ZingTruyen.Info

Dei No That S My Abode System

Zawgyi

"အိုး... ဒါဆို မင္းအတြက္ ကိုယ္သီးသန္႔စားဖိုမႉးငွါးေပးသင့္တာေပါ့ "လို႔ အဲရစ္လ္ေျပာလိုက္ေတာ့ ဆိုရမ္ဟာ ေခါင္းငံု႔သြားၿပီး သူရဲ႕ေက်နပ္ေနသည့္အမူအရာကို ဖံုးကြယ္လိုက္ကာ ...ေခါင္းျပန္ေမာ့လာသည့္ခ်ိန္မွာ အားနာေနသည့္မ်က္ႏွာေလးျဖင့္

"အာ...မလိုပါဘူး စီနီယာအဲရစ္လ္"လို႔ ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ မ်က္ခံုးတစ္ဖက္ပင့္ကာ ...

"အားနာစရာမလိုပါဘူး မင္းက တိုးမက္စ္ရဲ႕ေလးစားရေသာ ဂ်ဴနီယာေလးပဲေလ ဟုတ္တယ္မလား တိုးမက္စ္"လို႔ တိုးမက္စ္ကို ၾကည့္ရင္းေမးလိုက္ေတာ့ တိုးမက္စ္ရဲ႕အျပံဳးမ်ား ေအးခဲသြားကာ အိုလီဘာဘက္ကိုလွည့္ကာ

"ကိုယ္က သူရဲ႕ပညာရပ္ေပၚ ႀကိဳးစားတဲ့ဇြဲလံု႔လကို ေလးစားတာပါ... သူနဲ႔ကိုယ္က အရမ္းခင္တာ မဟုတ္ဘူး"လို႔ ျပာျပာယာယာ႐ွင္းျပေနသည့္ တိုးမက္စ္ကို ၾကည့္ရင္း အဲရစ္လ္ ေအာင္ႏိုင္သူတစ္ေယာက္လို ျပံဳးေနမိသည္၊

"ဒါေပါ့ ငါကလည္း မင္းရဲ႕ေလးစားရပါေသာ ဂ်ဴနီယာေလးလို႔ပဲ ေျပာတာေလ...မင္းရဲ႕ခ်စ္ရစြာေသာ ဂ်ဴနီယာေလးလို႔ ေျပာတာမွမဟုတ္တာ"လို႔ လက္တစ္ဖက္ ေမးေပၚတင္ရင္း 'ငါ့ကို အတင္းေရာင္းစားခ်င္တာ မွတ္ၿပီလား'ဆုိသည့္ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေျပာလိုက္ေတာ့ တိုးမက္စ္...

"အဲရစ္လ္!" လို ထေအာ္ေတာ့သည္၊

"ဟုတ္ကဲ့ ကြၽန္ေတာ္မ်ိဳး နားေထာင္ေနပါတယ္ အခ်စ္ေလးတိုးမက္စ္"လို႔ေလွာင္ျပံဳးေလးျပံဳးကာ ေျဖလိုက္ေတာ့ တိုးမက္စ္မ်က္ႏွာဟာ ေဒါသေၾကာင့္ ပိုမိုနီရဲလာၿပီး

"မင္းႀကီးေတာ္ အခ်စ္ေလးတိုးမက္စ္!! ရြံစရာေကာင္းေအာင္ လာလုပ္ေနတယ္! မင္း ေဆးရံုကဆင္းၿပီးေနာက္မွ မင္းရဲ႕တည္ၿငိမ္ရင့္က်က္တဲ့အျပဳအမႈေတြ ဘယ္ေရာက္သြားၿပီလဲဟ?!" လို႔ တိုးမက္စ္ဟာ စိတ္ပ်က္စြာေျပာေနေတာ့သည္၊

အဲရစ္လ္ဟာ ခပ္တိုးတိုးသာ ရယ္လိုက္ၿပီး ...

"စိတ္မပူပါနဲ႔ ငါလည္း အိမ္ျပန္ေရာက္ရင္ ငါရဲ႕တကိုယ္လံုးကို ႏြားႏို႔နဲ႔ေဆးခ်မွာပါ" လို႔ ေျပာလိုက္ရင္း ဆိုရမ္ဘက္ကို ၾကည့္ကာ...

"ဂ်ဴနီယာဆုိရမ္ မနက္ျဖန္ အားလား" လို႔ ေမးလိုက္ေတာ့ ဆိုရမ္ရဲ႕မ်က္ႏွာဟာ နီရဲသြားကာ... အနည္းငယ္စဥ္းစားဟန္ျဖင့္ စဥ္းစားၿပီးေနာက္မွ

"ဟုတ္ မနက္ျဖန္ တေနကုန္ ဆိုရမ္ အားပါတယ္ စီနီယာအဲရစ္လ္" လို႔ ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ ေခါင္းတညိတ္ညိတ္ျဖင့္

"မနက္ျဖန္ ညေန ကိုယ္လာေခၚမယ္" လို႔ စကားသံေၾကာင့္ ဆိုရမ္ႏွလံုးသားတစ္ခုလံုး ခဲေတာင့္သြားကာ...  မသိနားမလည္သည္ပံုေလးျဖင့္

"ဘာအတြက္လဲ စီနီယာအဲရစ္လ္" လို႔ ျပန္ေမးလိုက္ေတာ့ အဲရစ္လ္ဟာ မတ္တပ္ထရပ္လိုက္ၿပီး...  ခံုေပၚ လက္ေထာက္ကာ ခါးကိုင္းလိုက္ၿပီး

"ဘာအတြက္ျဖစ္ရမွာလဲ... ကိုယ္ရဲ႕ပါတနာအေနနဲ႔ ေတာ္ဝင္ဧကရီရဲ႕ေမြးေန႔ပါတီကိုေခၚမလို႔ေပါ့ မနက္ျဖန္ မေမ့နဲ႔ဦး" လို႔ ျပံဳးရင္း ေျပာလိုက္ေတာ့ ဆုိရမ္ရဲ႕မ်က္ႏွာဟာ ေရေႏြးပူနဲ႔ပက္သလို ရဲဗေလာင္းခတ္သြားၿပီး ေခါင္းကို အႀကိမ္ႀကိမ္ညိတ္ေနေတာ့သည္၊

"ငါ အရင္ျပန္ႏွင့္ၿပီ" အဲရစ္လ္ဟာ တိုးမက္စ္နဲ႔အိုလီဘာကို ၾကည့္ရင္း ေျပာလိုက္ၿပီး ထြက္သြားေတာ့သည္၊ မင္းသားႏွစ္ေယာက္လား? ေသခ်ာတာေပါ့ နည္းနည္းေလးေတာင္ ထိုႏွစ္ေယာက္ကို အဲရစ္လ္ဟာ အဖက္ပင္မလုပ္ခဲ့ေပ၊

အဲရစ္လ္ ကန္တင္းကေန ေအးေဆးထြက္လာၿပီးေနာက္ ေတာ္ဝင္ဧကရီအတြက္ ဘယ္သူမွမထင္မွတ္စရာ လက္ေဆာင္ေပးအပ္ရန္ အၾကံထုတ္ေနမိသည္၊ ဒါေပမယ့္ သူအၾကံထုတ္ေနတုန္း အေနာက္ကေန လွမ္းဆြဲခံရကာ နံရံအကပ္ခံလိုက္ရၿပီး ...သူ႔ကို စိုက္ၾကည့္ေနသည့္ အျပာေရာက္မ်က္ဝန္းေတာက္ေတာက္မ်ားနဲ႔ လူငယ္တစ္ေယာက္ကို ေတြ႔လိုက္ရသည္၊ဒီလူငယ္ဟာ သူအတန္းရဲ႕သူ႔ခံုေဘးက တစ္ေယာက္ဆုိတာ အစထဲက အဲရစ္လ္ရိပ္မိသည္၊ထိုအျပာေရာင္မ်က္ဝန္းေတာက္ေတာက္တြင္ဟာ အဆံုးမ႐ွိတဲ့ပင္လယ္ထဲက်သြားသလို တစ္ခါၾကည့္ၿပီးသည္ႏွင့္ ဘယ္ေတာ့မွ႐ုန္းမထြက္ႏိုင္သည့္ အေၾကာက္တရားကိုေပးေနသေယာင္ပင္၊ထိုအရာဟာ အဲရစ္လ္ကို စိတ္အေႏွာင့္အယွက္ေပးလြန္းသည္၊သာမန္လူသားကို ဘာေၾကာင့္ သူေၾကာက္လန္႔ေနရမွာလဲ!

အဲရစ္လ္ဟာ စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ မ်က္ခံုးမ်ား ၾကဳတ္သြားၿပီး

"မင္း ဘာကိစၥ႐ွိလို႔လဲ မင္းသားဒန္စီအို ေဘာ့စတင္" လို႔ အံႀကိတ္ကာေမးလိုက္ေတာ့ ထိုလူဟာ သူ႔ကိုသာ စိုက္ၾကည့္ေနၿပီး ဘာမွေျပာမလာေခ်၊

"မင္းသားဒန္စီအို ေဘာ့စတင္!" လို႔ အဲရစ္လ္ဟာ သူရဲ႕အသံကို ျမႇင့္တင္ကာ ေခၚလိုက္ေတာ့ သူေ႐ွ႕႐ွိ လူဟာ

"ဒန္စီအို..." ထိုလူငယ္ ႏူတ္ခမ္းလႊာဟာ ဟလာၿပီး ထိုစကားသာထြက္လာသည္၊ဆုိလိုခ်င္တာက သူ႔ကို ဒန္စီအိုလို႔ေခၚရန္ ေျပာျခင္းျဖစ္မွန္း အဲရစ္လ္သိသည္၊ဒါေပမယ့္ ဘယ္ဘဝက အကုသိုလ္အက်ိဳးေပးေၾကာင့္လည္းမသိဘူး ၊ အဲ့အန္ဒိုရာနဲ႔ဒန္စီအိုကို ျမင္တာနဲ႔ အဲရစ္လ္ အလိုလို အျမင္ကတ္ေနမိသည္၊ဒီခႏၶာကိုယ္ပိုင္႐ွင္နဲ႔လည္း တစ္ခါမွ မေတြ႔ဆံုဖူးဘဲနဲ႔ သူ႔စိတ္ကိုက ထိုႏွစ္ေယာက္ကို ၾကည့္မရျဖစ္ေနသည္၊

"မင္း ဘာကိစၥ႐ွိလို႔လဲ ဒန္စီအို " လို႔ သူမတတ္ႏိုင္စြာ ေခၚလိုက္ေတာ့ ဒန္စီအိုရဲ႕ႏူတ္ခမ္း​ေထာင့္စြန္းဟာ မသိမသာေကာ့တက္သြားၿပီး...

"ကိုယ့္ကို နမ္း"

"ဘာ!! ဘာေျပာလိုက္တာလဲ" ဒီေကာင္ ဘာေျပာလိုက္တာလဲ??! ဒီလူသား ငါအ႐ွင္သခင္ကို ဘာေျပာလိုက္တာလဲ!!!

[Snow: Eira ၾကားလိုက္တယ္!!!! နမ္းတဲ့!!!] ႏွင္းပြင့္ေလးဟာ အဲရစ္လ္ရဲ႕လက္ေမာင္းၾကားထဲကေန ဒန္စီအိုကို ရန္စြာသလိုၾကည့္ေနရင္းေျပာေနေတာ့သည္၊ သူ႔အ႐ွင္သခင္ကိုမ်ား လာနမ္းခိုင္းေနတယ္!! ကိုယ့္ဘာသာ ဆြဲယူနမ္းလိုက္ပါလား ဟြန္႔!

အဲရစ္လ္သာ သူရဲ႕Eiraရဲ႕အေတြးေတြကို သိလို႔ကေတာ့ ေႁမြကင္စားရမွာေသခ်ာသည္၊

"နမ္း"  လို႔ ဒန္စီအိုဟာ ထပ္ေျပာလိုက္သည္၊သူပံုဟာ သူ႔ကို ဘာေၾကာင့္ ခ်က္ခ်င္းမနမ္းရလည္းဆုိၿပီး စိတ္မ႐ွည္မႈေတြေတာင္ ေတြ႔ေနရသည္၊ငါ ဒီေကာင္ကို မသတ္ဘူး!!! သူ႕ဂြၾကားကို တခ်က္ပဲကန္မယ္ေလ ရတယ္မလား?

"မင္း! ႐ူးေန...အု " သူ ေဒါသတႀကီး ျပန္ေျပာရန္႐ွိေသးသည္၊သူရဲ႕ႏူတ္ခမ္းအစံုဟာ သိမ္းပိုက္ခံလိုက္ရေတာ့သည္၊​ေဒါသတႀကီး တုန္႔ျပန္သည့္အခ်ိန္ကို အခြင့္ေကာင္းယူကာ ဒန္စီအိုရဲ႕လ်ွာဟာ သူရဲ႕ပါးစပ္အတြင္းပိုင္းထဲ နက္နက္႐ိႈင္း႐ိႈင္း​ေဖာက္ဝင္လာၿပီး ေနရာအႏွံ႔ ေမႊေႏွာက္ေနကာ သူ႔ကို နည္းနည္းေလးသာ အသက္႐ွဴခြင့္မေပးေခ်၊သူရဲ႕တစ္ကိုယ္လံုး ဝါးၿမိဳမတက္ နမ္းေနတာေၾကာင့္ အဲရစ္လ္ ႐ုန္းကန္ကာ တြန္းထုတ္ရန္ ႀကိဳးစားေပမယ့္ သူရဲ႕လက္ႏွစ္ဖက္ဟာ အခ်ဳပ္ခံလိုက္ရၿပီး ခါးေနာက္ေက်ာမွာ အခ်ဳပ္ခံလိုက္ရၿပီး... ဒန္စီအိုရဲ႕ေနာက္လက္တဖက္ဟာ သူရဲ႕​ေခါင္းအေနာက္ပိုင္းကို ဆြဲဆုပ္ကိုင္လိုက္ၿပီး ပိုမိုၾကမ္းတမ္းစြာ နမ္းလာတာေၾကာင့္ အဲရစ္လ္အသက္ပင္ ဝဝမ႐ွဴသြင္းႏိုင္ေတာ့ေပ၊ဒါ​ေၾကာင့္ သူအတင္းအကန္႐ုန္းကန္ရင္း ဒန္စီအိုရဲ႕ႏူတ္ခမ္းကို ကိုက္ခ်လိုက္သည္၊ထိုအခါမွ... သူရဲ႕ႏူတ္ခမ္းအစံုဟာ လြတ္ေျမာက္ခြင့္ရသြားေတာ့သည္၊အဲရစ္လ္မွာ မ်က္ရည္မ်ားေဝ့ေနၿပီျဖစ္ၿပီး ေလကို အသည္းအသန္႐ွဴသြင္းေနမိသည္၊အသက္႐ွဴဝသြားမွ... ဒန္စီအိုရဲ႕ေသြးမ်ားစို႔ေနသည့္ ႏူတ္ခမ္းေထာင့္ကို ၾကည့္ကာ

'' ေနာက္တစ္ခါ ငါ့ကို နမ္းရင္ မင္းရဲ႕ႏူတ္ခမ္းကို ျပတ္ထြက္သြားေအာင္ ကိုက္ျပမယ္!"လို႔ အံႀကိတ္ကာေျပာလိုက္ေတာ့ ဒန္စီအိုဟာ ထိုစကားကို မၾကားသေယာင္ သူ႔ကို နံရံမွာ ဖိကပ္လာၿပီး... စူးစိုက္ၾကည့္ကာ ေပါက္သြားကာ ေသြးစို႔သြားသည့္ႏူတ္ခမ္းေထာင့္ကို လ်ွာနဲ႔သပ္လိုက္ၿပီး

"ဒါက နာတယ္... တာဝန္ယူ" လို႔ ေျပာလာတာေၾကာင့္ အဲရစ္လ္ရဲ႕မ်က္ႏွာတစ္ခုလံုးနီရဲသြားေတာ့သည္၊႐ွက္ရြံမႈေၾကာင့္ နီရဲျခင္းမဟုတ္ပဲ ေဒါသေၾကာင့္ နီရဲလာျခင္းျဖစ္သည္၊ သူတကယ္ပဲ ဒန္စီအိုဆုိသည့္ လူကို သတ္ခ်င္ေနၿပီ!!!!!

"ဖယ္!!"

"ဘာလို႔လဲ... အန္ဒိုရာက်ေတာ့... နမ္းတယ္ " လို႔ ခပ္တိုးတိုးေလးေျပာေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ အရမ္းကိုနီးကပ္ေနတာေၾကာင့္ အဲရစ္လ္လည္း ထိုစကားကိုၾကားသည္၊ငါ ဘယ္တုန္းက! ဟိုတစ္ေယာက္ကို နမ္းမိခဲ့လို႔လဲ!!

[Snow: မနက္ပိုင္းတုန္းက အခ်ိန္အတိအက်ေျပာရရင္ ကိုးနာရီ ေလးဆယ့္ငါးမိနစ္နဲ႔ ႏွစ္ဆယ့္သံုးစကၠန္႔မွာပါ]

"ၿပီးေတာ့ အန္ဒိုရာနဲ႔လည္း စကားေျပာတယ္...ကိုယ့္ကို သေဘာမက်ဘူးလားဟင္... ကိုယ္က မင္းႀကိဳက္တဲ့ပံုစံမဟုတ္လို႔လား..." လို႔ ဝမ္းနည္းစြာ ဆိုလာသည့္ ဒန္စီအိုေၾကာင့္ အဲရစ္လ္ဘာဆက္ေျပာရမလဲ မသိေတာ့ေပ၊

"ငါက အနက္ေရာင္ဆံပင္နဲ႔အျဖဴေရာင္ဆံပင္ေရာင္႐ွိတဲ့သူေတြကို သေဘာမက်ဘူး အခု သိၿပီမလား ေဘးဖယ္" လို႔ ေျပာလိုက္ၿပီး အဲရစ္လ္တြန္းဖယ္ကာ ထြက္သြားေတာ့သည္၊သူအမွန္ေျပာခဲ့တာ...၊ အျဖဴေရာင္ဆံပင္၊အနက္ေရာင္ဆံပင္ေရာင္ပိုင္ထားသည့္ သူေတြကို သူသေဘာမက်ေပ၊ အရင္ကေတာ့ သူသေဘာက်ျမတ္ႏိုးခဲ့ေပမယ့္...အခုေတာ့ ဆန္႔က်င္ဘက္ပင္၊

-------------
ေနာက္တစ္ေန႔ ေတာ္ဝင္ဧကရီေမြးေန႔အတြက္ သူလက္ေဆာင္ျပင္ဆင္ၿပီးေနာက္ သူ႔မိဘေတြနဲ႔အတူ ေမြးေန႔ပါတီကို ထြက္လာေတာ့သည္၊ဆိုရမ္အတြက္လား? ကားဒ႐ိုင္ဘာ သီးသန္႔လႊတ္ေပးထားၿပီးၿပီျဖစ္သည္၊​​သူနဲ႔တူတူလိုက္ရန္အတြက္ ထိုလူသားဟာ မထိုက္တန္ေပ၊

ေတာ္ဝင္ဧကရီရဲ႕ေမြးေန႔ပါတီလို႔ မေျပာရဘူး တကယ္ကို ခမ္းနားလွပတင့္တယ္သည့္ လိပ္ျပာေတးငွက္စံအိမ္မွာ တကယ့္ကို ခမ္းခမ္းနားနားျပင္ဆင္ေပးထားသည္၊လိပ္ျပာေတးငွက္စံအိမ္ဟာ ဧကရာဇ္ကိုယ္တိုင္ သူရဲ႕ခ်စ္ရသည့္အမ်ိဳးသမီးအတြက္ သီးသန္႔ေဆာက္ေပးထားသည့္ စံအိမ္ေတာ္ျဖစ္ၿပီး ႏွစ္တိုင္း ထိုစံအိမ္မွာသာ ေမြးေန႔ပါတီက်င္းပေနက်ျဖစ္သည္၊

ဇိမ္ခံကားမ်ိဳးစံုဟာ လိပ္ျပာေတးငွက္စံအိမ္ေ႐ွ႕မွာ ရပ္နားလာၾကၿပီး အနီေရာင္ေကာ္ေဇာထက္ေပၚမွာ ဂုဏ္က်က္သေရ႐ွိသည့္အမ်ိဳးသား၊အမ်ိဳးသမီးမ်ားဟာ ေဒါင္းမ်ားလို လွပတင့္တယ္စြာ ေလ်ွာက္လွမ္းရင္း စံအိမ္ထဲကို ဝင္သြားၾကေတာ့သည္၊ထိုခ်ိန္မွာ Audiဇိမ္ခံကားတစ္စီးဟာလည္း စံအိမ္ေ႐ွ႕ရပ္တန္႔သြားေတာ့သည္၊လူအခ်ိဳ႕ရဲ႕မ်က္လံုးမ်ားဟာလည္း ထိုကား၌ ကပ္ညိွေနက်ေတာ့သည္၊

"ေဝါ့လ္လက္စ္လင္မယား ေရာက္လာၾကၿပီထင္တယ္" သူတို႔အသံေတြဟာ ေလးစားမႈမ်ားျဖင့္ ျပည့္သိပ္ေနၾကသည္၊ဂရင္းနက္စ္ေတာ္ဝင္မိသားစုၿပီးရင္ အာဏာအႀကီးဆံုးဟာ ေဝါ့လ္လက္စ္အိမ္ေတာ္သာျဖစ္သည္၊ ဟိုးႏွစ္ေပါင္းမ်ားစြာတုန္းကလည္း ေဝါ့လ္လက္စ္မ်ိဳးႏြယ္ဟာ ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္ခဲ့ေပမယ့္ ေနာက္ဆံုး ထီးနန္းစြန္႔ခြာကာ သိုသိုသိပ္သိပ္သာ ေနထိုင္ၾကေတာ့သည္၊ဒါေပမယ့္ ဂရင္းနက္စ္ေတာ္ဝင္မ်ိဳးႏြယ္က ဘိုးေဘးေတြသာမက မ်ိဳးဆက္တိုင္းကေတာ့ ေတာ္ဝင္မ်ိဳးႏြယ္ေဟာင္းျဖစ္သည့္ ေဝါ့လ္လက္စ္မ်ိဳးႏြယ္ကို ေလးေလးစားစားဆက္ဆံျမဲဆက္ဆံသလို သူတို႔မ်ိဳးႏြယ္စုႏွစ္စုဟာ ရင္းႏွီးၾကသည္၊

ဒါေပမယ့္ အခုေတာ့ ေဝါ့လ္လက္စ္အိမ္ေတာ္က ကားထဲကေန ဆရာေဝါ့လ္လက္စ္ ထြက္လာၿပီးေနာက္ မဒမ္​ေဝါ့လ္လက္စ္ မထြက္လာပဲ ေခ်ာေမာခန္႔ညားသည့္လူငယ္ေလးတစ္ဦးထြက္လာေတာ့သည္၊ ထိုလူငယ္ေလးဟာ ခါးအနည္းငယ္ကိုင္းကာ ကားထဲကိုလက္ကမ္းေပးသည့္ခ်ိန္မွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕လက္ဟာ ထြက္လာၿပီး က်က္သေရျပည့္စံုၿပီး လွပသည့္ အသက္ေလးဆယ္ေက်ာ္ အမ်ိဳးသမီးထြက္လာေတာ့သည္၊ ထိုခ်ိန္မွာ အကုန္လံုးဟာနားလည္သြားေတာ့သည္၊ ေဝါ့လ္လက္စ္တစ္မိသားစုလံုး ေမြးေန႔ပါတီပြဲကို ေရာက္လာတာပဲ၊ဒါဆုိ ထိုလူငယ္ေလးက သခင္ေလး​ေဝါ့လ္လက္စ္​ေပါ့၊ သူတို႔ေတြဟာ ငယ္ရြယ္ၿပီးၾကည့္ေကာင္းသည့္ လူငယ္ေလးကို ဝိုင္းၾကည့္ေနၾကေတာ့သည္၊

လူငယ္ေလးဟာ အရပ္႐ွည္ၿပီး သူဝတ္ဆင္ထားသည့္ အနက္ေရာင္အေနာက္တိုင္းဝတ္စံုထက္႐ွိ နီလာခရမ္း(amethyst)စိန္နဲ့ ယပ္လုပ္ထားသည့္ အမ်ိဳးသားရင္ထိုးဟာ ထိုလူငယ္ရဲ႕ပံုသ႑ာန္ကို ပိုမိုျပည့္စံုေအာင္ ဖန္တီးေပးသေယာင္၊ လူငယ္ဟာ သူရဲ႕ေမွာင္မိုက္ကာအနက္ေရာင္သန္းေနသည့္ ဆံပင္မ်ားကို အေနာက္ဘက္ကို သပ္တင္ထားတာေၾကာင့္ ထိုလူငယ္ရဲ႕ ဗီြပံုသ႑ာန္ေမး႐ိုး၊ႏွာတံခြၽန္ခြၽန္နဲ႔ နီညိဳေရာင္ႏူတ္ခမ္းပါးတစ္စံုကို ပိုမိုေပၚလြင္ေစသည္၊ လူငယ္ရဲ႕ အနက္ေရာင္မ်က္ဝန္းမ်ားဟာ တည္ၿငိမ္ေနၿပီး သူရဲ႕အၾကည့္မ်ားဟာ ေ႐ွ႕ကိုသာ ၾကည့္ေနၿပီး ဘယ္သူ႔ကိုမွ အေလးမထားဟန္ေပၚေနသည္၊ဒါဟာ လူငယ္ရဲ႕စြဲေဆာင္ႏိုင္စြမ္းတစ္မ်ိဳးလို႔ ေျပာရမည္၊

ေဝါ့လ္လက္စ္မိသားစုဟာ စံအိမ္ထဲဝင္လာသည့္ခ်ိန္မွာ ဂရင္းနက္စ္မိသားစုရဲ႕အထိန္းေတာ္ႀကီးဟာ ေရာက္လာကာ ႐ို႐ိုေသေသအမူအရာျဖင့္

"ဆရာေဝါ့လ္လက္စ္တို႔ကို ဧကရီကေစာင့္ေမ်ွာ္ေနတာ"လို႔ ေျပာလိုက္ေတာ့ ဆရာေဝါ့လ္လက္စ္ဟာ ျပံဳးကာ ေခါင္းညိတ္လိုက္ၿပီး သူ႔သားဘက္ကို လွည့္ကာ

"ဒီႏွစ္ေတာ့ မင္းကိုျမင္ရင္ ဧကရီကတကယ္ကို ေပ်ာ္ရႊင္မွာအမွန္ပဲ ငါ့သားေရ"လို႔ ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ ျပံဳးလိုက္ေပမယ့္ ဘာမွေတာ့ျပန္မေျပာေခ်၊သူေကာ အရင္အဲရစ္လ္ေကာက ဒီပါတီကို စိတ္မဝင္စားတာအမွန္ေပ၊ထိုခ်ိန္မွာ သူရဲ႕ဖုန္းဟာလင္းသြားတာေၾကာင့္ သူ႔မ်က္ဝန္းမ်ားဟာ တခ်က္လက္သြားေပမယ့္ သူ႔ဖခင္ဘက္ကိုလွည့္ကာ

"အေဖ ကြၽန္ေတာ့္သူငယ္ခ်င္းေရာက္ေနလို႔ သြားႏူတ္ဆက္လိုက္ဦးမယ္"လို႔ ေျပာလိုက္ေတာ့ ဆရာေဝါ့လ္လက္စ္ဟာ ေခါင္းညိတ္ကာ သြားခိုင္းလိုက္သည္၊ အဲရစ္လ္လည္း ထိုေနရာကေန ထိုင္လာၿပီး ျခံထဲ႐ွိအေမွာင္က်သည့္ေနရာကေန ေကာ္ေဇာနီအဆံုးျဖစ္သည့္ စံအိမ္ေတာ္ရဲ႕ျခံဂိတ္ဝကို စိတ္ဝင္စားဖြယ္ၾကည့္ေနသည္၊

ေနာက္ေတာ့ ကားတစ္စီးဟာ ေရာက္လာကာ ကားထဲကေန အျဖဴေရာင္အေနာက္တိုင္းဝတ္စံုကို ေသေသသပ္သပ္ဝတ္ဆင္ထားၿပီး အညိဳေရာင္ဆံပင္တိုမ်ားကို ေ႐ွ႕ခ်ထားကာ ျဖဴစင္သည့္မ်က္ႏွာေပါက္နဲ႔ခ်စ္စရာေကာင္းသည့္လူငယ္ေလးတစ္ေယာက္ ကားထဲကေနထြက္လာေတာ့သည္၊

'အိုး ေတာ္ေတာ္ျပင္ဆင္ထားတာပဲ ဆိုရမ္' လို႔ အဲရစ္လ္ဟာ ၾကည့္ရင္း လာမည့္ပြဲကို ေစာင့္ေနလိုက္သည္၊ ဖိတ္စာမပါပဲ ဆိုရမ္ဘယ္လိုဝင္လာမလဲ... ၊

-*-*-*-*-*-*-*-*-*-*-

Unicode

"အိုး... ဒါဆို မင်းအတွက် ကိုယ်သီးသန့်စားဖိုမှူးငှါးပေးသင့်တာပေါ့ "လို့ အဲရစ်လ်ပြောလိုက်တော့ ဆိုရမ်ဟာ ခေါင်းငုံ့သွားပြီး သူရဲ့ကျေနပ်နေသည့်အမူအရာကို ဖုံးကွယ်လိုက်ကာ ...ခေါင်းပြန်မော့လာသည့်ချိန်မှာ အားနာနေသည့်မျက်နှာလေးဖြင့်

"အာ...မလိုပါဘူး စီနီယာအဲရစ်လ်"လို့ ပြောလိုက်တော့ အဲရစ်လ်ဟာ မျက်ခုံးတစ်ဖက်ပင့်ကာ ...

"အားနာစရာမလိုပါဘူး မင်းက တိုးမက်စ်ရဲ့လေးစားရသော ဂျူနီယာလေးပဲလေ ဟုတ်တယ်မလား တိုးမက်စ်"လို့ တိုးမက်စ်ကို ကြည့်ရင်းမေးလိုက်တော့ တိုးမက်စ်ရဲ့အပြုံးများ အေးခဲသွားကာ အိုလီဘာဘက်ကိုလှည့်ကာ

"ကိုယ်က သူရဲ့ပညာရပ်ပေါ် ကြိုးစားတဲ့ဇွဲလုံ့လကို လေးစားတာပါ... သူနဲ့ကိုယ်က အရမ်းခင်တာ မဟုတ်ဘူး"လို့ ပြာပြာယာယာရှင်းပြနေသည့် တိုးမက်စ်ကို ကြည့်ရင်း အဲရစ်လ် အောင်နိုင်သူတစ်ယောက်လို ပြုံးနေမိသည်၊

"ဒါပေါ့ ငါကလည်း မင်းရဲ့လေးစားရပါသော ဂျူနီယာလေးလို့ပဲ ပြောတာလေ...မင်းရဲ့ချစ်ရစွာသော ဂျူနီယာလေးလို့ ပြောတာမှမဟုတ်တာ"လို့ လက်တစ်ဖက် မေးပေါ်တင်ရင်း 'ငါ့ကို အတင်းရောင်းစားချင်တာ မှတ်ပြီလား'ဆိုသည့် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်တော့ တိုးမက်စ်...

"အဲရစ်လ်!" လို ထအော်တော့သည်၊

"ဟုတ်ကဲ့ ကျွန်တော်မျိုး နားထောင်နေပါတယ် အချစ်လေးတိုးမက်စ်"လို့လှောင်ပြုံးလေးပြုံးကာ ဖြေလိုက်တော့ တိုးမက်စ်မျက်နှာဟာ ဒေါသကြောင့် ပိုမိုနီရဲလာပြီး

"မင်းကြီးတော် အချစ်လေးတိုးမက်စ်!! ရွံစရာကောင်းအောင် လာလုပ်နေတယ်! မင်း ဆေးရုံကဆင်းပြီးနောက်မှ မင်းရဲ့တည်ငြိမ်ရင့်ကျက်တဲ့အပြုအမှုတွေ ဘယ်ရောက်သွားပြီလဲဟ?!" လို့ တိုးမက်စ်ဟာ စိတ်ပျက်စွာပြောနေတော့သည်၊

အဲရစ်လ်ဟာ ခပ်တိုးတိုးသာ ရယ်လိုက်ပြီး ...

"စိတ်မပူပါနဲ့ ငါလည်း အိမ်ပြန်ရောက်ရင် ငါရဲ့တကိုယ်လုံးကို နွားနို့နဲ့ဆေးချမှာပါ" လို့ ပြောလိုက်ရင်း ဆိုရမ်ဘက်ကို ကြည့်ကာ...

"ဂျူနီယာဆိုရမ် မနက်ဖြန် အားလား" လို့ မေးလိုက်တော့ ဆိုရမ်ရဲ့မျက်နှာဟာ နီရဲသွားကာ... အနည်းငယ်စဉ်းစားဟန်ဖြင့် စဉ်းစားပြီးနောက်မှ

"ဟုတ် မနက်ဖြန် တနေကုန် ဆိုရမ် အားပါတယ် စီနီယာအဲရစ်လ်" လို့ ပြောလိုက်တော့ အဲရစ်လ်ဟာ ခေါင်းတညိတ်ညိတ်ဖြင့်

"မနက်ဖြန် ညနေ ကိုယ်လာခေါ်မယ်" လို့ စကားသံကြောင့် ဆိုရမ်နှလုံးသားတစ်ခုလုံး ခဲတောင့်သွားကာ...  မသိနားမလည်သည်ပုံလေးဖြင့်

"ဘာအတွက်လဲ စီနီယာအဲရစ်လ်" လို့ ပြန်မေးလိုက်တော့ အဲရစ်လ်ဟာ မတ်တပ်ထရပ်လိုက်ပြီး...  ခုံပေါ် လက်ထောက်ကာ ခါးကိုင်းလိုက်ပြီး

"ဘာအတွက်ဖြစ်ရမှာလဲ... ကိုယ်ရဲ့ပါတနာအနေနဲ့ တော်ဝင်ဧကရီရဲ့မွေးနေ့ပါတီကိုခေါ်မလို့ပေါ့ မနက်ဖြန် မမေ့နဲ့ဦး" လို့ ပြုံးရင်း ပြောလိုက်တော့ ဆိုရမ်ရဲ့မျက်နှာဟာ ရေနွေးပူနဲ့ပက်သလို ရဲဗလောင်းခတ်သွားပြီး ခေါင်းကို အကြိမ်ကြိမ်ညိတ်နေတော့သည်၊

"ငါ အရင်ပြန်နှင့်ပြီ" အဲရစ်လ်ဟာ တိုးမက်စ်နဲ့အိုလီဘာကို ကြည့်ရင်း ပြောလိုက်ပြီး ထွက်သွားတော့သည်၊ မင်းသားနှစ်ယောက်လား? သေချာတာပေါ့ နည်းနည်းလေးတောင် ထိုနှစ်ယောက်ကို အဲရစ်လ်ဟာ အဖက်ပင်မလုပ်ခဲ့ပေ၊

အဲရစ်လ် ကန်တင်းကနေ အေးဆေးထွက်လာပြီးနောက် တော်ဝင်ဧကရီအတွက် ဘယ်သူမှမထင်မှတ်စရာ လက်ဆောင်ပေးအပ်ရန် အကြံထုတ်နေမိသည်၊ ဒါပေမယ့် သူအကြံထုတ်နေတုန်း အနောက်ကနေ လှမ်းဆွဲခံရကာ နံရံအကပ်ခံလိုက်ရပြီး ...သူ့ကို စိုက်ကြည့်နေသည့် အပြာရောက်မျက်ဝန်းတောက်တောက်များနဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်၊ဒီလူငယ်ဟာ သူအတန်းရဲ့သူ့ခုံဘေးက တစ်ယောက်ဆိုတာ အစထဲက အဲရစ်လ်ရိပ်မိသည်၊ထိုအပြာရောင်မျက်ဝန်းတောက်တောက်တွင်ဟာ အဆုံးမရှိတဲ့ပင်လယ်ထဲကျသွားသလို တစ်ခါကြည့်ပြီးသည်နှင့် ဘယ်တော့မှရုန်းမထွက်နိုင်သည့် အကြောက်တရားကိုပေးနေသယောင်ပင်၊ထိုအရာဟာ အဲရစ်လ်ကို စိတ်အနှောင့်အယှက်ပေးလွန်းသည်၊သာမန်လူသားကို ဘာကြောင့် သူကြောက်လန့်နေရမှာလဲ!

အဲရစ်လ်ဟာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မျက်ခုံးများ ကြုတ်သွားပြီး

"မင်း ဘာကိစ္စရှိလို့လဲ မင်းသားဒန်စီအို ဘော့စတင်" လို့ အံကြိတ်ကာမေးလိုက်တော့ ထိုလူဟာ သူ့ကိုသာ စိုက်ကြည့်နေပြီး ဘာမှပြောမလာချေ၊

"မင်းသားဒန်စီအို ဘော့စတင်!" လို့ အဲရစ်လ်ဟာ သူရဲ့အသံကို မြှင့်တင်ကာ ခေါ်လိုက်တော့ သူရှေ့ရှိ လူဟာ

"ဒန်စီအို..." ထိုလူငယ် နူတ်ခမ်းလွှာဟာ ဟလာပြီး ထိုစကားသာထွက်လာသည်၊ဆိုလိုချင်တာက သူ့ကို ဒန်စီအိုလို့ခေါ်ရန် ပြောခြင်းဖြစ်မှန်း အဲရစ်လ်သိသည်၊ဒါပေမယ့် ဘယ်ဘဝက အကုသိုလ်အကျိုးပေးကြောင့်လည်းမသိဘူး ၊ အဲ့အန်ဒိုရာနဲ့ဒန်စီအိုကို မြင်တာနဲ့ အဲရစ်လ် အလိုလို အမြင်ကတ်နေမိသည်၊ဒီခန္ဓာကိုယ်ပိုင်ရှင်နဲ့လည်း တစ်ခါမှ မတွေ့ဆုံဖူးဘဲနဲ့ သူ့စိတ်ကိုက ထိုနှစ်ယောက်ကို ကြည့်မရဖြစ်နေသည်၊

"မင်း ဘာကိစ္စရှိလို့လဲ ဒန်စီအို " လို့ သူမတတ်နိုင်စွာ ခေါ်လိုက်တော့ ဒန်စီအိုရဲ့နူတ်ခမ်းထောင့်စွန်းဟာ မသိမသာကော့တက်သွားပြီး...

"ကိုယ့်ကို နမ်း"

"ဘာ!! ဘာပြောလိုက်တာလဲ" ဒီကောင် ဘာပြောလိုက်တာလဲ??! ဒီလူသား ငါအရှင်သခင်ကို ဘာပြောလိုက်တာလဲ!!!

[Snow: Eira ကြားလိုက်တယ်!!!! နမ်းတဲ့!!!] နှင်းပွင့်လေးဟာ အဲရစ်လ်ရဲ့လက်မောင်းကြားထဲကနေ ဒန်စီအိုကို ရန်စွာသလိုကြည့်နေရင်းပြောနေတော့သည်၊ သူ့အရှင်သခင်ကိုများ လာနမ်းခိုင်းနေတယ်!! ကိုယ့်ဘာသာ ဆွဲယူနမ်းလိုက်ပါလား ဟွန့်!

အဲရစ်လ်သာ သူရဲ့Eiraရဲ့အတွေးတွေကို သိလို့ကတော့ မြွေကင်စားရမှာသေချာသည်၊

"နမ်း"  လို့ ဒန်စီအိုဟာ ထပ်ပြောလိုက်သည်၊သူပုံဟာ သူ့ကို ဘာကြောင့် ချက်ချင်းမနမ်းရလည်းဆိုပြီး စိတ်မရှည်မှုတွေတောင် တွေ့နေရသည်၊ငါ ဒီကောင်ကို မသတ်ဘူး!!! သူ့ဂွကြားကို တချက်ပဲကန်မယ်လေ ရတယ်မလား?

"မင်း! ရူးနေ...အု " သူ ဒေါသတကြီး ပြန်ပြောရန်ရှိသေးသည်၊သူရဲ့နူတ်ခမ်းအစုံဟာ သိမ်းပိုက်ခံလိုက်ရတော့သည်၊ဒေါသတကြီး တုန့်ပြန်သည့်အချိန်ကို အခွင့်ကောင်းယူကာ ဒန်စီအိုရဲ့လျှာဟာ သူရဲ့ပါးစပ်အတွင်းပိုင်းထဲ နက်နက်ရှိုင်းရှိုင်းဖောက်ဝင်လာပြီး နေရာအနှံ့ မွှေနှောက်နေကာ သူ့ကို နည်းနည်းလေးသာ အသက်ရှူခွင့်မပေးချေ၊သူရဲ့တစ်ကိုယ်လုံး ဝါးမြိုမတက် နမ်းနေတာကြောင့် အဲရစ်လ် ရုန်းကန်ကာ တွန်းထုတ်ရန် ကြိုးစားပေမယ့် သူရဲ့လက်နှစ်ဖက်ဟာ အချုပ်ခံလိုက်ရပြီး ခါးနောက်ကျောမှာ အချုပ်ခံလိုက်ရပြီး... ဒန်စီအိုရဲ့နောက်လက်တဖက်ဟာ သူရဲ့ခေါင်းအနောက်ပိုင်းကို ဆွဲဆုပ်ကိုင်လိုက်ပြီး ပိုမိုကြမ်းတမ်းစွာ နမ်းလာတာကြောင့် အဲရစ်လ်အသက်ပင် ဝဝမရှူသွင်းနိုင်တော့ပေ၊ဒါကြောင့် သူအတင်းအကန်ရုန်းကန်ရင်း ဒန်စီအိုရဲ့နူတ်ခမ်းကို ကိုက်ချလိုက်သည်၊ထိုအခါမှ... သူရဲ့နူတ်ခမ်းအစုံဟာ လွတ်မြောက်ခွင့်ရသွားတော့သည်၊အဲရစ်လ်မှာ မျက်ရည်များဝေ့နေပြီဖြစ်ပြီး လေကို အသည်းအသန်ရှူသွင်းနေမိသည်၊အသက်ရှူဝသွားမှ... ဒန်စီအိုရဲ့သွေးများစို့နေသည့် နူတ်ခမ်းထောင့်ကို ကြည့်ကာ

'' နောက်တစ်ခါ ငါ့ကို နမ်းရင် မင်းရဲ့နူတ်ခမ်းကို ပြတ်ထွက်သွားအောင် ကိုက်ပြမယ်!"လို့ အံကြိတ်ကာပြောလိုက်တော့ ဒန်စီအိုဟာ ထိုစကားကို မကြားသယောင် သူ့ကို နံရံမှာ ဖိကပ်လာပြီး... စူးစိုက်ကြည့်ကာ ပေါက်သွားကာ သွေးစို့သွားသည့်နူတ်ခမ်းထောင့်ကို လျှာနဲ့သပ်လိုက်ပြီး

"ဒါက နာတယ်... တာဝန်ယူ" လို့ ပြောလာတာကြောင့် အဲရစ်လ်ရဲ့မျက်နှာတစ်ခုလုံးနီရဲသွားတော့သည်၊ရှက်ရွံမှုကြောင့် နီရဲခြင်းမဟုတ်ပဲ ဒေါသကြောင့် နီရဲလာခြင်းဖြစ်သည်၊ သူတကယ်ပဲ ဒန်စီအိုဆိုသည့် လူကို သတ်ချင်နေပြီ!!!!!

"ဖယ်!!"

"ဘာလို့လဲ... အန်ဒိုရာကျတော့... နမ်းတယ် " လို့ ခပ်တိုးတိုးလေးပြောပေမယ့် သူတို့နှစ်ယောက်ဟာ အရမ်းကိုနီးကပ်နေတာကြောင့် အဲရစ်လ်လည်း ထိုစကားကိုကြားသည်၊ငါ ဘယ်တုန်းက! ဟိုတစ်ယောက်ကို နမ်းမိခဲ့လို့လဲ!!

[Snow: မနက်ပိုင်းတုန်းက အချိန်အတိအကျပြောရရင် ကိုးနာရီ လေးဆယ့်ငါးမိနစ်နဲ့ နှစ်ဆယ့်သုံးစက္ကန့်မှာပါ]

"ပြီးတော့ အန်ဒိုရာနဲ့လည်း စကားပြောတယ်...ကိုယ့်ကို သဘောမကျဘူးလားဟင်... ကိုယ်က မင်းကြိုက်တဲ့ပုံစံမဟုတ်လို့လား..." လို့ ဝမ်းနည်းစွာ ဆိုလာသည့် ဒန်စီအိုကြောင့် အဲရစ်လ်ဘာဆက်ပြောရမလဲ မသိတော့ပေ၊

"ငါက အနက်ရောင်ဆံပင်နဲ့အဖြူရောင်ဆံပင်ရောင်ရှိတဲ့သူတွေကို သဘောမကျဘူး အခု သိပြီမလား ဘေးဖယ်" လို့ ပြောလိုက်ပြီး အဲရစ်လ်တွန်းဖယ်ကာ ထွက်သွားတော့သည်၊သူအမှန်ပြောခဲ့တာ...၊ အဖြူရောင်ဆံပင်၊အနက်ရောင်ဆံပင်ရောင်ပိုင်ထားသည့် သူတွေကို သူသဘောမကျပေ၊ အရင်ကတော့ သူသဘောကျမြတ်နိုးခဲ့ပေမယ့်...အခုတော့ ဆန့်ကျင်ဘက်ပင်၊

-------------
နောက်တစ်နေ့ တော်ဝင်ဧကရီမွေးနေ့အတွက် သူလက်ဆောင်ပြင်ဆင်ပြီးနောက် သူ့မိဘတွေနဲ့အတူ မွေးနေ့ပါတီကို ထွက်လာတော့သည်၊ဆိုရမ်အတွက်လား? ကားဒရိုင်ဘာ သီးသန့်လွှတ်ပေးထားပြီးပြီဖြစ်သည်၊သူနဲ့တူတူလိုက်ရန်အတွက် ထိုလူသားဟာ မထိုက်တန်ပေ၊

တော်ဝင်ဧကရီရဲ့မွေးနေ့ပါတီလို့ မပြောရဘူး တကယ်ကို ခမ်းနားလှပတင့်တယ်သည့် လိပ်ပြာတေးငှက်စံအိမ်မှာ တကယ့်ကို ခမ်းခမ်းနားနားပြင်ဆင်ပေးထားသည်၊လိပ်ပြာတေးငှက်စံအိမ်ဟာ ဧကရာဇ်ကိုယ်တိုင် သူရဲ့ချစ်ရသည့်အမျိုးသမီးအတွက် သီးသန့်ဆောက်ပေးထားသည့် စံအိမ်တော်ဖြစ်ပြီး နှစ်တိုင်း ထိုစံအိမ်မှာသာ မွေးနေ့ပါတီကျင်းပနေကျဖြစ်သည်၊

ဇိမ်ခံကားမျိုးစုံဟာ လိပ်ပြာတေးငှက်စံအိမ်ရှေ့မှာ ရပ်နားလာကြပြီး အနီရောင်ကော်ဇောထက်ပေါ်မှာ ဂုဏ်ကျက်သရေရှိသည့်အမျိုးသား၊အမျိုးသမီးများဟာ ဒေါင်းများလို လှပတင့်တယ်စွာ လျှောက်လှမ်းရင်း စံအိမ်ထဲကို ဝင်သွားကြတော့သည်၊ထိုချိန်မှာ Audiဇိမ်ခံကားတစ်စီးဟာလည်း စံအိမ်ရှေ့ရပ်တန့်သွားတော့သည်၊လူအချို့ရဲ့မျက်လုံးများဟာလည်း ထိုကား၌ ကပ်ညှိနေကျတော့သည်၊

"ဝေါ့လ်လက်စ်လင်မယား ရောက်လာကြပြီထင်တယ်" သူတို့အသံတွေဟာ လေးစားမှုများဖြင့် ပြည့်သိပ်နေကြသည်၊ဂရင်းနက်စ်တော်ဝင်မိသားစုပြီးရင် အာဏာအကြီးဆုံးဟာ ဝေါ့လ်လက်စ်အိမ်တော်သာဖြစ်သည်၊ ဟိုးနှစ်ပေါင်းများစွာတုန်းကလည်း ဝေါ့လ်လက်စ်မျိုးနွယ်ဟာ တော်ဝင်မျိုးနွယ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံး ထီးနန်းစွန့်ခွာကာ သိုသိုသိပ်သိပ်သာ နေထိုင်ကြတော့သည်၊ဒါပေမယ့် ဂရင်းနက်စ်တော်ဝင်မျိုးနွယ်က ဘိုးဘေးတွေသာမက မျိုးဆက်တိုင်းကတော့ တော်ဝင်မျိုးနွယ်ဟောင်းဖြစ်သည့် ဝေါ့လ်လက်စ်မျိုးနွယ်ကို လေးလေးစားစားဆက်ဆံမြဲဆက်ဆံသလို သူတို့မျိုးနွယ်စုနှစ်စုဟာ ရင်းနှီးကြသည်၊

ဒါပေမယ့် အခုတော့ ဝေါ့လ်လက်စ်အိမ်တော်က ကားထဲကနေ ဆရာဝေါ့လ်လက်စ် ထွက်လာပြီးနောက် မဒမ်ဝေါ့လ်လက်စ် မထွက်လာပဲ ချောမောခန့်ညားသည့်လူငယ်လေးတစ်ဦးထွက်လာတော့သည်၊ ထိုလူငယ်လေးဟာ ခါးအနည်းငယ်ကိုင်းကာ ကားထဲကိုလက်ကမ်းပေးသည့်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့လက်ဟာ ထွက်လာပြီး ကျက်သရေပြည့်စုံပြီး လှပသည့် အသက်လေးဆယ်ကျော် အမျိုးသမီးထွက်လာတော့သည်၊ ထိုချိန်မှာ အကုန်လုံးဟာနားလည်သွားတော့သည်၊ ဝေါ့လ်လက်စ်တစ်မိသားစုလုံး မွေးနေ့ပါတီပွဲကို ရောက်လာတာပဲ၊ဒါဆို ထိုလူငယ်လေးက သခင်လေးဝေါ့လ်လက်စ်ပေါ့၊ သူတို့တွေဟာ ငယ်ရွယ်ပြီးကြည့်ကောင်းသည့် လူငယ်လေးကို ဝိုင်းကြည့်နေကြတော့သည်၊

လူငယ်လေးဟာ အရပ်ရှည်ပြီး သူဝတ်ဆင်ထားသည့် အနက်ရောင်အနောက်တိုင်းဝတ်စုံထက်ရှိ နီလာခရမ်း(amethyst)စိန်နဲ့ ယပ်လုပ်ထားသည့် အမျိုးသားရင်ထိုးဟာ ထိုလူငယ်ရဲ့ပုံသဏ္ဍာန်ကို ပိုမိုပြည့်စုံအောင် ဖန်တီးပေးသယောင်၊ လူငယ်ဟာ သူရဲ့မှောင်မိုက်ကာအနက်ရောင်သန်းနေသည့် ဆံပင်များကို အနောက်ဘက်ကို သပ်တင်ထားတာကြောင့် ထိုလူငယ်ရဲ့ ဗွီပုံသဏ္ဍာန်မေးရိုး၊နှာတံချွန်ချွန်နဲ့ နီညိုရောင်နူတ်ခမ်းပါးတစ်စုံကို ပိုမိုပေါ်လွင်စေသည်၊ လူငယ်ရဲ့ အနက်ရောင်မျက်ဝန်းများဟာ တည်ငြိမ်နေပြီး သူရဲ့အကြည့်များဟာ ရှေ့ကိုသာ ကြည့်နေပြီး ဘယ်သူ့ကိုမှ အလေးမထားဟန်ပေါ်နေသည်၊ဒါဟာ လူငယ်ရဲ့စွဲဆောင်နိုင်စွမ်းတစ်မျိုးလို့ ပြောရမည်၊

ဝေါ့လ်လက်စ်မိသားစုဟာ စံအိမ်ထဲဝင်လာသည့်ချိန်မှာ ဂရင်းနက်စ်မိသားစုရဲ့အထိန်းတော်ကြီးဟာ ရောက်လာကာ ရိုရိုသေသေအမူအရာဖြင့်

"ဆရာဝေါ့လ်လက်စ်တို့ကို ဧကရီကစောင့်မျှော်နေတာ"လို့ ပြောလိုက်တော့ ဆရာဝေါ့လ်လက်စ်ဟာ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူ့သားဘက်ကို လှည့်ကာ

"ဒီနှစ်တော့ မင်းကိုမြင်ရင် ဧကရီကတကယ်ကို ပျော်ရွှင်မှာအမှန်ပဲ ငါ့သားရေ"လို့ ပြောလိုက်တော့ အဲရစ်လ်ဟာ ပြုံးလိုက်ပေမယ့် ဘာမှတော့ပြန်မပြောချေ၊သူကော အရင်အဲရစ်လ်ကောက ဒီပါတီကို စိတ်မဝင်စားတာအမှန်ပေ၊ထိုချိန်မှာ သူရဲ့ဖုန်းဟာလင်းသွားတာကြောင့် သူ့မျက်ဝန်းများဟာ တချက်လက်သွားပေမယ့် သူ့ဖခင်ဘက်ကိုလှည့်ကာ

"အဖေ ကျွန်တော့်သူငယ်ချင်းရောက်နေလို့ သွားနူတ်ဆက်လိုက်ဦးမယ်"လို့ ပြောလိုက်တော့ ဆရာဝေါ့လ်လက်စ်ဟာ ခေါင်းညိတ်ကာ သွားခိုင်းလိုက်သည်၊ အဲရစ်လ်လည်း ထိုနေရာကနေ ထိုင်လာပြီး ခြံထဲရှိအမှောင်ကျသည့်နေရာကနေ ကော်ဇောနီအဆုံးဖြစ်သည့် စံအိမ်တော်ရဲ့ခြံဂိတ်ဝကို စိတ်ဝင်စားဖွယ်ကြည့်နေသည်၊

နောက်တော့ ကားတစ်စီးဟာ ရောက်လာကာ ကားထဲကနေ အဖြူရောင်အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားပြီး အညိုရောင်ဆံပင်တိုများကို ရှေ့ချထားကာ ဖြူစင်သည့်မျက်နှာပေါက်နဲ့ချစ်စရာကောင်းသည့်လူငယ်လေးတစ်ယောက် ကားထဲကနေထွက်လာတော့သည်၊

'အိုး တော်တော်ပြင်ဆင်ထားတာပဲ ဆိုရမ်' လို့ အဲရစ်လ်ဟာ ကြည့်ရင်း လာမည့်ပွဲကို စောင့်နေလိုက်သည်၊ ဖိတ်စာမပါပဲ ဆိုရမ်ဘယ်လိုဝင်လာမလဲ... ၊

-*-*-*-*-*-*-*-*-*-*-

Bạn đang đọc truyện trên: ZingTruyen.Info