ZingTruyen.Info

Dei No That S My Abode System

Zawgyi



[Snow: အရှင်သခင်ဆီ Eira ဒီကမ္ဘာနဲ့သက်ဆိုင်တဲ့ မှတ်ဥာဏ်တွေ ပို့ပေးမယ်!!]လို့ ပြောလိုက်ရင်း သူရဲ့ဦးနှောက်ထဲကို များစွာသော မှတ်ဥာဏ်များဝင်ရောက် ထိုးဖောက်လာတော့သည်၊

ဒီကမ္ဘာဟာ ခေတ်သစ်ကမ္ဘာဖြစ်ပြီး ဇာတ်အိမ်နှစ်ခု ကွဲထွက်နေခဲ့သည်၊ တော်ဝင်မျိုးနွယ်တွေဟာ လူတွေရဲ့အလေးထားမှုကို ခံရပေမယ့် စီးပွားရေးရှင်တွေနဲ့ ယှဉ်ရင်တော့ နောက်ကောက်မြဲပင်၊ ဒီကမ္ဘာရဲ့ဇာတ်လိုက်ဟာ ဟိုက်မက် ရော့လ်လက်မစ်ဖြစ်ပြီး ရော့လ်လက်မစ်အိမ်တော်ရဲ့အဓိကဆက်ခံသူဖြစ်သည်၊ထူးခြားသည်ဟာ ရော့လ်လက်မစ်ဟာ မိခင်ကော ဖခင်ကောဟာ ဆုံးပါးသွားခဲ့ပြီးနောက်မှာတော့ ဟိုက်မက်ဟာ သူ့မိထွေးရဲ့အကောက်ကြံမှုအမျိုးမျိုးကို ခံခဲ့ရတော့သည်၊သူရဲ့ဖခင်ဟာ မိသားစုပိုင်ဆိုင်ခဲ့သည့်အမွေ 70%ကို ဟိုက်မက်နာမည်ဖြင့် လွဲပြောင်းခဲ့တာကြောင့် ကျန်ရစ်သူမိသားစုဝင်တွေဟာ မကျေမနပ်ဖြစ်ကြတော့သည်၊မိထွေးဟာလည်း ဟိုက်မက် အသက်(18)နှစ်မပြည့်သေးသည်နှင့်ကိုင်ပေါက်ကာ ရော့လ်လက်မစ်ပိုင်စီးပွားရေးဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ လုပ်ချင်သလို လုပ်နေတော့သည်၊မိထွေးရဲ့သားနှစ်ယောက်ဟာလည်း ဟိုက်မက်ကို အိမ်မှာပင် အနိုင်ကျင့်ရုံသာမက ကျောင်းမှာလည်း အစေခံတစ်ယောက်လို ဆက်ဆံကြတော့သည်၊အဓိကကတော့ အကြီးဆုံးသား လီရိုနာဟာ အဆိုးဆုံးဖြစ်သည်၊သူဟာ မောက်မာကာ ကြမ်းတမ်းသည့်စရိုက်ရှိသူပီပီ အမြဲတမ်း ဟိုက်မက်ကိုအနိုင်ကျင့်ခဲ့သည်၊ ဒါပေမယ့် မိထွေးဟာ ဟိုက်မက်ကို တက္ကသိုလ်ကျောင်းဘော်ဒါအဖြင့် စေလွှတ်ခံပြီးနောက်မှာတော့ အရာအားလုံးဟာ ပြောင်းလဲခဲ့သည်၊ဟိုက်မက်ဟာ ပြန်လည်ရုန်းကန်ထနိုင်ရုံသာမက ကြောင်တစ်ကောင်ကနေ ခြင်္သေ့တစ်ကောင်သို့ပြောင်းလဲနိုင်ခဲ့သည်၊သူဟာ သူ့မိထွေးလက်ထဲကနေ သူ့ဖခင်သူ့အတွက်ထားရှိတာတွေ ပြန်ယူနိုင်ခဲ့သည်၊

ဒါပေမယ့်ထိုအချိန်မှာ အကြီးဆုံးသား လီရိုနာ ရော့လ်လက်မစ်ဟာ ဟိုက်မက်ကို တဖက်သတ်ခိုးကြိုက်သွားတော့သည်၊ဟိုက်မက်ရဲ့ပုံစံဟာ သူရဲ့အကြိုက်ဖြစ်​နေခဲ့ခြင်းဖြစ်တာကြောင့်ရယ် သူဟာ ဆင်းရဲသည့်ဘဝကို ပြန်မသွားချင်တာ​ကြောင့် ဟိုက်မက်ကို ပြန်လည်ကပ်ကာ မြူဆွယ်ရန်ကြိုးစားခဲ့ပေမယ့် ဟိုက်မက်ကတော့ သူတို့တိုင်းပြည်ရဲ့တော်ဝင်မင်းသားငယ်လေး ဂျူပီယာ ဝီလ်စလန်ကိုသာ ချစ်ကြိုက်နေခဲ့ပြီဖြစ်သည်၊ဒါကို လီရိုနာ သိသောအခါမှာ လီရိုနာဟာ ဝီလ်စလန်ကို လိုက်လံနှောင့်ယှက်တိုက်ခိုက်ခဲ့သည်၊ဟိုက်မက်နဲ့ဂျူပီယာကြား အထင်လွဲအောင် အမျိုးမျိုးလုပ်ခဲ့ပေမယ့် နောက်ဆုံး ဟိုက်မက်နဲ့ဂျူပီယာဟာ တစ်ဦးကို တစ်ဦးပိုမိုချစ်ခင်လာကာ လက်ထပ်သွားကြတော့သည်၊ လီရိုနာကတော့ အသည်းကွဲကာ အရက်သောက်ရင်း လမ်းပေါ်မှာသောင်းကျန်းကာ နောက်ဆုံး ကားတိုက်ခံရကာ သေဆုံးသွားခဲ့သည်၊



သူဝင်ထားတဲ့ခန္ဓာကိုယ်ကတော့ လုပ်ကြံခံရကာ သတိမေ့မျောကာ ကိုမာဝင်ခဲ့သည့် ဝီလ်စလန်မိသားစုရဲ့ပထမမင်းသားဖြစ်သည်၊ဒီဇာတ်အိမ်ထဲမှာ ပထမမင်းသား ကန် ဝီလ်စလန်ဟာ မပါဝင်ခဲ့ချေ၊ဘာလို့လဲဆိုတော့ သူဟာ ဘယ်တော့မှ မနိုးထလာသောကြောင့်ဖြစ်သည်၊သူဟာ တော်ဝင်မိသားစုကြား ဘာတွေဖြစ်ပွားခဲ့မှန်း တစ်ခုမှ မရှိခဲ့ပေ၊

Scarlet မှတ်ဥာဏ်များကို ရပြီးနောက်မှာတော့ ခုနှစ်နှစ်လောက် ကိုမာဝင်နေသည့် သူရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားလိုက်ပေမယ့် သူရဲလက်ချောင်းတွေသာ ရွေ့လျားလာပြီး... သူရဲ့ခန္ဓာကိုယ်ဟာ ဆက်လှုပ်လို့မရအောင် လေးလံထိုင်းမှိုင်းနေတော့သည်၊

ထိုချိန်မှာ လူနာဆီပုံမှန် စစ်ဆေးနေကြသူနာပြုမလေးဟာ တံခါးဖွင့်လာတော့သည်၊သူမဟာ လူနာကို ဆေးသွင်းရန် လုပ်တော့မည်ချိန်မှာ ခုနှစ်နှစ်လောင်ကိုမာဝင်နေသည့်လူနာဟာ မျက်လုံးများဖွင့်နေကာ သူမကို ကြည့်နေသည်ကို သိလိုက်ရတော့သည်၊ထိုနောက် ထိုလူနာရဲ့ဖြူဖျော့နေသည့်နူတ်ခမ်းလွှာဟာ ပွင့်လာပြီး...

"မ...မင်း... ရဲ့... မှာ ကပ်... " လို့ အက်ကွဲကာ သြရှနေသည့်ယောကျာ်းနစ်ယောက်အသံထွက်လာသည့်ချိန်မှာတော့ သူမဟာ လန့်ဖြန့်သွားကာ အံ့အားသင့်သွားတော့သည်၊ဒါပေမယ့် ဝါရင့်သူနာပြုမတစ်ယောက်ဖြစ်တာကြောင့် လူနာစိတ်အနှောင့်ယှက်ဖြစ်မသွားစေရန် သူမရဲ့အပြုအမူကို ထိန်းသိမ်းထားနိုင်ခဲ့သည်၊ထိုနောက် သူနာပြုမလေးဟာ အရေးပေါ်လုပ်ဆောင်ချက်တွေကို အရင်လုပ်လိုက်သည်၊သူမဟာ ဒီလူနာရဲ့ပင်တိုင်ဆရာဝန်ကို ဆက်သွယ်လိုက်ပြီးနောက်မှာတော့ လူနာဘက်ကို လှည့်ကာ ပြုံးလိုက်ရင်း

"လူနာ ခုနက ဘာပြောလိုက်တာလဲ? ကျွန်မ ရှင့်ရဲ့မိသားစုနဲ့ ဆက်သွယ်ပေးထားပြီးပြီ" လို့ ပြောလိုက်တော့ လူနာဟာ ဘာမှပြန်မပြောဘဲ သူမရဲ့ပခုံးကိုသာ ကြည့်နေခဲ့သည်၊ဒါကြောင့် သူမလည်း စိတ်ထစ်သွားကာ သူမရဲ့ပခုံးဘက်ကို ကြည့်သည့်ချိန်မှာတော့ ရှည်လျားလျား မြွေဖြူတစ်ကောင်ကို တွေ့လိုက်ရတော့သည် သူမဟာ အလန့်တကြားအော်ဟစ်သွားပြီး ခုန်ပေါက်ကာ ဧည့်သည်ထိုင်ရန်ပြုဆင်ထားသည့် ခုံပေါ်တွေ တက်နေနေတော့သည်၊

ကန်ကတော့ အေးဆေးကြည့်နေရင်း သူဟာ စိတ်ထဲကနေ 'ဘယ်လိုလဲ စွမ်းအင်ရလား' လို့ မေးလိုက်တော့ မြေဖြူလေးဟာ သူရဲ့ကိုယ်ကို ပြန်ဖျောက်လိုက်ရင်း စွမ်းအင်အချို့ကို သူရဲ့အရှင်သခင်ကိုယ်ထဲ ပို့ဆောင်တော့သည်၊မြွေဖြူလေးရဲ့စွမ်းအင်တွေထဲမှာ အကြောက်တရားကနေ စွမ်းအင်စုပ်ယူခြင်းဆိုတဲ့ စွမ်းရည်ရှိသည်၊ထိုစွမ်းရည်ကို အသုံးချပြီး သူအရှင်သခင်ရဲ့ကိုယ်ကို အားအင်ပြည့်ဝအောင် ပြုလုပ်ပေးလိုက်သည်၊


"မင်းချိန်ထိ အဲ့မှာရပ်နေမှာလဲ?" လို့ ပြောလိုက်တော့ သူနာပြုမလေးဟာ ကြောင်အအလေးဖြင့် ခုံပေါ်ကဆင်းလာတော့သည်၊သူမဟာ ခုနက မြွေမြင်ခဲ့သည်ကိုပင် မှတ်ဥာဏ်အဖျောက်ခံရပြီးနောက်မှာတော့ သူမဘာကြောင့် ခုံပေါ် မတ်တပ်ရပ်နေမှန်း သူမ မသိခဲ့သလို ခုနှစ်နှစ်လောက် ကိုမာဝင်နေသည့်လူနာဟာ အကောင်းပတိအတိုင်း ချောချော​မောမောကို စကားပြောနိုင်သည်ကို တွေ့လိုက်ရသည့်ချိန်မှာ သူမ မအံ့သြမိရင် အရူးလို့ထင်ခံရမှာ ပိုသေချာသည်၊




"မင်းရဲ့ခန္ဓာကိုယ် ဘယ်လိုလဲ...မင်းမေ့မျောနေတာ ခုနှစ်နှစ်တောင် ကြာခဲ့ပြီ" လို့ ပြောလိုက်သည့်ချိန်မှာ ကန်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ခေါင်းညိတ်လိုက်ရင်း ...



"ငါ အဆင်ပြေတယ်... မင်းလွန်ခဲ့တဲ့ခုနှစ်ကထက်စာရင် အများကြီးပြောင်းလဲသွားတာပဲ...ဒါပေမယ့် နည်းနည်းပိုပိန်သွားသလိုပဲ" လို့ ပြောလာတာကြောင့် နီကိုးလ်စိတ်ထဲ နွေးထွေးသွားကာ

"ငါတို့က အသက်ကြီးလာပြီပဲလေ...ငယ်ငယ်တုန်းကလို ဝဝကစ်ကစ်နဲ့ဖြစ်နေစရာလိုလို့လားဟ!" လို့ ပြောလိုက်တော့ ကန်ဟာ အသံကုန်ရယ်မောလာတော့သည်၊နီကိုးလ်ဟာ ကန်ကို ငေးကြည့်နေခဲ့သည်၊ ငယ်ငယ်ထဲက ချောမောကာကြည့်ကောင်းလွန်းသည့်ကန်ဟာ တကယ့်ကို ဘုရားကောင်းချီးပေးခံထားရသည့်သူတစ်ယောက်ပင်၊ကိုမာဝင်ခဲ့တာ​ကြောင့် အနည်းငယ်ပိန်သွားပေမယ့် ချောမောကာကြည့်ကောင်းနေဆဲပင်၊ထိုယောကျာ်းရဲ့ ပန်းရင့်ရောင် ဆံပင်များဟာ ပခုံးအလယ်ထိကျနေပေမယ့် မိန်းမဆန်ဆန်ဖြစ်မနေပဲ ဗွီချိတ်ပုံသဏ္ဍာန်မျက်နှာကို ပိုမိုကြည့်ကောင်းအောင် ဖန်ဆင်းထားသလိုပင်၊ လှပသည်မျက်လုံးထဲက မြပြာရောင်ကျောက်မျက်ရတနာလို တလဲ့လဲ့တောက်ပနေသည့်မျက်ဝန်းများဟာ သူ့ကို နူးညံ့စွာ ကြည့်နေသည်ကို မြင်လိုက်ရသည့်ချိန်မှာ နီကိုးလ်ဟာ အပူချိန်များတိုးလာကာ မရင်ဆိုင်ရဲသလို မျက်နှာလွဲလိုက်တော့သည်၊သူပြောချင်ခဲ့သည်...'မင်းလည်း အချိန်တွေ ကုန်လွန်သွားပြီး လူနာအဖြစ် ပြန်လည်နိုးထလာတာတောင် ငါ့ကို ပြုစားနိုင်တုန်းပဲ'လို့ ပြန်လိုက်ချင်မိသည်၊

-*-*-*-*-*-*-*-*-*-*-*-

Unicode

Scarlet သူရဲ့မျက်လုံးများကို ဖွင့်လိုက်သည့်ချိန်မှာ ထုံးစံအတိုင်း ဆေးရုံကို ရောက်နေခဲ့ပြန်သည်၊သူဟာ ပတ်ဝန်းကျင်ကို မကြည့်ပဲ မျက်နှာကြပ်ကို ကြည့်နေရင်း...

'ဘာလဲဘဒီခန္ဓာကိုယ်က ကိုမာဝင်တဲ့သူပဲလား' လို့ စိတ်ထဲကနေ ပြောလိုက်တော့ မြွေဖြူလေးဟာ ခေါင်းလေးညိတ်လာရင်း

[Snow: အရှင်သခင်ဆီ Eira ဒီကမ္ဘာနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေ ပို့ပေးမယ်!!]လို့ ပြောလိုက်ရင်း သူရဲ့ဦးနှောက်ထဲကို များစွာသော မှတ်ဉာဏ်များဝင်ရောက် ထိုးဖောက်လာတော့သည်၊

ဒီကမ္ဘာဟာ ခေတ်သစ်ကမ္ဘာဖြစ်ပြီး ဇာတ်အိမ်နှစ်ခု ကွဲထွက်နေခဲ့သည်၊ တော်ဝင်မျိုးနွယ်တွေဟာ လူတွေရဲ့အလေးထားမှုကို ခံရပေမယ့် စီးပွားရေးရှင်တွေနဲ့ ယှဉ်ရင်တော့ နောက်ကောက်မြဲပင်၊ ဒီကမ္ဘာရဲ့ဇာတ်လိုက်ဟာ ဟိုက်မက် ရော့လ်လက်မစ်ဖြစ်ပြီး ရော့လ်လက်မစ်အိမ်တော်ရဲ့အဓိကဆက်ခံသူဖြစ်သည်၊ထူးခြားသည်ဟာ ရော့လ်လက်မစ်ဟာ မိခင်ကော ဖခင်ကောဟာ ဆုံးပါးသွားခဲ့ပြီးနောက်မှာတော့ ဟိုက်မက်ဟာ သူ့မိထွေးရဲ့အကောက်ကြံမှုအမျိုးမျိုးကို ခံခဲ့ရတော့သည်၊သူရဲ့ဖခင်ဟာ မိသားစုပိုင်ဆိုင်ခဲ့သည့်အမွေ 70%ကို ဟိုက်မက်နာမည်ဖြင့် လွဲပြောင်းခဲ့တာကြောင့် ကျန်ရစ်သူမိသားစုဝင်တွေဟာ မကျေမနပ်ဖြစ်ကြတော့သည်၊မိထွေးဟာလည်း ဟိုက်မက် အသက်(18)နှစ်မပြည့်သေးသည်နှင့်ကိုင်ပေါက်ကာ ရော့လ်လက်မစ်ပိုင်စီးပွားရေးဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ လုပ်ချင်သလို လုပ်နေတော့သည်၊မိထွေးရဲ့သားနှစ်ယောက်ဟာလည်း ဟိုက်မက်ကို အိမ်မှာပင် အနိုင်ကျင့်ရုံသာမက ကျောင်းမှာလည်း အစေခံတစ်ယောက်လို ဆက်ဆံကြတော့သည်၊အဓိကကတော့ အကြီးဆုံးသား လီရိုနာဟာ အဆိုးဆုံးဖြစ်သည်၊သူဟာ မောက်မာကာ ကြမ်းတမ်းသည့်စရိုက်ရှိသူပီပီ အမြဲတမ်း ဟိုက်မက်ကိုအနိုင်ကျင့်ခဲ့သည်၊ ဒါပေမယ့် မိထွေးဟာ ဟိုက်မက်ကို တက္ကသိုလ်ကျောင်းဘော်ဒါအဖြင့် စေလွှတ်ခံပြီးနောက်မှာတော့ အရာအားလုံးဟာ ပြောင်းလဲခဲ့သည်၊ဟိုက်မက်ဟာ ပြန်လည်ရုန်းကန်ထနိုင်ရုံသာမက ကြောင်တစ်ကောင်ကနေ ခြငေ်္သ့တစ်ကောင်သို့ပြောင်းလဲနိုင်ခဲ့သည်၊သူဟာ သူ့မိထွေးလက်ထဲကနေ သူ့ဖခင်သူ့အတွက်ထားရှိတာတွေ ပြန်ယူနိုင်ခဲ့သည်၊

ဒါပေမယ့်ထိုအချိန်မှာ အကြီးဆုံးသား လီရိုနာ ရော့လ်လက်မစ်ဟာ ဟိုက်မက်ကို တဖက်သတ်ခိုးကြိုက်သွားတော့သည်၊ဟိုက်မက်ရဲ့ပုံစံဟာ သူရဲ့အကြိုက်ဖြစ်နေခဲ့ခြင်းဖြစ်တာကြောင့်ရယ် သူဟာ ဆင်းရဲသည့်ဘဝကို ပြန်မသွားချင်တာကြောင့် ဟိုက်မက်ကို ပြန်လည်ကပ်ကာ မြူဆွယ်ရန်ကြိုးစားခဲ့ပေမယ့် ဟိုက်မက်ကတော့ သူတို့တိုင်းပြည်ရဲ့တော်ဝင်မင်းသားငယ်လေး ဂျူပီယာ ဝီလ်စလန်နဲ့သာ ချစ်ကြိုက်နေခဲ့ပြီဖြစ်သည်၊ဒါကို လီရိုနာ သိသောအခါမှာ လီရိုနာဟာ ဂျူပီယာကို လိုက်လံနှောင့်ယှက်တိုက်ခိုက်ခဲ့သည်၊ဟိုက်မက်နဲ့ဂျူပီယာကြား အထင်လွဲအောင် အမျိုးမျိုးလုပ်ခဲ့ပေမယ့် နောက်ဆုံး ဟိုက်မက်နဲ့ဂျူပီယာဟာ တစ်ဦးကို တစ်ဦးပိုမိုချစ်ခင်လာကာ လက်ထပ်သွားကြတော့သည်၊ လီရိုနာကတော့ အသည်းကွဲကာ အရက်သောက်ရင်း လမ်းပေါ်မှာသောင်းကျန်းကာ နောက်ဆုံး ကားတိုက်ခံရကာ သေဆုံးသွားခဲ့သည်၊

ဒါပေမယ့် ဇာတ်လမ်းဟာ မပြီးဆုံးခဲ့ပေ၊ လီရိုနာဟာ ပြန်လည်မွေးဖွားလာခဲ့သည်၊သူဟာ နတ်ဘုရားတွေရဲ့အခွင့်အရေးပေးတာကို ခံခဲရတော့သည်၊ လီရိုနာဟာ အရင်ဘဝကလို ရူးမိုက်သည့် အလုပ်တွေ မလုပ်တော့ဘဲ တဖက်မှာ သူရဲ့ဝါသနာပါသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရင်း ဟိုက်မက်ရဲ့စိတ်ဝင်စားမှုကို ရအောင်ဖန်တီးခဲ့သည်၊လီရိုနာဟာ သူရဲ့ခပ်ပေါ့ပေါ့ ပုံစံကိုလည်း ပြောင်းလဲခဲ့သည်၊သူဟာ ဂျူပီယာပုံစံအတိုင်း နူးညံ့သည့်ကောင်လေးပုံစံနေထိုင်ကာ ဟိုက်မက်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တော့သည်၊ အရင်ဘဝက ဟိုက်မက်နဲ့ဂျူပီယာဟာ ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက်မှာ လုပ်ငန်းတစ်ခုမှာ ဆုံတာအလုပ်တူလုပ်ရာကနေ ချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်၊ဒီတစ်ခေါက်မှာတော့ လီရိုနာဟာ တော်ဝင်မိသားစုရဲ့စီးပွားရေးလုပ်ငန်းပေါက်တွေကို ပိတ်လံခဲ့သည်၊သူဟာ တော်ဝင်မိသားစု နာလံမထူနိုင်တဲ့အထိ လုပ်ခဲ့ပြီးနောက်မှာတော့ သူရဲ့ဆန္ဒတွေဟာ ဖြစ်မြောက်သွားခဲ့သည်၊ ဂျူပီယာဟာ တော်ဝင်မိသားစုရဲ့စီးပွားရေးအခက်အခဲတွေကြောင့် စီးပွားရေးမိသားစုတစ်စုက သားနဲ့လက်ထပ်ခဲ့သည်၊ လီရိုနာကတော့ ဟိုက်မက်ရဲ့ချစ်မြတ်နိုးမှုကို ရရှိခဲ့ကာ သူဟာ သူ့မိခင်နဲ့အခြားသူတွေကို အတိုက်အခံလုပ်ကာ ဟိုက်မက်နဲ့လက်ထပ်သွားခဲ့သည်၊သူတို့နှစ်ဦးဟာ စီးပွားရေးလောကမှာ လူအလေးစားဆုံးနဲ့အားကျဆုံး စုံတွဲတွေ ဖြစ်လာတော့သည်၊တဖက်မှာတော့ ဂျူပီယာဟာ သူယူခဲ့သည့်သူဟာ အစံမရှိသည့်အခွံ(အထည်ကြီးပျက်)မိသားစုမှန်း သိလိုက်ရသည်၊သူဟာ တော်ဝင်မင်းသားဂုဏ်ပုဒ်တစ်ခုသာ ရှိနေခဲ့ပြီး ဘဝကိုခက်ခက်ခဲခဲ ဖြတ်ကျော်ပြီးနောက်မှာ ပင်ပန်းဆင်းရဲမှုတွေကို မခံနိုင်တော့ပဲ သေဆုံးသွားခဲ့သည်၊

ဟုတ်ပြီ သူရဲ့တာဝန်ဟာ 'အရာအားလုံးကို မူလနေရာပြန်ထားရန်' ပျက်စီးသွားတဲ့ကမ္ဘာကို ပြုပြင်ရမည်၊ကြာပန်းဖြူဇာတ်ကောင်လေးကို ကယ်တင်ရန်ဖြစ်သည်၊

သူဝင်ထားတဲ့ခန္ဓာကိုယ်ကတော့ လုပ်ကြံခံရကာ သတိမေ့မျောကာ ကိုမာဝင်ခဲ့သည့် ဝီလ်စလန်မိသားစုရဲ့ပထမမင်းသားဖြစ်သည်၊ဒီဇာတ်အိမ်ထဲမှာ ပထမမင်းသား ကန် ဝီလ်စလန်ဟာ မပါဝင်ခဲ့ချေ၊ဘာလို့လဲဆိုတော့ သူဟာ ဘယ်တော့မှ မနိုးထလာသောကြောင့်ဖြစ်သည်၊သူဟာ တော်ဝင်မိသားစုကြား ဘာတွေဖြစ်ပွားခဲ့မှန်း တစ္ခုမွ မရှိခဲ့ပေ၊

Scarlet မှတ်ဉာဏ်များကို ရပြီးနောက်မှာတော့ ခုနှစ်နှစ်လောက် ကိုမာဝင်နေသည့် သူရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားလိုက်ပေမယ့် သူရဲလက်ချောင်းတွေသာ ရွေ့လျားလာပြီး... သူရဲ့ခန္ဓာကိုယ်ဟာ ဆက်လှုပ်လို့မရအောင် လေးလံထိုင်းမှိုင်းနေတော့သည်၊

ထိုချိန်မှာ လူနာဆီပုံမှန် စစ်ဆေးနေကြသူနာပြုမလေးဟာ တံခါးဖွင့်လာတော့သည်၊သူမဟာ လူနာကို ဆေးသွင်းရန် လုပ်တော့မည်ချိန်မှာ ခုနှစ်နှစ််လောင်ကိုမာဝင်နေသည့်လူနာဟာ မျက်လုံးများဖွင့်နေကာ သူမကို ကြည့်နေသည်ကို သိလိုက်ရတော့သည်၊ထိုနောက် ထိုလူနာရဲ့ဖြူဖျော့နေသည့်နူတ်ခမ်းလွှာဟာ ပွင့်လာပြီး...

"မ...မင်း... ရဲ့... မွာ ကပ်... " လို့ အက်ကွဲကာ သြရှနေသည့်ယောကျာ်းနစ်ယောက်အသံထွက်လာသည့်ချိန်မှာတော့ သူမဟာ လန့်ဖြန့်သွားကာ အံ့အားသင့်သွားတော့သည်၊ဒါပေမယ့် ဝါရင့်သူနာပြုမတစ်ယောက်ဖြစ်တာကြောင့် လူနာစိတ်အနှောင့်ယှက်ဖြစ်မသွားစေရန် သူမရဲ့အပြုအမူကို ထိန်းသိမ်းထားနိုင်ခဲ့သည်၊ထိုနောက် သူနာပြုမလေးဟာ အရေးပေါ်လုပ်ဆောင်ချက်တွေကို အရင်လုပ်လိုက်သည်၊သူမဟာ ဒီလူနာရဲ့ပင်တိုင်ဆရာဝန်ကို ဆက်သွယ်လိုက်ပြီးနောက်မှာတော့ လူနာဘက်ကို လှည့်ကာ ပြုံးလိုက်ရင်း

"လူနာ ခုနက ဘာပြောလိုက်တာလဲ? ကျွန်မ ရှင့်ရဲ့မိသားစုနဲ့ ဆက်သွယ်ပေးထားပြီးပြီ" လို့ ပြောလိုက်တော့ လူနာဟာ ဘာမှပြန်မပြောဘဲ သူမရဲ့ပခုံးကိုသာ ကြည့်နေခဲ့သည်၊ဒါကြောင့် သူမလည်း စိတ်ထဲတမျိုး​ြဖစ်သွားကာ သူမရဲ့ပခုံးဘက်ကို ကြည့်သည့်ချိန်မှာတော့ ရှည်လျားလျား မြွေဖြူတစ်ကောင်ကို တွေ့လိုက်ရတော့သည် သူမဟာ အလန့်တကြားအော်ဟစ်သွားပြီး ခုန်ပေါက်ကာ ဧည့်သည်ထိုင်ရန်ပြုဆင်ထားသည့် ခုံပေါ်တွေ တက်နေနေတော့သည်၊

ကန်က​ေတာ့ အေးဆေးကြည့်နေရင်း သူဟာ စိတ်ထဲကနေ 'ဘယ်လိုလဲ စွမ်းအင်ရလား' လို့ မေးလိုက်တော့ မြေဖြူလေးဟာ သူရဲ့ကိုယ်ကို ပြန်ဖျောက်လိုက်ရင်း စွမ်းအင်အချို့ကို သူရဲ့အရှင်သခင်ကိုယ်ထဲ ပို့ဆောင်တော့သည်၊မြွေဖြူလေးရဲ့စွမ်းအင်တွေထဲမှာ အကြောက်တရားကနေ စွမ်းအင်စုပ်ယူခြင်းဆိုတဲ့ စွမ်းရည်ရှိသည်၊ထိုစွမ်းရည်ကို အသုံးချပြီး သူအရှင်သခင်ရဲ့ကိုယ်ကို အားအင်ပြည့်ဝအောင် ပြုလုပ်ပေးလိုက်သည်၊

ကန်ဟာ ပထမတကြိမ်ကထက်တော့ သူရဲ့ခြေလက်တွေဟာ လှုပ်ရှားလာနိုင်ပြီးနောက်မှာတော့ အခုထိခုံပေါ်မှာ မတ်တပ်ရပ်နေသည့် သူနာပြုမလေးကို ကြည့်လိုက်ပြီး

"မင်းဘယ်ချိန်ထိ အဲ့မှာရပ်နေမှာလဲ?" လို့ ပြောလိုက်တော့ သူနာပြုမလေးဟာ ကြောင်အအလေးဖြင့် ခုံပေါ်ကဆင်းလာတော့သည်၊သူမဟာ ခုနက မြွေမြင်ခဲ့သည်ကိုပင် မှတ်ဉာဏ်အဖျောက်ခံရပြီးနောက်မှာတော့ သူမဘာကြောင့် ခုံပေါ် မတ်တပ်ရပ်နေမှန်း သူမ မသိခဲ့သလို ခုနှစ်နှစ်လောက် ကိုမာဝင်နေသည့်လူနာဟာ အကောင်းပတိအတိုင်း ချောချောမောမောကို စကားပြောနိုင်သည်ကို တွေ့လိုက်ရသည့်ချိန်မှာ သူမ မအံ့သြမိရင် အရူးလို့ထင်ခံရမှာ ပိုသေချာသည်၊

ထိုချိန်မှာ ဆရာဝန်သုံးယောက်နဲ့သူနာပြုငါးယောက်ဟာ ဝင်လာတော့သည်၊ရှေ့ဆုံးရှိ ဆရာဝန်ဟာ မျက်ရည်များကျနေကာ ကန်ရဲ့လက်တွေကို ဆုပ်ကိုင်လာပြီး...

"ကန်... ငါအိပ်မက်မက်နေတာလား... မင်း...မင်းတကယ်ပဲ ..." ကန်ဟာ သူရဲ့လက်ကို ဆုပ်ကိုင်ကာ ငိုနေသည့် ဆရာဝန်ဝတ်စုံဖြင့်လူငယ်လေးကို ကြည့်ရင်း ကန်ဟာ ပြုံးလိုက်ကာ

"မငိုနဲ့... " လို့ ပြောလိုက်တော့ ထိုလူငယ်လေးဟာ ချက်ချင်းတိတ်သွားကာ ကန်ရဲ့နဖူးကို ဖွဖွလေးနမ်းလိုက်ပြီး ...

"မင်းရဲ့ခန္ဓာကိုယ် ဘယ်လို​ေန​ေသးလဲ...မင်းမေ့မျောနေတာ ခုနှစ်နှစ်တောင် ကြာခဲ့ပြီ" လို့ ပြောလိုက်သည့်ချိန်မှာ ကန်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ခေါင်းညိတ်လိုက်ရင်း ...

"ငါထင်တယ် " လို့သာ ဖြေလာတော့သည်၊နီကိုးလ်လည်း သူချစ်ရတဲ့သူကို စိတ်အနှောက်အယှက်မပေးချင်တာကြောင့် ဘာမှဆက်မပြောတော့ဘဲ ဆေးစစ်ဆေးမှုတွေသာ ပြုလုပ်ပြီးနောက်မှာတော့ အားကစားလိုက်စားလွန်းသည့် သူ့သူငယ်ချင်းဟာ ခုနှစ်နှစ်ကြာကိုမာဝင်ခဲ့သော်လည်း ခန္ဓာကိုယ်ကြွက်သားတွေဟာ ပုံမှန်အလုပ်နေဆဲ တွေ့လိုက်ရတော့သည်၊ထိုကိစ္စဟာ အနည်းငယ်ထူးဆန်းသော်လည်း သူ့သူငယ်ချင်းအဆင်ပြေနေသည်ကို မြင ်ရုံဖြင့် ပြောတာကြောင့် နီကိုးလ်ဟာ စိတ်ထဲထည့်ထားမနေတော့ပေ၊ထိုနောက် သူဟာ အခြားသူတွေကို ထွက်သွားခိုင်းလိုက်ပြီး သူဟာ ကန်ရဲ့ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ရင်း

"မင်း အဆင်မပြေရင်ပဲဖြစ်ဖြစ် တစ်ခုခုလိုရင်ဘဲဖြစ်ဖြစ် ပြောနော်" လို့ ပြောလိုက်တော့ ကန်ဟာ ခေါင်းသာညိတ်လာရင်း သူရဲ့လက်တွေကို အပေါ်ကနေ ဆုပ်ကိုင်လာတာကြောင့် နီကိုးလ်ရဲ့ပါးများဟာ ရဲတွတ်သွားတော့သည်၊

"ငါ အဆင်ပြေတယ်... မင်းလွန်ခဲ့တဲ့ခုနှစ်နှစ်ကထက်စာရင် အများကြီးပြောင်းလဲသွားတာပဲ...ဒါပေမယ့် နည်းနည်းပိုပိန်သွားသလိုပဲ" လို့ ပြောလာတာကြောင့် နီကိုးလ်စိတ်ထဲ နွေးထွေးသွားကာ

"ငါတို့က အသက်ကြီးလာပြီပဲလေ...ငယ်ငယ်တုန်းကလို ဝဝကစ်ကစ်နဲ့ဖြစ်နေစရာလိုလို့လားဟ!" လို့ ပြောလိုက်တော့ ကန်ဟာ အသံကုန်ရယ်မောလာတော့သည်၊နီကိုးလ်ဟာ ကန်ကို ငေးကြည့်နေခဲ့သည်၊ ငယ်ငယ်ထဲက ချောမောကာကြည့်ကောင်းလွန်းသည့်ကန်ဟာ တကယ့်ကို ဘုရားကောင်းချီးပေးခံထားရသည့်သူတစ်ယောက်ပင်၊ကိုမာဝင်ခဲ့တာကြောင့် အနည်းငယ်ပိန်သွားပေမယ့် ချောမောကာကြည့်ကောင်းနေဆဲပင်၊ထိုယောကျာ်းရဲ့ ပန်းရင့်ရောင် ဆံပင်များဟာ ပခုံးအလယ်ထိကျနေပေမယ့် မိန်းမဆန်ဆန်ဖြစ်မနေပဲ ဗွီချိတ်ပုံသဏ္႑ာန်မျက်နှာကို ပိုမိုကြည့်ကောင်းအောင် ဖန်ဆင်းထားသလိုပင်၊ လှပသည်မျက်လုံးထဲက မြပြာရောင်ကျောက်မျက်ရတနာလို တလဲ့လဲ့တောက်ပနေသည့်မျက်ဝန်းများဟာ သူ့ကို နူးညံ့စွာ ကြည့်နေသည်ကို မြင်လိုက်ရသည့်ချိန်မှာ နီကိုးလ်ဟာ အပူချိန်များတိုးလာကာ မရင်ဆိုင်ရဲသလို မျက်နှာလွဲလိုက်တော့သည်၊သူပြောချင်ခဲ့သည်...'မင်းလည်း အချိန်တွေ ကုန်လွန်သွားပြီး လူနာအဖြစ် ပြန်လည်နိုးထလာတာတောင် ငါ့ကို ပြုစားနိုင်တုန်းပဲ'လို့ ပြန်​ေ​ြပာလိုက်ချင်မိသည်၊

-*-*-*-*-*-*-*-*-*-*-*-

Bạn đang đọc truyện trên: ZingTruyen.Info