ZingTruyen.Info

Dei No That S My Abode System


Zawgyi

တိုးမက္စ္ဟာ အိုလီဘာရဲ႕ပါးေလးကို အျမတ္တႏိုးဖြဖြေလးဆြဲလိုက္ၿပီး

"ခဏေစာင့္ေနာ္...ကိုယ္မွာၿပီးၿပီ"လို႔ ျမတ္ႏိုးမႈမ်ားပါဝင္ေနကာ သူေ႐ွ႕႐ွိေကာင္ေလးေပၚအရမ္းကိုေပ်ာ္ဝင္ေနသည့္ အၾကည့္မ်ားျဖင့္ၾကည့္လိုက္ရင္း ေျပာလိုက္ေတာ့ အိုလီဘာရဲ႕ပါးျပင္ေလးဟာ အနီေရာင္ေဆးရည္မ်ားျဖင့္ပက္ျဖန္းလိုက္သလို နီရဲသြားၿပီး ေအာက္ႏူတ္ခမ္းေလးကို ကိုက္ကာ... ဘာဆက္ေျပာရမလဲမသိတာေၾကာင့္ အဲရစ္လ္ဘက္ကို မသိမသာခိုးၾကည့္ရန္ျပင္လိုက္ေပမယ့္ သူရဲ႕ေမး႐ိုးေလးက ပင့္တင္ခံံရကာ တိုးမက္စ္ရဲ႕လွပသည့္မ်က္ဝန္းမ်ားျဖင့္ အၾကည့္ခ်င္းဆံုသြားရင္း တိုးမက္စ္ဟာ

"ဗိုက္ဆာေနၿပီမလား... "လို႔ တိုးမက္စ္ရဲ႕ အက္႐ွ႐ွအသံေၾကာင့္ အိုလီဘာေယာင္ယမ္းကာ ေခါင္းျပဳတ္မတက္ညိတ္လိုက္ေတာ့သည္၊တိုးမက္စ္ ခပ္တိုးတိုးသာ ရယ္ေမာလိုက္ၿပီး အိုလီဘာရဲ႕နီရဲေနသည့္ႏူတ္ခမ္ဖူးေလးကို ဖြဖြေလးတစ္ခ်က္ကပ္နမ္းလိုက္ၿပီး...

"မွာထားတာက မိနစ္အနည္းငယ္ၾကာဦးမွာ အိုလီဘာ ေညာင္းေနဦးမယ္... ခံုမွာခဏထိုင္ေစာင့္ေနရေအာင္ ကိုယ္တို႔"လို႔ ေျပာလိုက္ေပမယ့္ သူရဲ႕လက္ေမာင္းေတြၾကားထဲ မ်က္ႏွာမ်ားနီရဲကာ ဘာမွၾကားမည့္ပံုမေပၚေတာ့သည့္ သူ႔ခ်စ္ရသူေလးအိုလီဘာကို ဆြဲေခၚလာေတာ့သည္။

အိုလီဘာတို႔အတြဲထြက္သြားၿပီးေနာက္ အစားအေသာက္မွာရန္ ရပ္ေနၾကသည့္သူေတြလည္း

"စီနီယာတိုးမက္စ္က စီနီယာအိုလီဘာကိုေတာ္ေတာ္ခ်စ္ပံုရတယ္... ခုနက သူၾကည့္တဲ့အၾကည့္ေတြ ျမင္လိုက္လား?"

"ေပ်ာ္ေပ်ာ္ႀကီးကို ျမင္တာေပါ့ အဲ့အၾကည့္ေတြေၾကာင့္ ကေလးေတာင္ေမြးေပးခ်င္စိတ္ေပါက္သြားတယ္!"

"တိုးမက္စ္ဆီ လာႏူတ္ဆက္တဲ့ဟိုဂ်ဴနီယာက ဘယ္သူလဲ?မသိရင္ သူ႔ပံုက တိုးမက္စ္ကပဲ သူ႔အပိုင္လိုလိုပဲ...အာ အဲ့တစ္ေယာက္ကို ငါျမင္ဖူးသလိုပဲ" စီနီယာအတန္းကလူေတြဟာ ဆိုရမ္ကိုၾကည့္ကာေျပာေနၾကျခင္းျဖစ္သည္၊ဆုိရမ္ဟာ အျပံဳးေသးေသးေလးတစ္ခုသာ တင္ထားေပမယ့္ စိတ္ထဲမွာေတာ့ အရမ္းကိုေဒါသထြက္ေနကာ ေပါက္ကြဲေနေတာ့သည္၊အဲ့တာ ေသာက္ပိန္းေကာင္ အိုလီဘာေၾကာင့္ သူဘာေၾကာင့္ စီနီယာတိုးမက္စ္နား ျပန္ကပ္ဖို႔ႀကိဳးစားေနရတာလဲ! စီနီယာတိုးမက္စ္က ငါအေပၚ ဒီေလာက္ခ်စ္ခင္ေနၿပီကို သူကဖ်က္ဆီးခ်င္ေနတာပဲ! ေတာ္ေတာ္ယုတ္မာတဲ့စိတ္ဓာတ္ပဲ! ဒါေပမယ့္ ထိုအေတြးမ်ားဟာ ေဘးနားမွာ သူ႔အတင္းေျပာေနသည့္သူေတြေၾကာင့္ ျပတ္ေတာက္သြားေတာ့သည္၊

"အဲ့တာ စေကာလား႐ွစ္နဲ႔ေက်ာင္းတက္ခြင့္ရခဲ့တဲ့ ဆိုရမ္ ဒါ့လ္နစ္ေအာမလား အရင္ေန႔ေတြတုန္းကလည္း တိုးမက္စ္နဲ႔စကားခဏခဏေျပာတာ ေတြ႔ဖူးတယ္ ငါေတာင္အစကထင္ခဲ့တာ တိုးမက္စ္က အိုလီဘာကိုမခ်စ္ဘဲ အဲ့ဂ်ဴနီယာကိုမ်ား စိတ္ယိုင္ေနသလားလို႔ ဒါေပမယ့္အခုေတာ့ အေျဖက႐ွင္းေနၿပီပဲေလ"လို႔ ထိုစီနီယာေက်ာင္းသားကေျပာေတာ့ အကုန္လံုးဟာ ဆိုရမ္ကိုမသိမသာ အကဲခတ္လိုက္ရင္း ေက်ာင္းသားတစ္ဦးဟာ

"အာ... အဲ့တစ္ေယာက္က မနက္က ေက်ာင္းသားအိုလီဘာနဲ႔ ေက်ာင္းသားသစ္ အဲရစ္လ္ ေဝါ့လ္လက္စ္ကို မဟုတ္တရားစြပ္စြဲတဲ့တစ္ေယာက္မလား... ငါလည္းအဲ့နားမွာ႐ွိေနခဲ့တာေလ အဲ့တုန္းက ေက်ာင္းသားအိုလီဘာနဲ႔ အဲရစ္လ္က သာမန္စကားေျပာေနတာကို ဘလိုင္းႀကီး ေဖာက္ျပန္ေနတယ္ စြပ္စြဲတာေလ "လို႔ ထိုေက်ာင္းသား စေျပာလာေတာ့ မနက္တုန္းက ထိုနားမွာ႐ွိေနသည့္ေက်ာင္းသား၊ေက်ာင္းသူအခ်ဳိ႕ဟာလည္း

"ငါလည္း အဲ့ကိစၥမ႐ွင္းမလင္းျဖစ္ေနတာ အခုေတာ့ သေဘာေပါက္လာသလိုပဲ ခစ္ခစ္ တစ္စံုတစ္ေယာက္ အႏူလက္နဲ႔ေရႊခြက္ႏိႈက္ခ်င္ေနတာပဲ"လို႔ ေက်ာင္းသူတစ္ဦးဟာ ဆုိရမ္ကို ေစြေစာင္းေျပာေနေတာ့သည္၊

"နင္ေျပာတုန္းက အဲရစ္လ္ ေဝါ့လ္လက္စ္လို႔ ပါလိုက္လား...သူက ေဝါ့လ္လက္စ္အိမ္ေတာ္ခြဲကလား?ၾကည့္ေကာင္းလား"လို႔ ေက်ာင္းသူတစ္ဦးက ခုနကေက်ာင္းသားကိုေမးလိုက္ေတာ့ ထိုေက်ာင္းသားဟာ ဂုဏ္ယူဟန္ျဖင့္

"သူက ေဝါ့လ္လက္စ္ပထမအိမ္ေတာ္ကပဲ... ေသခ်ာတာေပါ့ သူက ေဝါ့လ္လက္စ္အိမ္ေတာ္ရဲ႕တစ္ဦးတည္းေသာ သခင္ေလးေပါ့"လို႔ ေျပာလိုက္ေတာ့ အကုန္လံုးဟာ ေၾကာင္အကုန္ကာ တိုးမက္စ္တို႔နဲ႔ထိုင္ေနသည့္ အဲရစ္လ္ကို လိုခ်င္တပ္မက္ဖြယ္ၾကည့္ေနၾကေတာ့သည္၊ေဝါ့လ္လက္စ္အိမ္ေတာ္ခြဲကဆုိရင္ေတာင္ ျမင့္မားတဲ့ခ်မ္းသာမႈေတြကို ပိုင္ဆိုင္ေနၿပီျဖစ္ၿပီး ေဝါ့လ္လက္စ္ပထမအိမ္ေတာ္ကေတာ့ ထိုထက္ျမင့္မားလြန္းသည္၊ Top 1အခ်မ္းသာဆံုးက ေတာ္ဝင္မ်ိဳးဆက္အႏြယ္ျဖစ္သည့္ ဂရင္းနက္စ္အိမ္ေတာ္ျဖစ္ၿပီး ဒုတိယအခ်မ္းသာဆံုးကေတာ့ ေဝါ့လ္လက္စ္အိမ္ေတာ္ျဖစ္သည္၊ထိုအျပင္ ေဝါ့လ္လက္စ္မိသားစုေတြ သခင္ေလးတစ္ေယာက္သာ႐ွိၿပီး ထိုသခင္ေလးဟာ ေမြးထဲကဆက္ခံသူေနရာကို အလိုလိုရ႐ွိရံုျဖစ္သည္၊ထိုလိုလူမ်ိဳးရဲ႕ခ်စ္သူတစ္ေယာက္ျဖစ္ရသည္မွာ ဘယ္ေလာက္ေတာင္ စိတ္ကူးယဥ္ဆန္လိုက္မလဲ..

ဆုိရမ္ဟာလည္း ထိုစကားမ်ားေၾကာင့္အံ့အားသင့္ေနေတာ့သည္၊စီနီယာတိုးမက္စ္ရဲ႕သူငယ္ခ်င္းဟာ ထိုသို႔ေသာျမင့္မားေသာအဆင့္အတန္း႐ွိေနမွန္း သူတကယ္ကိုမထင္မိခဲ့ေခ်၊သူရဲ႕႐ုပ္ရည္ေကာ၊ေနာက္ခံေကာက စီနီယာတိုးမက္စ္ထက္ အမ်ားႀကီးကြာျခားလြန္းသည္၊ သူလည္း အျခားသူေတြလို အဲရစ္လ္ကို လွမ္းၾကည့္လိုက္မိသည္၊ အဲရစ္လ္ဟာ အနည္းငယ္ေအးစက္ကာ တည္ၾကည္ေပမယ့္ သူခ်စ္ရသူေတြနဲ႔ဆို ေႏြးေထြးမည့္ပံုစံမ်ိဳးျဖစ္သည္၊ဒါျပင္ သူခ်စ္မိတဲ့သူဟာ သာမန္လူတန္းစားျဖစ္ေနရင္ေတာင္ ေကာင္းကင္ထိျမင့္တင္ကာခ်စ္ျမတ္ႏိုးမည့္လူမ်ိဳးျဖစ္သည္၊ ျပီးေတာ့ တိုးမက္စ္ ေဘာ့စတင္လို ဆက္ခံသူေနရာအတြက္ ခက္ခက္ခဲခဲႀကိဳးစားစရာမလိုဘဲ အဲရစ္လ္ဟာ တစ္ခ်ိန္မွာ ေသခ်ာေပါက္ ေဝါ့လ္လက္စ္မိသားစုကို ဦးစီးမည့္သူျဖစ္သည္၊ထိုသုိ႔ေသာ လူမ်ိဳးကိုပိုင္ဆိုင္ရမည့္လူဟာ ဘယ္ေလာက္ကံေကာင္းလိုက္မလဲ...။

ဆိုရမ္ဟာ မနက္က အဲရစ္လ္နဲ႔စကားေျပာဖူးကာ အဲရစ္လ္ဟာၾကင္နာတတ္ၿပီး သေဘာေကာင္းသည့္သူမ်ိဳးျဖစ္ေလာက္သည္၊သူအေပၚလည္း တိုးမက္စ္တို႔နဲ႔ပတ္သတ္ၿပီး မထိခိုက္ခ်င္ေစရန္ သတိေပးလိုက္ေသးသည္၊ ဆိုရမ္ရဲ႕ႏူတ္ခမ္းေလးဟာ စိတ္ေက်နပ္ဖြယ္ ျပံဳးေယာင္သန္းေနေတာ့သည္၊ အဲရစ္လ္ သူ႔ကို ခ်စ္လာေအာင္လုပ္ရမည္!

ထုိခ်ိန္မွာ တိုးမက္စ္နဲ႔အဲရစ္လ္ဟာ ထလာၿပီး သူတို႔မွာထားသည့္ေန႔လည္စာကို လာယူေတာ့သည္၊ဆိုရမ္ကလည္း ေဘးနားမွာရပ္ေနကာ အဲရစ္လ္တို႔လာသည္ႏွင့္... အားတင္းကာ စိုးရိမ္ထိတ္လန္႔ေနသည့္ပံုစံေလးျဖင့္...

"စီနီယာအဲရစ္လ္... စီနီယာတိုးမက္စ္ ဆိုရမ္ စီနီယာတို႔နဲ႔တူတူစားလို႔ရလားဟင္"လို္ မ်က္ရည္ရစ္တြယ္မတက္ျဖစ္ေနသည့္မ်က္ဝန္းမ်ားေၾကာင့္ အဲရစ္လ္ရဲ႕မ်က္ခံုးမ်ားဟာ အေပၚကိုမသိမသာပင့္တက္သြားေတာ့သည္၊တိုးမက္ဟာ ေန႔လည္စာထည့္ထားသည့္ လင္ဗန္းကိုကိုင္ထားၿပီး ဆိုရမ္ကိုၾကည့္ပင္မၾကည့္ဘဲ

"မရဘူး"လို႔ ျငင္းလိုက္ေပမယ့္ အဲရစ္လ္ကေတာ့ ဆန္႔က်င္စြာပင္

"ကန္တင္းက စားပြဲေတြက ကိုယ္တို႔အပိုင္မွမဟုတ္တာ မင္းတူတူလာစားလို႔ရတယ္"လို႔ ေျပာလိုက္ေတာ့ ဆိုရမ္ဟာ ေပ်ာ္ရႊင္သြားၿပီး လွပစြာျပံဳးလိုက္ကာ ခ်က္ခ်င္း သူ႔ေန႔လည္စာကိုယူလိုက္ၿပီး သူနဲ႔အတူစားမည့္သူ႔သူငယ္ခ်င္းေတြကိုပင္ လွည့္မၾကည့္ေတာ့ဘဲ ပါသြားေတာ့သည္၊

တိုးမက္စ္ကေတာ့ အဲရစ္လ္ကို မ်က္ႏွာရိပ္ျပေနေပမယ့္ ထိုေကာင္ဟာ!သူ႔ကိုပင္ ကစားပြဲတစ္ခုမၾကာခင္လာေတာ့မည္ ေအးေဆးပြဲၾကည့္ေနဆုိသည့္ အၾကည့္မ်ားျဖင့္ ျပန္ၾကည့္လိုက္ေသးသည္၊!ဘယ္ကစားပြဲလာမွာလဲ ဟမ္!!! ငါ မင္းသူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီး မင္းပါးစပ္ဟလိုက္တာနဲ႔ မင္းဗိုက္ထဲအူဘယ္ႏွေခြ႐ွိလည္း ငါသိတယ္!!အိုလီဘာနဲ႔ ငါနဲ႔ၾကား ေမႊလို႔ကေတာ့ မင္းကို... တကယ္ ငါ႐ိုက္သတ္ေတာ့မွာ!

အိုလီဘာဟာ ဆိုရမ္ကိုျမင္ေပမယ့္ ဘာမွမျဖစ္စြာ ျပံဳးျပလိုက္ေသးသည္၊သူဟာ ႐ိုး႐ိုးသားသား စီနီယာတစ္ေယာက္အေနနဲ႔ ဂ်ဴနီယာတစ္ေယာက္ကို ျပံဳးျပသည့္ပံုစံသာျဖစ္ေပမယ့္ ဆိုရမ္စိတ္ထဲ သူ႔ကိုေလွာင္ေျပာင္ေနသည့္ဟုသာ သတ္မွတ္လိုက္သည္၊ဆုိရမ္ဟာ အဲရစ္လ္ေဘးမွာ ဝင္ထိုင္လိုက္ၿပီး... အဲရစ္လ္နဲ႔ ဘယ္လိုစကားစေျပာကာ အေၾကာင္းဖန္ရန္ စဥ္းစားေနေတာ့သည္၊

ထိုခ်ိန္မွာ အဲရစ္လ္ဟာ သူ႔ကိုယ္တိုင္လွီးျဖတ္ထားသည့္ အမဲသားတံုးကို အိုလီဘာဘက္ကမ္းကာ...

"အမဲသားခါးဆစ္သားက မင္းအၾကိဳက္ဆံုးအပိုင္းမလား ပါးစပ္ဟ"လို႔ ခ်ိဳသာစြာေျပာေတာ့ အိုလီဘာရဲ႕မ်က္ႏွာဟာရဲသြားေပမယ့္ အဲရစ္လ္ဟာ သူရဲ႕အစားအေသာက္ေတြကို သူ႔အားခြံေကြၽးေနသည့္အက်င့္႐ွိတတ္တာေၾကာင့္... ပတ္ဝန္းက်င္ကၾကည့္ေနသည္ေၾကာင့္ ႐ွက္ေနေပမယ့္လည္း သူရဲ႕ပါးစပ္ကိုဟကာ စားလိုက္ေတာ့သည္၊ သူဟာ ပထမက႐ွက္ေနတာေၾကာင့္ အျမန္စားလိုက္ေပမယ့္ လ်ွာေပၚမွာ ေျပးလႊားေနသည့္ အမဲသားရဲ႕အရသာဟာ ေျပာျပမရေအာင္ ေကာင္းလြန္းေနတာေၾကာင့္ သူ႔မ်က္ဝန္းမ်ားဟာ တလဲ့လဲ့ထေနၿပီး အားရပါးရစားေနေတာ့သည္၊တိုးမက္စ္နဲ႔အဲရစ္လ္မ်က္ဝန္းမ်ားဟာ ေႏြးေထြးသည့္အရိပ္မ်ားျဖတ္သန္းသြားၿပီး တိုးမက္စ္ဟာလည္း အဲရစ္လ္နဲ႔ ဟင္းလ်ာတူတာေၾကာင့္ အိုလီဘာကို အဲရစ္လ္ထပ္မခြံေကြၽးရန္ သူလည္းဒိုင္ခံခြံေကြၽးေနေတာ့သည္၊

အဲရစ္လ္ဟာ တိုးမက္စ္ကေလးဆန္သည့္လုပ္ရပ္ကို ၾကည့္ၿပီးေခါင္းတစ္ခ်က္ခါကာ...

" ေဘာ့စတင္ရဲ႕သခင္ေလးတစ္ေယာက္ရဲ႕ ဂုဏ္ပုဒ္ကိုထိန္းစမ္းပါဦး"လို႔ ေျပာလိုက္ရင္း အိုလီဘာႏူတ္ခမ္းေထာင့္ေပေနသည့္ အမဲသားဟင္းႏွစ္ဆီအခ်ိဳ႕ကို ထကာ ခါးကိုင္းလိုက္ၿပီး သစ္သ်ဴွးနဲ႔လွမ္းကာသုတ္ေပးလိုက္ၿပီး ...

"ေရာ့ လက္ဖက္ရည္ၾကမ္းေသာက္လိုက္ဦး"လို႔ ကမ္းေပးလိုက္ေတာ့ အိုလီဘာဟာ လွမ္းယူကာ မေသာက္ခင္အနံ႔ေမႊးၾကည့္လိုက္ေတာ့ သူမ်က္ႏွာေလးဟာ ရႊင္သြားၿပီး

"ပန္းရနံ႔ေမႊးေနတာပဲ ဒါဘာလဲဟင္ အဲရစ္လ္" လို႔ေမးလိုက္ေတာ့

"အဲ့တာ ဥေရာပကေန လာတဲ့ ကမ္မိုမိုင္ ေဆးဖက္ဝင္လက္ဖက္ေျခာက္ေလ...အဲ့လက္ဖက္ေျခာက္ကို မနက္ေစာေစာတႀကိမ္ ေန႔လည္တႀကိမ္ ညမအိပ္ခင္ သံုးနာရီအလိုမွာ ေသာက္ေပးရင္ ဝမ္းဗိုက္နဲ႔ပတ္သတ္တဲ့ျပသာနာေတြကို သက္သာေစရံုသာမက ညဘက္ေကာင္းေကာင္းမအိပ္ေပ်ာ္ေစသည့္ျပသနာကိုပါ ႐ွင္းေပးႏိုင္တယ္"လို႔ အဲရစ္လ္ဟာ ႐ွင္းျပလိုက္ေတာ့ အိုလိ္ဘာဟာေခါင္းေလးတညိတ္ညိတ္ နားေထာင္ကာ လက္ဖက္ရည္ၾကမ္းကို ေအးေဆးေသာက္ေနေတာ့သည္၊

"မင္း အရမ္းအမွတ္ယူတာပဲ အဲရစ္လ္"လို႔ တိုးမက္စ္ဟာေျပာလိုက္သည္၊ဒီေကာင္ ဘယ္လိုေတာင္ အကုန္သိအကုန္တက္ပံုစံျဖစ္ေနရတာလဲ၊မျဖစ္ဘူး ငါလည္း အိုလီဘာရဲ႕စိတ္ေလးမယိုင္သြားေအာင္ ပိုမိုေလ့လာမွပဲ

"ငါ့မွာ ဂ႐ုစိုက္စရာ အိုလီဘာေလးပဲ႐ွိတာေလ"လို႔ အဲရစ္လ္ေျပာလိုက္ေတာ့ တိုးမက္စ္ စိတ္ေလသည့္အၾကည့္မ်ားျဖင့္... "မင္းသူငယ္ခ်င္း ငါလည္း အ႐ွင္လတ္လတ္႐ွိေနေသးတယ္ေနာ္ နည္းနည္းပါးပါးဂ႐ုစိုက္ေပးဦး" လို႔ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ စိတ္ပ်က္သည့္အျပံဳးမ်ားျဖင့္ ျပံဳးျပလာကာ

"  မင္းရဲ႕ရြံစရာေကာင္းတဲ့မ်က္ႏွာကို ေဝးေဝးထားစမ္း!"

"အဲရစ္လ္!" လို႔ တိုးမက္စ္ဟာ နာမည္ေခၚကာဆဲရန္႐ွိေသးသည္ အိုလီဘာရဲ႕ေပ်ာ္ျမဴးကာ ရယ္သံေလးေၾကာင့္ ခုနကစိတ္တိုေနသည့္စိတ္မ်ားပင္ ဘယ္ႏိုင္ငံေပါက္လို႔ဘယ္ေရာက္ကုန္လဲ မသိျဖစ္သြားေတာ့သည္၊

ဆိုရမ္ဟာ သူ႔ကိုလစ္လ်ဴ႐ွထားကာ ေပ်ာ္ရႊင္ေနသည့္သံုးေယာက္ကိုၾကည့္ကာ အိုလီဘာေပၚမုန္းတီးလာေတာ့သည္၊အုိလီဘာရဲ႕ေနရာဟာ သူျဖစ္သင့္ၿပီး စီနီယာအဲရစ္လ္တို႔ရဲ႕ဂ႐ုစိုက္မႈကို ရ႐ွိရမည့္သူဟာ သူဆိုရမ္သာ ျဖစ္သင့္သည္၊အခုေတာ့ စီနီယာအဲရစ္လ္ကိုပါ ျမဴဆြယ္ဖို႔ႀကိဳးစားေနသည့္ အိုလီဘာကို စိုက္ၾကည့္ၿပီး

'အိုလီဘာ ေပ်ာ္ႏိုင္တုန္းေတာ့  ေပ်ာ္ထားေပါ့'

အဲရစ္လ္ဟာ ေဘးနားမွာ မနာလိုအူပိတ္ေနသည့္ ဆိုရမ္ကိုမ်က္လံုးေထာင့္ကေန ျမင္ေနတာေၾကာင့္ သူ႔စိတ္မ်ားဟာ အရမ္းကိုေက်နပ္ေနသည္၊လူသားေတြဟာ တကယ္ကိုစလို႔ေကာင္းသည္၊ သူတို႔ဟာ အျခားသူေတြအတြက္ အရာရာသာလြန္စိတ္ျပင္းျပလြန္းသည္၊ထိုလိုလူသားမ်ိဳးကို အဲရစ္လ္ ႐ိုက္ခ်ရသည္မွာ အေပ်ာ္ဆံုးျဖစ္သည္၊ သူတို႔ကိုယ္သူတို႔ ဘာမွအေရးမပါဘူးဆုိတာကို ေဖာ္ျပရသည္ကို သူတကယ္ကိုႀကိဳက္ႏွစ္သက္လြန္းသည္၊

ဒါေပမယ့္ သူ႔ရဲ႕ေပ်ာ္ရႊင္ေနသၫ့္စိတ္မ်ားဟာ ၾကာ႐ွည္မခံေပ၊သူတို႔စားပြဲေဘးလာရပ္ကာ...စာပြဲေပၚလက္ေထာက္လိုက္ၿပီး ခါးကိုင္းကာ သူ႔ကို ၾကည့္လာသည့္လူေၾကာင့္ျဖစ္သည္၊

"ကိုယ္တို႔ေကာ ထိုင္လို႔ရမလား...အဲရစ္လ္"

..................................
ကမ္မိုမိုင္-ဥေရာပမွာ ေပါက္ေရာက္သည့္ ေဆးဘက္ဝင္ပန္းပင္တစ္မ်ိဳးျဖစ္သည္၊

-*-*-*-*-*-

Unicode

တိုးမက်စ်ဟာ အိုလီဘာရဲ့ပါးလေးကို အမြတ်တနိုးဖွဖွလေးဆွဲလိုက်ပြီး

"ခဏစောင့်နော်...ကိုယ်မှာပြီးပြီ"လို့ မြတ်နိုးမှုများပါဝင်နေကာ သူရှေ့ရှိကောင်လေးပေါ်အရမ်းကိုပျော်ဝင်နေသည့် အကြည့်များဖြင့်ကြည့်လိုက်ရင်း ပြောလိုက်တော့ အိုလီဘာရဲ့ပါးပြင်လေးဟာ အနီရောင်ဆေးရည်များဖြင့်ပက်ဖြန်းလိုက်သလို နီရဲသွားပြီး အောက်နူတ်ခမ်းလေးကို ကိုက်ကာ... ဘာဆက်ပြောရမလဲမသိတာကြောင့် အဲရစ်လ်ဘက်ကို မသိမသာခိုးကြည့်ရန်ပြင်လိုက်ပေမယ့် သူရဲ့မေးရိုးလေးက ပင့်တင်ခံံရကာ တိုးမက်စ်ရဲ့လှပသည့်မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားရင်း တိုးမက်စ်ဟာ

"ဗိုက်ဆာနေပြီမလား... "လို့ တိုးမက်စ်ရဲ့ အက်ရှရှအသံကြောင့် အိုလီဘာယောင်ယမ်းကာ ခေါင်းပြုတ်မတက်ညိတ်လိုက်တော့သည်၊တိုးမက်စ် ခပ်တိုးတိုးသာ ရယ်မောလိုက်ပြီး အိုလီဘာရဲ့နီရဲနေသည့်နူတ်ခမ်ဖူးလေးကို ဖွဖွလေးတစ်ချက်ကပ်နမ်းလိုက်ပြီး...

"မှာထားတာက မိနစ်အနည်းငယ်ကြာဦးမှာ အိုလီဘာ ညောင်းနေဦးမယ်... ခုံမှာခဏထိုင်စောင့်နေရအောင် ကိုယ်တို့"လို့ ပြောလိုက်ပေမယ့် သူရဲ့လက်မောင်းတွေကြားထဲ မျက်နှာများနီရဲကာ ဘာမှကြားမည့်ပုံမပေါ်တော့သည့် သူ့ချစ်ရသူလေးအိုလီဘာကို ဆွဲခေါ်လာတော့သည်။

အိုလီဘာတို့အတွဲထွက်သွားပြီးနောက် အစားအသောက်မှာရန် ရပ်နေကြသည့်သူတွေလည်း

"စီနီယာတိုးမက်စ်က စီနီယာအိုလီဘာကိုတော်တော်ချစ်ပုံရတယ်... ခုနက သူကြည့်တဲ့အကြည့်တွေ မြင်လိုက်လား?"

"ပျော်ပျော်ကြီးကို မြင်တာပေါ့ အဲ့အကြည့်တွေကြောင့် ကလေးတောင်မွေးပေးချင်စိတ်ပေါက်သွားတယ်!"

"တိုးမက်စ်ဆီ လာနူတ်ဆက်တဲ့ဟိုဂျူနီယာက ဘယ်သူလဲ?မသိရင် သူ့ပုံက တိုးမက်စ်ကပဲ သူ့အပိုင်လိုလိုပဲ...အာ အဲ့တစ်ယောက်ကို ငါမြင်ဖူးသလိုပဲ" စီနီယာအတန်းကလူတွေဟာ ဆိုရမ်ကိုကြည့်ကာပြောနေကြခြင်းဖြစ်သည်၊ဆိုရမ်ဟာ အပြုံးသေးသေးလေးတစ်ခုသာ တင်ထားပေမယ့် စိတ်ထဲမှာတော့ အရမ်းကိုဒေါသထွက်နေကာ ပေါက်ကွဲနေတော့သည်၊အဲ့တာ သောက်ပိန်းကောင် အိုလီဘာကြောင့် သူဘာကြောင့် စီနီယာတိုးမက်စ်နား ပြန်ကပ်ဖို့ကြိုးစားနေရတာလဲ! စီနီယာတိုးမက်စ်က ငါအပေါ် ဒီလောက်ချစ်ခင်နေပြီကို သူကဖျက်ဆီးချင်နေတာပဲ! တော်တော်ယုတ်မာတဲ့စိတ်ဓာတ်ပဲ! ဒါပေမယ့် ထိုအတွေးများဟာ ဘေးနားမှာ သူ့အတင်းပြောနေသည့်သူတွေကြောင့် ပြတ်တောက်သွားတော့သည်၊

"အဲ့တာ စကောလားရှစ်နဲ့ကျောင်းတက်ခွင့်ရခဲ့တဲ့ ဆိုရမ် ဒါ့လ်နစ်အောမလား အရင်နေ့တွေတုန်းကလည်း တိုးမက်စ်နဲ့စကားခဏခဏပြောတာ တွေ့ဖူးတယ် ငါတောင်အစကထင်ခဲ့တာ တိုးမက်စ်က အိုလီဘာကိုမချစ်ဘဲ အဲ့ဂျူနီယာကိုများ စိတ်ယိုင်နေသလားလို့ ဒါပေမယ့်အခုတော့ အဖြေကရှင်းနေပြီပဲလေ"လို့ ထိုစီနီယာကျောင်းသားကပြောတော့ အကုန်လုံးဟာ ဆိုရမ်ကိုမသိမသာ အကဲခတ်လိုက်ရင်း ကျောင်းသားတစ်ဦးဟာ

"အာ... အဲ့တစ်ယောက်က မနက်က ကျောင်းသားအိုလီဘာနဲ့ ကျောင်းသားသစ် အဲရစ်လ် ဝေါ့လ်လက်စ်ကို မဟုတ်တရားစွပ်စွဲတဲ့တစ်ယောက်မလား... ငါလည်းအဲ့နားမှာရှိနေခဲ့တာလေ အဲ့တုန်းက ကျောင်းသားအိုလီဘာနဲ့ အဲရစ်လ်က သာမန်စကားပြောနေတာကို ဘလိုင်းကြီး ဖောက်ပြန်နေတယ် စွပ်စွဲတာလေ "လို့ ထိုကျောင်းသား စပြောလာတော့ မနက်တုန်းက ထိုနားမှာရှိနေသည့်ကျောင်းသား၊ကျောင်းသူအချို့ဟာလည်း

"ငါလည်း အဲ့ကိစ္စမရှင်းမလင်းဖြစ်နေတာ အခုတော့ သဘောပေါက်လာသလိုပဲ ခစ်ခစ် တစ်စုံတစ်ယောက် အနူလက်နဲ့ရွှေခွက်နှိုက်ချင်နေတာပဲ"လို့ ကျောင်းသူတစ်ဦးဟာ ဆိုရမ်ကို စွေစောင်းပြောနေတော့သည်၊

"နင်ပြောတုန်းက အဲရစ်လ် ဝေါ့လ်လက်စ်လို့ ပါလိုက်လား...သူက ဝေါ့လ်လက်စ်အိမ်တော်ခွဲကလား?ကြည့်ကောင်းလား"လို့ ကျောင်းသူတစ်ဦးက ခုနကကျောင်းသားကိုမေးလိုက်တော့ ထိုကျောင်းသားဟာ ဂုဏ်ယူဟန်ဖြင့်

"သူက ဝေါ့လ်လက်စ်ပထမအိမ်တော်ကပဲ... သေချာတာပေါ့ သူက ဝေါ့လ်လက်စ်အိမ်တော်ရဲ့တစ်ဦးတည်းသော သခင်လေးပေါ့"လို့ ပြောလိုက်တော့ အကုန်လုံးဟာ ကြောင်အကုန်ကာ တိုးမက်စ်တို့နဲ့ထိုင်နေသည့် အဲရစ်လ်ကို လိုချင်တပ်မက်ဖွယ်ကြည့်နေကြတော့သည်၊ဝေါ့လ်လက်စ်အိမ်တော်ခွဲကဆိုရင်တောင် မြင့်မားတဲ့ချမ်းသာမှုတွေကို ပိုင်ဆိုင်နေပြီဖြစ်ပြီး ဝေါ့လ်လက်စ်ပထမအိမ်တော်ကတော့ ထိုထက်မြင့်မားလွန်းသည်၊ Top 1အချမ်းသာဆုံးက တော်ဝင်မျိုးဆက်အနွယ်ဖြစ်သည့် ဂရင်းနက်စ်အိမ်တော်ဖြစ်ပြီး ဒုတိယအချမ်းသာဆုံးကတော့ ဝေါ့လ်လက်စ်အိမ်တော်ဖြစ်သည်၊ထိုအပြင် ဝေါ့လ်လက်စ်မိသားစုတွေ သခင်လေးတစ်ယောက်သာရှိပြီး ထိုသခင်လေးဟာ မွေးထဲကဆက်ခံသူနေရာကို အလိုလိုရရှိရုံဖြစ်သည်၊ထိုလိုလူမျိုးရဲ့ချစ်သူတစ်ယောက်ဖြစ်ရသည်မှာ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လိုက်မလဲ..

ဆိုရမ်ဟာလည်း ထိုစကားများကြောင့်အံ့အားသင့်နေတော့သည်၊စီနီယာတိုးမက်စ်ရဲ့သူငယ်ချင်းဟာ ထိုသို့သောမြင့်မားသောအဆင့်အတန်းရှိနေမှန်း သူတကယ်ကိုမထင်မိခဲ့ချေ၊သူရဲ့ရုပ်ရည်ကော၊နောက်ခံကောက စီနီယာတိုးမက်စ်ထက် အများကြီးကွာခြားလွန်းသည်၊ သူလည်း အခြားသူတွေလို အဲရစ်လ်ကို လှမ်းကြည့်လိုက်မိသည်၊ အဲရစ်လ်ဟာ အနည်းငယ်အေးစက်ကာ တည်ကြည်ပေမယ့် သူချစ်ရသူတွေနဲ့ဆို နွေးထွေးမည့်ပုံစံမျိုးဖြစ်သည်၊ဒါပြင် သူချစ်မိတဲ့သူဟာ သာမန်လူတန်းစားဖြစ်နေရင်တောင် ကောင်းကင်ထိမြင့်တင်ကာချစ်မြတ်နိုးမည့်လူမျိုးဖြစ်သည်၊ ပြီးတော့ တိုးမက်စ် ဘော့စတင်လို ဆက်ခံသူနေရာအတွက် ခက်ခက်ခဲခဲကြိုးစားစရာမလိုဘဲ အဲရစ်လ်ဟာ တစ်ချိန်မှာ သေချာပေါက် ဝေါ့လ်လက်စ်မိသားစုကို ဦးစီးမည့်သူဖြစ်သည်၊ထိုသို့သော လူမျိုးကိုပိုင်ဆိုင်ရမည့်လူဟာ ဘယ်လောက်ကံကောင်းလိုက်မလဲ...။

ဆိုရမ်ဟာ မနက်က အဲရစ်လ်နဲ့စကားပြောဖူးကာ အဲရစ်လ်ဟာကြင်နာတတ်ပြီး သဘောကောင်းသည့်သူမျိုးဖြစ်လောက်သည်၊သူအပေါ်လည်း တိုးမက်စ်တို့နဲ့ပတ်သတ်ပြီး မထိခိုက်ချင်စေရန် သတိပေးလိုက်သေးသည်၊ ဆိုရမ်ရဲ့နူတ်ခမ်းလေးဟာ စိတ်ကျေနပ်ဖွယ် ပြုံးယောင်သန်းနေတော့သည်၊ အဲရစ်လ် သူ့ကို ချစ်လာအောင်လုပ်ရမည်!

ထိုချိန်မှာ တိုးမက်စ်နဲ့အဲရစ်လ်ဟာ ထလာပြီး သူတို့မှာထားသည့်နေ့လည်စာကို လာယူတော့သည်၊ဆိုရမ်ကလည်း ဘေးနားမှာရပ်နေကာ အဲရစ်လ်တို့လာသည်နှင့်... အားတင်းကာ စိုးရိမ်ထိတ်လန့်နေသည့်ပုံစံလေးဖြင့်...

"စီနီယာအဲရစ်လ်... စီနီယာတိုးမက်စ် ဆိုရမ် စီနီယာတို့နဲ့တူတူစားလို့ရလားဟင်"လို မျက်ရည်ရစ်တွယ်မတက်ဖြစ်နေသည့်မျက်ဝန်းများကြောင့် အဲရစ်လ်ရဲ့မျက်ခုံးများဟာ အပေါ်ကိုမသိမသာပင့်တက်သွားတော့သည်၊တိုးမက်ဟာ နေ့လည်စာထည့်ထားသည့် လင်ဗန်းကိုကိုင်ထားပြီး ဆိုရမ်ကိုကြည့်ပင်မကြည့်ဘဲ

"မရဘူး"လို့ ငြင်းလိုက်ပေမယ့် အဲရစ်လ်ကတော့ ဆန့်ကျင်စွာပင်

"ကန်တင်းက စားပွဲတွေက ကိုယ်တို့အပိုင်မှမဟုတ်တာ မင်းတူတူလာစားလို့ရတယ်"လို့ ပြောလိုက်တော့ ဆိုရမ်ဟာ ပျော်ရွှင်သွားပြီး လှပစွာပြုံးလိုက်ကာ ချက်ချင်း သူ့နေ့လည်စာကိုယူလိုက်ပြီး သူနဲ့အတူစားမည့်သူ့သူငယ်ချင်းတွေကိုပင် လှည့်မကြည့်တော့ဘဲ ပါသွားတော့သည်၊

တိုးမက်စ်ကတော့ အဲရစ်လ်ကို မျက်နှာရိပ်ပြနေပေမယ့် ထိုကောင်ဟာ!သူ့ကိုပင် ကစားပွဲတစ်ခုမကြာခင်လာတော့မည် အေးဆေးပွဲကြည့်နေဆိုသည့် အကြည့်များဖြင့် ပြန်ကြည့်လိုက်သေးသည်၊!ဘယ်ကစားပွဲလာမှာလဲ ဟမ်!!! ငါ မင်းသူငယ်ချင်းအရင်းခေါက်ခေါက်ကြီး မင်းပါးစပ်ဟလိုက်တာနဲ့ မင်းဗိုက်ထဲအူဘယ်နှခွေရှိလည်း ငါသိတယ်!!အိုလီဘာနဲ့ ငါနဲ့ကြား မွှေလို့ကတော့ မင်းကို... တကယ် ငါရိုက်သတ်တော့မှာ!

အိုလီဘာဟာ ဆိုရမ်ကိုမြင်ပေမယ့် ဘာမှမဖြစ်စွာ ပြုံးပြလိုက်သေးသည်၊သူဟာ ရိုးရိုးသားသား စီနီယာတစ်ယောက်အနေနဲ့ ဂျူနီယာတစ်ယောက်ကို ပြုံးပြသည့်ပုံစံသာဖြစ်ပေမယ့် ဆိုရမ်စိတ်ထဲ သူ့ကိုလှောင်ပြောင်နေသည့်ဟုသာ သတ်မှတ်လိုက်သည်၊ဆိုရမ်ဟာ အဲရစ်လ်ဘေးမှာ ဝင်ထိုင်လိုက်ပြီး... အဲရစ်လ်နဲ့ ဘယ်လိုစကားစပြောကာ အကြောင်းဖန်ရန် စဉ်းစားနေတော့သည်၊

ထိုချိန်မှာ အဲရစ်လ်ဟာ သူ့ကိုယ်တိုင်လှီးဖြတ်ထားသည့် အမဲသားတုံးကို အိုလီဘာဘက်ကမ်းကာ...

"အမဲသားခါးဆစ်သားက မင်းအကြိုက်ဆုံးအပိုင်းမလား ပါးစပ်ဟ"လို့ ချိုသာစွာပြောတော့ အိုလီဘာရဲ့မျက်နှာဟာရဲသွားပေမယ့် အဲရစ်လ်ဟာ သူရဲ့အစားအသောက်တွေကို သူ့အားခွံကျွေးနေသည့်အကျင့်ရှိတတ်တာကြောင့်... ပတ်ဝန်းကျင်ကကြည့်နေသည်ကြောင့် ရှက်နေပေမယ့်လည်း သူရဲ့ပါးစပ်ကိုဟကာ စားလိုက်တော့သည်၊ သူဟာ ပထမကရှက်နေတာကြောင့် အမြန်စားလိုက်ပေမယ့် လျှာပေါ်မှာ ပြေးလွှားနေသည့် အမဲသားရဲ့အရသာဟာ ပြောပြမရအောင် ကောင်းလွန်းနေတာကြောင့် သူ့မျက်ဝန်းများဟာ တလဲ့လဲ့ထနေပြီး အားရပါးရစားနေတော့သည်၊တိုးမက်စ်နဲ့အဲရစ်လ်မျက်ဝန်းများဟာ နွေးထွေးသည့်အရိပ်များဖြတ်သန်းသွားပြီး တိုးမက်စ်ဟာလည်း အဲရစ်လ်နဲ့ ဟင်းလျာတူတာကြောင့် အိုလီဘာကို အဲရစ်လ်ထပ်မခွံကျွေးရန် သူလည်းဒိုင်ခံခွံကျွေးနေတော့သည်၊

အဲရစ်လ်ဟာ တိုးမက်စ်ကလေးဆန်သည့်လုပ်ရပ်ကို ကြည့်ပြီးခေါင်းတစ်ချက်ခါကာ...

" ဘော့စတင်ရဲ့သခင်လေးတစ်ယောက်ရဲ့ ဂုဏ်ပုဒ်ကိုထိန်းစမ်းပါဦး"လို့ ပြောလိုက်ရင်း အိုလီဘာနူတ်ခမ်းထောင့်ပေနေသည့် အမဲသားဟင်းနှစ်ဆီအချို့ကို ထကာ ခါးကိုင်းလိုက်ပြီး သစ်သျူှးနဲ့လှမ်းကာသုတ်ပေးလိုက်ပြီး ...

"ရော့ လက်ဖက်ရည်ကြမ်းသောက်လိုက်ဦး"လို့ ကမ်းပေးလိုက်တော့ အိုလီဘာဟာ လှမ်းယူကာ မသောက်ခင်အနံ့မွှေးကြည့်လိုက်တော့ သူမျက်နှာလေးဟာ ရွှင်သွားပြီး

"ပန်းရနံ့မွှေးနေတာပဲ ဒါဘာလဲဟင် အဲရစ်လ်" လို့မေးလိုက်တော့

"အဲ့တာ ဥရောပကနေ လာတဲ့ ကမ်မိုမိုင် ဆေးဖက်ဝင်လက်ဖက်ခြောက်လေ...အဲ့လက်ဖက်ခြောက်ကို မနက်စောစောတကြိမ် နေ့လည်တကြိမ် ညမအိပ်ခင် သုံးနာရီအလိုမှာ သောက်ပေးရင် ဝမ်းဗိုက်နဲ့ပတ်သတ်တဲ့ပြသာနာတွေကို သက်သာစေရုံသာမက ညဘက်ကောင်းကောင်းမအိပ်ပျော်စေသည့်ပြသနာကိုပါ ရှင်းပေးနိုင်တယ်"လို့ အဲရစ်လ်ဟာ ရှင်းပြလိုက်တော့ အိုလိဘာဟာခေါင်းလေးတညိတ်ညိတ် နားထောင်ကာ လက်ဖက်ရည်ကြမ်းကို အေးဆေးသောက်နေတော့သည်၊

"မင်း အရမ်းအမှတ်ယူတာပဲ အဲရစ်လ်"လို့ တိုးမက်စ်ဟာပြောလိုက်သည်၊ဒီကောင် ဘယ်လိုတောင် အကုန်သိအကုန်တက်ပုံစံဖြစ်နေရတာလဲ၊မဖြစ်ဘူး ငါလည်း အိုလီဘာရဲ့စိတ်လေးမယိုင်သွားအောင် ပိုမိုလေ့လာမှပဲ

"ငါ့မှာ ဂရုစိုက်စရာ အိုလီဘာလေးပဲရှိတာလေ"လို့ အဲရစ်လ်ပြောလိုက်တော့ တိုးမက်စ် စိတ်လေသည့်အကြည့်များဖြင့်... "မင်းသူငယ်ချင်း ငါလည်း အရှင်လတ်လတ်ရှိနေသေးတယ်နော် နည်းနည်းပါးပါးဂရုစိုက်ပေးဦး" လို့ပြောလိုက်တော့ အဲရစ်လ်ဟာ စိတ်ပျက်သည့်အပြုံးများဖြင့် ပြုံးပြလာကာ

"  မင်းရဲ့ရွံစရာကောင်းတဲ့မျက်နှာကို ဝေးဝေးထားစမ်း!"

"အဲရစ်လ်!" လို့ တိုးမက်စ်ဟာ နာမည်ခေါ်ကာဆဲရန်ရှိသေးသည် အိုလီဘာရဲ့ပျော်မြူးကာ ရယ်သံလေးကြောင့် ခုနကစိတ်တိုနေသည့်စိတ်များပင် ဘယ်နိုင်ငံပေါက်လို့ဘယ်ရောက်ကုန်လဲ မသိဖြစ်သွားတော့သည်၊

ဆိုရမ်ဟာ သူ့ကိုလစ်လျူရှထားကာ ပျော်ရွှင်နေသည့်သုံးယောက်ကိုကြည့်ကာ အိုလီဘာပေါ်မုန်းတီးလာတော့သည်၊အိုလီဘာရဲ့နေရာဟာ သူဖြစ်သင့်ပြီး စီနီယာအဲရစ်လ်တို့ရဲ့ဂရုစိုက်မှုကို ရရှိရမည့်သူဟာ သူဆိုရမ်သာ ဖြစ်သင့်သည်၊အခုတော့ စီနီယာအဲရစ်လ်ကိုပါ မြူဆွယ်ဖို့ကြိုးစားနေသည့် အိုလီဘာကို စိုက်ကြည့်ပြီး

'အိုလီဘာ ပျော်နိုင်တုန်းတော့  ပျော်ထားပေါ့'

အဲရစ်လ်ဟာ ဘေးနားမှာ မနာလိုအူပိတ်နေသည့် ဆိုရမ်ကိုမျက်လုံးထောင့်ကနေ မြင်နေတာကြောင့် သူ့စိတ်များဟာ အရမ်းကိုကျေနပ်နေသည်၊လူသားတွေဟာ တကယ်ကိုစလို့ကောင်းသည်၊ သူတို့ဟာ အခြားသူတွေအတွက် အရာရာသာလွန်စိတ်ပြင်းပြလွန်းသည်၊ထိုလိုလူသားမျိုးကို အဲရစ်လ် ရိုက်ချရသည်မှာ အပျော်ဆုံးဖြစ်သည်၊ သူတို့ကိုယ်သူတို့ ဘာမှအရေးမပါဘူးဆိုတာကို ဖော်ပြရသည်ကို သူတကယ်ကိုကြိုက်နှစ်သက်လွန်းသည်၊

ဒါပေမယ့် သူ့ရဲ့ပျော်ရွှင်နေသည့်စိတ်များဟာ ကြာရှည်မခံပေ၊သူတို့စားပွဲဘေးလာရပ်ကာ...စာပွဲပေါ်လက်ထောက်လိုက်ပြီး ခါးကိုင်းကာ သူ့ကို ကြည့်လာသည့်လူကြောင့်ဖြစ်သည်၊

"ကိုယ်တို့ကော ထိုင်လို့ရမလား...အဲရစ်လ်"

..................................
ကမ်မိုမိုင်-ဥရောပမှာ ပေါက်ရောက်သည့် ဆေးဘက်ဝင်ပန်းပင်တစ်မျိုးဖြစ်သည်၊

Bạn đang đọc truyện trên: ZingTruyen.Info