ZingTruyen.Info

Dei No That S My Abode System

Zawgyi
ဆိုရမ္ဟာ ခမ္းနားလွပတင့္တယ္စြာျပင္ဆင္ထားသည့္ စံအိမ္ကို ေငးေမာေနမိသည္၊ထိုေနာက္ ကားရပ္သည့္ေနရာကေနတဆင့္ စံအိမ္ထိခင္းက်င္းထားသည့္ ေကာ္ေဇာနီႀကီးကိုၾကည့္ကာ စိတ္လႈပ္႐ွားေနေတာ့သည္၊သူသာ ထိုေနရာကေနေလ်ွာက္ၿပီး စံအိမ္ထဲ ေလ်ွာက္လွမ္းရမည္ဟု ေတြးမိရံုျဖင့္ သူရဲ႕ႏွလံုးသားမ်ားပင္မက ေသြးေၾကာမ်ားထဲထိ ေပ်ာ္ရႊင္မႈကို ခံစားေနရေတာ့သည္၊သူ႔ကိုယ္သူလည္း အထက္တန္းလႊာအသိုင္းအဝိုင္းကလူတစ္ေယာက္လို ခံစားေနရသည္၊

ဆိုရမ္ဟာ သူ႔ကိုယ္သူ ေသခ်ာျပင္ဆင္လိုက္ၿပီး သက္ေသာင့္သက္သာအျပံဳးဆင္ကာ ကားထဲကေနဆင္းလာေတာ့သည္၊ပထမက အဲရစ္လ္လာႀကိဳမည္ဟု ထင္ခဲ့ေပမယ့္ အဲရစ္လ္ဟာ ကားဒ႐ိုက္ဘာသာ ပို႔လိုက္တာေၾကာင့္ အနည္းငယ္စိတ္ပ်က္မိသြားတာအမွန္ေပ၊အဲရစ္လ္သာ သူ႔ကို လာေခၚခဲ့ရင္ ပထမႏွစ္ကလူေတြၾကားထဲ ဇာမဏီတစ္ေကာင္လို ထြန္းေတာက္ပလာမည္ဟာအမွန္ေပ၊ဒါ​ေပမယ့္ အခုဧကရီေမြးေန႔ပြဲမွာ သူရဲ႕အဆက့္အတန္းကို ျမႇင့္တင္ပစ္ရမည္! သူဟာ သူ႔ကိုယ္သူအားတင္းကာ ေျပာလိုက္ၿပီး အနီေရာင္ေကာ္ေဇာေပၚ တက္လွမ္းရန္ ေျခလွမ္းဖို႔ ႐ွိေသးသည္၊အ​ေနာက္က​ေန တားဆီးသံ ၾကားလိုက္ရသည္၊

"ရပ္စမ္း! ဖိတ္စာမပါဘဲ ဝင္ခြင့္မ႐ွိဘူးဆိုတာ မသိဘူးလား"

ထိုအသံေၾကာင့္ ဆိုရမ္ဟာ မေက်မနပ္ျဖစ္သြားေပမယ့္ သူ႔အမူအရာကိုေတာ့ ႐ိုးသားသည့္အသြင္ေဆာင္ထားကာ လွည့္ၾကည့္လိုက္သည္၊သူ႔ကို တားဆီးသည့္အသံဟာ သူနဲ႔ႏွစ္တူ ပထမႏွစ္ေက်ာင္းသားထဲက အထက္တန္းလႊာသခင္ေလးတစ္ေယာက္ျဖစ္ေနသည္ကုိ ေတြ႔လိုက္ရသည္၊ထိုေက်ာင္းသားကို ဆ္ုရမ္သိသည္၊ထိုေက်ာင္းသားဟာ ေမာက္မာၿပီး အသံုးျဖဳန္းၾကမ္းသည့္ သံုးစားမရတဲ့သူေဌးသားတစ္ေယာက္ထက္မပိုပင္၊ ဒါေပမယ့္ ထိုသုိ႔ျပသာနာ႐ွာတတ္သည့္ လူေတြဟာ အသံုးခ်လို႔အေကာင္းဆံုးမလား၊ထိုေက်ာင္းသားကို အသံုးခ်ၿပီး စီနီယာအခ်ိဳ႕ရဲ႕သနားၾကင္နာမႈကို သူရ႐ွိခဲ့တာပဲေလ၊တကယ္လို္ သူ႔ကို အႏိုင္က်င့္ေနတာကို အဲရစ္လ္သာျမင္ခဲ့ရင္ ထိုအမိႈက္ရဲ႕မိသားစု ဘဝနိဂံုးခ်ဳပ္သြားမည္ဟာ ေသခ်ာသည္၊ဆိုရမ္စိတ္ထဲမွာ ေက်နပ္သြားၿပီး သူ႔မ်က္ဝန္းမ်ားဟာ ေကာက္က်စ္ဖြယ္ အေရာင္တခ်က္လဲ့သြားေပမဲ့ သူ႔ေ႐ွ႕႐ွိ ဆန္ကုန္ေျမေလးသခင္ေလးကိုၾကည့္ကာ ေၾကာက္ရြ႔ေနသည့္မ်က္ဝန္းမ်ားျဖင့္

"ေလာင္ဝမ္...မင္း...မင္းေကာ ေတာ္ဝင္ဧကရီေမြးေန႔ပါတီ တက္ေရာက္တာလား" လို႔ တုန္တုန္ယင္ယင္ျဖင့္ေမးလိုက္ေတာ့ ေလာင္ဝမ္ဆိုသည့္ သခင္ေလးဟာ ဆိုရမ္ကို စိုက္ၾကည့္ကာ ေမာက္မာသည့္ပံုစံျဖင့္

"အဟက္ ေသခ်ာတာေပါ့ ငါတို႔မိသားစုအသိုင္းအဝိုင္းက ေတာ္ဝင္ဧကရီေမြးေန႔ပြဲကို တက္ေရာက္ဖို႔ အဆင့္မီတယ္ေလ"လို္ ဂုဏ္ယူဖြယ္ျပံဳးကာေျပာၿပီးေနာက္ ဆိုရမ္ကို အထင္ေသးဖြယ္ၾကည့္ကာ

"မင္းက ဒီကို ဘာလာလုပ္တာလဲ?" လို္ ေမးလိုက္ေတာ့ ဆိုရမ္ဟာ

"သခင္ေလး​ေဝါ့လ္လက္စ္က ငါ့ကို သူ႔လူအေနနဲ႔ ဒီေမြးေန႔ပါတီကို တက္ေရာက္ေပးဖို႔ ဖိတ္ေခၚထားတာ...အဲ့တာေၾကာင့္ပါ" ဆုိရမ္ဟာ သူ႔ကိုယ္သူ ေဝါ့လ္လက္စ္ရဲ႕ပိုင္ဆုိင္သူမွန္း သိသာေအာင္ တမင္ပိုပိုနဲ႔လိုလိုသာသာ ေျပာလိုက္ျခင္းျဖစ္သည္၊ ဘာပဲျဖစ္ျဖစ္ တေန႔ သူနဲ႔စီနီယာအဲရစ္လ္ဟာ သက္ဆိုင္လာမွာပဲေလ၊

"ဟားဟား မင္းလို လူမ်ိဳးက အစ္ကိုအဲရစ္လ္ကို မွန္းရဲတယ္...?အစ္ကိုအဲရစ္လ္ရင္ထဲမွာ အစ္ကိုအိုလီဘာကသာ အျပည့္စံုဆံုးဟုသတ္မွတ္ထားတာ...နင္က အစ္ကိုအိုလီဘာထက္ ဘယ္နားမ်ားသာေနလို႔လဲ"ေနာက္ေရာက္လာသည့္ ေကာင္မေလးတစ္ေယာက္ဟာ ဝင္ေျပာေတာ့သည္၊ထို​ေကာင္မ​ေလးဟာ ဆုိရမ္ကိုမသိေပမယ့္ သူမဟာ တိုးမက္စ္ရဲ႕ညီမေလးျဖစ္သည္၊သူမမ်က္လံုးထဲ သူမအစ္ကိုထက္ပင္ အိုလီဘာနဲ႔အဲရစ္လ္ဟာ အလိုက္ဖက္ဆံုးဟုသာ ထင္ျမင္သူျဖစ္သည္၊

ဆိုရမ္ဟာ ေဒါသထြက္သြားေပမယ့္ သူ႔မွာဘာမွမတတ္ႏိုင္ေပ၊သူ႔စိတ္ထဲတြင္လည္း ဟိုအိုလီဘာဆုိသည့္ ငပိန္းေကာင္နဲ႔ယွဥ္ခံလိုက္ရသည့္အတြက္ မေက်မနပ္ျဖစ္ေနၿပီး တဖက္မွာလည္း အဲရစ္လ္ကိုေမ်ွာ္ေနမိသည္၊

ေလာင္ဝမ္ဟာ အန္နီနာ ေဘာ့စတင္ကို ၾကည့္ကာ ေလးစားဟန္အမူအရာျဖင့္

"သခင္မေလးအန္နီနာ အဲ့လူက အလယ္လတ္စားမိသားစုအသိုင္းအဝိုင္းထဲကပါ...ေမြးေန႔ဖိတ္စာမပါပဲ ဝင္ခ်င္ေနတယ္" လို႔ ေျပာလိုက္ေတာ့ အန္နီနာဟာ ဆိုရမ္ကို ေသခ်ာစူးစိုက္ၾကည့္ကာ

"နင္က ဆိုရမ္ ဒါ့လ္နစ္ေအာေပါ့" လို႔ ေမးလိုက္ေတာ့ ဆိုရမ္ဟာ ေၾကာင္ေတာင္ေတာင္မ်က္ႏွာအမူအရာျပဳလုပ္ကာ

"သခင္မေလးက ကြၽန္ေတာ္ကိုသိတယ္ေပါ့"လို႔ ေမးလိုက္ေတာ့ အန္နီနာဟာ ေခါင္းညိတ္လိုက္ၿပီး အထင္ေသးဟန္ျဖင့္

"နင္က ငါ့အစ္ကိုတိုးမက္စ္ကို ျမဴဆြယ္လို႔မရေတာ့ အစ္ကိုအဲရစ္လ္ဘက္ကို လွည့္သြားၿပီေပါ့ " လို႔ အထင္ေသးဟန္ျဖင့္ေျပာလိုက္ေတာ့ ဆိုရမ္မ်က္ႏွာဟာ ျဖဴေဖ်ာ့သြားကာ

"သခင္မေလး စကားကိုဆင္ျခင္ေျပာေပးပါ ကြၽန္ေတာ္က ဘယ္လိုသတို႔​ေလာင္း႐ွိတဲ့သူတစ္​ေယာက္ကို ျမဴဆြယ္ရဲမွာလဲ ကြၽန္ေတာ့္ရဲ႕ဂုဏ္သိကၡာကို ညိဳွးႏြမ္းေစမဲ့စကား မေျပာပါနဲ႔"လို႔ ေျပာေတာ့ အန္နီနာမ်က္ဝန္းမ်ားဟာ ပုိမိုစိတ္ပ်က္သြားဟန္ျဖင့္

"မူယာမာယာမ်ားတဲ့ေကာင္ ဟက္" ႏွာ႐ွံု႔ကာ ထြက္သြားဖို႔႐ွိေသးသည္၊ဆိုရမ္အေနာက္ဘက္က လူကိုျမင္ေတာ့ အန္နီနာဟာ မ်က္လံုးေလးမ်ားဝိုင္းသြားကာ ေပ်ာ္ရႊင္သြားဟန္ျဖင့္

"ကိုကိုအဲရစ္လ္"လို႔ ေခၚကာ အဲရစ္လ္လက္ေမာင္းကို ေျပးဖက္ေတာ့သည္၊သူမဟာ အဲရစ္လ္ရဲ႕ေခ်ာေမာသည့္မ်က္ႏွာကို ေတာက္ပသည့္မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနေတာ့သည္၊

ဆိုရမ္ဟာလည္း အဲရစ္လ္ေရာက္လာသည္ကို သိေတာ့ မ်က္ရည္ကို ညႇစ္ထုတ္ကာ သနားဟန္အမူအရာျဖင့္လွည့္လာေပမယ့္ အန္နီနာဟာ အဲရစ္လ္ကို ညေနက သူမဘာသာထိခိုက္ဒဏ္ရာရခဲ့သည့္ အနာေသးေသးေလးကို မရမက ျပဴျပဲလိုက္ျပေတာ့သည္၊

"ကိုကိုအဲရစ္လ္... ၾကည့္... ၾကည့္ အန္နီနာရဲ႕အနာက အျပင္မွာေနေနေတာ့ ပိုပိုနာလာတယ္... ဟင့္ ကိုကိုအဲရစ္လ္ ငယ္ငယ္တုန္းကလို အန္နီနာကို ေဆးထည့္ေပးဦး"လို႔ ခြၽဲႏြဲ႔စြာေျပာေနေတာ့သည္၊

အဲရစ္လ္ဟာ ပထမက ဆိုရမ္ရဲ႕သည္းခံမႈအတိုင္းအတာကို သိခ်င္တာေၾကာင့္ လြတ္ထားျခင္းျဖစ္ေပမယ့္ တိုးမက္စ္ရဲ႕ညီမကို ျမင္သည့္အခါမွေတာ့ ဝင္ေရာက္ကူညီရန္စဥ္းစားလိုက္ေတာ့သည္၊တိုးမက္စ္ရဲ႕ညီမဟာ ငယ္ရြယ္ေသးသလို ပါးစပ္လည္းစည္းမေစာင့္ကာ ေျပာခ်င္တာေျပာတတ္သည့္ေျမေခြးမေလးကိုး၊ဒါေပမယ့္ တဖက္ဟာ ဟန္ေဆာင္ေကာင္းသည့္အဓိကဇာတ္ေကာင္ကိုး၊ အန္နီနာကို တက္နင္းၿပီး အျခားသူေတြရဲ႕ၾကင္နာမႈကို ရ႐ွိသြားေစရန္ သူမလိုလားေပ၊

"ေကာင္းၿပီ ကိုကို မင္းရဲ႕အနာကိုေဆးလိုက္ထည့္ေပးတာေပါ့"လို႔ ေျပာရင္း စံအိမ္ထဲ ျပန္ဝင္ရန္ျပင္လိုက္ခ်ိန္မွာ အေနာက္ကေန ဆိုရမ္ရဲ႕အသံေသးေသးေလးထြက္လာေတာ့သည္၊

"စီနီယာအဲရစ္လ္..."

"အာ ဟုတ္သားပဲ ကိုယ္မင္းကို ေမ့ေတာ့မလို႔... "လို႔ အဲရစ္လ္ဟာ ေျပာလိုက္ၿပီး ဂိတ္ေပါက္႐ွိ အေစာင့္အား ၾကည့္ကာ

"သူက ငါ့မိတ္ေဆြပဲ ဝင္ခြင့္ေပးလိုက္"လို႔ ေျပာလိုက္ေတာ့ အေစာင့္ဟာ ေခါင္းတစ္ခ်က္ညိတ္ကာ

"အမိန္႔တိုင္းပါ သခင္ေလးေဝါ့လ္လက္စ္"

အဲရစ္လ္ဟာ ဆိုရမ္ကိုပင္ ဂ႐ုမစိုက္စြာျဖင့္ အန္နီနာကိုသာ ေခၚသြားေတာ့သည္၊အန္နီနာဟာ ဆုိရမ္ဘက္ကိုၾကည့္ကာ ေလွာင္ျပံဳးမ်ားျဖင့္ ျပံဳးျပလိုက္ၿပီး အဲရစ္လ္လက္ေမာင္းကို ဖက္တြယ္ကာ အတင္းဆြဲေခၚသြားေတာ့သည္၊

"အဲ့တာ သခင္ေလးေဝါ့လ္လက္စ္လား... အရမ္းခန္႔ညားတာပဲ!!!ေဘးနားက ဘယ္သူလဲ"

"အဲ့တာ သခင္မေလးေဘာ့စတင္ေလ"

"သူတို႔ ႏွစ္ေယာက္က အရမ္းရင္းႏွီးၾကတာပဲ... ဝိုး"

"ဟဲ့... သခင္ေလးေဝါ့လ္လက္စ္က အမ်ိဳးသားခ်င္းပဲခ်စ္ႀကိဳက္တဲ့သူတဲ့"

"ေသခ်ာလို႔လားဟ... "

"ေသခ်ာတာေပါ့ ေဘာ့စတင္အိမ္ေတာ္ရဲ႕တတိယသခင္ေလး တိုးမက္စ္နဲ႔အၿပိဳင္ အိုလီဘာ ဘီဗဲလ္ကို ပိုးပန္းၾကတာေလ ေနာက္ဆံုး အိုလီဘာက တိုးမက္စ္ကိုပဲ ေရြးခ်ယ္သြားတာ..."

"ဝိုး...အားက်လိုက္တာ "

"ကိုယ္နဲ႔တန္ရာတန္ရာေပါ့ အခ်ိဳ႕က ကိုယ္နဲ႔မထိုက္တန္ဘဲ အရမ္းကိုေမ်ွာ္မွန္းေနၾကတာ သိလား...ဆိုရမ္ ဒါ့လ္နစ္ေအာ့ဆိုတဲ့ ဂ်ဴနီယာေက်ာင္းသားကို သိတယ္မလား အဲ့တစ္ေယာက္ဆိုရင္ သခင္ေလးအိုလီဘာ႐ွိရဲ႕နဲ႔ သခင္ေလးတိုးမက္စ္ကို လိုက္ကပ္တာေလ"

"အို...ဘယ္ေလာက္ေတာင္ စိတ္ပ်က္စရာေကာင္းလဲ!"

"သခင္ေလးေဝါ့လ္လက္စ္ေပၚလာေတာ့ အဲ့ ဆိုရမ္ဆုိတဲ့ဂ်ဴနီယာက သခင္ေလးေဝါ့လ္လက္စ္ကို လိုက္ကပ္ျပန္ေကာ"

"သူငယ္ခ်င္းႏွစ္ေယာက္ကို ဘယ္သူသာလဲ ယွဥ္ၿပီး လိုက္ကပ္တာ မ႐ွက္ဘူးလားဟ... အဲ့လိုလူမ်ိဳးကို ျမင္ဖူးခ်င္မိပါရဲ႕"

"နင့္ေ႐ွ႕မွာေလ အက်ႌျဖဴနဲ႔တစ္ေယာက္ အဲ့တာ ဆိုရမ္ ဒါ့လ္နစ္ေအာ့ေလ"

"အမ္...သူလား... ႐ုပ္ေလးက မထင္ရဘူးေနာ္... "

ဆိုရမ္ဟာ သူအေၾကာင္းေျပာေနသည့္သူ​ေတြ​ေၾကာင့္ ေဒါသထြက္ေနေပမယ့္ စိတ္ကို ေျဖေလ်ာ့ကာ ေကာ္ေဇာနီေပၚကို ေလ်ွာက္လွမ္းလာေတာ့သည္၊ဆိုရမ္ ေကာ္ေဇာနီတက္ေလ်ွာက္လာသည့္ခ်ိန္မွာ ခုနက သူ႔ကို အျပစ္တင္ေဝဖန္ေျပာဆုိသည့္စကားအကုန္ ေမ့ေပ်ာက္သြားကာ သူ႔ကိုယ္သူ အထက္တန္းလႊာကလူတစ္ေယာက္လို ခံစားေနရသည္၊အရင္ႏွစ္ကလို သူ႔အေမနဲ႔အတူ စိတ္ပ်က္စရာေကာင္းသည့္လူေတြနဲ႔အတူ ေတာ္ဝင္ဧကရီလႉဒါန္းသည့္​ေနရာ​ေတြမွာ တိုးေဝွ႕စရာမလိုေတာ့ဘဲ ျမင့္ျမတ္သည့္လူတစ္ေယာက္လို ဒီေကာ္ေဇာနီေပၚ ေလွ်ာက္လွမ္းေနရၿပီ၊ဒီခံစားခ်က္ဟာ အရမ္းကိုေကာင္းမြန္လြန္းလွသည္၊ဘယ္သူေတြ သူ႔ကိုဘယ္ေလာက္ေဝဖန္ေဝဖန္ပါေစ! အျမင့္ကိုေရာက္ဖို႔ သူဘယ္လိုနည္းလမ္းဘဲ သံုးရသံုးရ သူရေအာင္ဖန္တီးပစ္မည္! တေန႔ေန႔တစ္ခ်ိန္မွာ သူဟာ ေဝါ့လ္လက္စ္အိမ္ေတာ္ရဲ႕ဒုတိယအိမ္႐ွင္ျဖစ္ေနရမည္၊
(A/N: ဒုတိယအိမ္႐ွင္ - အိမ္သက္ထားကို ေျပာခ်င္တာပါဗ်)

အဲရစ္လ္ကေတာ့ အန္နီနာနဲ႔အတူ ပါတီထဲ ျပန္ဝင္ေရာက္လာေတာ့သည္၊သူဟာ သူ႔မိဘေတြ႐ွိရာကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္မွာ တိုးမက္စ္နဲ႔ အိုလီဘာကို ေတြ႔လိုက္ရသည္၊တိုးမက္စ္ဟာ အျပာရင့္ေရာင္အေနာက္တိုင္းဝတ္စံုကို ေသေသသပ္သပ္ဝတ္ဆင္ထားၿပီး တကယ္ကို လူႀကီးလူေကာင္းတစ္ေယာက္နဲ႔တူေနၿပီး တစ္ဖက္႐ွိ အိုလီဘာကေတာ့ အျပာႏုေရာင္ အေနာက္တိုင္းဝတ္စံုကိုဝတ္ဆင္ထားၿပီး လူတိုင္းကို သက္ေသာင့္သက္သာျဖစ္ေစသည့္အျပံဳးေလးတင္ထားကာ အိုလီဘာပံုစံဟာ တကယ့္ကိုနတ္သားေလးသဖြယ္ပင္၊ အဲရစ္လ္ဟာ ထိုႏွစ္ေယာက္ဆီသြားၿပီး အုိလီဘာကို ၾကည့္ကာ

"ကိုယ္ရဲ႕အိုလီဘာေလး မင္းက အျမဲၾကည့္ေကာင္းေနတာပဲ... ဟင္း ကိုယ္ရဲ႕ႏွလံုးသားအစံုဟာ ၾကာရင္ခံႏိုင္ရည္မ႐ွိ​ေတာ့မွာ စိုးရိမ္စရာပဲ" လို႔ ေျပာရင္း အုိလီဘာရဲ႕လက္ေလးကို ဆြဲယူကာ လက္ဖဖိုးကို အနမ္းေခြၽလိုက္ရင္း ျပံဳး​လိုက္သည့္ခ်ိန္မွာ အနီ​ေရာင္ႏွင္းဆီပြင့္မ်ား ဖူးပြင့္သြားသလိုပင္၊အနီးအနား႐ွိ အမ်ိဳးသမီးငယ္မ်ားနဲ႔အမ်ိဳးသားငယ္အခ်ိဳ႕ဆုိ မ်က္ႏွာေတြရဲကုန္ကာ ... အဲရစ္လ္ကို တပ္မက္စြာၾကည့္ေနၾကေတာ့သည္၊ အိုလီဘာကို အဲရစ္လ္က သေဘာက်ေပမယ့္ အိုလီဘာနဲ႔အဲရစ္လ္ဟာ ဘာမွမသက္ဆိုင္သည္ကို သူတို႔အားလံုးသိၾကသည္၊ဒါေၾကာင့္ ပထမဆံုးအႀကိမ္ ပါတီတက္ေရာက္လာသည့္ အဲရစ္လ္ ေဝါ့လ္လက္စ္ဟာ သူတို႔မ်က္ဝန္းထဲမွာ အဆီတဝင္းဝင္းနဲ႔အမဲသားလိုပင္၊

"အဲရစ္လ္ မင္း တကယ္လာတာပဲ" အဲရစ္လ္နဲ႔အျခားသူေတြဟာ ထိုထြက္ေပၚလာသည့္အသံလာရာကို ၾကည့္လိုက္သည့္ခ်ိန္မွာ အဲရစ္လ္ကလြဲ၍ က်န္သည့္သူေတြမွာ မ်က္ဝန္းမ်ား ႀကိမ္းသြားသေယာင္ပင္၊ ေလွကားထစ္ကေန အမ်ိဳးသားႏွစ္ေယာက္...အာ နတ္ဘုရားႏွစ္ပါး! ဆင္းသက္လာသလိုပင္၊

မဟူရာေရာင္လိုနက္ေမွာင္ေနသည့္ အေနာက္တိုင္းဝတ္စံုကိုဝတ္ဆင္ထားသည့္ ဆံအပင္အျဖဴေရာင္နဲ႔ အမ်ိဳးသားရဲ႕မ်က္ႏွာအထက္တြင္ ခပ္ေပါ့ေပါ့အျပံဳးတစ္ပြင့္တပ္ဆင္ထားၿပီး သူရဲ႕ေလးေထာင့္ဆန္မ်က္ႏွာဟာ ထိုအျပံဳးေၾကာင့္ ပိုမိုၾကည့္ေကာင္းေနေတာ့သည္၊ထိုေယာက်ာ္းရဲ႕ အုံမိႈင္းမိႈင္းတိမ္ေရာင္လို မီးခိုးေရာင္မ်က္ဝန္းမ်ားဟာ အခုလိုမီးေရာင္ေအာက္မွာ ကလဲ့လဲ့နဲ႔ပိုမိုၾကည့္ေကာင္းေနျပန္သည္၊

ေနာက္တစ္ေယာက္ကေတာ့ အနက္ေရာင္ဆံပင္ကို အ​ေနာက္ဘက္ကို သပ္တက္ထားကာ စက်င္ေက်ာက္ကဲ့သို႔ ျဖဴေဖြးေနသည့္ အေနာက္တိုင္းဝတ္စံုကို ဝတ္ဆင္ထားသည္၊ကနီလာ​ေက်ာက္မ်က္ရတနာလို ​ေတာက္ပသည့္ ထိုလူငယ္ရဲ႕အျပာ​ေရာင္မ်က္ဝန္းမ်ားနဲ႔ အရယ္အျပံဳးမ႐ွိသည့္ ေအးစက္စက္မ်က္ႏွာေၾကာင့္ ၾကည့္ေနသူအေပါင္းကို  အနည္းငယ္႐ွိန္ေစသည္၊ ဒါေပမယ့္လည္း ထို​ေယာက်ာ္းပ်ိဳႏွစ္ဦးဟာ တစ္ေယာက္ဟာ ေကာင္းကင္ဘံုကဆင္းသက္လာသည့္နတ္ဘုရားနဲ႔တူေနခ်ိန္မွာ ေနာက္တစ္ေယာက္ဟာလည္း ေမွးမိွန္သြားျခင္းမ႐ွိဘဲ အသူရာကယ္ေခ်ာက္နက္ထဲက တက္လာသည့္ နတ္ဆိုးနဲ႔တူေနျပန္သည္၊တစ္ေယာက္ဟာ ေနတစ္စင္းလို ေႏြးေထြးပူေလာင္မႈေပးေနခ်ိန္မွာ တစ္ေယာက္ဟာ လတစ္စင္းလို ေအးစက္ေအးခ်မ္းမႈမ်ား ေပးေနျပန္သည္၊

"မင္းသားအန္ဒိုရာနဲ႔မင္းသားဒန္စီအိုပဲ!!" လို႔ အသည္းတႂကြႂကြျဖင့္ အမ်ိဳးသမီးငယ္ေလးေတြဟာ ေျပာလိုက္ရင္း သူမတို႔မ်က္ဝန္းမ်ားဟာ အသည္းေလးမ်ားထႂကြေနေတာ့သည္၊

အန္ဒိုရာနဲ႔ဒန္စီအိုဟာ အဲရစ္လ္နားေရာက္ေတာ့ အန္ဒိုရာဟာ အျပံဳးခ်ိဳမ်ားစြန္႔ၾကဲေနၿပီး "မင္းလာမယ္ဆိုတာ ကိုယ္သိသားပဲ... "လို႔ ေျပာလိုက္ေပမယ့္ အဲရစ္လ္ဟာ မ်က္ေမွာင္ၾကဳတ္ထားကာ သူတို႔ကို လစ္လ်ဴ႐ႈရန္ႀကိဳးပမ္းေနသည္ကို ေတြ႔လိုက္ရေတာ့သည္၊ ဒါကို ဘာေၾကာင့္မွန္း အန္ဒိုရာကသိေတာ့ ဒန္စီအိုဆီကို လွည့္ၾကည့္လိုက္သည္၊ဒန္စီအိုဟာ ေခါင္းညိတ္ျပလိုက္ၿပီး...

"ကိုယ္ ေတာင္းပန္ပါတယ္"လို႔ တိုးညႇင္းစြာေျပာလုိက္ေပမယ့္ ၾကားရသူနားကို ေအးျမျမေလညင္းေလး က်ီဆယ္သြားသလိုပင္၊ဒါေပမယ့္ အဲရစ္လ္ကေတာ့ ဂ႐ုမစိုက္သည့္အမူအရာျဖင့္ ခနဲ႔ျပံဳးတစ္ပြင့္ျဖင့္

"မင္းက ဘာကို ေတာင္းပန္ခ်င္တာလဲ"လို႔ ေမးလိုက္​ေတာ့ ဒန္စီအိုဟာ အဲရစ္လ္ရဲ႕မ်က္ဝန္းနက္နက္ေလးကို အျမတ္တႏုိးစိုက္ၾကည့္ေနရင္း

"ကိုယ္ မင္းရဲ႕ခြင့္ျပဳခ်က္မရေသးဘဲ မနမ္းသင့္ခဲ့ဘူး...ၿပီးေတာ့ ကိုယ္ ကတံုးမတံုးရဲခဲ့ဘူး"လို႔ အျပစ္႐ွိသည့္ေခြးေလးပမာ မ်က္ႏွာငယ္ေလးနဲ႔ေျပာေနေတာ့သည္၊ေဘးနား႐ွိ အန္ဒိုရာကလည္း သခင္ကို ပြတ္သပ္ခ်င္သည့္ေၾကာင္ေလးပမာ သနားတမားအၾကည့္ေလးျဖင့္...

"ကိုယ္လည္း ကတံုးမတံုးရဲဘူး... " လို႔ ေျပာလာသည့္ သူတို႔စကားေၾကာင့္ အဲရစ္လ္ေၾကာင္အမ္းသြားေတာ့သည္၊သူ႔မ်က္ဝန္းမ်ားဟာ မင္းတို႔ဘာသာ ကတံုးမတံုးရဲကာ ဒီအ႐ွင္သခင္ကို ဘာေၾကာင့္ လာေျပာေနရတာလဲ ဆိုသည့္အၾကည့္မ်ားျဖင့္ၾကည့္ေနမိသည္၊

အန္ဒိုရာဟာ ထိုမ်က္ဝန္းအဓိပၸါယ္ကို နားလည္စြာ အဲရစ္လ္လက္တဖက္ကို  ဆြဲယူကာ ...

"ကိုယ္ အၾကံေပးဝန္ႀကီးဆီ ေမးၿပီးၿပီ... ကိုယ့္ဆံပင္ေရာင္က လျပည့္ေရာင္တဲ့ " လို႔ ေျပာလိုက္ေတာ့ ဒန္စီအိုဟာ ေခါင္းညိတ္ကာ

"ကိုယ္က မဟူရာအေရာင္တဲ့ အနက္ေရာင္မဟုတ္ဘူးဆိုေတာ့ အဲရစ္လ္ကို ကိုယ္နမ္းလို႔ရၿပီလား?" လို႔ ေျပာလာေတာ့သည္၊ အဲရစ္လ္တစ္ေယာက္ အန္ဒိုရာလက္ထဲကေန သူ႔လက္ကို ျပန္ဆြဲလိုက္ၿပီး သူ႔မ်က္ႏွာဟာ ေဒါသေၾကာင့္ နီညိဳေရာင္ေတြသန္းေနေတာ့သည္၊

"လျပည့္ေရာင္ မဟူရာအေရာင္? မင္းတို႔ ဆံပင္ေတြက အျဖဴေရာင္နဲ႔အနက္ေရာင္မွန္း ေသာက္ရမ္းကို သိသာေနတာကို ဟမ္?!" လို႔ ေအာ္ပစ္မတက္ေျပာလိုက္ေတာ့ ထိုႏွစ္ေယာက္ဟာ မေက်မနပ္သည့္မ်က္ဝန္းမ်ားျဖင့္ ေဘးနား႐ွိလူအုပ္ကို ၾကည့္ကာ...

"မင္းတို႔ ဒီမင္းသားတို႔ ဆံပင္အေရာင္ကို ေျပာစမ္း" လို္ ေျပာလိုက္ေပမယ့္ အၾကည့္မ်ားထဲတြင္ ဓားအစင္းတစ္ေသာင္းမ်ားထည့္ထားလားေအာက္ေမ့ရသည္၊အထက္တန္းလႊာသခင္၊သခင္မေလးမ်ား ပီပီ ၊သူတို႔ဟာလည္း ဥာဏ္ေကာင္းစြာျဖင့္ ...

"လျပည့္ေရာင္ နဲ႔ မဟူရာေရာင္လို႔ ျမင္ပါတယ္ မင္းသား" လို႔ သံၿပိဳင္ေျဖသံနဲ႔အတူ အန္ဒိုရာဟာ အဲရစ္လ္ကို ၾကည့္ကာ "ယုံၿပီလား အဲရစ္လ္ "

'ဒီေကာင္ေတြ!!!! ငါအ႐ွင္သခင္ကို ေဒါသထြက္ၿပီး ေသေအာင္လုပ္ခ်င္ေနၾကတာလား!!!'

-*-*-*-*-*-*-*-*-*-*-*

Unicode

ဆိုရမ်ဟာ ခမ်းနားလှပတင့်တယ်စွာပြင်ဆင်ထားသည့် စံအိမ်ကို ငေးမောနေမိသည်၊ထိုနောက် ကားရပ်သည့်နေရာကနေတဆင့် စံအိမ်ထိခင်းကျင်းထားသည့် ကော်ဇောနီကြီးကိုကြည့်ကာ စိတ်လှုပ်ရှားနေတော့သည်၊သူသာ ထိုနေရာကနေလျှောက်ပြီး စံအိမ်ထဲ လျှောက်လှမ်းရမည်ဟု တွေးမိရုံဖြင့် သူရဲ့နှလုံးသားများပင်မက သွေးကြောများထဲထိ ပျော်ရွှင်မှုကို ခံစားနေရတော့သည်၊သူ့ကိုယ်သူလည်း အထက်တန်းလွှာအသိုင်းအဝိုင်းကလူတစ်ယောက်လို ခံစားနေရသည်၊

ဆိုရမ်ဟာ သူ့ကိုယ်သူ သေချာပြင်ဆင်လိုက်ပြီး သက်သောင့်သက်သာအပြုံးဆင်ကာ ကားထဲကနေဆင်းလာတော့သည်၊ပထမက အဲရစ်လ်လာကြိုမည်ဟု ထင်ခဲ့ပေမယ့် အဲရစ်လ်ဟာ ကားဒရိုက်ဘာသာ ပို့လိုက်တာကြောင့် အနည်းငယ်စိတ်ပျက်မိသွားတာအမှန်ပေ၊အဲရစ်လ်သာ သူ့ကို လာခေါ်ခဲ့ရင် ပထမနှစ်ကလူတွေကြားထဲ ဇာမဏီတစ်ကောင်လို ထွန်းတောက်ပလာမည်ဟာအမှန်ပေ၊ဒါပေမယ့် အခုဧကရီမွေးနေ့ပွဲမှာ သူရဲ့အဆက့်အတန်းကို မြှင့်တင်ပစ်ရမည်! သူဟာ သူ့ကိုယ်သူအားတင်းကာ ပြောလိုက်ပြီး အနီရောင်ကော်ဇောပေါ် တက်လှမ်းရန် ခြေလှမ်းဖို့ ရှိသေးသည်၊အနောက်ကနေ တားဆီးသံ ကြားလိုက်ရသည်၊

"ရပ်စမ်း! ဖိတ်စာမပါဘဲ ဝင်ခွင့်မရှိဘူးဆိုတာ မသိဘူးလား"

ထိုအသံကြောင့် ဆိုရမ်ဟာ မကျေမနပ်ဖြစ်သွားပေမယ့် သူ့အမူအရာကိုတော့ ရိုးသားသည့်အသွင်ဆောင်ထားကာ လှည့်ကြည့်လိုက်သည်၊သူ့ကို တားဆီးသည့်အသံဟာ သူနဲ့နှစ်တူ ပထမနှစ်ကျောင်းသားထဲက အထက်တန်းလွှာသခင်လေးတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊ထိုကျောင်းသားကို ဆ်ုရမ်သိသည်၊ထိုကျောင်းသားဟာ မောက်မာပြီး အသုံးဖြုန်းကြမ်းသည့် သုံးစားမရတဲ့သူဌေးသားတစ်ယောက်ထက်မပိုပင်၊ ဒါပေမယ့် ထိုသို့ပြသာနာရှာတတ်သည့် လူတွေဟာ အသုံးချလို့အကောင်းဆုံးမလား၊ထိုကျောင်းသားကို အသုံးချပြီး စီနီယာအချို့ရဲ့သနားကြင်နာမှုကို သူရရှိခဲ့တာပဲလေ၊တကယ်လို သူ့ကို အနိုင်ကျင့်နေတာကို အဲရစ်လ်သာမြင်ခဲ့ရင် ထိုအမှိုက်ရဲ့မိသားစု ဘဝနိဂုံးချုပ်သွားမည်ဟာ သေချာသည်၊ဆိုရမ်စိတ်ထဲမှာ ကျေနပ်သွားပြီး သူ့မျက်ဝန်းများဟာ ကောက်ကျစ်ဖွယ် အရောင်တချက်လဲ့သွားပေမဲ့ သူ့ရှေ့ရှိ ဆန်ကုန်မြေလေးသခင်လေးကိုကြည့်ကာ ကြောက်ရွ့နေသည့်မျက်ဝန်းများဖြင့်

"လောင်ဝမ်...မင်း...မင်းကော တော်ဝင်ဧကရီမွေးနေ့ပါတီ တက်ရောက်တာလား" လို့ တုန်တုန်ယင်ယင်ဖြင့်မေးလိုက်တော့ လောင်ဝမ်ဆိုသည့် သခင်လေးဟာ ဆိုရမ်ကို စိုက်ကြည့်ကာ မောက်မာသည့်ပုံစံဖြင့်

"အဟက် သေချာတာပေါ့ ငါတို့မိသားစုအသိုင်းအဝိုင်းက တော်ဝင်ဧကရီမွေးနေ့ပွဲကို တက်ရောက်ဖို့ အဆင့်မီတယ်လေ"လို ဂုဏ်ယူဖွယ်ပြုံးကာပြောပြီးနောက် ဆိုရမ်ကို အထင်သေးဖွယ်ကြည့်ကာ

"မင်းက ဒီကို ဘာလာလုပ်တာလဲ?" လို မေးလိုက်တော့ ဆိုရမ်ဟာ

"သခင်လေးဝေါ့လ်လက်စ်က ငါ့ကို သူ့လူအနေနဲ့ ဒီမွေးနေ့ပါတီကို တက်ရောက်ပေးဖို့ ဖိတ်ခေါ်ထားတာ...အဲ့တာကြောင့်ပါ" ဆိုရမ်ဟာ သူ့ကိုယ်သူ ဝေါ့လ်လက်စ်ရဲ့ပိုင်ဆိုင်သူမှန်း သိသာအောင် တမင်ပိုပိုနဲ့လိုလိုသာသာ ပြောလိုက်ခြင်းဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် တနေ့ သူနဲ့စီနီယာအဲရစ်လ်ဟာ သက်ဆိုင်လာမှာပဲလေ၊

"ဟားဟား မင်းလို လူမျိုးက အစ်ကိုအဲရစ်လ်ကို မှန်းရဲတယ်...?အစ်ကိုအဲရစ်လ်ရင်ထဲမှာ အစ်ကိုအိုလီဘာကသာ အပြည့်စုံဆုံးဟုသတ်မှတ်ထားတာ...နင်က အစ်ကိုအိုလီဘာထက် ဘယ်နားများသာနေလို့လဲ"နောက်ရောက်လာသည့် ကောင်မလေးတစ်ယောက်ဟာ ဝင်ပြောတော့သည်၊ထိုကောင်မလေးဟာ ဆိုရမ်ကိုမသိပေမယ့် သူမဟာ တိုးမက်စ်ရဲ့ညီမလေးဖြစ်သည်၊သူမမျက်လုံးထဲ သူမအစ်ကိုထက်ပင် အိုလီဘာနဲ့အဲရစ်လ်ဟာ အလိုက်ဖက်ဆုံးဟုသာ ထင်မြင်သူဖြစ်သည်၊

ဆိုရမ်ဟာ ဒေါသထွက်သွားပေမယ့် သူ့မှာဘာမှမတတ်နိုင်ပေ၊သူ့စိတ်ထဲတွင်လည်း ဟိုအိုလီဘာဆိုသည့် ငပိန်းကောင်နဲ့ယှဉ်ခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်နေပြီး တဖက်မှာလည်း အဲရစ်လ်ကိုမျှော်နေမိသည်၊

လောင်ဝမ်ဟာ အန်နီနာ ဘော့စတင်ကို ကြည့်ကာ လေးစားဟန်အမူအရာဖြင့်

"သခင်မလေးအန်နီနာ အဲ့လူက အလယ်လတ်စားမိသားစုအသိုင်းအဝိုင်းထဲကပါ...မွေးနေ့ဖိတ်စာမပါပဲ ဝင်ချင်နေတယ်" လို့ ပြောလိုက်တော့ အန်နီနာဟာ ဆိုရမ်ကို သေချာစူးစိုက်ကြည့်ကာ

"နင်က ဆိုရမ် ဒါ့လ်နစ်အောပေါ့" လို့ မေးလိုက်တော့ ဆိုရမ်ဟာ ကြောင်တောင်တောင်မျက်နှာအမူအရာပြုလုပ်ကာ

"သခင်မလေးက ကျွန်တော်ကိုသိတယ်ပေါ့"လို့ မေးလိုက်တော့ အန်နီနာဟာ ခေါင်းညိတ်လိုက်ပြီး အထင်သေးဟန်ဖြင့်

"နင်က ငါ့အစ်ကိုတိုးမက်စ်ကို မြူဆွယ်လို့မရတော့ အစ်ကိုအဲရစ်လ်ဘက်ကို လှည့်သွားပြီပေါ့ " လို့ အထင်သေးဟန်ဖြင့်ပြောလိုက်တော့ ဆိုရမ်မျက်နှာဟာ ဖြူဖျော့သွားကာ

"သခင်မလေး စကားကိုဆင်ခြင်ပြောပေးပါ ကျွန်တော်က ဘယ်လိုသတို့လောင်းရှိတဲ့သူတစ်ယောက်ကို မြူဆွယ်ရဲမှာလဲ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို ညိုှးနွမ်းစေမဲ့စကား မပြောပါနဲ့"လို့ ပြောတော့ အန်နီနာမျက်ဝန်းများဟာ ပိုမိုစိတ်ပျက်သွားဟန်ဖြင့်

"မူယာမာယာများတဲ့ကောင် ဟက်" နှာရှုံ့ကာ ထွက်သွားဖို့ရှိသေးသည်၊ဆိုရမ်အနောက်ဘက်က လူကိုမြင်တော့ အန်နီနာဟာ မျက်လုံးလေးများဝိုင်းသွားကာ ပျော်ရွှင်သွားဟန်ဖြင့်

"ကိုကိုအဲရစ်လ်"လို့ ခေါ်ကာ အဲရစ်လ်လက်မောင်းကို ပြေးဖက်တော့သည်၊သူမဟာ အဲရစ်လ်ရဲ့ချောမောသည့်မျက်နှာကို တောက်ပသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့သည်၊

ဆိုရမ်ဟာလည်း အဲရစ်လ်ရောက်လာသည်ကို သိတော့ မျက်ရည်ကို ညှစ်ထုတ်ကာ သနားဟန်အမူအရာဖြင့်လှည့်လာပေမယ့် အန်နီနာဟာ အဲရစ်လ်ကို ညနေက သူမဘာသာထိခိုက်ဒဏ်ရာရခဲ့သည့် အနာသေးသေးလေးကို မရမက ပြူပြဲလိုက်ပြတော့သည်၊

"ကိုကိုအဲရစ်လ်... ကြည့်... ကြည့် အန်နီနာရဲ့အနာက အပြင်မှာနေနေတော့ ပိုပိုနာလာတယ်... ဟင့် ကိုကိုအဲရစ်လ် ငယ်ငယ်တုန်းကလို အန်နီနာကို ဆေးထည့်ပေးဦး"လို့ ချွဲနွဲ့စွာပြောနေတော့သည်၊

အဲရစ်လ်ဟာ ပထမက ဆိုရမ်ရဲ့သည်းခံမှုအတိုင်းအတာကို သိချင်တာကြောင့် လွတ်ထားခြင်းဖြစ်ပေမယ့် တိုးမက်စ်ရဲ့ညီမကို မြင်သည့်အခါမှတော့ ဝင်ရောက်ကူညီရန်စဉ်းစားလိုက်တော့သည်၊တိုးမက်စ်ရဲ့ညီမဟာ ငယ်ရွယ်သေးသလို ပါးစပ်လည်းစည်းမစောင့်ကာ ပြောချင်တာပြောတတ်သည့်မြေခွေးမလေးကိုး၊ဒါပေမယ့် တဖက်ဟာ ဟန်ဆောင်ကောင်းသည့်အဓိကဇာတ်ကောင်ကိုး၊ အန်နီနာကို တက်နင်းပြီး အခြားသူတွေရဲ့ကြင်နာမှုကို ရရှိသွားစေရန် သူမလိုလားပေ၊

"ကောင်းပြီ ကိုကို မင်းရဲ့အနာကိုဆေးလိုက်ထည့်ပေးတာပေါ့"လို့ ပြောရင်း စံအိမ်ထဲ ပြန်ဝင်ရန်ပြင်လိုက်ချိန်မှာ အနောက်ကနေ ဆိုရမ်ရဲ့အသံသေးသေးလေးထွက်လာတော့သည်၊

"စီနီယာအဲရစ်လ်..."

"အာ ဟုတ်သားပဲ ကိုယ်မင်းကို မေ့တော့မလို့... "လို့ အဲရစ်လ်ဟာ ပြောလိုက်ပြီး ဂိတ်ပေါက်ရှိ အစောင့်အား ကြည့်ကာ

"သူက ငါ့မိတ်ဆွေပဲ ဝင်ခွင့်ပေးလိုက်"လို့ ပြောလိုက်တော့ အစောင့်ဟာ ခေါင်းတစ်ချက်ညိတ်ကာ

"အမိန့်တိုင်းပါ သခင်လေးဝေါ့လ်လက်စ်"

အဲရစ်လ်ဟာ ဆိုရမ်ကိုပင် ဂရုမစိုက်စွာဖြင့် အန်နီနာကိုသာ ခေါ်သွားတော့သည်၊အန်နီနာဟာ ဆိုရမ်ဘက်ကိုကြည့်ကာ လှောင်ပြုံးများဖြင့် ပြုံးပြလိုက်ပြီး အဲရစ်လ်လက်မောင်းကို ဖက်တွယ်ကာ အတင်းဆွဲခေါ်သွားတော့သည်၊

"အဲ့တာ သခင်လေးဝေါ့လ်လက်စ်လား... အရမ်းခန့်ညားတာပဲ!!!ဘေးနားက ဘယ်သူလဲ"

"အဲ့တာ သခင်မလေးဘော့စတင်လေ"

"သူတို့ နှစ်ယောက်က အရမ်းရင်းနှီးကြတာပဲ... ဝိုး"

"ဟဲ့... သခင်လေးဝေါ့လ်လက်စ်က အမျိုးသားချင်းပဲချစ်ကြိုက်တဲ့သူတဲ့"

"သေချာလို့လားဟ... "

"သေချာတာပေါ့ ဘော့စတင်အိမ်တော်ရဲ့တတိယသခင်လေး တိုးမက်စ်နဲ့အပြိုင် အိုလီဘာ ဘီဗဲလ်ကို ပိုးပန်းကြတာလေ နောက်ဆုံး အိုလီဘာက တိုးမက်စ်ကိုပဲ ရွေးချယ်သွားတာ..."

"ဝိုး...အားကျလိုက်တာ "

"ကိုယ်နဲ့တန်ရာတန်ရာပေါ့ အချို့က ကိုယ်နဲ့မထိုက်တန်ဘဲ အရမ်းကိုမျှော်မှန်းနေကြတာ သိလား...ဆိုရမ် ဒါ့လ်နစ်အော့ဆိုတဲ့ ဂျူနီယာကျောင်းသားကို သိတယ်မလား အဲ့တစ်ယောက်ဆိုရင် သခင်လေးအိုလီဘာရှိရဲ့နဲ့ သခင်လေးတိုးမက်စ်ကို လိုက်ကပ်တာလေ"

"အို...ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလဲ!"

"သခင်လေးဝေါ့လ်လက်စ်ပေါ်လာတော့ အဲ့ ဆိုရမ်ဆိုတဲ့ဂျူနီယာက သခင်လေးဝေါ့လ်လက်စ်ကို လိုက်ကပ်ပြန်ကော"

"သူငယ်ချင်းနှစ်ယောက်ကို ဘယ်သူသာလဲ ယှဉ်ပြီး လိုက်ကပ်တာ မရှက်ဘူးလားဟ... အဲ့လိုလူမျိုးကို မြင်ဖူးချင်မိပါရဲ့"

"နင့်ရှေ့မှာလေ အင်္ကျီဖြူနဲ့တစ်ယောက် အဲ့တာ ဆိုရမ် ဒါ့လ်နစ်အော့လေ"

"အမ်...သူလား... ရုပ်လေးက မထင်ရဘူးနော်... "

ဆိုရမ်ဟာ သူအကြောင်းပြောနေသည့်သူတွေကြောင့် ဒေါသထွက်နေပေမယ့် စိတ်ကို ဖြေလျော့ကာ ကော်ဇောနီပေါ်ကို လျှောက်လှမ်းလာတော့သည်၊ဆိုရမ် ကော်ဇောနီတက်လျှောက်လာသည့်ချိန်မှာ ခုနက သူ့ကို အပြစ်တင်ဝေဖန်ပြောဆိုသည့်စကားအကုန် မေ့ပျောက်သွားကာ သူ့ကိုယ်သူ အထက်တန်းလွှာကလူတစ်ယောက်လို ခံစားနေရသည်၊အရင်နှစ်ကလို သူ့အမေနဲ့အတူ စိတ်ပျက်စရာကောင်းသည့်လူတွေနဲ့အတူ တော်ဝင်ဧကရီလှူဒါန်းသည့်နေရာတွေမှာ တိုးဝှေ့စရာမလိုတော့ဘဲ မြင့်မြတ်သည့်လူတစ်ယောက်လို ဒီကော်ဇောနီပေါ် လျှောက်လှမ်းနေရပြီ၊ဒီခံစားချက်ဟာ အရမ်းကိုကောင်းမွန်လွန်းလှသည်၊ဘယ်သူတွေ သူ့ကိုဘယ်လောက်ဝေဖန်ဝေဖန်ပါစေ! အမြင့်ကိုရောက်ဖို့ သူဘယ်လိုနည်းလမ်းဘဲ သုံးရသုံးရ သူရအောင်ဖန်တီးပစ်မည်! တနေ့နေ့တစ်ချိန်မှာ သူဟာ ဝေါ့လ်လက်စ်အိမ်တော်ရဲ့ဒုတိယအိမ်ရှင်ဖြစ်နေရမည်၊
(A/N: ဒုတိယအိမ်ရှင် - အိမ်သက်ထားကို ပြောချင်တာပါဗျ)

အဲရစ်လ်ကတော့ အန်နီနာနဲ့အတူ ပါတီထဲ ပြန်ဝင်ရောက်လာတော့သည်၊သူဟာ သူ့မိဘတွေရှိရာကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ တိုးမက်စ်နဲ့ အိုလီဘာကို တွေ့လိုက်ရသည်၊တိုးမက်စ်ဟာ အပြာရင့်ရောင်အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားပြီး တကယ်ကို လူကြီးလူကောင်းတစ်ယောက်နဲ့တူနေပြီး တစ်ဖက်ရှိ အိုလီဘာကတော့ အပြာနုရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး လူတိုင်းကို သက်သောင့်သက်သာဖြစ်စေသည့်အပြုံးလေးတင်ထားကာ အိုလီဘာပုံစံဟာ တကယ့်ကိုနတ်သားလေးသဖွယ်ပင်၊ အဲရစ်လ်ဟာ ထိုနှစ်ယောက်ဆီသွားပြီး အိုလီဘာကို ကြည့်ကာ

"ကိုယ်ရဲ့အိုလီဘာလေး မင်းက အမြဲကြည့်ကောင်းနေတာပဲ... ဟင်း ကိုယ်ရဲ့နှလုံးသားအစုံဟာ ကြာရင်ခံနိုင်ရည်မရှိတော့မှာ စိုးရိမ်စရာပဲ" လို့ ပြောရင်း အိုလီဘာရဲ့လက်လေးကို ဆွဲယူကာ လက်ဖဖိုးကို အနမ်းချွေလိုက်ရင်း ပြုံးလိုက်သည့်ချိန်မှာ အနီရောင်နှင်းဆီပွင့်များ ဖူးပွင့်သွားသလိုပင်၊အနီးအနားရှိ အမျိုးသမီးငယ်များနဲ့အမျိုးသားငယ်အချို့ဆို မျက်နှာတွေရဲကုန်ကာ ... အဲရစ်လ်ကို တပ်မက်စွာကြည့်နေကြတော့သည်၊ အိုလီဘာကို အဲရစ်လ်က သဘောကျပေမယ့် အိုလီဘာနဲ့အဲရစ်လ်ဟာ ဘာမှမသက်ဆိုင်သည်ကို သူတို့အားလုံးသိကြသည်၊ဒါကြောင့် ပထမဆုံးအကြိမ် ပါတီတက်ရောက်လာသည့် အဲရစ်လ် ဝေါ့လ်လက်စ်ဟာ သူတို့မျက်ဝန်းထဲမှာ အဆီတဝင်းဝင်းနဲ့အမဲသားလိုပင်၊

"အဲရစ်လ် မင်း တကယ်လာတာပဲ" အဲရစ်လ်နဲ့အခြားသူတွေဟာ ထိုထွက်ပေါ်လာသည့်အသံလာရာကို ကြည့်လိုက်သည့်ချိန်မှာ အဲရစ်လ်ကလွဲ၍ ကျန်သည့်သူတွေမှာ မျက်ဝန်းများ ကြိမ်းသွားသယောင်ပင်၊ လှေကားထစ်ကနေ အမျိုးသားနှစ်ယောက်...အာ နတ်ဘုရားနှစ်ပါး! ဆင်းသက်လာသလိုပင်၊

မဟူရာရောင်လိုနက်မှောင်နေသည့် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ဆံအပင်အဖြူရောင်နဲ့ အမျိုးသားရဲ့မျက်နှာအထက်တွင် ခပ်ပေါ့ပေါ့အပြုံးတစ်ပွင့်တပ်ဆင်ထားပြီး သူရဲ့လေးထောင့်ဆန်မျက်နှာဟာ ထိုအပြုံးကြောင့် ပိုမိုကြည့်ကောင်းနေတော့သည်၊ထိုယောကျာ်းရဲ့ အုံမှိုင်းမှိုင်းတိမ်ရောင်လို မီးခိုးရောင်မျက်ဝန်းများဟာ အခုလိုမီးရောင်အောက်မှာ ကလဲ့လဲ့နဲ့ပိုမိုကြည့်ကောင်းနေပြန်သည်၊

နောက်တစ်ယောက်ကတော့ အနက်ရောင်ဆံပင်ကို အနောက်ဘက်ကို သပ်တက်ထားကာ စကျင်ကျောက်ကဲ့သို့ ဖြူဖွေးနေသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်၊ကနီလာကျောက်မျက်ရတနာလို တောက်ပသည့် ထိုလူငယ်ရဲ့အပြာရောင်မျက်ဝန်းများနဲ့ အရယ်အပြုံးမရှိသည့် အေးစက်စက်မျက်နှာကြောင့် ကြည့်နေသူအပေါင်းကို  အနည်းငယ်ရှိန်စေသည်၊ ဒါပေမယ့်လည်း ထိုယောကျာ်းပျိုနှစ်ဦးဟာ တစ်ယောက်ဟာ ကောင်းကင်ဘုံကဆင်းသက်လာသည့်နတ်ဘုရားနဲ့တူနေချိန်မှာ နောက်တစ်ယောက်ဟာလည်း မှေးမှိန်သွားခြင်းမရှိဘဲ အသူရာကယ်ချောက်နက်ထဲက တက်လာသည့် နတ်ဆိုးနဲ့တူနေပြန်သည်၊တစ်ယောက်ဟာ နေတစ်စင်းလို နွေးထွေးပူလောင်မှုပေးနေချိန်မှာ တစ်ယောက်ဟာ လတစ်စင်းလို အေးစက်အေးချမ်းမှုများ ပေးနေပြန်သည်၊

"မင်းသားအန်ဒိုရာနဲ့မင်းသားဒန်စီအိုပဲ!!" လို့ အသည်းတကြွကြွဖြင့် အမျိုးသမီးငယ်လေးတွေဟာ ပြောလိုက်ရင်း သူမတို့မျက်ဝန်းများဟာ အသည်းလေးများထကြွနေတော့သည်၊

အန်ဒိုရာနဲ့ဒန်စီအိုဟာ အဲရစ်လ်နားရောက်တော့ အန်ဒိုရာဟာ အပြုံးချိုများစွန့်ကြဲနေပြီး "မင်းလာမယ်ဆိုတာ ကိုယ်သိသားပဲ... "လို့ ပြောလိုက်ပေမယ့် အဲရစ်လ်ဟာ မျက်မှောင်ကြုတ်ထားကာ သူတို့ကို လစ်လျူရှုရန်ကြိုးပမ်းနေသည်ကို တွေ့လိုက်ရတော့သည်၊ ဒါကို ဘာကြောင့်မှန်း အန်ဒိုရာကသိတော့ ဒန်စီအိုဆီကို လှည့်ကြည့်လိုက်သည်၊ဒန်စီအိုဟာ ခေါင်းညိတ်ပြလိုက်ပြီး...

"ကိုယ် တောင်းပန်ပါတယ်"လို့ တိုးညှင်းစွာပြောလိုက်ပေမယ့် ကြားရသူနားကို အေးမြမြလေညင်းလေး ကျီဆယ်သွားသလိုပင်၊ဒါပေမယ့် အဲရစ်လ်ကတော့ ဂရုမစိုက်သည့်အမူအရာဖြင့် ခနဲ့ပြုံးတစ်ပွင့်ဖြင့်

"မင်းက ဘာကို တောင်းပန်ချင်တာလဲ"လို့ မေးလိုက်တော့ ဒန်စီအိုဟာ အဲရစ်လ်ရဲ့မျက်ဝန်းနက်နက်လေးကို အမြတ်တနိုးစိုက်ကြည့်နေရင်း

"ကိုယ် မင်းရဲ့ခွင့်ပြုချက်မရသေးဘဲ မနမ်းသင့်ခဲ့ဘူး...ပြီးတော့ ကိုယ် ကတုံးမတုံးရဲခဲ့ဘူး"လို့ အပြစ်ရှိသည့်ခွေးလေးပမာ မျက်နှာငယ်လေးနဲ့ပြောနေတော့သည်၊ဘေးနားရှိ အန်ဒိုရာကလည်း သခင်ကို ပွတ်သပ်ချင်သည့်ကြောင်လေးပမာ သနားတမားအကြည့်လေးဖြင့်...

"ကိုယ်လည်း ကတုံးမတုံးရဲဘူး... " လို့ ပြောလာသည့် သူတို့စကားကြောင့် အဲရစ်လ်ကြောင်အမ်းသွားတော့သည်၊သူ့မျက်ဝန်းများဟာ မင်းတို့ဘာသာ ကတုံးမတုံးရဲကာ ဒီအရှင်သခင်ကို ဘာကြောင့် လာပြောနေရတာလဲ ဆိုသည့်အကြည့်များဖြင့်ကြည့်နေမိသည်၊

အန်ဒိုရာဟာ ထိုမျက်ဝန်းအဓိပ္ပါယ်ကို နားလည်စွာ အဲရစ်လ်လက်တဖက်ကို  ဆွဲယူကာ ...

"ကိုယ် အကြံပေးဝန်ကြီးဆီ မေးပြီးပြီ... ကိုယ့်ဆံပင်ရောင်က လပြည့်ရောင်တဲ့ " လို့ ပြောလိုက်တော့ ဒန်စီအိုဟာ ခေါင်းညိတ်ကာ

"ကိုယ်က မဟူရာအရောင်တဲ့ အနက်ရောင်မဟုတ်ဘူးဆိုတော့ အဲရစ်လ်ကို ကိုယ်နမ်းလို့ရပြီလား?" လို့ ပြောလာတော့သည်၊ အဲရစ်လ်တစ်ယောက် အန်ဒိုရာလက်ထဲကနေ သူ့လက်ကို ပြန်ဆွဲလိုက်ပြီး သူ့မျက်နှာဟာ ဒေါသကြောင့် နီညိုရောင်တွေသန်းနေတော့သည်၊

"လပြည့်ရောင် မဟူရာအရောင်? မင်းတို့ ဆံပင်တွေက အဖြူရောင်နဲ့အနက်ရောင်မှန်း သောက်ရမ်းကို သိသာနေတာကို ဟမ်?!" လို့ အော်ပစ်မတက်ပြောလိုက်တော့ ထိုနှစ်ယောက်ဟာ မကျေမနပ်သည့်မျက်ဝန်းများဖြင့် ဘေးနားရှိလူအုပ်ကို ကြည့်ကာ...

"မင်းတို့ ဒီမင်းသားတို့ ဆံပင်အရောင်ကို ပြောစမ်း" လို ပြောလိုက်ပေမယ့် အကြည့်များထဲတွင် ဓားအစင်းတစ်သောင်းများထည့်ထားလားအောက်မေ့ရသည်၊အထက်တန်းလွှာသခင်၊သခင်မလေးများ ပီပီ ၊သူတို့ဟာလည်း ဉာဏ်ကောင်းစွာဖြင့် ...

"လပြည့်ရောင် နဲ့ မဟူရာရောင်လို့ မြင်ပါတယ် မင်းသား" လို့ သံပြိုင်ဖြေသံနဲ့အတူ အန်ဒိုရာဟာ အဲရစ်လ်ကို ကြည့်ကာ "ယုံပြီလား အဲရစ်လ် "

'ဒီကောင်တွေ!!!! ငါအရှင်သခင်ကို ဒေါသထွက်ပြီး သေအောင်လုပ်ချင်နေကြတာလား!!!'

-*-*-*-*-*-*-*-*-*-*-*

Bạn đang đọc truyện trên: ZingTruyen.Info