ZingTruyen.Info

Dei No That S My Abode System

Zawgyi

[ဆက္သြယ္မည္... ဝိညာဥ္ကူးေျပာင္းျခင္းေအာင္ျမင္သည္]

[မွတ္ဥာဏ္စတင္ ကူးယူေနသည္]

[1% 10% 50% ...90% 99% 100%]  ဟု အသံေၾကာင့္ ကုတင္ေပၚ႐ွိ လူငယ္ေလးရဲ႕ အနီေရာင္မ်က္ဝန္းမ်ား ပြင့္လာေတာ့သည္၊ထိုေနာက္ ပတ္ဝန္းက်င္ကို တခ်က္ၾကည့္ကာ သူနဲ႔မသက္ဆိုင္သည့္မွတ္ဥာဏ္ေတြဟာ ေခါင္းထဲကို အလံုးအရင္းဝင္လာတာေၾကာင့္ မ်က္ႏွာဟာအနည္းငယ္႐ွံု႔မဲ့သြားေပမယ့္ မွတ္ဥာဏ္ေတြကို ျပန္လည္ေဖာ္ထုတ္ေနမိသည္၊တေအာင့္ၾကာေတာ့ ထိုလူငယ္ေလးရဲ႕မ်က္ႏွာတြင္ ေလွာင္ရိပ္ျပံဳးေလးထင္းဟပ္လာေတာ့သည္၊ သူဟာ ေခါင္းတစ္ခ်က္ခါလိုက္ၿပီး သူရဲ႕လက္မွာတြယ္ခ်ိတ္ထားသည့္ ေဆးထိုးအပ္ေတြကိုဖယ္ကာ... ထလိုက္ေပမယ့္ သူ႔ခႏၶာကိုယ္ဟာ ထလို႔မရတဲ့အထိ အားအင္ခ်ိဳ႕နဲ႔ေနတာကို သတိထားမိလိုက္သည္၊ ထိုေနာက္ လူငယ္ေလးဟာ မ်က္ေမွာင္ၾကဳတ္သြားၿပီး...အက္ကြဲေနသည့္ ၾသ႐ွ႐ွအသံေလးတစ္သံထြက္လာေတာ့သည္၊

"ဘာလုပ္ေနတာလဲ ငါအ႐ွင္သခင္ရဲ႕ခႏၶာကိုယ္ကို ကုသေပးစမ္း"လို႔ ေျပာလိုက္ေတာ့ အျဖဴေရာင္စြမ္းအင္မ်ား ထြက္လာကာ လူငယ္ေလးရဲ႕ခႏၶာကိုယ္ကို ကုသေပးလိုက္ေတာ့သည္၊ ထိုေနာက္လူငယ္ေလးဟာ မတ္တပ္ထရပ္လိုက္ၿပီး ဘာမွသိပ္မ႐ွိတဲ့ဟင္းလင္းျပင္ျဖစ္ေနသည့္ အခန္းကိုၾကည့္ကာ... လက္႐ွိခႏၶာကိုယ္နဲ႔သက္ဆုိင္သည့္မွတ္ဥာဏ္သာမက ဒီကမာၻကအခ်က္အလက္ေတြကိုပါ စတင္စစ္ေဆးေတာ့သည္၊

ဒီကမၻာက သာမန္ေမာ္ဒန္ေခတ္ပံုစံျဖစ္ၿပီး ဒီကမၻာရဲ႕အဓိကဇာတ္လိုက္(gong) တိုးမက္စ္ ေဘာ့စတင္ဟာ ဟဲလ္ဘန္ဒါႏိုင္ငံရဲ႕ အခ်မ္းသာဆံုးစာရင္းဝင္သည့္ အာဏာ႐ွိအသိုင္းအဝိုင္းထဲကျဖစ္သည့္ ေဘာ့စတင္မိသားစုရဲ႕တတိယသခင္ေလးျဖစ္သည္၊သူဟာ ငယ္ရြယ္ၿပီးထက္ျမက္တာေၾကာင့္  ဟဲလ္ဘန္ဒါႏိုင္ငံရဲ႕ အေကာင္းဆံုးေက်ာင္းေတြ လူႀကိဳက္မ်ားသည့္သူတစ္ဦးလည္းျဖစ္သည္၊ဒါေပမယ့္ တေန႔ ေက်ာင္းေပ်ာ္ပြဲစားထြက္ရာမွာ ေက်ာင္းသားတစ္ဦးကို ကယ္တင္မိရာ  သူတို႔ဟာ ဂူတဂူမွာ ပိတ္မိရင္း တျဖည္းျဖည္းႏွလံုးသားခ်င္းနီးစပ္ကာ ႀကိဳက္ႏွစ္သက္သြားၾကေတာ့သည္၊ေနာက္ပိုင္း အခက္အခဲပိုင္းမ်ားစြာရင္ဆုိင္ရင္း တစ္ဦးေပၚတစ္ဦးနက္နက္႐ိႈင္း႐ိႈင္းခ်စ္တာ ေပ်ာ္ရႊင္စြာ ေနထိုင္သြားၾကေတာ့သည္၊

ဒီကမၻာရဲ႕အဓိကဇာတ္ေကာင္(shou)ကေတာ့ ဆုိရမ္ ဒါ့လ္နစ္ေအာ့စ္ျဖစ္ကာ သာမန္အသိုင္းအဝိုင္းကလူငယ္တစ္ေယာက္ျဖစ္သည္၊ဒါေပမယ့္ သူဟာထက္ျမက္ၿပီး ဥာဏ္ေကာင္းလြန္းတာေၾကာင့္ ဟဲလ္ဘန္ဒါႏိုင္ငံရဲ႕အေကာင္းဆံုးေက်ာင္းကို စေကာလား႐ွစ္နဲ႔တက္ေရာက္ႏိုင္ခဲ့သည့္ ထိုေက်ာင္းသမိုင္းတေလ်ွာက္မွာ အေတာ္ဆံုးေက်ာင္းသားလည္းျဖစ္သည္၊ထိုသို႔ထက္ျမက္လြန္းတဲ့ဆိုရမ္ဟာ ႐ိုး႐ွင္းၿပီး ျဖဴစင္ဟန္ေနတာေၾကာင့္လည္း လူခ်စ္လူခင္ေပါမ်ားလြန္းသည္၊ဒါေပမယ့္ ေလာကမွာ ပကတိျဖဴစင္တဲ့လူ႐ွိလို႔လား၊ထိုလိုပဲ ဆုိရမ္ဟာ ထိုေက်ာင္းရဲ႕အခ်မ္းသာဆံုးေက်ာင္းသားျဖစ္သည့္ တိုးမက္စ္ ေဘာစတင္အား သူ႔ေက်ာ့ကြင္းထဲဝင္လာေအာင္ အမ်ိဳးမ်ိဳးလုပ္ေဆာင္ခဲ့သည္၊ဒါေၾကာင့္ တေန႔သူ႔ရည္မွန္းခ်က္ေအာင္ျမင္သြားေတာ့သည္၊တိုးမက္စ္ရဲ႕စိတ္ဝင္စားမႈကိုရခဲ့ရံုမက တိုးမက္စ္နဲ႔တိုးမက္စ္ေစ့စပ္သူၾကားကိုပါ ဝင္ခေနာက္လာခဲ့သည္၊ေနာက္ဆံုး သာမန္အသိုင္းအဝိုင္းလူဆုိတဲ့ဂုဏ္ပုဒ္ကို ႀကိဳးစားဖယ္႐ွားခဲ့ၿပီး တိုးမက္စ္နဲ႔အတူ ေပ်ာ္ရႊင္စြာေနထိုင္သြားေတာ့သည္၊

သူဝင္ထားသည့္ ခႏၶာကိုယ္ကေကာ? ခင္ဗ်ားတို႔ ထင္သလို ဇာတ္လိုက္ တိုးမက္စ္ ေဘာ့စတင္နဲ႔ေစ့စပ္ထားတဲ့သူ မဟုတ္ဘူး၊ထိုေစ့စပ္ထားတဲ့လူငယ္ေလးကို တဖက္သတ္ခ်စ္ေနတဲ့သူပါ၊ဟုတ္သည္ သူဝင္ထားသည့္ခႏၶာပိုင္႐ွင္ အဲရစ္လ္ ေဝါ့လ္လက္စ္ဟာ ဟဲလ္ဘန္ဒါႏိုင္ငံရဲ႕အာဏာႀကီးတဲ့မိသားစုျဖစ္သည့္ ေဝါ့လ္လက္စ္အိမ္ေတာ္ရဲ႕ တစ္ဦးတည္းေသာသားျဖစ္ၿပီး ဇာတ္လိုက္တိုးမက္စ္နဲ႔ ဗီလိန္ျဖစ္သည့္ အိုလီဘာ ဘီဗဲလ္တို႔ရဲ႕ အရင္းႏွီးဆံုးသူငယ္ခ်င္းျဖစ္ၿပီး အိုလီဘာကို တဖက္သတ္ခ်စ္ခဲ့ရသူလည္း ျဖစ္သည္၊သူရဲ႕အတၱေတြေၾကာင့္ အဓိကဇာတ္ေကာင္ ဆိုရမ္ပူေပါင္းကာ တိုးမက္စ္နဲ႔အိုလီဘာကို ေဝးေအာင္လုပ္ခဲ့သည့္အထဲတြင္လည္း သူပါဝင္ခဲ့သည္၊သူထင္ခဲ့တာ အုိလီဘာသာ တိုးမက္စ္ကို စိတ္ပ်က္ၿပီး မခ်စ္ေတာ့ဘူးဆိုရင္ သူ႔ဘက္လွည့္လာႏိုင္တယ္ေပါ့၊ဒါေပမယ့္ အကုန္တလြဲျဖစ္ကုန္ခဲ့သည္၊အိုလီဘာဟာ တိုးမက္စ္ငယ္ငယ္ထဲက နက္နက္႐ိႈင္း႐ိႈင္းခ်စ္ခဲ့တာေၾကာင့္ ဆိုရမ္ေပၚ မလုပ္သင့္တာကို သိရက္နဲ႔လုပ္ခဲ့ၿပီးေနာက္ ေနာက္ဆံုး ကိုယ့္ကိုယ္ကို သတ္ေသသြားခဲ့သည္၊အိုလီဘာရဲ႕ေသဆံုးမႈဟာ အဲရစ္လ္ကို စိတ္ထိခိုက္ခဲ့ဆံုးျခင္းျဖစ္သည္၊သူဟာ ေနာင္တတရားေတြနဲ႔ တသက္လံုး႐ွင္သန္ခဲ့ၿပီး သူျဖစ္ခ်င္သည့္ ဆနၵတစ္ခုသာ႐ွိသည္၊ထိုဟာက တုိးမက္စ္နဲ႔အိုလီဘာ ေပါင္းဖက္ရန္ျဖစ္သည္၊

Scarletဟာ ထိုအေၾကာင္းအရာမ်ားေၾကာင့္ မဲ့ျပံဳးျပံဳးသြားၿပီး

"ဒီအ႐ွင္သခင္ကို မွတ္ဥာဏ္ေဖ်ာက္ပစ္ဖို႔ ႀကိဳးစားရံုမကဘူး နိမ့္ပါးတဲ့ကမာၻေတြကိုေတာင္ ပို႔ရဲတယ္!"လို႔ ေဒါသတႀကီးေျပာဆိုလိုက္ေတာ့ ေလထုဟာတုန္ယင္သြားကာ ေနာက္ဆံုး တကိုယ္လံုးေဖြးစြတ္ေနသည္ ေႁမြေလးတစ္ေကာင္ေပၚလာေတာ့သည္၊ Scarlet ဟာ တခ်က္သာၾကည့္လိုက္ၿပီး သူရဲ႕လက္ကို တန္းလိုက္သည့္ခ်ိန္မွာ ေႁမြျဖဴေလးရဲ႕အနီေရာင္မ်က္ဝန္းမ်ားဟာ ေပ်ာ္ရႊင္မႈမ်ား ျပည့္သိပ္သြားၿပီး ေလထဲကေနတဆင့္ ကူးလာကာ ေက်ာက္စိမ္းလို ျဖဴေဖြးသည့္လက္ေပၚကို ေခြပတ္လိုက္ေတာ့သည္၊

"Eira(snow)" လို႔ ေခၚလိုက္ေတာ့ ႏွင္းပြင့္ေလးဟာ သူရဲ႕ေခါင္းေလးနဲ႔ အဲရစ္လ္ရဲ႕မ်က္ႏွာကို ပြတ္သီးပြတ္သတ္လိုက္ၿပီး တေအာင့္ၾကာေတာ့...

[Snow: Eira ခိုးဝင္လာတာ... Eira ေရာက္လာသည့္ခ်ိန္မွာ မိခင္က အ႐ွင့္ရဲ႕ျမင့္ျမတ္တဲ့ကိုယ္ခႏၶာေတာ္ကို ယူေဆာင္သြားၿပီးၿပီ...ဒါေၾကာင့္ Eiraလုပ္ႏိုင္တာ အ႐ွင့္ရဲ႕မွတ္ဥာဏ္ေတြကို ကာကြယ္တတ္ရံုပဲ ႐ွိေတာ့တယ္... Eiraကို စိတ္အမ်က္ထြက္သြားၿပီလားဟင္]လို႔ ေႁမြျဖဴေလးမ်က္ဝန္းနီမ်ားဟာ မ်က္ရည္ေလးမ်ားရစ္သိုင္းလာတာေၾကာင့္ Scarlet သက္ျပင္းခ်လိုက္ၿပီး ႏွင္းပြင့္ေလးရဲ႕ ေခါင္းေလးကို ၾကင္နာစြာပြတ္ေပးလိုက္ၿပီး

"Eira... ေမာင္မင္းေတာ္တယ္ အေရးႀကီးတာ ငါအ႐ွင္သခင္ရဲ႕မွတ္ဥာဏ္ေတြ႐ွိေနသ၍ ဒီနိမ့္ပါးတဲ့ကမာၻေတြကေန အလြယ္တကူထြက္ႏိုင္တယ္..."

[Snow: ဒါမဲ့ အ႐ွင့္မွာ စြမ္းအင္ေတြ ဆယ္ပံု တစ္ပံုေတာင္မ႐ွိေတာ့ဘူး၊တကယ္လို႔ အ႐ွင္သာထြက္ခ်င္တယ္ဆို Eiraက အသက္စေတးေပးခ်င္တယ္... Eira အ႐ွင္ထိခိုက္နာၾကင္မွာကို မျမင္ရက္ဘူး]လို႔ ငိုမဲ့မဲ့နဲ႔ေျပာေနသည့္ ေႁမြျဖဴေလးအားၾကည့္ကာ

"အဲ့ကိစၥကို ေမ့လိုက္ေတာ့ Eira ေမာင္မင္းက ငါအ႐ွင္သခင္ေခါင္းထဲကို လူသားတစ္ေယာက္ရဲ႕မွတ္ဥာဏ္ေတြေပးပို႔လုိက္တဲ့သူလား?"လို႔ ေမးလိုက္ေတာ့ ႏွင္းပြင့္ေလးရဲ႕မ်က္ဝန္းမ်ားဟာ ဝိုင္းစက္သြားကာ ထစ္ထစ္အအျဖင့္

[Snow: Eira...မ ဟုတ္ဘူး... အဲ့...တာ]ေခါင္းကိုဆယ္ႀကိမ္လိုက္ခါကာျငင္းလိုက္တာေၾကာင့္ အဲရစ္လ္လည္းအဓိကလူကိုေမးျမန္းလိုက္ေတာ့

"ဘယ္သူလဲ "

[Snow:သာမန္အေစအပါးေလး တစ္ေယာက္ပါ အ႐ွင္]

"ဟုတ္လား ေ႐ွ႕ေတာ္ကို ေခၚလိုက္"

[Snow:ဟို....ဟို....  Eira စားမိလိုက္တယ္] လို႔ ေျပာလိုက္ရင္း အျပစ္လုပ္မိထားသည့္ ကေလးတစ္ေယာက္သဖြယ္ အမူအရာမ်ားျဖင့္ သနားကမားလုပ္ျပေနသည္ကို ျမင္ေတာ့လည္း အျပစ္မတင္ရက္ေတာ့တာေၾကာင့္ သူမွာသက္ျပင္းထပ္ခ်လိုက္ၿပီး

"Systemက တာဝန္ကို ဘယ္လိုထမ္းေဆာင္ရမွာလဲ?"လို႔ အဲရစ္လ္ဟာေျပာေတာ့... ႏွင္းပြင့္ေလးဟာ ေခါင္းေလးေထာင္လာကာ

[Snow: Eira တာဝန္ထားလိုက္ Eira ဟန္ေဆာင္ေပးလို႔ရတယ္]ယံုၾကည္ခ်က္အျပည့္နဲ႔ေျပာလာသည့္ ႏွင္းပြင့္ေလး။

"..." Scarletဟာ Eiraရဲ႕ကူးယူျခင္းစြမ္းအင္ကိုသတိရသြားကာ ေခါင္းညိတ္ကာ လက္ခံလိုက္ေတာ့သည္၊ဘယ္တတ္ႏိုင္မလဲ Fake system ဘဝကို ကူးေျပာင္းရတာေပါ့

[Snow : System Eira လာၿပီ..... အတုအေယာင္ System Eira ]လို႔ ျမဴးႂကြႂကြျဖစ္ေနသည့္ ေႁမြျဖဴေလးအားၾကည့္ရင္း ေခါင္းတခ်က္ခါကာ ျပံဳးလိုက္မိသည္၊

လက္႐ွိအေျခအေနကို သံုးသပ္ၾကည့္ရတာေပါ့၊သူေဆးရံုကို ေရာက္ေနရသည့္အေၾကာင္းအရင္းဟာ ေဝါ့လ္လက္စ္အိမ္ေတာ္က တစ္ဦးတည္းေသာ သားပီပီ အဲရစ္လ္ဟာ အျမဲျပန္ေပးဆြဲခံရသည္၊ဒီတစ္ေခါက္မွာလည္း ျပန္ေပးဆြဲသူေတြလက္ထဲကေနထြက္ေျပးရင္း ကားတိုက္မိကာ သံုးလခန္႔ေလာက္ေမ့ေမ်ာေနျခင္းျဖစ္သည္၊သူေရာက္လာသည့္အခ်ိန္ဟာ မေစာလြန္းသလို၊ေနာက္လည္းမက်ေသးေပ၊ဆုိရမ္က တိုးမက္စ္သတိထားေအာင္ စတင္လုပ္ေနၿပီျဖစ္သလို၊အိုလီဘာနဲ႔တိုးမက္စ္ၾကားတြင္လည္း အထင္လြဲစရာအေၾကာင္းအရာမ်ားလည္း႐ွိေသးသည္၊ဒါေၾကာင့္ သူသတိျပန္ရလာေတာ့ အေၾကာင္းအရာေရေရရာရာမသိခဲ့ဘဲ ဆုိရမ္လွည့္စားခဲ့သမ်ွ ခံခဲ့ရျခင္းျဖစ္သည္၊

သူဟာ စိတ္ပ်က္စြာ ေခါင္းရမ္းလိုက္ၿပီး ထထိုင္ကာ  သူရဲ႕မ်က္ဝန္းအထက္ ဖံုးကြယ္ေနသည့္ အနက္ေရာင္ဆံပင္မ်ားကို အေနာက္လွန္သပ္တင္လိုက္ၿပီး တိုးမက္စ္နဲ႔အိုလီဘာတို႔ မေခၚရသည့္အေၾကာင္းအရင္းကို စဥ္းစားမိလိုက္သည္၊

သူစဥ္းစားေနတုန္း အခန္းတံခါးပြင့္လာကာ ဘုတ္ခနဲျပဳတ္က်သံၾကားတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ေရႊအိုေရာင္ဆံပင္မ်ားနဲ႔လွပသည့္လူငယ္ေလးတစ္ေယာက္ကိုေတြ႔လိုက္ရသည္၊ထိုလူငယ္ေလးရဲ႕အစိမ္းေရာင္မ်က္ဝန္းမ်ားဟာ မ်က္ရည္မ်ားနဲ႔ျပည့္သိပ္ေနၿပီး သူ႔ဆီအလ်င္စလို ေျပးလာကာ... သူရင္ခြင္ထဲတိုးဝင္လာၿပီး

"ဘုရားသခင္... အဲရစ္လ္ ေနာက္ဆံုးေတာ့ မင္းႏိုးလာခဲ့ၿပီ... "လို႔ ငိုယုိကာေျပာဆုိလာသည့္လူငယ္ေလးေၾကာင့္... သက္ျပင္းထပ္ခ်လိုက္ၿပီး ထိုေသးငယ္တဲ့ခႏၶာကိုယ္ေနာက္ေက်ာကို ဖြဖြေလးပုတ္ေပးကာ

"မငိုနဲ႔ေတာ့ ကိုယ့္အတြက္ မင္းရဲ႕မ်က္ရည္ေတြက နာက်င္ေစတာသိရဲ႕နဲ႔"လို႔ ေျပာလိုက္ေတာ့ ရင္ခြင္ထဲကလူငယ္ေလးဟာ ပါးေလးမ်ားရဲတြက္သြားကာ ကိုယ္ခ်င္းျပန္ခြာလိုက္ၿပီး ပါးေပၚကမ်က္ရည္ေတြကို အၾကမ္းပတမ္းပြတ္သတ္လိုက္တာေၾကာင့္... အဲရစ္လ္ဟာ မေနႏိုင္စြာ

"မင္းရဲ႕ပါးျပင္ႏုႏုေထြးေလးေတြ နီရဲကုန္ၿပီ ကေလးလည္းမဟုတ္ေတာ့ဘူး ကိုယ့္ကိုယ္ကို ဂ႐ုစိုက္စမ္းပါ အိုလီဘာ"လို႔ ေျပာရင္း ပန္းႏုေရာင္ပါးျပင္ေလးေပၚမွာ ခိုတြဲေနသည့္အၾကည္ေရာင္မ်က္ရည္မ်ားကို ျဖည္းညႇင္းစြာဖယ္႐ွားလိုက္ၿပီးေနာက္ တံခါးဘက္ကိုေစာင္းငဲ့ၾကည့္လိုက္ၿပီး

"ငါ အခုမွႏိုးလာကာ မင္းက မဝင္လာဘဲဘာရပ္လုပ္ေနတာလဲ တိုးမက္စ္" လို႔ ေျပာလိုက္ေတာ့ အိုလီဘာရဲ႕မ်က္ဝန္းမ်ားျပဴးသြားၿပီး အံ့အားသင့္စြာတံခါးဘက္ကိုၾကည့္လိုက္ေတာ့ ေက်ာင္းဝတ္စံုကို ေသေသသပ္သပ္ဝတ္ဆင္ထားၿပီး သူတို႔ကိုမ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနသည့္ တိုးမက္စ္ကိုျမင္လိုက္ရသည္၊တိုးမက္စ္ဟာ မေက်မနပ္ဝင္လာၿပီး သူရဲ႕သူငယ္ခ်င္းျဖစ္သူ အဲရစ္လ္ကိုၾကည့္လိုက္ၿပီး

"မင္းက ႏိုးလာခ်င္းခ်င္း ငါ့ပိုင္ဆိုင္မႈကိုေတာင္ အသားယူေနၿပီ "

"ဟားဟား အဲ့မွာရပ္လိုက္...  အိုလီဘာက မင္းနဲ႔ေစ့စပ္ထားတာမွန္ေပမယ့္ မင္းအပိုင္မဟုတ္ေသးဘူးေလ ၿပီးေတာ့ ငါလည္း အိုလီဘာေပၚဘယ္ေလာက္ခ်စ္ျမတ္ႏိုးလည္းဆုိတာ မင္းသိတယ္မလား? မင္းကေကာ အိုလီဘာေပၚ ဘာခံစားခ်က္႐ွိလို႔လဲ?" လို႔ ေနာက္ေက်ာ႐ွိေခါင္းအံုးကိုမွီကာ မ်က္ခံုးတစ္ဖက္ပင့္ကာေမးလိုက္တာေၾကာင့္...  အိုလီဘာရဲ႕ပါးျပင္ေလးမ်ားဟာ ပိုမိုရဲတြတ္သြားသည္ကိုျမင္ေတာ့ တိုးမက္စ္မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ အေျဖကိုေရေရလာလာမေပးလာေခ်၊ ထိုေနာက္ ထူးဆန္းေသာေလထုကိုမေနႏိုင္စြာ အိုလီဘာကပဲ ထထြက္သြားေတာ့သည္၊အိုလီဘာထြက္သြားသည္ႏွင့္ ခုနက ျပံဳးေနသည့္ အဲရစ္လ္မ်က္ႏွာဟာ တည္သြားၿပီး တိုးမက္စ္ကိုၾကည့္ကာ

"အိုလီဘာနဲ႔တစ္ခုခုျဖစ္ထားတာလား... ခုနက မင္းဝင္လာေတာ့ သူမ်က္ႏွာ ညႇိဳးႏြမ္းသြားတာ ငါေတြ႕လိုက္ရတယ္" လို႔ အဲရစ္လ္ဟာေမးလိုက္ေတာ့ တိုးမက္စ္ဟာ သက္ျပင္းခ်ကာ

"အိုလီဘာက လူတစ္စုငွါးၿပီး စေကာလား႐ွစ္ရတဲ့ေက်ာင္းသားကိုအႏိုင္က်င့္ေနတယ္ၾကားတယ္၊အဲ့ေက်ာင္းသားနဲ႔ ငါသံုးေခါက္ေလာက္ဆံုၿပီးၿပီ သူကတကယ္ ႐ိုးသားျဖဴစင္တဲ့လူငယ္တစ္ေယာက္ပဲ၊ဒါေၾကာင့္ အုိလီဘာကို ငါဆူပူမိေတာ့ ငါတို႔ၾကားအထင္လြဲစရာေတြျဖစ္ၿပီး မေခၚျဖစ္တာ ႏွစ္လေလာက္႐ွိၿပီ" လို႔ ေျပာလိုက္ေတာ့ အဲရစ္လ္ဟာ မ်က္ေမွာင္ၾကဳတ္သြားကာ

"မင္းက အဲ့ေက်ာင္းသားကို အိုလီဘာထက္ယုံၾကည္တယ္ေပါ့?? အိုလီဘာက တစ္ခ်ိန္မွာ မင္းရဲ႕သက္ဆိုင္သူျဖစ္လာမွာေလ မင္းက သူစိမ္းတစ္ေယာက္ကို ပိုယုံၾကည္တယ္ေပါ့... မင္းငါ့ကိုစိတ္ပ်က္ေအာင္ လုပ္လိုက္တာပဲ"လို႔ အဲရစ္လ္ေျပာလာသည္ႏွင့္ တိုးမက္စ္ဟာဘာျပန္ေျပာရမလဲမသိျဖစ္သြားသည္၊အဲရစ္လ္ဟာ ထိုသည္ႏွင့္မရပ္တန္႔သြားဘဲ

"မင္းသိတယ္မလား အိုလီဘာကို ငါဘယ္ေလာက္ခ်စ္ခဲ့လည္းဆုိတာ မင္းေၾကာင့္သာ ငါေနာက္ဆုတ္ေပးခဲ့တာ တကယ္လို႔ အိုဘီဘာကို မ်က္ႏွာမေကာင္းေအာင္ ထပ္လုပ္ခဲ့ရင္ မင္းဆီက ငါလုယူဖို႔ ဝန္မေလးဘူး တိုးမက္စ္ "လို႔ ေျပာလိုက္ေတာ့ တိုးမက္စ္မ်က္ဝန္းမ်ားဟာ ေဒါသရိပ္မ်ားသန္းသြားၿပီး အဲရစ္လ္ကိုျပန္လည္စူးစိုက္ၾကည့္လာကာ

"အိုလီဘာက ငါ့အပိုင္ေလ... "

"အဟက္... အဲ့ဆုိလည္း ပိုေသခ်ာေအာင္လုပ္ေပါ့ တံငါသည္လက္ထဲကေန လြတ္သြားတဲ့ငါးကို စင္ေယာ္ငွက္ေတြက ျပန္ခ်ေပးဖို႔စိတ္ကူးမ႐ွိဘူးဆုိတာမေမ့နဲ႔" လို႔ ေျပာလိုက္ရင္း မ်က္ဝန္းမ်ားျပန္မွိတ္ကာ

"ၿပီးေတာ့ ဒီလိုေခတ္ကာလမွာ ႐ိုးသားျဖဴစင္တဲ့လူဆုိတာ႐ွားတယ္ ၊အိုလီဘာမဟုတ္ဘဲ ဘာေၾကာင့္အိုလီဘာလုပ္သည္ဟု သတင္းထြက္လာရတာလဲ မင္းစံုစမ္းသင့္တယ္ ငါ့အိုလီဘာေလးက ပုရြက္ဆိတ္ကုိေတာင္ ထိခိုက္ေအာင္လုပ္တဲ့သူမဟုတ္ဘူး စဥ္းစားေပါ့ တိုးမက္စ္ " လို႔ ျပံဳးကာေျပာလိုက္တာေၾကာင့္ သူအနည္းငယ္မွင္သက္သြားၿပီး ေဒါသထြက္ကာ

"မင္းႀကီးေတာ္ကို ငါ့အိုလီဘာေလးလား အိုလီဘာ ဘီဗဲလ္ဆုိတာ ငါတိုးမက္စ္ ေဘာ့စတင္အပိုင္ပဲ"လို႔ ေအာ္ေျပာေတာ့ အဲရစ္လ္ဟာ က်ယ္ေလာင္စြာရယ္ေမာလိုက္ၿပီး

"ျဖစ္ေအာင္လုပ္ပါဦးကြာ"

"ခ်ီးကိုပဲ မင္းသံုးလေလာက္ ကိုမာဝင္ေနတာေလ မင္းပံုစံက လူနာနဲ႔ေတာင္မတူဘူး"လို႔ အနည္းငယ္သာျဖဴေဖ်ာ့ေနသည့္သူရဲ႕သူငယ္ခ်င္းပံုစံဟာ ဘာမွမျဖစ္ထားသလိုပင္၊

"ေအာ္... အိုလီဘာရဲ႕ကိုယ္သင္းနံ႔ေလးေတြေၾကာင့္ေပါ့ အရမ္းေမႊးတာပဲ ငါရဲ႕တကိုယ္လံုးလန္းဆန္းသြားတာပဲ"လို႔ ရႊတ္ေနာက္ေနာက္ေျပာဆုိလိုက္ေတာ့ တိုးမက္စ္ရဲ႕မ်က္ႏွာဟာ ရဲတြတ္သြားၿပီး သူ႔ကို မိုးမႊန္ေအာင္ဆဲကာ အခန္းထဲကေနထြက္သြားေတာ့သည္၊ တိုးမက္စ္ထြက္သြားသည္ႏွင့္ အဲရစ္လ္ရဲ႕မ်က္ႏွာထားဟာ ခ်က္ခ်င္းေအးစက္သြားကာ

"တကယ္ပဲ OCC(out of characters) ျဖစ္လို႔မရဘူးလား "လို႔ စိတ္ပ်က္စြာေျပာလိုက္ေတာ့ ႏွင္းပြင့္ေလးဟာ ငိုမဲ့မဲ့ေလးျဖင့္

[Snow: OCC ျဖစ္သြားရင္ သတိထားမိၾကလိမ့္မယ္ Eiraမွာ စြမ္းအင္လံုလံုေလာက္ေလာက္မ႐ွိေသးဘူး ]

"ဘယ္တတ္ႏိုင္မလဲ... အလိုက္သင့္စီးေမ်ာေပးရတာေပါ့"

----------------------------

Unicode

[ဆက်သွယ်မည်... ဝိညာဉ်ကူးပြောင်းခြင်းအောင်မြင်သည်]

[မှတ်ဉာဏ်စတင် ကူးယူနေသည်]

[1% 10% 50% ...90% 99% 100%]  ဟု အသံကြောင့် ကုတင်ပေါ်ရှိ လူငယ်လေးရဲ့ အနီရောင်မျက်ဝန်းများ ပွင့်လာတော့သည်၊ထိုနောက် ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ သူနဲ့မသက်ဆိုင်သည့်မှတ်ဉာဏ်တွေဟာ ခေါင်းထဲကို အလုံးအရင်းဝင်လာတာကြောင့် မျက်နှာဟာအနည်းငယ်ရှုံ့မဲ့သွားပေမယ့် မှတ်ဉာဏ်တွေကို ပြန်လည်ဖော်ထုတ်နေမိသည်၊တအောင့်ကြာတော့ ထိုလူငယ်လေးရဲ့မျက်နှာတွင် လှောင်ရိပ်ပြုံးလေးထင်းဟပ်လာတော့သည်၊ သူဟာ ခေါင်းတစ်ချက်ခါလိုက်ပြီး သူရဲ့လက်မှာတွယ်ချိတ်ထားသည့် ဆေးထိုးအပ်တွေကိုဖယ်ကာ... ထလိုက်ပေမယ့် သူ့ခန္ဓာကိုယ်ဟာ ထလို့မရတဲ့အထိ အားအင်ချို့နဲ့နေတာကို သတိထားမိလိုက်သည်၊ ထိုနောက် လူငယ်လေးဟာ မျက်မှောင်ကြုတ်သွားပြီး...အက်ကွဲနေသည့် သြရှရှအသံလေးတစ်သံထွက်လာတော့သည်၊

"ဘာလုပ်နေတာလဲ ငါအရှင်သခင်ရဲ့ခန္ဓာကိုယ်ကို ကုသပေးစမ်း"လို့ ပြောလိုက်တော့ အဖြူရောင်စွမ်းအင်များ ထွက်လာကာ လူငယ်လေးရဲ့ခန္ဓာကိုယ်ကို ကုသပေးလိုက်တော့သည်၊ ထိုနောက်လူငယ်လေးဟာ မတ်တပ်ထရပ်လိုက်ပြီး ဘာမှသိပ်မရှိတဲ့ဟင်းလင်းပြင်ဖြစ်နေသည့် အခန်းကိုကြည့်ကာ... လက်ရှိခန္ဓာကိုယ်နဲ့သက်ဆိုင်သည့်မှတ်ဉာဏ်သာမက ဒီကမ္ဘာကအချက်အလက်တွေကိုပါ စတင်စစ်ဆေးတော့သည်၊

ဒီကမ္ဘာက သာမန်မော်ဒန်ခေတ်ပုံစံဖြစ်ပြီး ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်(gong) တိုးမက်စ် ဘော့စတင်ဟာ ဟဲလ်ဘန်ဒါနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်သည့် အာဏာရှိအသိုင်းအဝိုင်းထဲကဖြစ်သည့် ဘော့စတင်မိသားစုရဲ့တတိယသခင်လေးဖြစ်သည်၊သူဟာ ငယ်ရွယ်ပြီးထက်မြက်တာကြောင့်  ဟဲလ်ဘန်ဒါနိုင်ငံရဲ့ အကောင်းဆုံးကျောင်းတွေ လူကြိုက်များသည့်သူတစ်ဦးလည်းဖြစ်သည်၊ဒါပေမယ့် တနေ့ ကျောင်းပျော်ပွဲစားထွက်ရာမှာ ကျောင်းသားတစ်ဦးကို ကယ်တင်မိရာ  သူတို့ဟာ ဂူတဂူမှာ ပိတ်မိရင်း တဖြည်းဖြည်းနှလုံးသားချင်းနီးစပ်ကာ ကြိုက်နှစ်သက်သွားကြတော့သည်၊နောက်ပိုင်း အခက်အခဲပိုင်းများစွာရင်ဆိုင်ရင်း တစ်ဦးပေါ်တစ်ဦးနက်နက်ရှိုင်းရှိုင်းချစ်တာ ပျော်ရွှင်စွာ နေထိုင်သွားကြတော့သည်၊

ဒီကမ္ဘာရဲ့အဓိကဇာတ်ကောင်(shou)ကတော့ ဆိုရမ် ဒါ့လ်နစ်အော့စ်ဖြစ်ကာ သာမန်အသိုင်းအဝိုင်းကလူငယ်တစ်ယောက်ဖြစ်သည်၊ဒါပေမယ့် သူဟာထက်မြက်ပြီး ဉာဏ်ကောင်းလွန်းတာကြောင့် ဟဲလ်ဘန်ဒါနိုင်ငံရဲ့အကောင်းဆုံးကျောင်းကို စကောလားရှစ်နဲ့တက်ရောက်နိုင်ခဲ့သည့် ထိုကျောင်းသမိုင်းတလျှောက်မှာ အတော်ဆုံးကျောင်းသားလည်းဖြစ်သည်၊ထိုသို့ထက်မြက်လွန်းတဲ့ဆိုရမ်ဟာ ရိုးရှင်းပြီး ဖြူစင်ဟန်နေတာကြောင့်လည်း လူချစ်လူခင်ပေါများလွန်းသည်၊ဒါပေမယ့် လောကမှာ ပကတိဖြူစင်တဲ့လူရှိလို့လား၊ထိုလိုပဲ ဆိုရမ်ဟာ ထိုကျောင်းရဲ့အချမ်းသာဆုံးကျောင်းသားဖြစ်သည့် တိုးမက်စ် ဘောစတင်အား သူ့ကျော့ကွင်းထဲဝင်လာအောင် အမျိုးမျိုးလုပ်ဆောင်ခဲ့သည်၊ဒါကြောင့် တနေ့သူ့ရည်မှန်းချက်အောင်မြင်သွားတော့သည်၊တိုးမက်စ်ရဲ့စိတ်ဝင်စားမှုကိုရခဲ့ရုံမက တိုးမက်စ်နဲ့တိုးမက်စ်စေ့စပ်သူကြားကိုပါ ဝင်ခနောက်လာခဲ့သည်၊နောက်ဆုံး သာမန်အသိုင်းအဝိုင်းလူဆိုတဲ့ဂုဏ်ပုဒ်ကို ကြိုးစားဖယ်ရှားခဲ့ပြီး တိုးမက်စ်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားတော့သည်၊

သူဝင်ထားသည့် ခန္ဓာကိုယ်ကကော? ခင်ဗျားတို့ ထင်သလို ဇာတ်လိုက် တိုးမက်စ် ဘော့စတင်နဲ့စေ့စပ်ထားတဲ့သူ မဟုတ်ဘူး၊ထိုစေ့စပ်ထားတဲ့လူငယ်လေးကို တဖက်သတ်ချစ်နေတဲ့သူပါ၊ဟုတ်သည် သူဝင်ထားသည့်ခန္ဓာပိုင်ရှင် အဲရစ်လ် ဝေါ့လ်လက်စ်ဟာ ဟဲလ်ဘန်ဒါနိုင်ငံရဲ့အာဏာကြီးတဲ့မိသားစုဖြစ်သည့် ဝေါ့လ်လက်စ်အိမ်တော်ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး ဇာတ်လိုက်တိုးမက်စ်နဲ့ ဗီလိန်ဖြစ်သည့် အိုလီဘာ ဘီဗဲလ်တို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး အိုလီဘာကို တဖက်သတ်ချစ်ခဲ့ရသူလည်း ဖြစ်သည်၊သူရဲ့အတ္တတွေကြောင့် အဓိကဇာတ်ကောင် ဆိုရမ်ပူပေါင်းကာ တိုးမက်စ်နဲ့အိုလီဘာကို ဝေးအောင်လုပ်ခဲ့သည့်အထဲတွင်လည်း သူပါဝင်ခဲ့သည်၊သူထင်ခဲ့တာ အိုလီဘာသာ တိုးမက်စ်ကို စိတ်ပျက်ပြီး မချစ်တော့ဘူးဆိုရင် သူ့ဘက်လှည့်လာနိုင်တယ်ပေါ့၊ဒါပေမယ့် အကုန်တလွဲဖြစ်ကုန်ခဲ့သည်၊အိုလီဘာဟာ တိုးမက်စ်ငယ်ငယ်ထဲက နက်နက်ရှိုင်းရှိုင်းချစ်ခဲ့တာကြောင့် ဆိုရမ်ပေါ် မလုပ်သင့်တာကို သိရက်နဲ့လုပ်ခဲ့ပြီးနောက် နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်၊အိုလီဘာရဲ့သေဆုံးမှုဟာ အဲရစ်လ်ကို စိတ်ထိခိုက်ခဲ့ဆုံးခြင်းဖြစ်သည်၊သူဟာ နောင်တတရားတွေနဲ့ တသက်လုံးရှင်သန်ခဲ့ပြီး သူဖြစ်ချင်သည့် ဆန္ဒတစ်ခုသာရှိသည်၊ထိုဟာက တိုးမက်စ်နဲ့အိုလီဘာ ပေါင်းဖက်ရန်ဖြစ်သည်၊

Scarletဟာ ထိုအကြောင်းအရာများကြောင့် မဲ့ပြုံးပြုံးသွားပြီး

"ဒီအရှင်သခင်ကို မှတ်ဉာဏ်ဖျောက်ပစ်ဖို့ ကြိုးစားရုံမကဘူး နိမ့်ပါးတဲ့ကမ္ဘာတွေကိုတောင် ပို့ရဲတယ်!"လို့ ဒေါသတကြီးပြောဆိုလိုက်တော့ လေထုဟာတုန်ယင်သွားကာ နောက်ဆုံး တကိုယ်လုံးဖွေးစွတ်နေသည် မြွေလေးတစ်ကောင်ပေါ်လာတော့သည်၊ Scarlet ဟာ တချက်သာကြည့်လိုက်ပြီး သူရဲ့လက်ကို တန်းလိုက်သည့်ချိန်မှာ မြွေဖြူလေးရဲ့အနီရောင်မျက်ဝန်းများဟာ ပျော်ရွှင်မှုများ ပြည့်သိပ်သွားပြီး လေထဲကနေတဆင့် ကူးလာကာ ကျောက်စိမ်းလို ဖြူဖွေးသည့်လက်ပေါ်ကို ခွေပတ်လိုက်တော့သည်၊

"Eira(snow)" လို့ ခေါ်လိုက်တော့ နှင်းပွင့်လေးဟာ သူရဲ့ခေါင်းလေးနဲ့ အဲရစ်လ်ရဲ့မျက်နှာကို ပွတ်သီးပွတ်သတ်လိုက်ပြီး တအောင့်ကြာတော့...

[Snow: Eira ခိုးဝင်လာတာ... Eira ရောက်လာသည့်ချိန်မှာ မိခင်က အရှင့်ရဲ့မြင့်မြတ်တဲ့ကိုယ်ခန္ဓာတော်ကို ယူဆောင်သွားပြီးပြီ...ဒါကြောင့် Eiraလုပ်နိုင်တာ အရှင့်ရဲ့မှတ်ဉာဏ်တွေကို ကာကွယ်တတ်ရုံပဲ ရှိတော့တယ်... Eiraကို စိတ်အမျက်ထွက်သွားပြီလားဟင်]လို့ မြွေဖြူလေးမျက်ဝန်းနီများဟာ မျက်ရည်လေးများရစ်သိုင်းလာတာကြောင့် Scarlet သက်ပြင်းချလိုက်ပြီး နှင်းပွင့်လေးရဲ့ ခေါင်းလေးကို ကြင်နာစွာပွတ်ပေးလိုက်ပြီး

"Eira... မောင်မင်းတော်တယ် အရေးကြီးတာ ငါအရှင်သခင်ရဲ့မှတ်ဉာဏ်တွေရှိနေသ၍ ဒီနိမ့်ပါးတဲ့ကမ္ဘာတွေကနေ အလွယ်တကူထွက်နိုင်တယ်..."

[Snow: ဒါမဲ့ အရှင့်မှာ စွမ်းအင်တွေ ဆယ်ပုံ တစ်ပုံတောင်မရှိတော့ဘူး၊တကယ်လို့ အရှင်သာထွက်ချင်တယ်ဆို Eiraက အသက်စတေးပေးချင်တယ်... Eira အရှင်ထိခိုက်နာကြင်မှာကို မမြင်ရက်ဘူး]လို့ ငိုမဲ့မဲ့နဲ့ပြောနေသည့် မြွေဖြူလေးအားကြည့်ကာ

"အဲ့ကိစ္စကို မေ့လိုက်တော့ Eira မောင်မင်းက ငါအရှင်သခင်ခေါင်းထဲကို လူသားတစ်ယောက်ရဲ့မှတ်ဉာဏ်တွေပေးပို့လိုက်တဲ့သူလား?"လို့ မေးလိုက်တော့ နှင်းပွင့်လေးရဲ့မျက်ဝန်းများဟာ ဝိုင်းစက်သွားကာ ထစ်ထစ်အအဖြင့်

[Snow: Eira...မ ဟုတ်ဘူး... အဲ့...တာ]ခေါင်းကိုဆယ်ကြိမ်လိုက်ခါကာငြင်းလိုက်တာကြောင့် အဲရစ်လ်လည်းအဓိကလူကိုမေးမြန်းလိုက်တော့

"ဘယ်သူလဲ "

[Snow:သာမန်အစေအပါးလေး တစ်ယောက်ပါ အရှင်]

"ဟုတ်လား ရှေ့တော်ကို ခေါ်လိုက်"

[Snow:ဟို....ဟို....  Eira စားမိလိုက်တယ်] လို့ ပြောလိုက်ရင်း အပြစ်လုပ်မိထားသည့် ကလေးတစ်ယောက်သဖွယ် အမူအရာများဖြင့် သနားကမားလုပ်ပြနေသည်ကို မြင်တော့လည်း အပြစ်မတင်ရက်တော့တာကြောင့် သူမှာသက်ပြင်းထပ်ချလိုက်ပြီး

"Systemက တာဝန်ကို ဘယ်လိုထမ်းဆောင်ရမှာလဲ?"လို့ အဲရစ်လ်ဟာပြောတော့... နှင်းပွင့်လေးဟာ ခေါင်းလေးထောင်လာကာ

[Snow: Eira တာဝန်ထားလိုက် Eira ဟန်ဆောင်ပေးလို့ရတယ်]ယုံကြည်ချက်အပြည့်နဲ့ပြောလာသည့် နှင်းပွင့်လေး။

"..." Scarletဟာ Eiraရဲ့ကူးယူခြင်းစွမ်းအင်ကိုသတိရသွားကာ ခေါင်းညိတ်ကာ လက်ခံလိုက်တော့သည်၊ဘယ်တတ်နိုင်မလဲ Fake system ဘဝကို ကူးပြောင်းရတာပေါ့

[Snow : System Eira လာပြီ..... အတုအယောင် System Eira ]လို့ မြူးကြွကြွဖြစ်နေသည့် မြွေဖြူလေးအားကြည့်ရင်း ခေါင်းတချက်ခါကာ ပြုံးလိုက်မိသည်၊

လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရတာပေါ့၊သူဆေးရုံကို ရောက်နေရသည့်အကြောင်းအရင်းဟာ ဝေါ့လ်လက်စ်အိမ်တော်က တစ်ဦးတည်းသော သားပီပီ အဲရစ်လ်ဟာ အမြဲပြန်ပေးဆွဲခံရသည်၊ဒီတစ်ခေါက်မှာလည်း ပြန်ပေးဆွဲသူတွေလက်ထဲကနေထွက်ပြေးရင်း ကားတိုက်မိကာ သုံးလခန့်လောက်မေ့မျောနေခြင်းဖြစ်သည်၊သူရောက်လာသည့်အချိန်ဟာ မစောလွန်းသလို၊နောက်လည်းမကျသေးပေ၊ဆိုရမ်က တိုးမက်စ်သတိထားအောင် စတင်လုပ်နေပြီဖြစ်သလို၊အိုလီဘာနဲ့တိုးမက်စ်ကြားတွင်လည်း အထင်လွဲစရာအကြောင်းအရာများလည်းရှိသေးသည်၊ဒါကြောင့် သူသတိပြန်ရလာတော့ အကြောင်းအရာရေရေရာရာမသိခဲ့ဘဲ ဆိုရမ်လှည့်စားခဲ့သမျှ ခံခဲ့ရခြင်းဖြစ်သည်၊

သူဟာ စိတ်ပျက်စွာ ခေါင်းရမ်းလိုက်ပြီး ထထိုင်ကာ  သူရဲ့မျက်ဝန်းအထက် ဖုံးကွယ်နေသည့် အနက်ရောင်ဆံပင်များကို အနောက်လှန်သပ်တင်လိုက်ပြီး တိုးမက်စ်နဲ့အိုလီဘာတို့ မခေါ်ရသည့်အကြောင်းအရင်းကို စဉ်းစားမိလိုက်သည်၊

သူစဉ်းစားနေတုန်း အခန်းတံခါးပွင့်လာကာ ဘုတ်ခနဲပြုတ်ကျသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ရွှေအိုရောင်ဆံပင်များနဲ့လှပသည့်လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်၊ထိုလူငယ်လေးရဲ့အစိမ်းရောင်မျက်ဝန်းများဟာ မျက်ရည်များနဲ့ပြည့်သိပ်နေပြီး သူ့ဆီအလျင်စလို ပြေးလာကာ... သူရင်ခွင်ထဲတိုးဝင်လာပြီး

"ဘုရားသခင်... အဲရစ်လ် နောက်ဆုံးတော့ မင်းနိုးလာခဲ့ပြီ... "လို့ ငိုယိုကာပြောဆိုလာသည့်လူငယ်လေးကြောင့်... သက်ပြင်းထပ်ချလိုက်ပြီး ထိုသေးငယ်တဲ့ခန္ဓာကိုယ်နောက်ကျောကို ဖွဖွလေးပုတ်ပေးကာ

"မငိုနဲ့တော့ ကိုယ့်အတွက် မင်းရဲ့မျက်ရည်တွေက နာကျင်စေတာသိရဲ့နဲ့"လို့ ပြောလိုက်တော့ ရင်ခွင်ထဲကလူငယ်လေးဟာ ပါးလေးများရဲတွက်သွားကာ ကိုယ်ချင်းပြန်ခွာလိုက်ပြီး ပါးပေါ်ကမျက်ရည်တွေကို အကြမ်းပတမ်းပွတ်သတ်လိုက်တာကြောင့်... အဲရစ်လ်ဟာ မနေနိုင်စွာ

"မင်းရဲ့ပါးပြင်နုနုထွေးလေးတွေ နီရဲကုန်ပြီ ကလေးလည်းမဟုတ်တော့ဘူး ကိုယ့်ကိုယ်ကို ဂရုစိုက်စမ်းပါ အိုလီဘာ"လို့ ပြောရင်း ပန်းနုရောင်ပါးပြင်လေးပေါ်မှာ ခိုတွဲနေသည့်အကြည်ရောင်မျက်ရည်များကို ဖြည်းညှင်းစွာဖယ်ရှားလိုက်ပြီးနောက် တံခါးဘက်ကိုစောင်းငဲ့ကြည့်လိုက်ပြီး

"ငါ အခုမှနိုးလာကာ မင်းက မဝင်လာဘဲဘာရပ်လုပ်နေတာလဲ တိုးမက်စ်" လို့ ပြောလိုက်တော့ အိုလီဘာရဲ့မျက်ဝန်းများပြူးသွားပြီး အံ့အားသင့်စွာတံခါးဘက်ကိုကြည့်လိုက်တော့ ကျောင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားပြီး သူတို့ကိုမျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည့် တိုးမက်စ်ကိုမြင်လိုက်ရသည်၊တိုးမက်စ်ဟာ မကျေမနပ်ဝင်လာပြီး သူရဲ့သူငယ်ချင်းဖြစ်သူ အဲရစ်လ်ကိုကြည့်လိုက်ပြီး

"မင်းက နိုးလာချင်းချင်း ငါ့ပိုင်ဆိုင်မှုကိုတောင် အသားယူနေပြီ "

"ဟားဟား အဲ့မှာရပ်လိုက်...  အိုလီဘာက မင်းနဲ့စေ့စပ်ထားတာမှန်ပေမယ့် မင်းအပိုင်မဟုတ်သေးဘူးလေ ပြီးတော့ ငါလည်း အိုလီဘာပေါ်ဘယ်လောက်ချစ်မြတ်နိုးလည်းဆိုတာ မင်းသိတယ်မလား? မင်းကကော အိုလီဘာပေါ် ဘာခံစားချက်ရှိလို့လဲ?" လို့ နောက်ကျောရှိခေါင်းအုံးကိုမှီကာ မျက်ခုံးတစ်ဖက်ပင့်ကာမေးလိုက်တာကြောင့်...  အိုလီဘာရဲ့ပါးပြင်လေးများဟာ ပိုမိုရဲတွတ်သွားသည်ကိုမြင်တော့ တိုးမက်စ်မျက်မှောင်ကြုတ်သွားပေမယ့် အဖြေကိုရေရေလာလာမပေးလာချေ၊ ထိုနောက် ထူးဆန်းသောလေထုကိုမနေနိုင်စွာ အိုလီဘာကပဲ ထထွက်သွားတော့သည်၊အိုလီဘာထွက်သွားသည်နှင့် ခုနက ပြုံးနေသည့် အဲရစ်လ်မျက်နှာဟာ တည်သွားပြီး တိုးမက်စ်ကိုကြည့်ကာ

"အိုလီဘာနဲ့တစ်ခုခုဖြစ်ထားတာလား... ခုနက မင်းဝင်လာတော့ သူမျက်နှာ ညှိုးနွမ်းသွားတာ ငါတွေ့လိုက်ရတယ်" လို့ အဲရစ်လ်ဟာမေးလိုက်တော့ တိုးမက်စ်ဟာ သက်ပြင်းချကာ

"အိုလီဘာက လူတစ်စုငှါးပြီး စကောလားရှစ်ရတဲ့ကျောင်းသားကိုအနိုင်ကျင့်နေတယ်ကြားတယ်၊အဲ့ကျောင်းသားနဲ့ ငါသုံးခေါက်လောက်ဆုံပြီးပြီ သူကတကယ် ရိုးသားဖြူစင်တဲ့လူငယ်တစ်ယောက်ပဲ၊ဒါကြောင့် အိုလီဘာကို ငါဆူပူမိတော့ ငါတို့ကြားအထင်လွဲစရာတွေဖြစ်ပြီး မခေါ်ဖြစ်တာ နှစ်လလောက်ရှိပြီ" လို့ ပြောလိုက်တော့ အဲရစ်လ်ဟာ မျက်မှောင်ကြုတ်သွားကာ

"မင်းက အဲ့ကျောင်းသားကို အိုလီဘာထက်ယုံကြည်တယ်ပေါ့?? အိုလီဘာက တစ်ချိန်မှာ မင်းရဲ့သက်ဆိုင်သူဖြစ်လာမှာလေ မင်းက သူစိမ်းတစ်ယောက်ကို ပိုယုံကြည်တယ်ပေါ့... မင်းငါ့ကိုစိတ်ပျက်အောင် လုပ်လိုက်တာပဲ"လို့ အဲရစ်လ်ပြောလာသည်နှင့် တိုးမက်စ်ဟာဘာပြန်ပြောရမလဲမသိဖြစ်သွားသည်၊အဲရစ်လ်ဟာ ထိုသည်နှင့်မရပ်တန့်သွားဘဲ

"မင်းသိတယ်မလား အိုလီဘာကို ငါဘယ်လောက်ချစ်ခဲ့လည်းဆိုတာ မင်းကြောင့်သာ ငါနောက်ဆုတ်ပေးခဲ့တာ တကယ်လို့ အိုဘီဘာကို မျက်နှာမကောင်းအောင် ထပ်လုပ်ခဲ့ရင် မင်းဆီက ငါလုယူဖို့ ဝန်မလေးဘူး တိုးမက်စ် "လို့ ပြောလိုက်တော့ တိုးမက်စ်မျက်ဝန်းများဟာ ဒေါသရိပ်များသန်းသွားပြီး အဲရစ်လ်ကိုပြန်လည်စူးစိုက်ကြည့်လာကာ

"အိုလီဘာက ငါ့အပိုင်လေ... "

"အဟက်... အဲ့ဆိုလည်း ပိုသေချာအောင်လုပ်ပေါ့ တံငါသည်လက်ထဲကနေ လွတ်သွားတဲ့ငါးကို စင်ယော်ငှက်တွေက ပြန်ချပေးဖို့စိတ်ကူးမရှိဘူးဆိုတာမမေ့နဲ့" လို့ ပြောလိုက်ရင်း မျက်ဝန်းများပြန်မှိတ်ကာ

"ပြီးတော့ ဒီလိုခေတ်ကာလမှာ ရိုးသားဖြူစင်တဲ့လူဆိုတာရှားတယ် ၊အိုလီဘာမဟုတ်ဘဲ ဘာကြောင့်အိုလီဘာလုပ်သည်ဟု သတင်းထွက်လာရတာလဲ မင်းစုံစမ်းသင့်တယ် ငါ့အိုလီဘာလေးက ပုရွက်ဆိတ်ကိုတောင် ထိခိုက်အောင်လုပ်တဲ့သူမဟုတ်ဘူး စဉ်းစားပေါ့ တိုးမက်စ် " လို့ ပြုံးကာပြောလိုက်တာကြောင့် သူအနည်းငယ်မှင်သက်သွားပြီး ဒေါသထွက်ကာ

"မင်းကြီးတော်ကို ငါ့အိုလီဘာလေးလား အိုလီဘာ ဘီဗဲလ်ဆိုတာ ငါတိုးမက်စ် ဘော့စတင်အပိုင်ပဲ"လို့ အော်ပြောတော့ အဲရစ်လ်ဟာ ကျယ်လောင်စွာရယ်မောလိုက်ပြီး

"ဖြစ်အောင်လုပ်ပါဦးကွာ"

"ချီးကိုပဲ မင်းသုံးလလောက် ကိုမာဝင်နေတာလေ မင်းပုံစံက လူနာနဲ့တောင်မတူဘူး"လို့ အနည်းငယ်သာဖြူဖျော့နေသည့်သူရဲ့သူငယ်ချင်းပုံစံဟာ ဘာမှမဖြစ်ထားသလိုပင်၊

"အော်... အိုလီဘာရဲ့ကိုယ်သင်းနံ့လေးတွေကြောင့်ပေါ့ အရမ်းမွှေးတာပဲ ငါရဲ့တကိုယ်လုံးလန်းဆန်းသွားတာပဲ"လို့ ရွှတ်နောက်နောက်ပြောဆိုလိုက်တော့ တိုးမက်စ်ရဲ့မျက်နှာဟာ ရဲတွတ်သွားပြီး သူ့ကို မိုးမွှန်အောင်ဆဲကာ အခန်းထဲကနေထွက်သွားတော့သည်၊ တိုးမက်စ်ထွက်သွားသည်နှင့် အဲရစ်လ်ရဲ့မျက်နှာထားဟာ ချက်ချင်းအေးစက်သွားကာ

"တကယ်ပဲ OCC(out of characters) ဖြစ်လို့မရဘူးလား "လို့ စိတ်ပျက်စွာပြောလိုက်တော့ နှင်းပွင့်လေးဟာ ငိုမဲ့မဲ့လေးဖြင့်

[Snow: OCC ဖြစ်သွားရင် သတိထားမိကြလိမ့်မယ် Eiraမှာ စွမ်းအင်လုံလုံလောက်လောက်မရှိသေးဘူး ]

"ဘယ်တတ်နိုင်မလဲ... အလိုက်သင့်စီးမျောပေးရတာပေါ့"

----------------------------

Bạn đang đọc truyện trên: ZingTruyen.Info