ZingTruyen.Info

Dei?No That's My Abode (System)

Arc.1.4(A bastard can't win me)

Neko_san_ZP

Zawgyi

အဲရစ္လ္ ေနာက္ဆံုး သူ႔အတန္းကို႐ွာေဖြေတြ႔႐ွိခဲ့ေတာ့သည္၊ကံေကာင္းခ်င္ေတာ့ ထိုအခ်ိန္မွာ သင္မည့္အဂၤလိပ္စာဆရာနဲ႔တိုးကာ သူဟာ ေအာင္ေအာင္ျမင္ျမင္ျဖင့္ မိတ္ဆက္ႏိုင္ေတာ့သည္၊

"ငါက အဲရစ္လ္ ေဝါ့လ္လက္စ္ "လို႔ ေျပာလိုက္ေတာ့ အကုန္လံုးဟာ သူ႔ကိုအံ့အားသင့္စြာ စိုက္ၾကည့္လာၿပီး ေက်ာင္းသူတစ္ဦးဟာ

"နင္က ေဝါ့လ္လက္စ္ ပထမအိမ္ေတာ္ကလား?"လို႔ ေမးလိုက္ေတာ့ အဲရစ္လ္ဟာ ဖံုးကြယ္ရန္စိတ္ကူးမ႐ွိတာေၾကာင့္ ခပ္ေပါ့ေပါ့သာ ေခါင္းညိန္လိုက္သည္၊ထိုေနာက္ခပ္ေခ်ေခ်ျဖင့္ ေနာက္ဆံုး႐ွိ လြတ္ေနသည့္ခံုတစ္ခံုမွာ ဝင္ထိုင္လိုက္သည္၊ ေဝါ့လ္လက္စ္ ပထမအိမ္ေတာ္ဆိုသည္ႏွင့္ ေျပာင္းလဲသြားေသာမ်က္ႏွာေတြဟာ အနည္းငယ္ဟာသဆန္လြန္းသည္၊

အဲရစ္လ္ဟာ ဆရာသင္ျပမႈေအာက္တြင္ စိတ္ပါဝင္စားျခင္းမ႐ွိစြာျဖင့္ ျပတင္းေပါက္ဘက္ကိုၾကည့္ရန္အလုပ္ သူ႔ေဘးတြင္ လူတစ္ေယာက္ ခံုေပၚေမွာက္အိပ္ေနသည္ကို သတိထားမိသြားသည္၊

'ဒီေက်ာင္းသားက ဘယ္သူလဲ သူအိပ္ေနတာကိုေတာင္ ဆရာကဘာမွမေျပာဘူးဆုိေတာ့ အေကာင္ႀကီးႀကီးထဲကျဖစ္ဖို႔မ်ားတယ္... ထားပါ ဒါငါ့ကိစၥမဟုတ္ဘူး'လို႔ ေျပာလိုက္ရင္း သူ႔ရဲ႕မ်က္ဝန္းမ်ားကို ျပတင္းေပါက္အျပင္ဘက္ ျမင္ကြင္းေတြဆီသာ ပို႔ထားလိုက္သည္၊

[Snow: အ႐ွင္... သတင္းတစ္ခုပါလာတယ္!]

'အင္း ေျပာ '

[Snow: အဓိကဇာတ္ေကာင္ ဆုိရမ္ ဒါ့လ္နစ္ေအာ့က ဗီလိန္ အိုလီဘာ ဘီဗဲလ္ကို လုပ္ၾကံဖို႔ၾကံစည္ေနတယ္]

'ဘာလဲ အိုလီဘာရဲ႕ျဖဴစင္မႈကို စြင္းထင္းေအာင္လုပ္မလို႔လား?' လို႔ အဲရစ္လ္ဟာ စိတ္မပါတပါနဲ႔ေျပာလိုက္ေတာ့ ႏွင္းပြင့္ေလးဟာ ေခါင္းညိတ္လာၿပီး

[Snow:ဟုတ္တယ္...ဆိုရမ္ ဒါ့လ္နစ္ေအာက ဂိုဏ္းတစ္ဂိုဏ္းရဲ႕ေခါင္းေဆာင္ကို ကယ္တင္ခဲ့ဖူးတယ္၊ထိုေခါင္းေဆာင္ကို ဆုိရမ္ ဒါ့လ္နစ္ေအာက အိုလီဘာ သူ႔ကိုအႏိုင္က်င့္ေၾကာင္း၊မဟုတ္မမွန္တာေတြေျပာလိုက္လို႔ ဟိုဘက္ကေခါင္းေဆာင္က အိုလီဘာကိုေႏွာက္ယွက္ဖို႔ လူလြတ္လိုက္ၿပီ]

'အင္း' လို႔ သူရဲ႕အ႐ွင္သခင္မွ ျပန္ေျပာလိုက္တာေၾကာင့္ ႏွင္းပြင့္ေလးဟာ ဘာမွဆက္မေျပာေတာ့ေပ၊ဒါ ဗီလိန္ဇာတ္ေကာင္ အိုလီဘာကိုကယ္တယ္မည္ျဖစ္ေၾကာင္း အေျဖေပးလိုက္သည္ကို Eiraဟာ နားလည္သည္၊

ထိုခ်ိန္မွာ သူ႔ကို တစ္စံုတစ္ေယာက္က စိုက္ၾကည့္ေနတာကို ခံစားရတာေၾကာင့္ အဲရစ္လ္ဟာ ႏွင္းပြင့္ေလးနဲ႔အဆက္သြယ္ျဖတ္ကာ မ်က္လံုးေမွးစင္းၾကည့္လိုက္ေတာ့ သူ႔ကို စိုက္ၾကည့္ေနသည့္ သူတစ္ေယာက္ကို ေတြ႔လိုက္ရသည္၊ထိုသူဟာ သူ႔ေဘးက ခံုေပၚေမွာက္အိပ္ေနသည့္တစ္ေယာက္ျဖစ္ၿပီး ထိုလူ႔ရဲ႕အျပာေရာင္မ်က္ဝန္းေတာက္ေတာက္တစ္စံုဟာ သူ႔ကို သာမန္လ်ွံသာျဖင့္ ဘယ္သူလဲဆုိတာသိခ်င္သည့္စိတ္နဲ႔ သိခ်င္ေနသည္ကို ရိပ္မိေပမယ့္ လူသားတစ္ေယာက္နဲ႔အၾကည့္ခ်င္းယွဥ္ၿပိဳင္ေနသည္ကို အ႐ွံူးမေပးခ်င္တာေၾကာင့္ အဲရစ္လ္ဟာ အၾကည့္မလြဲဘဲ ျပန္လည္စိုက္ၾကည့္လိုက္သည္၊

တေအာင့္ၾကာေတာ့ ထိုသူဟာ မ်က္ႏွာလြဲသြားေတာ့သည္၊ထိုအခါမွ အဲရစ္လ္ သက္ျပင္းခိုးခ်ႏိုင္ေတာ့သည္၊ဒီလူသားရဲ႕အၾကည့္ေတြဟာ တကယ္ကို ေၾကာက္ဖို႔ေကာင္းလြန္းသည္၊ထိုမ်က္ဝန္းျပာမ်ားကို ၾကာၾကာစိုက္ၾကည့္ေနရင္း ထိုအျပာေရာင္မ်က္ဝန္းမ်ားဟာ သူ႔မ်က္ဝန္းကေနတဆင့္ သူရဲ႕မွတ္ဥာဏ္ေတြကို ဝင္ေရာက္စစ္ေဆးေနသလို ခံစားရသည္၊ဒါ ခံစားခ်က္သက္သက္ေပမယ့္ သူ႔စိတ္ထဲ စိုးရိမ္ေနတာေၾကာင့္ ႏွင္းပြင့္ေလးကို နတ္ဘုရားscarlet ဘဝကပတ္သတ္သည့္မွတ္ဥာဏ္ေတြကို ခ်က္ခ်င္းအေမွာင္ခ်ခိုင္းလိုက္သည္၊ဘာပဲ ျဖစ္ျဖစ္ ႀကိဳတင္ကာကြယ္သည္ဟာ အေကာင္းဆံုးျဖစ္သည္၊

သူတို႔ ေနလည္စာစားခ်ိန္ေရာက္ေတာ့ မိန္းကေလးအခ်ိဴ႕နဲ႔ေယာက်ာ္းေလးအခ်ိဳ႕ဟာ အဲရစ္လ္နား ဝန္းရံလာကာ ထိုထဲက ၾကည့္ေကာင္းသည့္ေက်ာင္းသူေလးဟာ အဲရစ္လ္နားပိုမိုနီးကပ္စြာ ကပ္လုိက္ၿပီး

"ေဝါ့လ္လက္စ္... ငါက မီနာ ႐ိုစ့္လက္ဆဲ"လို႔ စတင္မိတ္ဆက္လာတာေၾကာင့္ အဲရစ္လ္ဟာ ထိုေက်ာင္းသူကုိ တစ္ခ်က္သာျပန္ၾကည့္လိုက္ၿပီး

"အင္း"လို႔သာ ျပန္ေျဖလိုက္ၿပီး ဖုန္းဆက္သံုးေနလိုက္သည္၊မီနာကေတာ့ အဲရစ္လ္ရဲ႕ခပ္ေခ်ေခ်ာပံုစံကို စိတ္ပ်က္သြားျခင္းမ႐ွိသည့္အျပင္ သူမရဲ႕ ရင္မႊာအစံုကို ပိုမိုသိသာေအာင္ ခါးကိုေကာ့လိုက္ၿပီး

"အဲရစ္လ္ ခုနက ဆရာေပးလိုက္တဲ့စာေတြကို နားလည္ရဲ႕လား?အဲရစ္လ္က အခုမွေက်ာင္းစတက္တာဆိုေတာ့ နားမလည္တာ႐ွိရင္ မီနာကို ေမး... " သူ႔ေဘးနားမွာ ျခင္လို တဝီဝီနဲ႔နားကို မုဒိန္းက်င့္ရံုမက ထိုေက်ာင္းသူရဲ႕ေရေမႊးနံ႔စုးစူးေၾကာင့္ အဲရစ္လ္ ေခါင္းကိုက္လာကာ မတ္တဏ္ရပ္လိုက္ၿပီး စိတ္ပ်က္သည့္မ်က္ဝန္းမ်ားျဖင့္ တစ္ခ်က္ၾကည့္ၿပီးေနာက္ ခ်က္ခ်င္းအမူအရာေျပာင္းကာ... ေလွာင္ျပံဳးျပံဳးလိုက္ကာ ထိုေက်ာင္းသူရဲ႕အထက္ေအာက္ကို အထင္ေသးစြာၾကည့္လိုက္ၿပီး

" ကိုယ့္ေျခသလံုးဖက္ဖို္ႀကိဳးစားခ်င္တယ္ဆိုရင္ အခုထဲကရပ္တန္႔လိုက္ပါ မိန္းကေလး.... ဘာလို႔လဲဆိုေတာ့ ကိုယ္က ေယာက်ာ္းေလးေတြပဲ စိတ္ဝင္စားတာ"လို႔ ေျပာကာ ထြက္သြားေတာ့သည္၊က်န္ခဲ့တဲ့သူေတြ ဘယ္လိုျဖစ္ျဖစ္ အဲရစ္လ္ဟာ ဂ႐ုမစိုက္စြာ အတန္းတစ္ခုဆီကိုသာ ဦးတည္သြားေတာ့သည္၊အတန္းေ႐ွ႕ေရာက္ေတာ့  ...အတန္းထဲက ထြက္လာသည့္ေက်ာင္းသူအား

"ဒီအတန္းမွာ အိုလိ္ဘာ ဘီဗဲလ္႐ွိလား" လို႔ ေမးလိုက္ေတာ့ ထိုေက်ာင္းသူဟာ သူ႔ကို ေမာ့ၾကည့္လာကာ မ်က္ႏွာတစ္ခုလံုး ႐ွက္ေသြးျဖာသြားေပမယ့္ ခ်က္ခ်င္းေခါင္းညိတ္ကာ အိုလီဘာ နာမည္ကိုေအာ္ေခၚေတာ့သည္၊ထိုေနာက္ အုိလီဘာပင္မက တိုးမက္စ္ပါ ေရာက္လာကာ... တိုမက္စ္ဟာ ဆူပုပ္ပုပ္မ်က္ႏွာျဖင့္

"ဘာလာလုပ္တာလဲ အိုလီဘာကို မငွါးႏိုင္ဘူး သူကို ငါေန႔လည္စာေကြၽးမလို႔ ခ်ိန္းၿပီးသား"လို႔ ပိတ္ကာ ေျပာလိုက္သည့္စကားေၾကာင့္ အဲရစ္လ္ရဲ႕ႏူတ္ခမ္းအစြန္းဟာ အနည္းငယ္ေကာ့တက္သြားေပမယ့္ မ်က္ႏွာဟာ အနည္းငယ္ညိဳွးပန္းခ်င္ ေယာင္ေဆာင္ကာ

"ေၾသာ္ ဘယ္တတ္ႏိုင္မလဲ...ဟင္း ေပ်ာ္ရႊင္စရာ ဒိတ္ေလးျဖစ္ပါေစ"လို႔ ေျပာကာထြက္သြားရန္အလုပ္ အိုလီဘာဟာ အဲရစ္လ္အက်ႌကိုဆြဲထားၿပီး တိုးမက္စ္ကို အသနားခံမ်က္ဝန္းမ်ားျဖင့္ ၾကည့္ကာ

"တိုးမက္စ္... အဲရစ္လ္က ဒီေန႔မွေက်ာင္းစတက္တာေလ... ေန႔လည္စာကို တစ္ေယာက္ထဲစားရတာ ဘယ္ေလာက္အထီးက်န္စရာေကာင္းလိမ့္မလဲ"လို႔ အုိလီဘာဟာ ေျပာလိုက္ေတာ့သည္၊အရင္က တိုးမက္စ္သူကို သိပ္ဂ႐ုမစိုက္တုန္းက သူတစ္ေယာက္တည္းသာ ေန႔လည္စာစားခဲ့ရသည္၊ထိုတုန္းက ဘယ္ေလာက္ အထီးက်န္ခဲ့လဲဆိုသည္ကို သူနားလည္သည္၊အဲရစ္လ္ကို ထိုသုိ႔ဆိုးဝါးေသာခံစားခ်က္ကို မခံစားခ်င္ေပ၊တိုးမက္စ္နဲ႔ႏွစ္ေယာက္ထဲ အတူတူကုန္ဆံုးခ်င္ေပမယ့္ အဲရစ္လ္ဟာလည္း သူရဲ႕သူငယ္ခ်င္းထက္ပိုသည့္ မိသားစုလိုမ်ိဳး အေရးႀကီးဆံုးသူျဖစ္သည္၊

တိုးမက္စ္ဟာလည္း အဲရစ္လ္ဟန္ေဆာင္ေနမွန္းသိတာေၾကာင့္ စိတ္မေကာင္းျဖစ္ဟန္ထြက္သြားသည့္ အဲရစ္လ္အား ဖင္ကို ဖေနာင့္နဲ႔ပိတ္ကန္ကာ ဂုတ္ကေနဆြဲေခၚၿပီး အတူတူေန႔လည္စာစားဖို႔. စိတ္ကူးၿပီးသားျဖစ္သည္၊တကယ္လို႔သူမေခၚခဲ့ရင္ သူရဲ႕ခ်စ္ရသူေလးအိုလီဘာဟာ အစားကိုေျဖာင့္ေအာင္ စားႏိုင္မည္မဟုတ္မည္ကို သူသိေနတာေၾကာင့္ျဖစ္သည္၊ သူ႔ကို မ်က္ရည္ဝဲေလးမ်ားျဖင့္ ေတာင္းဆိုေနသည့္အိုလီဘာကို ျမတ္ႏိုးစြာၾကည့္ကာ မ်က္ရည္မ်ားထြက္ေတာ့မည့္ မ်က္လံုးတဖက္ကို ဖြဖြေလးနမ္းလိုက္ၿပီး

"ကိုယ္ သိပါတယ္... အဲရစ္လ္ သြားမယ္ ငါတို႔သံုးေယာက္ ေန႔လည္စာတူတူမစားရတာ ၾကာၿပီ"လို႔ စိတ္ပ်က္သံကိုပဲ တိုးမက္စ္ဟာ ဖံုးကြယ္ထားခ်င္းမ႐ွိပဲ အဲရစ္လ္အားေျပာလိုက္သည္၊ အဲရစ္လ္ဟာ ေအာင္ႏိုင္သူတစ္ေယာက္ရဲ႕အၾကည့္မ်ားျဖင့္ သူ႔ကိုတခ်က္ၾကည့့္ၿပီး ခ်က္ခ်င္းအိုလီဘာဘက္ကို လွည့္ကာ အားနာေနသည့္မ်က္ႏွာျဖင့္

"ကိုယ္ မင္းတို႔ရဲ႕ဒိတ္ကို ေႏွာင့္ယွက္မိေနသလို ျဖစ္သြားမွာေပါ့ ကိုယ့္ကိုစိတ္ပူစရာမလိုပါဘူးကြာ... ကိုယ္ ေအးေဆးတစ္ေယာက္တည္းပဲစားေတာ့မယ္"လို႔ ေျပာလာတာေၾကာင့္ အိုလီဘာဟာ ျပာယာခတ္စြာ တိုးမက္စ္ဘက္ကို လွည့္လာၿပီး

"တိုးမက္စ္..." တိုးမက္စ္ဟာ သူခ်စ္ရသူေလးရဲ႕အကူညီေတာင္းသံေလးေၾကာင့္ သူရဲ႕ႏွလံုးသားဟာ ယားက်ိက်ိျဖစ္သြားေပမယ့္ အဲရစ္လ္ဘက္ကို ျပံဳးကာလွည့္လာၿပီး

"မင္းကို ငါတကယ္ပိတ္မကန္ခင္ မင္းလိုက္ခဲ့သင့္ေနၿပီေနာ္ "အံႀကိတ္ကာေျပာလိုက္ေတာ့ အဲရစ္လ္ဟာတစ္ခ်က္သာ ျပံဳးလိုက္ၿပီး...

"ငါရဲ႕ခ်စ္ရစြာေသာသူငယ္ခ်င္းႀကီးက ဒီေန႔အရမ္းေတြသေဘာေကာင္းေနေတာ့လည္း အားနာပါးနာနဲ႔လိုက္ခဲ့ေပးရတာေပါ့... လာ အိုလီဘာ ကိုယ္တစ္ခါမွ ေက်ာင္းကန္တင္းမွာ မစားဖူးေတာ့ ကိုယ့္ကိုကူေရြးေပးပါဦး"လို႔ အိုလီဘာရဲ႕လက္ေမာင္းကို ဆြဲကာ သူ႔အနားကပ္လိုက္ၿပီး ျဖဴစင္႐ိုးသားဟန္အမူအရာျဖင့္ ျပံဳးကာေျပာလိုက္ေတာ့ အိုလီဘာရဲ႕မ်က္ႏွာေလးဟာ နီရဲကာ ေခါင္းတညိတ္ညိတ္ျဖင့္ လက္ခံလာေတာ့သည္၊အေနာက္႐ွိ တိုးမက္စ္ကေတာ့ သူ႔ပါးစပ္ထဲ ႐ွာလကာရည္ေလာင္းခ်ခံလိုက္ရသလို ႐ႈံ႕မဲ့သြားကာ အိုလီဘာကို ျပန္လွမ္းဆြဲလိုက္ၿပီး မာန္ဖီေနေသာဝံပုေလြတစ္ေကာင္ရဲ႕အမူအရာမ်ားျဖင့္ အဲရစ္လ္အားၾကည့္လာၿပီး

"မူႀကိဳကေလးေတာင္ ကန္တင္းကအစားအေသာက္ေတြေရြးတတ္တယ္ အဲရစ္လ္ မင္းငါ့ရဲ႕ အိုလီဘာကို အသားယူဖို႔ႀကိဳးစားမေနနဲ႔ ၿပီးေတာ့!! မင္းေသာက္ရမ္းေခ်ာမွန္းသိတယ္... ငါ့ရဲ႕အိုလီဘာေ႐ွ႕မွာ ခဏခဏလာလာျပံဳးျပမေနနဲ႔!"လို႔ ေျပာလာသည့္စကားမ်ားေၾကာင့္ အိုလီဘာဟာ ေၾကာင္အမ္းအမ္းေလးျဖစ္သြားၿပီး မ်က္ႏွာမ်ားနီရဲသြားကာ တိုးမက္စ္အား

"တိုးမက္စ္... တိုးမက္စ္ ငါ... ငါ့မ်က္လံုးထဲမွာ မင္းက အေခ်ာဆံုးပါ!!!" လို႔ ထေျပာေတာ့သည္၊ ေနာက္ဆံုးေတာ့ စၾကၤန္လမ္းမွာ အဲရစ္လ္ရဲ႕ရယ္သံနဲ႔သာ ျပည့္ႏွက္သြားေတာ့သည္၊

ကန္တင္းကိုေရာက္လာေတာ့ အဲရစ္လ္ဟာ ခပ္ေရးေရးေလးအျပံဳးတစ္ခုသာတင္ထားၿပီး တိုးမက္စ္နဲ႔အုိလီဘာဟာ အဲရစ္လ္ေနာက္ကေန အနည္းငယ္ရဲေနသည့္မ်က္ႏွာျဖင့္ပါလာၾကသည္၊သူတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္အၾကည့္ခ်င္းဆံုသည့္ခ်ိန္မွာ အိုလီလာရဲ႕မ်က္ႏွာတစ္ခုလံုးဟာ ေရေႏြးပူနဲ႔ပက္လိုက္သလို ရဲဗေလာင္းခတ္သြားေတာ့သည္၊တိုးမက္စ္ကေတာ့ သူရဲ႕႐ွက္စိတ္ကို ေခ်ာင္းဆိုးဟန္ျဖင့္ ဖံုးကြယ္လိုက္ၿပီး

"မင္းတို႔ ခံုမွာအရင္သြားထိုင္ေနလိုက္ ငါအရင္သြားမွာထားလိုက္မယ္"လို႔ ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ ေခါင္းတခ်က္ညိတ္ကာ စားေကာင္းသည့္အစားအေသာက္တစ္ခုကိုသာမွာရန္ ေျပာလိုက္ၿပီး အိုလီဘာရဲ႕လက္ေလးကို ညင္သာစြာကိုင္ကာ ခံုလြတ္တစ္ခုမွာ သြားထိုင္လိုက္သည္၊ တိုးမက္စ္ကေတာ့ မီးတဝင္ဝင္းမ်က္ဝန္းမ်ားျဖင့္ အဲရစ္လ္ကိုတစ္ခ်က္သာၾကည့္လိုက္ၿပီးေနာက္ တစ္ခ်က္သာ သက္ျပင္းအ႐ွည္ႀကီးခ်ကာ ေကာင္တာဘက္ကို ထြက္သြားေတာ့သည္၊အိုလီဘာရဲ႕ခ်စ္ျခင္းသစၥာတရားကို သူ႔ကိုယ္သူထက္ေတာင္ ယံုၾကည္မိတာေၾကာင့္ အဲရစ္လ္နဲ႔အခုလို လြတ္ထားျခင္းျဖစ္သည္၊ၿပီးေတာ့ အဲရစ္လ္ကလည္း အိုလီဘာကိုခ်စ္သည့္စိတ္ဟာအနည္းငယ္သာ႐ွိၿပီး သူ႔ကိုမခံခ်င္ေအာင္သာ စခ်င္သည့္စိတ္မ်ားနဲ႔ျပည့္သိပ္ေနသည့္ေကာင္မွန္း သူအေစာထဲကရိပ္မိသည္၊ သူ သဝန္ပိုတိုေလ ထိုေကာင္က ပိုအူျမဴးေလျဖစ္သည္၊! သူေခါင္းတခ်က္ခါလိုက္ကာ သံုးေယာက္စာ အစားအေသာက္မွာလိုက္သည္၊

"စီနီယာတိုးမက္စ္!  ေန႔လည္စာလာစားတာလား " ဆိုရမ္ဟာ စီနီယာတိုးမက္စ္ကို ျမင္ေတာ့ အလြန္ေပ်ာ္ရႊင္သြားကာ ေဘးပတ္လည္ေတြလည္း ပန္းမ်ားပြင့္သြားသေယာင္ပင္၊

တိုးမက္စ္ဟာ အနည္းငယ္ျပံဳးကာ ဝတ္ေက်တန္းေက်ျဖင့္သာ "ဟုတ္တယ္"လို႔ ျပန္ေျဖလိုက္သည္၊

ဆိုရမ္အေနာက္႐ွိ သူရဲ႕အတန္းေဖာ္သူငယ္ခ်င္းအခ်ိဳ႕ဟာ  ဆိုရမ္လိုလူမ်ိဳးဟာ ေဘာ့စကင္အိမ္ေတာ္က တတိယသားနဲ႔သိေနတာျမင္ေတာ့ အံ့အားသင့္ေနၾကသည္။

"စီနီယာတိုးမက္စ္ တစ္ခါမွ ကန္တင္းလာတာမျမင္ဖူးေတာ့ ဆိုရမ္အရမ္းအံ့အားသင့္ေနတာ...ဒီကအစားအစာေတြက ေဘာ့စတင္အိမ္ေတာ္က စာဖိုမႉးေတြခ်က္တာေလာက္ေတာင္ စားမေကာင္းဖူး"လို႔ ေျပာေနပံုဟာ သူပဲေဘာ့စတင္အိမ္မွာ စားဖူးသလိုလုိ အနီး႐ွိလူတိုင္းကို ဒိြဟ ျဖစ္ခ်င္သည္၊

တိုးမက္စ္ဟာ အရင္ကဆိုရမ္ကို အသိုင္းအဝိုင္းေနာက္ခံမ႐ွိေသာ္လည္းထက္ျမက္သည့္လူငယ္တစ္ေယာက္ျဖစ္တာေၾကာင့္ အနည္းငယ္ေလးစားမိခဲ့ေပမယ့္ မနက္ကကိစၥနဲ႔ပတ္သတ္ၿပီး သူလည္းဦးေႏွာက္႐ွိသူပီပီ ဆိုရမ္ဘာအကြက္ေရြ႔မွန္းသိေနၿပီျဖစ္တာေၾကာင့္ အမ်ားအထင္လြဲသြားမိကိစၥမ်ားကိုေ႐ွာင္ရန္  သူ႔ဘက္ကလည္း ခပ္ျပတ္ျပတ္ျဖစ္ေနရမည္ဟု ေတြးေတာကာ ျပန္ေျပာရန္အလုပ္ သူရဲ႕လက္ေမာင္းတစ္ဖက္ကို လာေရာက္ေပြ႔ဖက္သည့္လက္ေလးတစ္စံုေၾကာင့္ သူငံု႔ၾကည့္လိုက္ အိုလီဘာဟာ အနည္းငယ္ဆူပုပ္ေနသည့္မ်က္ႏွာေလးျဖင့္ သူ႔အားေမာ့ၾကည့္လာကာ

"Darling... bae ဗိုက္ဗိုက္ ဆာတယ္"လို႔ ခ်စ္စရာေကာင္းသည့္အသံေလးျဖင့္ ေျပာလာတာေၾကာင့္ တိုးမက္စ္ ႏွလံုးသားဟာ ျမားေပါင္းမ်ားစြာ စိုက္သြားသလို... အခုလိုေျပာရဲေအာင္ ဖန္တီးေပးသည့့္ ဟိုးအေနာက္ေတြ ခံုကို တဒုန္းဒုန္းထုကာ မ်က္ႏွာတစ္ခုလံုး နီရဲကာရယ္ေနသည့္ အဲရစ္လ္ကို စိတ္ထဲကေန လက္မေထာင္မိသြားသည္၊ အိုလီဘာလို အ႐ွက္သည္းနဲ႔ေကာင္ေလးကို ဒီလို စကားမ်ိဳးထြက္လာႏိုင္ေစေအာင္ ဒီေကာင္ ဘယ္လိုမ်ား စည္းရံုးေရးဆင္းခဲ့သည္လည္း။

----------------------

Unicode

အဲရစ်လ် နောက်ဆုံး သူ့အတန်းကိုရှာဖွေတွေ့ရှိခဲ့တော့သည်၊ကံကောင်းချင်တော့ ထိုအချိန်မှာ သင်မည့်အင်္ဂလိပ်စာဆရာနဲ့တိုးကာ သူဟာ အောင်အောင်မြင်မြင်ဖြင့် မိတ်ဆက်နိုင်တော့သည်၊

"ငါက အဲရစ်လ် ဝေါ့လ်လက်စ် "လို့ ပြောလိုက်တော့ အကုန်လုံးဟာ သူ့ကိုအံ့အားသင့်စွာ စိုက်ကြည့်လာပြီး ကျောင်းသူတစ်ဦးဟာ

"နင်က ဝေါ့လ်လက်စ် ပထမအိမ်တော်ကလား?"လို့ မေးလိုက်တော့ အဲရစ်လ်ဟာ ဖုံးကွယ်ရန်စိတ်ကူးမရှိတာကြောင့် ခပ်ပေါ့ပေါ့သာ ခေါင်းညိန်လိုက်သည်၊ထိုနောက်ခပ်ချေချေဖြင့် နောက်ဆုံးရှိ လွတ်နေသည့်ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်၊ ဝေါ့လ်လက်စ် ပထမအိမ်တော်ဆိုသည်နှင့် ပြောင်းလဲသွားသောမျက်နှာတွေဟာ အနည်းငယ်ဟာသဆန်လွန်းသည်၊

အဲရစ်လ်ဟာ ဆရာသင်ပြမှုအောက်တွင် စိတ်ပါဝင်စားခြင်းမရှိစွာဖြင့် ပြတင်းပေါက်ဘက်ကိုကြည့်ရန်အလုပ် သူ့ဘေးတွင် လူတစ်ယောက် ခုံပေါ်မှောက်အိပ်နေသည်ကို သတိထားမိသွားသည်၊

'ဒီကျောင်းသားက ဘယ်သူလဲ သူအိပ်နေတာကိုတောင် ဆရာကဘာမှမပြောဘူးဆိုတော့ အကောင်ကြီးကြီးထဲကဖြစ်ဖို့များတယ်... ထားပါ ဒါငါ့ကိစ္စမဟုတ်ဘူး'လို့ ပြောလိုက်ရင်း သူ့ရဲ့မျက်ဝန်းများကို ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းတွေဆီသာ ပို့ထားလိုက်သည်၊

[Snow: အရှင်... သတင်းတစ်ခုပါလာတယ်!]

'အင်း ပြော '

[Snow: အဓိကဇာတ်ကောင် ဆိုရမ် ဒါ့လ်နစ်အော့က ဗီလိန် အိုလီဘာ ဘီဗဲလ်ကို လုပ်ကြံဖို့ကြံစည်နေတယ်]

'ဘာလဲ အိုလီဘာရဲ့ဖြူစင်မှုကို စွင်းထင်းအောင်လုပ်မလို့လား?' လို့ အဲရစ်လ်ဟာ စိတ်မပါတပါနဲ့ပြောလိုက်တော့ နှင်းပွင့်လေးဟာ ခေါင်းညိတ်လာပြီး

[Snow:ဟုတ်တယ်...ဆိုရမ် ဒါ့လ်နစ်အောက ဂိုဏ်းတစ်ဂိုဏ်းရဲ့ခေါင်းဆောင်ကို ကယ်တင်ခဲ့ဖူးတယ်၊ထိုခေါင်းဆောင်ကို ဆိုရမ် ဒါ့လ်နစ်အောက အိုလီဘာ သူ့ကိုအနိုင်ကျင့်ကြောင်း၊မဟုတ်မမှန်တာတွေပြောလိုက်လို့ ဟိုဘက်ကခေါင်းဆောင်က အိုလီဘာကိုနှောက်ယှက်ဖို့ လူလွတ်လိုက်ပြီ]

'အင်း' လို့ သူရဲ့အရှင်သခင်မှ ပြန်ပြောလိုက်တာကြောင့် နှင်းပွင့်လေးဟာ ဘာမှဆက်မပြောတော့ပေ၊ဒါ ဗီလိန်ဇာတ်ကောင် အိုလီဘာကိုကယ်တယ်မည်ဖြစ်ကြောင်း အဖြေပေးလိုက်သည်ကို Eiraဟာ နားလည်သည်၊

ထိုချိန်မှာ သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတာကို ခံစားရတာကြောင့် အဲရစ်လ်ဟာ နှင်းပွင့်လေးနဲ့အဆက်သွယ်ဖြတ်ကာ မျက်လုံးမှေးစင်းကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသည့် သူတစ်ယောက်ကို တွေ့လိုက်ရသည်၊ထိုသူဟာ သူ့ဘေးက ခုံပေါ်မှောက်အိပ်နေသည့်တစ်ယောက်ဖြစ်ပြီး ထိုလူ့ရဲ့အပြာရောင်မျက်ဝန်းတောက်တောက်တစ်စုံဟာ သူ့ကို သာမန်လျှံသာဖြင့် ဘယ်သူလဲဆိုတာသိချင်သည့်စိတ်နဲ့ သိချင်နေသည်ကို ရိပ်မိပေမယ့် လူသားတစ်ယောက်နဲ့အကြည့်ချင်းယှဉ်ပြိုင်နေသည်ကို အရှူံးမပေးချင်တာကြောင့် အဲရစ်လ်ဟာ အကြည့်မလွဲဘဲ ပြန်လည်စိုက်ကြည့်လိုက်သည်၊

တအောင့်ကြာတော့ ထိုသူဟာ မျက်နှာလွဲသွားတော့သည်၊ထိုအခါမှ အဲရစ်လ် သက်ပြင်းခိုးချနိုင်တော့သည်၊ဒီလူသားရဲ့အကြည့်တွေဟာ တကယ်ကို ကြောက်ဖို့ကောင်းလွန်းသည်၊ထိုမျက်ဝန်းပြာများကို ကြာကြာစိုက်ကြည့်နေရင်း ထိုအပြာရောင်မျက်ဝန်းများဟာ သူ့မျက်ဝန်းကနေတဆင့် သူရဲ့မှတ်ဉာဏ်တွေကို ဝင်ရောက်စစ်ဆေးနေသလို ခံစားရသည်၊ဒါ ခံစားချက်သက်သက်ပေမယ့် သူ့စိတ်ထဲ စိုးရိမ်နေတာကြောင့် နှင်းပွင့်လေးကို နတ်ဘုရားscarlet ဘဝကပတ်သတ်သည့်မှတ်ဉာဏ်တွေကို ချက်ချင်းအမှောင်ချခိုင်းလိုက်သည်၊ဘာပဲ ဖြစ်ဖြစ် ကြိုတင်ကာကွယ်သည်ဟာ အကောင်းဆုံးဖြစ်သည်၊

သူတို့ နေလည်စာစားချိန်ရောက်တော့ မိန်းကလေးအချိူ့နဲ့ယောကျာ်းလေးအချို့ဟာ အဲရစ်လ်နား ဝန်းရံလာကာ ထိုထဲက ကြည့်ကောင်းသည့်ကျောင်းသူလေးဟာ အဲရစ်လ်နားပိုမိုနီးကပ်စွာ ကပ်လိုက်ပြီး

"ဝေါ့လ်လက်စ်... ငါက မီနာ ရိုစ့်လက်ဆဲ"လို့ စတင်မိတ်ဆက်လာတာကြောင့် အဲရစ်လ်ဟာ ထိုကျောင်းသူကို တစ်ချက်သာပြန်ကြည့်လိုက်ပြီး

"အင်း"လို့သာ ပြန်ဖြေလိုက်ပြီး ဖုန်းဆက်သုံးနေလိုက်သည်၊မီနာကတော့ အဲရစ်လ်ရဲ့ခပ်ချေချောပုံစံကို စိတ်ပျက်သွားခြင်းမရှိသည့်အပြင် သူမရဲ့ ရင်မွှာအစုံကို ပိုမိုသိသာအောင် ခါးကိုကော့လိုက်ပြီး

"အဲရစ်လ် ခုနက ဆရာပေးလိုက်တဲ့စာတွေကို နားလည်ရဲ့လား?အဲရစ်လ်က အခုမှကျောင်းစတက်တာဆိုတော့ နားမလည်တာရှိရင် မီနာကို မေး... " သူ့ဘေးနားမှာ ခြင်လို တဝီဝီနဲ့နားကို မုဒိန်းကျင့်ရုံမက ထိုကျောင်းသူရဲ့ရေမွှေးနံ့စုးစူးကြောင့် အဲရစ်လ် ခေါင်းကိုက်လာကာ မတ်တဏ်ရပ်လိုက်ပြီး စိတ်ပျက်သည့်မျက်ဝန်းများဖြင့် တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းအမူအရာပြောင်းကာ... လှောင်ပြုံးပြုံးလိုက်ကာ ထိုကျောင်းသူရဲ့အထက်အောက်ကို အထင်သေးစွာကြည့်လိုက်ပြီး

" ကိုယ့်ခြေသလုံးဖက်ဖိုကြိုးစားချင်တယ်ဆိုရင် အခုထဲကရပ်တန့်လိုက်ပါ မိန်းကလေး.... ဘာလို့လဲဆိုတော့ ကိုယ်က ယောကျာ်းလေးတွေပဲ စိတ်ဝင်စားတာ"လို့ ပြောကာ ထွက်သွားတော့သည်၊ကျန်ခဲ့တဲ့သူတွေ ဘယ်လိုဖြစ်ဖြစ် အဲရစ်လ်ဟာ ဂရုမစိုက်စွာ အတန်းတစ်ခုဆီကိုသာ ဦးတည်သွားတော့သည်၊အတန်းရှေ့ရောက်တော့  ...အတန်းထဲက ထွက်လာသည့်ကျောင်းသူအား

"ဒီအတန်းမှာ အိုလိဘာ ဘီဗဲလ်ရှိလား" လို့ မေးလိုက်တော့ ထိုကျောင်းသူဟာ သူ့ကို မော့ကြည့်လာကာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားပေမယ့် ချက်ချင်းခေါင်းညိတ်ကာ အိုလီဘာ နာမည်ကိုအော်ခေါ်တော့သည်၊ထိုနောက် အိုလီဘာပင်မက တိုးမက်စ်ပါ ရောက်လာကာ... တိုမက်စ်ဟာ ဆူပုပ်ပုပ်မျက်နှာဖြင့်

"ဘာလာလုပ်တာလဲ အိုလီဘာကို မငှါးနိုင်ဘူး သူကို ငါနေ့လည်စာကျွေးမလို့ ချိန်းပြီးသား"လို့ ပိတ်ကာ ပြောလိုက်သည့်စကားကြောင့် အဲရစ်လ်ရဲ့နူတ်ခမ်းအစွန်းဟာ အနည်းငယ်ကော့တက်သွားပေမယ့် မျက်နှာဟာ အနည်းငယ်ညိုှးပန်းချင် ယောင်ဆောင်ကာ

"သြော် ဘယ်တတ်နိုင်မလဲ...ဟင်း ပျော်ရွှင်စရာ ဒိတ်လေးဖြစ်ပါစေ"လို့ ပြောကာထွက်သွားရန်အလုပ် အိုလီဘာဟာ အဲရစ်လ်အင်္ကျီကိုဆွဲထားပြီး တိုးမက်စ်ကို အသနားခံမျက်ဝန်းများဖြင့် ကြည့်ကာ

"တိုးမက်စ်... အဲရစ်လ်က ဒီနေ့မှကျောင်းစတက်တာလေ... နေ့လည်စာကို တစ်ယောက်ထဲစားရတာ ဘယ်လောက်အထီးကျန်စရာကောင်းလိမ့်မလဲ"လို့ အိုလီဘာဟာ ပြောလိုက်တော့သည်၊အရင်က တိုးမက်စ်သူကို သိပ်ဂရုမစိုက်တုန်းက သူတစ်ယောက်တည်းသာ နေ့လည်စာစားခဲ့ရသည်၊ထိုတုန်းက ဘယ်လောက် အထီးကျန်ခဲ့လဲဆိုသည်ကို သူနားလည်သည်၊အဲရစ်လ်ကို ထိုသို့ဆိုးဝါးသောခံစားချက်ကို မခံစားချင်ပေ၊တိုးမက်စ်နဲ့နှစ်ယောက်ထဲ အတူတူကုန်ဆုံးချင်ပေမယ့် အဲရစ်လ်ဟာလည်း သူရဲ့သူငယ်ချင်းထက်ပိုသည့် မိသားစုလိုမျိုး အရေးကြီးဆုံးသူဖြစ်သည်၊

တိုးမက်စ်ဟာလည်း အဲရစ်လ်ဟန်ဆောင်နေမှန်းသိတာကြောင့် စိတ်မကောင်းဖြစ်ဟန်ထွက်သွားသည့် အဲရစ်လ်အား ဖင်ကို ဖနောင့်နဲ့ပိတ်ကန်ကာ ဂုတ်ကနေဆွဲခေါ်ပြီး အတူတူနေ့လည်စာစားဖို့. စိတ်ကူးပြီးသားဖြစ်သည်၊တကယ်လို့သူမခေါ်ခဲ့ရင် သူရဲ့ချစ်ရသူလေးအိုလီဘာဟာ အစားကိုဖြောင့်အောင် စားနိုင်မည်မဟုတ်မည်ကို သူသိနေတာကြောင့်ဖြစ်သည်၊ သူ့ကို မျက်ရည်ဝဲလေးများဖြင့် တောင်းဆိုနေသည့်အိုလီဘာကို မြတ်နိုးစွာကြည့်ကာ မျက်ရည်များထွက်တော့မည့် မျက်လုံးတဖက်ကို ဖွဖွလေးနမ်းလိုက်ပြီး

"ကိုယ် သိပါတယ်... အဲရစ်လ် သွားမယ် ငါတို့သုံးယောက် နေ့လည်စာတူတူမစားရတာ ကြာပြီ"လို့ စိတ်ပျက်သံကိုပဲ တိုးမက်စ်ဟာ ဖုံးကွယ်ထားချင်းမရှိပဲ အဲရစ်လ်အားပြောလိုက်သည်၊ အဲရစ်လ်ဟာ အောင်နိုင်သူတစ်ယောက်ရဲ့အကြည့်များဖြင့် သူ့ကိုတချက်ကြည့်ပြီး ချက်ချင်းအိုလီဘာဘက်ကို လှည့်ကာ အားနာနေသည့်မျက်နှာဖြင့်

"ကိုယ် မင်းတို့ရဲ့ဒိတ်ကို နှောင့်ယှက်မိနေသလို ဖြစ်သွားမှာပေါ့ ကိုယ့်ကိုစိတ်ပူစရာမလိုပါဘူးကွာ... ကိုယ် အေးဆေးတစ်ယောက်တည်းပဲစားတော့မယ်"လို့ ပြောလာတာကြောင့် အိုလီဘာဟာ ပြာယာခတ်စွာ တိုးမက်စ်ဘက်ကို လှည့်လာပြီး

"တိုးမက်စ်..." တိုးမက်စ်ဟာ သူချစ်ရသူလေးရဲ့အကူညီတောင်းသံလေးကြောင့် သူရဲ့နှလုံးသားဟာ ယားကျိကျိဖြစ်သွားပေမယ့် အဲရစ်လ်ဘက်ကို ပြုံးကာလှည့်လာပြီး

"မင်းကို ငါတကယ်ပိတ်မကန်ခင် မင်းလိုက်ခဲ့သင့်နေပြီနော် "အံကြိတ်ကာပြောလိုက်တော့ အဲရစ်လ်ဟာတစ်ချက်သာ ပြုံးလိုက်ပြီး...

"ငါရဲ့ချစ်ရစွာသောသူငယ်ချင်းကြီးက ဒီနေ့အရမ်းတွေသဘောကောင်းနေတော့လည်း အားနာပါးနာနဲ့လိုက်ခဲ့ပေးရတာပေါ့... လာ အိုလီဘာ ကိုယ်တစ်ခါမှ ကျောင်းကန်တင်းမှာ မစားဖူးတော့ ကိုယ့်ကိုကူရွေးပေးပါဦး"လို့ အိုလီဘာရဲ့လက်မောင်းကို ဆွဲကာ သူ့အနားကပ်လိုက်ပြီး ဖြူစင်ရိုးသားဟန်အမူအရာဖြင့် ပြုံးကာပြောလိုက်တော့ အိုလီဘာရဲ့မျက်နှာလေးဟာ နီရဲကာ ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံလာတော့သည်၊အနောက်ရှိ တိုးမက်စ်ကတော့ သူ့ပါးစပ်ထဲ ရှာလကာရည်လောင်းချခံလိုက်ရသလို ရှုံ့မဲ့သွားကာ အိုလီဘာကို ပြန်လှမ်းဆွဲလိုက်ပြီး မာန်ဖီနေသောဝံပုလွေတစ်ကောင်ရဲ့အမူအရာများဖြင့် အဲရစ်လ်အားကြည့်လာပြီး

"မူကြိုကလေးတောင် ကန်တင်းကအစားအသောက်တွေရွေးတတ်တယ် အဲရစ်လ် မင်းငါ့ရဲ့ အိုလီဘာကို အသားယူဖို့ကြိုးစားမနေနဲ့ ပြီးတော့!! မင်းသောက်ရမ်းချောမှန်းသိတယ်... ငါ့ရဲ့အိုလီဘာရှေ့မှာ ခဏခဏလာလာပြုံးပြမနေနဲ့!"လို့ ပြောလာသည့်စကားများကြောင့် အိုလီဘာဟာ ကြောင်အမ်းအမ်းလေးဖြစ်သွားပြီး မျက်နှာများနီရဲသွားကာ တိုးမက်စ်အား

"တိုးမက်စ်... တိုးမက်စ် ငါ... ငါ့မျက်လုံးထဲမှာ မင်းက အချောဆုံးပါ!!!" လို့ ထပြောတော့သည်၊ နောက်ဆုံးတော့ စြင်္ကန်လမ်းမှာ အဲရစ်လ်ရဲ့ရယ်သံနဲ့သာ ပြည့်နှက်သွားတော့သည်၊

ကန်တင်းကိုရောက်လာတော့ အဲရစ်လ်ဟာ ခပ်ရေးရေးလေးအပြုံးတစ်ခုသာတင်ထားပြီး တိုးမက်စ်နဲ့အိုလီဘာဟာ အဲရစ်လ်နောက်ကနေ အနည်းငယ်ရဲနေသည့်မျက်နှာဖြင့်ပါလာကြသည်၊သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံသည့်ချိန်မှာ အိုလီလာရဲ့မျက်နှာတစ်ခုလုံးဟာ ရေနွေးပူနဲ့ပက်လိုက်သလို ရဲဗလောင်းခတ်သွားတော့သည်၊တိုးမက်စ်ကတော့ သူရဲ့ရှက်စိတ်ကို ချောင်းဆိုးဟန်ဖြင့် ဖုံးကွယ်လိုက်ပြီး

"မင်းတို့ ခုံမှာအရင်သွားထိုင်နေလိုက် ငါအရင်သွားမှာထားလိုက်မယ်"လို့ ပြောလိုက်တော့ အဲရစ်လ်ဟာ ခေါင်းတချက်ညိတ်ကာ စားကောင်းသည့်အစားအသောက်တစ်ခုကိုသာမှာရန် ပြောလိုက်ပြီး အိုလီဘာရဲ့လက်လေးကို ညင်သာစွာကိုင်ကာ ခုံလွတ်တစ်ခုမှာ သွားထိုင်လိုက်သည်၊ တိုးမက်စ်ကတော့ မီးတဝင်ဝင်းမျက်ဝန်းများဖြင့် အဲရစ်လ်ကိုတစ်ချက်သာကြည့်လိုက်ပြီးနောက် တစ်ချက်သာ သက်ပြင်းအရှည်ကြီးချကာ ကောင်တာဘက်ကို ထွက်သွားတော့သည်၊အိုလီဘာရဲ့ချစ်ခြင်းသစ္စာတရားကို သူ့ကိုယ်သူထက်တောင် ယုံကြည်မိတာကြောင့် အဲရစ်လ်နဲ့အခုလို လွတ်ထားခြင်းဖြစ်သည်၊ပြီးတော့ အဲရစ်လ်ကလည်း အိုလီဘာကိုချစ်သည့်စိတ်ဟာအနည်းငယ်သာရှိပြီး သူ့ကိုမခံချင်အောင်သာ စချင်သည့်စိတ်များနဲ့ပြည့်သိပ်နေသည့်ကောင်မှန်း သူအစောထဲကရိပ်မိသည်၊ သူ သဝန်ပိုတိုလေ ထိုကောင်က ပိုအူမြူးလေဖြစ်သည်၊! သူခေါင်းတချက်ခါလိုက်ကာ သုံးယောက်စာ အစားအသောက်မှာလိုက်သည်၊

"စီနီယာတိုးမက်စ်!  နေ့လည်စာလာစားတာလား " ဆိုရမ်ဟာ စီနီယာတိုးမက်စ်ကို မြင်တော့ အလွန်ပျော်ရွှင်သွားကာ ဘေးပတ်လည်တွေလည်း ပန်းများပွင့်သွားသယောင်ပင်၊

တိုးမက်စ်ဟာ အနည်းငယ်ပြုံးကာ ဝတ်ကျေတန်းကျေဖြင့်သာ "ဟုတ်တယ်"လို့ ပြန်ဖြေလိုက်သည်၊

ဆိုရမ်အနောက်ရှိ သူရဲ့အတန်းဖော်သူငယ်ချင်းအချို့ဟာ  ဆိုရမ်လိုလူမျိုးဟာ ဘော့စကင်အိမ်တော်က တတိယသားနဲ့သိနေတာမြင်တော့ အံ့အားသင့်နေကြသည်။

"စီနီယာတိုးမက်စ် တစ်ခါမှ ကန်တင်းလာတာမမြင်ဖူးတော့ ဆိုရမ်အရမ်းအံ့အားသင့်နေတာ...ဒီကအစားအစာတွေက ဘော့စတင်အိမ်တော်က စာဖိုမှူးတွေချက်တာလောက်တောင် စားမကောင်းဖူး"လို့ ပြောနေပုံဟာ သူပဲဘော့စတင်အိမ်မှာ စားဖူးသလိုလို အနီးရှိလူတိုင်းကို ဒွိဟ ဖြစ်ချင်သည်၊

တိုးမက်စ်ဟာ အရင်ကဆိုရမ်ကို အသိုင်းအဝိုင်းနောက်ခံမရှိသော်လည်းထက်မြက်သည့်လူငယ်တစ်ယောက်ဖြစ်တာကြောင့် အနည်းငယ်လေးစားမိခဲ့ပေမယ့် မနက်ကကိစ္စနဲ့ပတ်သတ်ပြီး သူလည်းဦးနှောက်ရှိသူပီပီ ဆိုရမ်ဘာအကွက်ရွေ့မှန်းသိနေပြီဖြစ်တာကြောင့် အများအထင်လွဲသွားမိကိစ္စများကိုရှောင်ရန်  သူ့ဘက်ကလည်း ခပ်ပြတ်ပြတ်ဖြစ်နေရမည်ဟု တွေးတောကာ ပြန်ပြောရန်အလုပ် သူရဲ့လက်မောင်းတစ်ဖက်ကို လာရောက်ပွေ့ဖက်သည့်လက်လေးတစ်စုံကြောင့် သူငုံ့ကြည့်လိုက် အိုလီဘာဟာ အနည်းငယ်ဆူပုပ်နေသည့်မျက်နှာလေးဖြင့် သူ့အားမော့ကြည့်လာကာ

"Darling... bae ဗိုက်ဗိုက် ဆာတယ်"လို့ ချစ်စရာကောင်းသည့်အသံလေးဖြင့် ပြောလာတာကြောင့် တိုးမက်စ် နှလုံးသားဟာ မြားပေါင်းများစွာ စိုက်သွားသလို... အခုလိုပြောရဲအောင် ဖန်တီးပေးသည့် ဟိုးအနောက်တွေ ခုံကို တဒုန်းဒုန်းထုကာ မျက်နှာတစ်ခုလုံး နီရဲကာရယ်နေသည့် အဲရစ်လ်ကို စိတ်ထဲကနေ လက်မထောင်မိသွားသည်၊ အိုလီဘာလို အရှက်သည်းနဲ့ကောင်လေးကို ဒီလို စကားမျိုးထွက်လာနိုင်စေအောင် ဒီကောင် ဘယ်လိုများ စည်းရုံးရေးဆင်းခဲ့သည်လည်း။

----------------------

Bạn đang đọc truyện trên: ZingTruyen.Info