္လို႔ မင္းတို႔ဘက္က ေသခ်ာေပါက္ေဆြးေနမွ ျဖစ္မယ္ဆုိရင္ ကိုယ္ေျပာတဲ့လိပ္စာအတိုင္း လာခဲ့ေပးႏိုင္မလား မင္းတို႔ကိုယ္တိုင္မလာဘဲ အေတြးေရးမႉးတစ္ေယာက္တည္း လႊတ္လိုက္လည္း ရတယ္" လို႔​ေျပာလာသည့္စကား​ေၾကာင့္ ေဟးဆန္ဟာ ဂ်က္မင္ကို လွမ္းၾကည့္လိုက္သည္၊ဂ်က္မင္ဟာ သေဘာတူေၾကာင္း ေခါင္းညိတ္ျပလိုက္သည့္ခ်ိန္မွာေတာ့ ေဟးဆန္လည္း 'K'ရဲ႕လိပ္စာကို ေတာင္းလိုက္ေတာ့သည္၊သူတို႔ဟာ မနက္ျဖန္မနက္ပိုင္း​တြင္ ေတြ႔ရန္ ခ်ိန္းလိုက္ေတာ့သည္၊ထို​ေနာက္ 'K'ဘက္က ဖုန္းခ်သြားၿပီးေနာက္မွာေတာ့ ေဟးဆန္ဟာ ဂ်က္မင္ဘက္လွည့္ကာ

"သူက ဘယ္သူျဖစ္ႏိုင္မလဲ?ကြၽန္ေတာ္ တကယ္စိတ္ဝင္စားမိတယ္" လို႔ ေျပာလုိက္ေတာ့ ဂ်က္မင္ဟာ တခ်က္သာၾကည့္လိုက္ရင္း စိတ္မဝင္စားသည့္ပံုစံျဖင့္ အလုပ္ဆက္လုပ္ေနေတာ့သည္၊ဒါေပမယ့္ သူလည္း 'K'ေပၚ စိတ္ဝင္စားမိေနတာ အမွန္ေပ၊တဖက္သူဟာ ဘယ္သူလည္း မသိဘဲနဲ႔ သူတို႔ညီအစ္ကိုႏွစ္ေယာက္လံုးရဲ႕အာရံုကို ဖမ္းယူသြားႏိုင္တာ တကယ္ကိုေလးစားစရာေပ

'K မင္းဘယ္သူလဲ ကိုယ္စိတ္ဝင္စားေနၿပီ'

-------------------------

Unicode

နီကိုးလ်ဟာ ကန်လ် ဝီလ်စလန်နားမှာ ညနေထိ အဖော်ပြုပေးနေခဲ့ပြီးနောက်မှာတော့ သူ့ညီ ဂျူပီယာဟာ မျက်ရည်ဘူးသီးလောက်ဖြင့် လူနာဆောင်ထဲ ပြေးဝင်လာကာ ကန်လ်ကို ပြေးဖက်လေတော့သည်၊ဆရာဝန်ဟာ မတော်တဆထိခိုက်မှုကြောင့် သူ့အစ်ကိုဟာ ဘယ်တော့မှ နိုးထလာမည် မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်မလား၊ သူ့အစ်ကိုဟာ ဦးနှောက်သေဆုံးသွားတယ်လို့ပင် ကျွမ်းကျင်ဆရာဝန်များစွာဟာ ပြောကြားခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူရန်အကြံပေးခဲ့ပေမယ့် သူတို့ဟာ အတိအလင်းငြင်းပယ်ခဲ့သည်၊

ဒါတော်သေးတယ်ဟု ဆိုရမည်၊ခုနှစ်နှစ်ကြာပြီးနောက်မှာ သူ့အစ်ကိုဟာ ပြန်လည်နိုးထလာခဲ့ပြီ၊ကျန်းမာရေးအခြေအနေလည်း အရမ်းကောင်းမွန်တာကြောင့် ဂျူပီယာပျော်ရွှင်မဆုံး ဖြစ်နေမိသည်၊

"ကိုကို.. တကယ်ပဲလား... ဂျူပီယာ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား..." လို့ ငိုယိုကာပြောဆိုလာသည့် သူ့ညီငယ်ကို ကန်လ်ဟာ ရင်ခွင်ထဲထည့်ကာ ကျောလေးကို ဖွဖွလေးပုတ်ပေးရင်း

"ကိုကို တောင်းပန်ပါတယ်...ကိုကို့ညီလေးကို အကြာကြီး ပစ်ထားမိခဲ့တယ်" လို့ သူ့အစ်ကိုရဲ့အရင်လိုနွေးထွေးပြီး သူ့အပေါ်ဂရုစိုက်သည့်အသံကြားလာသည့်ချိန်မှာတော့ ဂျူပီယာ ထိန်းမနိုင်အောင် ငိုယိုမိတော့သည်၊ သူ့အစ်ကိုဟာ သူ့နားပြန်လာခဲ့ပြီ၊သူ့အစ်ကိုဟာ အရင်လိုပဲ သူ့အပေါ်ဂရုစိုက်နေဆဲပင်၊သူဘုရားသခင်ကို ကျေးဇူးတင်မိသည် သူတို့ကို အခွင့်အရေးထပ်ပေးခဲ့လို့...၊

ထိုနေ့က ကန်လ်ကို သူတို့ဟာ ဆေးရုံကနေ အိမ်တော်မှာပဲ ကုသရန် ဆရာဝန်ခွင့်ပြုချက်အရယူပြီးနောက်မှတော့ ဝီလ်စလန်အိမ်တော်ကို ကန့်ဟာ ပြန်ရောက်လာတော့သည်၊သူတို့ဟာ ကန်လ် ပြန်လည်နိုးထလာသည့်သတင်းကို မီဒီယာတွေ သိအောင် ကြော်ငြာချင်သော်လည်း ကန့်ဟာ မလုပ်ရန်တားမြစ်လာပြီး သူရဲ့ခန္ဓာကိုယ်နဲ့ အခြားအကြောင်းအရာတွေကို လေ့လာပြီးမှ လူကြားထဲ ဖွင့်ထုတ်မည်ဟု ပြောကြားလာတာကြောင့် သူတို့ဟာ ကန်လ်ကိစ္စကို ဖုံးကွယ်ထားလိုက်တော့သည်၊

ကန်လ်ဟာ သူရဲ့အခန်းထဲမှာနေပြီး အကုန်လုံးထွက်သွားသည့်ချိန်ကျမှ ကုတင်ပေါ်ကနေ ဆင်းကာ သူရဲ့စာကြည့်စားပွဲဆီကို လျှောက်လှမ်းလာတော့သည်၊ထိုနောက် သူအထက်တန်းထဲက သုံးသည့် ဖုန်းဟောင်းလေးကို ယူရင်း သူစုထားသည့် ပိုက်ဆံအမောက်ကို လှမ်းစစ်ဆေးလိုက်သည့်ချိန်မှာ ဒေါ်လာတသန်းကျော်လောက် ရှိနေသေးသည်ကို တွေ့လိုက်ရသည်၊ဒါ သူအလယ်တန်းကျောင်းသားဘဝထဲကနေ စုလာခြင်းဖြစ်သည်၊ သူအထက်တန်းပြီးရင် လုပ်ငန်းအသေးစားထောင်ရန် ရည်ရွယ်ချက်ဖြင့် စုထားခြင်းဖြစ်သည်၊အခုတော့ သူဟာ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်၊သူသိသည် သူ့အဘိုးဟာ သူနာမည်နဲ့ကုမ္ပဏီကြီးတစ်ခုဟာ ရှယ်ယာဝင်ထားသေးတာကြောင့် ထိုရှယ်ယာဝင်အတွက်ရသည့် တလစာဝင်ငွေကိုလည်း ဘဏ်အကောင့်တစ်ခုနဲ့သီးသန့်စုထားသေးသည်၊ အဲ့လောက်ဆိုရင် သူဝင်နှောက်ဖို့ အဆင်ပြေတာပဲ၊

ကန်လ်တစ်ယောက် laptopကို ဖွင့်ကာ အိမ်မြေယာဈေးကွက်တွေနဲပတ်သတ်ပြီး စတင်စုံစမ်းနေရင်း မြေယာဈေးကွက်တစ်ကွက်ကို လီရိုနာ ရော့လ်လက်မစ်ပါ ဝင်ရောက်လေလံစွဲထားသည်ကို မြင်လိုက်ရတော့ ကန်လ်ရဲ့နူတ်ခမ်းထောင့်စွန်းဟာ ပြုံးသွားပြီး လီရိုနာ လိုက်လံလေစွဲထားသည့် ငွေအမောက်ရဲ့နောက်ကနေ တစ်ဒေါ်လာပိုထည့်ကာ လိုက်လာသည်၊ထိုချိန်မှာ မြေယာဈေးကွက်စနစ်ကနေ သူလျို့ဝှက်စွာပေးထားသည့် 'K' ဆိုသည့်နာမည်ဟာ ထိပ်ဆုံးထိ ထိုးတက်သွားကာ သူရဲ့နောက်တွေ သူနဲ့တဒေါ်လာသာ ကွာသည် 'လီရိုနာ ရော့လ်လက်မစ်'သာ ရှိနေသည်၊စက္ကန့်အနည်းငယ်ကြာမှာတော့ 'လီရိုနာ ရော့လ်လက်မစ်' နာမည်ဟာ ထိပ်ဆုံးပြန်တက်သွားပြီး ဒေါ်လာနှစ်သိန်းငါးသောင်းခြောက်ထောင်နဲ့ရပ်တည်နေတော့သည်၊

'အို...သူက ဒေါ်လာတစ်သိန်းထည့်ပေါင်းလိုက်တာပဲ'လို့ ကန်လ်ဟာ စိတ်ထဲပြောလာရင်း သူလည်း ငွေအမောက်ကို ထပ်ဖြည့်လိုက်တော့သည်၊

K - £256,001 ဆိုပြီး ထပ်ဆုံးရောက်သွားပြန်တော့သည်၊ထိုလိုနဲ့ ဒေါ်လာခြောက်သိန်းထိတက်သွားရင်း နောက်ဆုံးဂဏန်းကလည်း တစ်ဒေါ်လာဖြစ်နေတော့သည်၊

ရော့လ်လက်မစ်အိမ်​တော်ရှိ အခန်းတစ်ခန်းမှာတော့ ငွေရောင်ဆံပင်များနဲ့လှပသည့်ကောင်လေးတစ်ယောက်ဟာ သူရဲ့laptopကို ဒေါသတကြီးကြည့်ကာ

"K! အဲ့ခွေးကောင်က ဘယ်သူလဲ!" လီရိုနာအရမ်းကို ပေါက်ကွဲလို့နေခဲ့ပြီ၊သူဒီမြေကွက်ကို အရမ်းလိုချင်စိတ်မဖြစ်သော်လည်း လွန်ခဲ့တဲ့မိနစ်အနည်းငယ်က သူပေးထားတဲ့ငွေပမာဏထက် ပိုပေးထားသည့်သူပေါ်လာသည့်ချိန်မှာတော့ စိတ်ထဲဒေါသထွက်သွားကာ နောက်ထပ်ဒေါ်လာတစ်သိန်းတင်လိုက်ခြင်းဖြစ်သည်၊ဒါပေမယ့် တဖက်ရှိလူဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသည် မြင်တော့ သူရဲ့လက်ရှိ ပုံရိပ်ကိုပင် သူမထိန်းနိုင်တော့ပေ၊ ဟိုက်မက်ဟာ အခု သူရဲ့မျက်နှာချင်းဆိုင် အခန်းထဲတွင် ရှိနေသည်၊သူသာ ဒေါသတကြီးကျိန်ဆဲမိလို့ ဟိုက်မက်ကြားသွားခဲ့ရင် သူတည်ဆောက်ထားသည့် ပုံရိပ်ဟာ အလကားဖြစ်ကုန်လိမ့်မည်၊ဒါ​ကြောင့် လီရိုနာတစ်ယောက် ဖုန်းတစ်ကောလ်ကို ခေါ်လိုက်ပြီး'K'ဆိုသည့် လူအကြောင်း စုံစမ်းပေမယ့် မည်သည့်အချက်အလက်များမရခဲ့တာကြောင့် ပိုမိုဒေါသထွက်လာပြန်သည်၊

ဒီလူက ဘယ်သူလဲ? အရင်တုန်းက ငါဆိုးသွမ်းနေခဲ့ပြီး ဟိုက်မက်ကိုချစ်မိပြီးနောက်မှာ မြေခြံအကျိုးဆောင်လုပ်ငန်းကို လေ့လာခဲ့ပေမယ့် ထဲထဲဝယ်ဝယ်မလေ့လာခဲ့တာကြောင့် 'K'ဆိုသည့် သူအကြောင်းမသိခဲ့ပေ၊ အဟက် ဘယ်သူပဲ ဖြစ်ဖြစ် ငါ့လို နတ်ဘုရားတွေရဲ့ကောင်းချီးပေးခံထားရတဲ့သူကို ယှဉ်နိုင်မှာလား၊

လီရိုနာ ကိုယ့်ကိုယ်ကို စိတ်ဖြေလျော့လိုက်ပြီးနောက် ထိုမြေကို ရအောင်ဝယ်ရန်ထပ်မံလေလံဆွဲလိုက်တော့သည်၊ဒါပေမယ့် ဘယ်လောက်ပဲ ကုန်ပါစေ ထိုမြေကွက်ကို ရမှဖြစ်မည်၊လီရိုနာ တဖက်လူဟာ သူ့ကိုကစားနေမှန်း သိပေမယ့် ထိုမြေကွက်ကို ရအောင်ဝယ်ရန်သာ အားကုန်သွန်စိုက်နေတော့သည်၊ နောက်ဆုံးအဆမတန်ဈေးဖြင့် ဝယ်ယူမိသွားတော့သည်၊ အရင်ထက် ငါးဆလောက်မြှင့်သည့် ဈေးဖြင့်ဝယ်လိုက်မိတာကြောင့် သူမှာ အောက်နူတ်ခမ်းကိုက်ကာ ဒေါသထွက်နေရုံသာ တတ်နိုင်တော့သည်၊

ကန်လ်ကတော့ ထိုပိန်းလွန်းသည့် လီရိုနာရဲ့လုပ်ရပ်ကို လှောင်ကာ ရယ်မောနေမိသည်၊ဘာလဲ? ထိုမြေကွက် နောက်ပိုင်း ဈေးဝယ်စင်တာ တည်ဆောက်ပြီး ထိုးဖောက်ချင်တာလား ပိန်းလိုက်တဲ့လူသား... ၊စီးပွားရေးလောကဆိုတာ မျက်လှည့်လိုပဲ၊ ကိုယ့်ရဲ့ဝှက်ဖဲကို လူသိအောင်မလုပ်မိစေရုံသာမက ကိုယ်ရဲ့အကွက်တွေနဲ့လည်း တဖက်လူကို လှည့်စားတတ်ရတယ်၊

ကန်လ်ဟာ နောက်တော့ သူဟာ မြေကွက်အချို့ကို ဝယ်ယူလိုက်သည်၊ထိုမြေကွက်ဟာ မြို့ပြင်ဘက်ဖြစ်တာကြောင့် စိတ်ဝင်စားလှသူနည်းသည်၊ဒါကြောင့် ကန်လ်ဈေးသက်သောင့်သက်သာနဲ့ပဲ ရရှိလိုက်တော့သည်၊ထိုနောက် သူဟာ 'BW'ဆော့ဝဲလ်ကုမ္ပဏီအသေးစားကို ရှယ်ယာဝင်ရန် ကမ်းလှမ်းလိုက်သည်၊အခြားသူတွေ မမြင်သည့်အချက်ကို ကန်လ်မြင်သည်၊ဒီကုမ္ပဏီဟာ အနာဂတ်မှာ အောင်မြင်ကျော်ကြားလာမည့် ITကုမ္ပဏီဆိုတာကိုပေါ့၊သူနည်းနည်းလေးတောင်အနားမယူခဲ့ပေ၊ဒီခန္ဓာကိုယ်တည်ထောင်ချင်သည့်ကုမ္ပဏီဟာ စက်ပစ္စည်းနဲ့ဆိုင်သည့်ကုမ္ပဏီမျိုးဖြစ်သည်၊ သူအနေနဲ့ ဒီလိုနည်းပညာမြင့်မားသည့်ကမ္ဘာမှာ လူအများအမြင်ကျယ်စေနိုင်သည့်စက်ကိရိယာတီထွင်ဖို့ဆိုဟာ အနည်းငယ်ခေါင်းစားရမည့် ကိစ္စပေ၊

ထိုထက် ဒီခန္ဓာကိုယ်ဟာ အရမ်းထက်မြက်ခဲ့ပေမယ့် ၁၉နှစ်အရွယ်ကျောင်းသားဦးနှောက်နဲ့ကန်လ်ကို ဘယ်သူဟာ ယုံကြည်မှာလဲ?ဒါကြောင့် ကန်လ် သူနာမည်နဲ့မစဉ်းစားတော့ပဲ 'K'ဆိုသည့်နာမည်ကိုသာ အသုံးပြုရန် တွေးတောလိုက်ပြီးနောက်မှာတော့ မြို့ပြင်ဘက်ရှိ စက်ရုံဟောင်းတစ်ခုကို ဝယ်ယူလိုက်သည်၊သေချာတာပေါ့ သူဟာ မြို့ထဲမှာလည်း လုပ်ငန်းအတွက် ကွန်ဒိုတိုက်ခန်းတစ်ခန်းပါ ဝယ်ယူလိုက်သည်၊ ထိုနောက် မျက်လုံးလည်း ညောင်းညာလာတာကြောင့် လုပ်လပ်စတွေကို ရပ်လိုက်ပြီး ကုတင်ပေါ် ပြန်လှဲကာ အနားယူလိုက်တော့သည်၊
--------

BW ကုမ္ပဏီမှာတော့ လူငယ်နှစ်ဦးဟာ တစ်ယောက်ဟာ လုပ်ငန်းသုံးlaptopရှေ့တွင် ထိုင်ကာ သူတို့အသစ်တည်ထောင်ထားသည့်ဒီလုပ်ငန်းနဲ့ပတ်သတ်သည့် အချက်အလက်တွေ စစ်ဆေးနေပြီး နောက်တစ်ယောက်ကတော့ ဆိုဖာပေါ်တွင် ထိုင်ရင်း ဂိမ်းဆော့နေသည်၊ထိုနောက် စားပွဲခုံမှာ တင်ထားသည့် laptopကနေ စာစောင်ဝယ်လာသည်မြင်တော့ ဂိမ်းဆော့နေသည့်ယောကျာ်းပျိုဟာ ဖုန်းကို ချကာ စာစောင်ကို ဝင်ဖတ်ကြည့်ပြီးနောက်မှာ မျက်မှောင်ကြုတ်သွားတော့သည်၊ထိုအချင်းအရာကို အလုပ်လုပ်နေသည့်ယောကျာ်းပျိုဟာလည်း မြင်တာကြောင့်

"ဘာကိစ္စလဲ ဟေးဆန်?" လို့ မေးလာသည့်ချိန်မှာ ဟေးဆန်ဆိုသည့်တစ်ယောက်ဟာ laptopကို ထိုလူဘက်လှည့်ပြကာ

"ကျွန်တော်တို့ လုပ်ငန်းကို သိတဲ့သူသိပ်မရှိသေးပဲနဲ့ ဒီတစ်ယောက်က ရှယ်ယာဝင်မည့်အကြောင်း လာကမ်းလှမ်းတယ် အစ်ကိုဂျက်မင်" လို့ ပြောလာတော့သည်၊မှန်သည် ထိုနှစ်ဦးဟာ ဂျူပါရက်စ်မိသားစုရဲ့ဒုတိယသားနဲ့အငယ်ဆုံးသားဖြစ်သည်၊ဒုတိယသားဂျက်မင် ဂျူပါရက်စ်ဟာ 26နှစ်ရှိနေပြီး ဘွဲ့ရပြီးပြီးချင်းမှာပဲ သူဝါသနာပါသည့် နည်းပညာကုမ္ပဏီအသေးစားလေးထောင်လိုက်ခြင်းဖြစ်ပြီး အငယ်ဆုံးသား​ဟေးဆန် ဂျူပါရက်စ်ကတော့ 22နှစ်သာရှိသေးပြီး ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ဒီကုမ္ပဏီရဲ့ကြော်ငြာရေးအပိုင်းကို တာဝန်ယူထားသူဖြစ်သည်၊

ဂျက်မင်လည်း 'K'ဆိုသည့်နာမည်ဖြင့် ဆက်သွယ်လာသည့်အ​ကောင့်ပိုင်ရှင်ကို ကြည့်ရင်း ...

"သူ့ကို ဆက်သွယ်လိုက်ပြီး ငါတို့ရဲ့ကုမ္ပဏီလိပ်စာကို ပြောလိုက်" လို့ ပြောလိုက်သည့်ချိန်မှာ ဟေးဆန်ဟာလည်း ခေါင်းညိတ်လိုက်ပြီး 'K'ဟာ ဆက်သွယ်ရန်ပေးထားသည့်ဖုန်းနံပါတ်ကို ဆက်လိုက်တော့သည်၊တဖက်မှာ ချက်ချင်းမဖြေဘဲ အနည်းငယ်အချိန်ကြာသည့်နောက်မှာတော့ သြပြီးအက်ရှသည့်ယောကျာ်းလေးတစ်ယောက်အသံကြားလိုက်ကတော့သည်၊ ဟေးဆန်ဟာလည်း သူ့အစ်ကိုကြားအောင် 'Speaker'ဖွင့်ထားတာကြောင့် သူတို့နှစ်ဦးလုံးဟာ တဖက်ကနေ 'Hello ဘယ်သူလဲမသိဘူးဗျ'ဆိုသည့် စကားသံအောက်မှာ မှင်သက်သွားတော့သည်၊နောက်မှာတော့ ဟေးဆန်ဟာ မြန်မြန်ဆန်ဆန်ပင်

"ဟုတ်ကဲ့ မစ္စတာ.Kလားမသိဘူး ကျွန်​တော်က BW ကုမ္ပဏီကပါ "လို့ ပြောလိုက်တော့ တဖက်ကလူဟာ

"သြော် ရှယ်ယာဝင်ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်လို့လားဗျ?" လို့ မေးလာသည့်ချိန်မှာတော့ ဟေးဆန်ဟာ ယောင်ယမ်းပြီးခေါင်းညိတ်လိုက်မိပြီး​နောက်မှာ သူရဲ့အပြုအမူပေါ် သတိထားမိသွားပြီး သူရဲ့နားများဟာ ရဲသွား​ပေမယ့် ခပ်တည်တည်ဖြင့်သာ

"ဟုတ်ကဲ့ အဲ့တာကြောင့် ကျွန်တော်တို့ကုမ္ပဏီကို တချက်လောက် လာပေးနိုင်မလားဗျ လိပ်စာကို ကျွန်တော်ဘက်က ပို့လိုက်မယ်"လို့ ပြောလိုက်ပေမယ့် တဖက်ဟာ တိတ်ဆိတ်သွားပြီးနောက်မှာ သက်ပြင်းသာချလာပြီး

"တောင်းပန်ပါတယ်... ကိုယ့်ဘက်က လာချင်ပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်က အခုမှ နလန်ထူစဖြစ်နေလို့ အပြင်ထွက်ဖို့ အဆင်ပြေမှာမဟုတ်ဘူး... တကယ်လို့ မင်းတို့ဘက်က သေချာပေါက်ဆွေးနေမှ ဖြစ်မယ်ဆိုရင် ကိုယ်ပြောတဲ့လိပ်စာအတိုင်း လာခဲ့ပေးနိုင်မလား မင်းတို့ကိုယ်တိုင်မလာဘဲ အတွေးရေးမှူးတစ်ယောက်တည်း လွှတ်လိုက်လည်း ရတယ်" လို့​ပြောလာသည့်စကား​ကြောင့် ဟေးဆန်ဟာ ဂျက်မင်ကို လှမ်းကြည့်လိုက်သည်၊ဂျက်မင်ဟာ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည့်ချိန်မှာတော့ ဟေးဆန်လည်း 'K'ရဲ့လိပ်စာကို တောင်းလိုက်တော့သည်၊သူတို့ဟာ မနက်ဖြန်မနက်ပိုင်း​တွင် တွေ့ရန် ချိန်းလိုက်တော့သည်၊ထို​နောက် 'K'ဘက်က ဖုန်းချသွားပြီးနောက်မှာတော့ ဟေးဆန်ဟာ ဂျက်မင်ဘက်လှည့်ကာ

"သူက ဘယ်သူဖြစ်နိုင်မလဲ?ကျွန်တော် တကယ်စိတ်ဝင်စားမိတယ်" လို့ ပြောလိုက်တော့ ဂျက်မင်ဟာ တချက်သာကြည့်လိုက်ရင်း စိတ်မဝင်စားသည့်ပုံစံဖြင့် အလုပ်ဆက်လုပ်နေတော့သည်၊ဒါပေမယ့် သူလည်း 'K'ပေါ် စိတ်ဝင်စားမိနေတာ အမှန်ပေ၊တဖက်သူဟာ ဘယ်သူလည်း မသိဘဲနဲ့ သူတို့ညီအစ်ကိုနှစ်ယောက်လုံးရဲ့အာရုံကို ဖမ်းယူသွားနိုင်တာ တကယ်ကိုလေးစားစရာပေ

'K မင်းဘယ်သူလဲ ကိုယ်စိတ်ဝင်စားနေပြီ'

-------------------------

Bạn đang đọc truyện trên: ZingTruyen.Info